သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်စည်းမျဉ်း ပိုတင်းကြပ်


အီရန်ရှိ အမေရိကန်သံရုံး
အီရန်ရှိ အမေရိကန်သံရုံး

ပဲရစ်အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားအပြီး အမေရိကန်ပြည်ထောင်စုက ဗီဇာ ကင်းလွတ်ခွင့်အစီအစဉ်ကို တနင်္လာနေ့က ပိုမိုတင်းကြပ် လိုက်ပါတယ်။

လက်ရှိဗီဇာ မလိုပဲ အမေရိကန်နိုင်ငံကို လာရောက်နိုင်တဲ့ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၃၈ နိုင်ငံက လာရောက်ကြမယ့် ခရီးသည်တွေအတွက် စိစစ်မှုအသစ်တွေ ချမှတ် လိုက်ပါတယ်။ အင်တာနက်ပေါ်ကနေ ဗီဇာကင်းလွတ်ခွင့် လျှောက်ထားတဲ့ စိစစ်မှု စနစ်ကို အမိမြေလုံခြုံရေးဌာနက ချက်ခြင်း ပြောင်းလဲခဲ့ရာမှာ အမေရိကန်ကို လာရောက်မယ့် ခရီးသည်တွေအနေနဲ့ အကြမ်းဖက်သမားတွေ ခိုလှုံရာ နေရာတွေ လို့ အမေရိကန်က ယူဆတဲ့ နိုင်ငံတွေထံ သွားလာခဲ့ခြင်း ရှိ/မရှိကိုလဲ စိစစ်သွား မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်မတက်မီ စိစစ်ရာမှာ လက်ဗွေနှိပ်တာ၊ ဓါတ်ပုံရိုက် တာတွေကိုလဲ အသုံးပြုသွားဖို့ အမေရိကန်အစိုးရက သုံးသပ်နေပါတယ်။ ဗီဇာ ကင်းလွတ်ခွင့် အစီအစဉ်အရ နိုင်ငံပေါင်း ၃၈ နိုင်ငံကနေ အမေရိကန်နိုင်ငံကို နှစ်စဉ် ခရီးသွား သန်း ၂၀ လောက် လာရောက်ကြတာ ဖြစ်ပါတယ်။ ခရီးသည်တွေ ရဲ့ နိုင်ငံကူးလက်မှတ် အချက်အလက် မှန်မမှန်ကို ကြိုတင်စိစစ်ဖို့ ပျက်ကွက် ခဲ့တဲ့ လေကြောင်းကုမ္ပဏီတွေကိုလဲ ဒေါ်လာ (၅)ထောင်ကနေ (၅)သောင်းထိ ဒဏ်ငွေ တိုးချနိုင်ဖို့ အပါအဝင် လုံခြုံရေးဆိုင်ရာ အရေးယူ ဆောင်ရွက်မှု အသစ်တွေ ကို လွှတ်တော်ထံက အတည်ပြုချက် ရဖို့ကိုလဲ အိမ်ဖြူတော်က ကြိုးစားနေပါတယ်။

XS
SM
MD
LG