သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြည်ဝင်ခွင့် ပိုလွယ်ကူမယ့်အစီအစဉ် သံရုံးကြေညာ


အမေရိကန်ပြည်ထောင်စုကို လာရောက်လိုတဲ့ မြန်မာနိုင်ငံသားတွေ ခရီးသွားလာရေး လွယ်ကူစေမယ့် ပြည်ဝင်ခွင့် ဗီဇာ အစီအစဉ်ကို စတင်လိုက်ကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ကို လုပ်ငန်းကိစ္စနဲ့ဖြစ်စေ၊ အလည်အပတ်ခရီးအတွက်ဖြစ်စေ သွားရောက် လိုသူတွေအတွက် ထုတ်ပေးတဲ့ ပြည်ဝင်ခွင့်ဗီဇာ B1 နဲ့ B2 နှစ်ခုစလုံးကို တပေါင်းတည်း လျှောက်ထားနိုင်တဲ့ အစီအစဉ်ကို စတင်လိုက်တာဖြစ်ပါတယ်။ ဒီအစီအစဉ်သစ်အရ ပြည်ဝင်ခွင့်ဗီဇာ တကြိမ်ကို ၃ လ သက်တမ်းရှိမှာဖြစ်ပြီး ဗီဇာရတဲ့အချိန်မှာ ထုတ်ယူတဲ့ အပေါ် အခကြေးငွေ ထပ်ပေးစရာမလိုတော့ဘူးလို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံအကြား ခရီးသွားလာမှုပိုများစေရေးအတွက်ရည်ရွယ်တဲ့အနေနဲ့ အခုလို ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားလို့ လွယ်ကူစေမယ့် အစီအစဉ်ကို စတင်လိုက်ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွင်းက အမေရိကန်ကိုသွားကြမယ့် မြန်မာနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ၁၄,၀၀၀ နီးပါး ထုတ်ပေးခဲ့ပြီး ဒါဟာ ၂၀၁၅ ခုနှစ်ကထက်စာရင် ၄၀% တိုးလာတယ်လို့ သံရုံးထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၁၇-၁၀၁၈ ပညာသင်နှစ်အတွင်းမှာ မြန်မာနိုင်ငံက ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁,၅၀၀ ကျော် အမေရိကန်မှာ ပညာသင်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါဟာ အဲဒီနှစ်မတိုင်ခင် ပညာသင်နှစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ၁၆% တိုးလာတာလည်း ဖြစ်ပါတယ်။

တဘက်မှာလည်း အမေရိကန်ကနေ မြန်မာနိုင်ငံကိုလာတဲ့ ခရီးသွားအရေအတွက် တိုးလာနေပြီး အခုနှစ် ပထမ နှစ်ဝက်အတွင်း မှာတင် အမေရိကန်နိုင်ငံသား ၃၅,၀၀၀ ရောက်လာခဲ့ပြီးတော့ အရင်နှစ်ကထက် ၃% တိုးလာတယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ဝင်ခွင့် ပိုလွယ်ကူမယ့်အစီအစဉ် သံရုံးကြေညာ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG