သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် DV ကံစမ်းမဲပေါက်သူ မြန်မာတချို့ ဗီဇာငြင်းခံရ


(Zawgyi/Unicode)

အမေရိကန် ပြည်ထောင်စု အတွင်း ရွှေ့ပြောင်းအခြေချ ပြည်ဝင်ခွင့် ကန့်သတ်ခံရတဲ့ အထဲ ပါဝင်တဲ့ မြန်မာနိုင်ငံက အမြဲတမ်းနေထိုင်ခွင့် DV ကံစမ်းမဲ ပေါက်သူ တချို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဗီဇာ ငြင်းပယ်ခံခဲ့ရပါတယ်။ အမေရိကန် သမ္မတ Donald Trump ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မိန့် အသစ် အရ အခုလို ငြင်းပယ်ခံရတာလို့လည်း အမေရိကန် DV ဗီဇာ ပယ်ချခံရသူတွေက ပြောပါတယ်။ မသိင်္ဂ ီထိုက် ပြောပြမှာပါ။

အမေရိကန် ပြည်ထောင်စုမှာ အမြဲတမ်း နေထိုင်ခွင့်ရမယ့် DV ကံစမ်းမဲ ပေါက်ချိန်က စလို့ အမေရိကန်မှာ အခြေချနိုင်ရေး ကြိုတင်ပြင်ဆင်ခဲ့တာလို့ မသုံသုံက ပြောပြတာပါ။

“DV ပေါက်ပြီဆိုကတည်းက ညီမမှာ Plan တွေက ချထားတာ အများကြီးပေါ့နော်။ အမေရိကန် ရောက်ရင် တနှစ်ကတော့ ကျောင်းတက်လို့ မဖြစ်သေးဘူးပေါ့နော်။ International Student အနေနဲ့ ကျောင်းသွင်းရမှာဆိုတော့ များတယ်။ အဲဒီတော့ resident ဖြစ်အောင် တနှစ် နေမယ် အလုပ်လုပ်မယ်။ ပြီးရင် အလုပ်လုပ်ပြီး ကျောင်းတက်မယ်ပေါ့နော် ။ ကောလိပ်တက်မယ် ပြီးရင် University ကို ကောလိပ်က ၂ နှစ် University က ၄ နှစ်ပေါ့နော်။ အဲဒီလိုမျိုးသွားမယ်ဆိုပြီးတော့ အကုန်လုံးက Plan ချထားတာ ပြီးတော့ ညီမက ဒီဟာ သွားဖို့အတွက်ပဲ အာရုံစိုက်ထားတာပေါ့နော်။”

ဒါပေမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ တနလာၤနေ့မှာ DV ဗီဇာ အတွက် အမေရိကန် သံရုံးကို သွားပြီး တွေ့ဆုံမေးမြန်းမှု အပြီးမှာတော့ ရလဒ်က သူထင်သလို ထွက်မလာခဲ့ပါဘူး။

“အဲဒီမှာ သူက ညီမကို ဗီဇာမရနိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့သမ္မတအမိန့်ကြောင့်လို့ပြောတယ်။ အဲဒါနဲ့ ညီမလည်း ပြန်ပြီးတော့ complain လုပ်လိုက်တယ်။ ငါ့မှာ ဘာ weak point ရှိလို့ Visa မပေးတာလဲပေါ့နော် ။ ငါ့ weak point ကိုပြောပါလို့ ။ ငါ့မှာ information တွေ Document တွေ အကုန်အစုံရှိတယ်ပေါ့နော် ဘာကြောင့် ငါ့ကို visa မပေးတာလဲ လို့ ပြောလိုက်တယ်။ သူတို့က နင့်မှာ weak point မရှိပါဘူး ငါတို့ သမ္မတ အမိန့်အရ ဒီလိုမျိုး မပေးတာပါလို့ ပြောတယ်။”

တနလာၤနေ့က အမေရိကန် DV ဗီဇာ ငြင်းပယ်ခံရသူက မသုံသုံ တဦးတည်းတော့ မဟုတ်ပါဘူး။

“အချက် ၂ ချက်ပါတယ် အဲဒီအချက် ၂ ချက်မှာ သူက အပေါ်အချက်ကို အမှားခြစ်ပြီး သမီးကို ပြောတယ် ဗီဇာမပေးဘူးတဲ့ Donald Trump ရဲ့ 212(f) law နဲ့ ငြိနေလို့တဲ့ အဲလိုမျိုးပြောတယ် ။ အဲဒါနဲ့ သမီးလည်း ကြောင်သွားတယ်။”

သူကတော့ သမိုင်း ဘာသာနဲ့ ပထမနှစ် အဝေးသင်ပြီးထားတဲ့ မယဉ်မွန်ထက်ဖြစ်ပါတယ်။

အမေရိကန် သမ္မတ Donald Trump ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မိန့် မထွက်ခင်ကတော့ သူ အမေရိကန်ကို သွားဖို့ သေချာပြီ ဆိုပြီး အမေရိကန် အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားသူပါ။

“သမီးလည်း DV ပေါက်ပြီးတဲ့အချိန်မှာ ဒီကိစ္စအဆင်ပြေနေပြီလို့ ထင်တဲ့အချိန်မှာကျောင်းလည်း နားထားတယ်။ အဝေးသင်ပြောင်းလိုက်တာ နားထားတာဆိုတော့ အခုလက်ရှိတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး။”

အမေရိကန် သမ္မတ Donald Trump ရဲ့ ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မိန့် အသစ် အရ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်ကနေ စလို့ မြန်မာနိုင်ငံသားတွေ အတွက် ရွှေ့ပြောင်း အခြေစိုက်ပြည်ဝင်ခွင့် ဗီဇာ နှင့် DV ဗီဇာကို ထုတ်မပေးတော့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် အခြေစိုက် ဗီဇာ လျှောက်ထားမှုတွေ အားလုံးကို ယတိပြတ် ပိတ်ပင်တာ မဟုတ်ဘဲ ခြွင်းချက်နဲ့ ဖြေလျှော့ပေးနိုင်ပါတယ်လို့လည်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးက သူ့ရဲ့ Facebook လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မိန့်ကိုရော နောက် ရန်ကုန် အမေရိကန် သံရုံးရဲ့ ကြေညာချက်ကိုပါ သိရှိထားပြီး ဖြစ်ပေမယ့် ပြည်ဝင်ခွင့် ရလိုရငြား မျှော်လင့်ချက်နဲ့ သွားခဲ့တာလို့လည်း မယဉ်မွန်ထက်က ပြောပါတယ်။

“ Law မထုတ်ခင်ကတည်းက သမီးတို့က အင်တာဗျူး Date တွေလည်း ထွက်နေပြီ။ သူ က ၂၁ ရက်ကနေစပြီးတော့ အကျုံးဝင်မယ်ဆိုပေမယ့် သမီးကတော့ ရမှာပါဆိုပြီးတော့ ဒေါ်လာ ၃၃၀ နဲ့ အိမ်ကိုတောင်ပြောလိုက်သေးတယ် အခုအဲလိုမျိုးထွက်နေတယ် ဘယ်လိုလုပ်မလဲဆိုပြီးတော့ ။ ဒီ law တွေက မဆိုင်တော့ဘူး သွားဖြေဆိုတော့ သမီးက အင်တာဗျူးကို သွားဖြေတာ။”

အခု အမေရိကန်ကို သွားဖို့ ပြည်ဝင်ခွင့် မရဘူးဆိုတော့ ရှေ့ဆက် ဘာလုပ်မလဲ ဆိုတာ စဉ်းစားရမယ်လို့ မယဉ်မွန်ထက်က ပြောပါတယ်။ မသုံသုံကတော့

“ရှေ့ဆက်က ဘာတွေဆက်လုပ်မလဲဆိုတော့ ညီမအခုကတော့ အလုပ်ပြန်ရှာရမယ်ပေါ့နော် ။ ကိုယ့် professional job ဖြစ်တဲ့ ဆေးဆိုင်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပြန်ပြီးစတက်ရမယ်ပေါ့နော်။”

တိုက်ရိုက် လင့်ခ်


............


(Unicode)
















XS
SM
MD
LG