သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID ကို ေရႊႏွာေခါင္းစည္းနဲ႔ ကာကြယ္မယ့္ အိႏၵိယက ေရႊႀကိဳက္သူ


ေရႊႏွာေခါင္းစည္း တပ္ဆင္ထားတဲ့ အိႏၵိယအမ်ဳိဳးသား Shankar Kurhade. (ဇူလုိင္ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ိုနာဗုိင္းရပ္စ္ကာလ လူတိုင္းလိုလို ႏွာေခါင္းစည္းတပ္ေနခ်ိန္မွာ ကူးစက္မႈ ျပင္းထန္ေနဆဲျဖစ္တဲ့ အိႏၵိယႏိုင္ငံမွာေတာ့ အမ်ဳိးသားတဦးက သူ႔မ်က္ႏွာနဲ႔ တုိင္းၿပီး လုပ္ထားတဲ့ အေမရိကန္ေဒၚလာ ၄,၀၀၀ တန္ ေရႊသားအတိနဲ႔ ႏွာေခါင္းစည္းကို ေရာဂါကာကြယ္ေရးအတြက္ တပ္ေနပါတယ္။

အိႏၵိယႏိုင္ငံ ပူနီးျပည္နယ္က စီးပြားေရးလုပ္ငန္းရွင္ Shankar Kurhade ရဲ႕ အေလးခ်ိန္ ၂ ေအာင္စရွိတဲ့ ေရႊႏွာေခါင္းစည္း ျဖစ္လာဖို႔ ပန္းထိမ္ဆရာက အခ်ိန္ ၈ ရက္ ယူခဲ့ရတာပါ။

ပါးလႊာၿပီး ႏွာေခါင္းစည္းမွာ ေလ႐ွဴႏိုင္မယ့္ ဆန္ခါေပါက္ေလးေတြ ပါတယ္လုိ႔ Shankar က AFP ကို ေျပာပါတယ္။

ဒီ ေရႊႏွာေခါင္းစည္းက သူ႔ကို ေရာဂါပိုးကေန တကယ္ပဲ ကာကြယ္ေပးႏိုင္မွာလားဆုိတာ ေသခ်ာမသိေပမယ့္ သူကေတာ့ အျခားလိုအပ္တဲ့ ေရာဂါကာကြယ္ေရးေတြကိုလည္း လုပ္ထားပါတယ္လို႔ ေျပာပါတယ္။

အသက္ ၄၉ ႏွစ္အရြယ္ Shankar ဟာ အျပင္ထြက္တုိင္း လက္ေကာက္ လက္စြပ္ ဆြဲႀကဳိးနဲ႔ အျခား ေရႊနဲ႔လုပ္တဲ့ လက္ဝတ္ရတနာေတြ ဝတ္ဆင္ေလ့ရွိတာပါ။

လူတေယာက္က ေငြနဲ႔လုပ္ထားတဲ့ ႏွာေခါင္းစည္းတပ္ထားတာကို တီဗြီသတင္းမွာ ၾကည့္မိရင္း အခုလုိ ေရႊႏွာေခါင္းစည္းလုပ္ဖို႔ အေတြးရလာတာလို႔ Shankar က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

COVID ကို ရွှေနှာခေါင်းစည်းနဲ့ ကာကွယ်မယ့် အိန္ဒိယက ရွှေကြိုက်သူ

ကိုရိုနာဗိုင်းရပ်စ်ကာလ လူတိုင်းလိုလို နှာခေါင်းစည်းတပ်နေချိန်မှာ ကူးစက်မှု ပြင်းထန်နေဆဲဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာတော့ အမျိုးသားတဦးက သူ့မျက်နှာနဲ့ တိုင်းပြီး လုပ်ထားတဲ့ အမေရိကန်ဒေါ်လာ ၄,၀၀၀ တန် ရွှေသားအတိနဲ့ နှာခေါင်းစည်းကို ရောဂါကာကွယ်ရေးအတွက် တပ်နေပါတယ်။

အိန္ဒိယနိုင်ငံ ပူနီးပြည်နယ်က စီးပွားရေးလုပ်ငန်းရှင် Shankar Kurhade ရဲ့ အလေးချိန် ၂ အောင်စရှိတဲ့ ရွှေနှာခေါင်းစည်း ဖြစ်လာဖို့ ပန်းထိမ်ဆရာက အချိန် ၈ ရက် ယူခဲ့ရတာပါ။

ပါးလွှာပြီး နှာခေါင်းစည်းမှာ လေရှူနိုင်မယ့် ဆန်ခါပေါက်လေးတွေ ပါတယ်လို့ Shankar က AFP ကို ပြောပါတယ်။

ဒီ ရွှေနှာခေါင်းစည်းက သူ့ကို ရောဂါပိုးကနေ တကယ်ပဲ ကာကွယ်ပေးနိုင်မှာလားဆိုတာ သေချာမသိပေမယ့် သူကတော့ အခြားလိုအပ်တဲ့ ရောဂါကာကွယ်ရေးတွေကိုလည်း လုပ်ထားပါတယ်လို့ ပြောပါတယ်။

အသက် ၄၉ နှစ်အရွယ် Shankar ဟာ အပြင်ထွက်တိုင်း လက်ကောက် လက်စွပ် ဆွဲကြိုးနဲ့ အခြား ရွှေနဲ့လုပ်တဲ့ လက်ဝတ်ရတနာတွေ ဝတ်ဆင်လေ့ရှိတာပါ။

လူတယောက်က ငွေနဲ့လုပ်ထားတဲ့ နှာခေါင်းစည်းတပ်ထားတာကို တီဗွီသတင်းမှာ ကြည့်မိရင်း အခုလို ရွှေနှာခေါင်းစည်းလုပ်ဖို့ အတွေးရလာတာလို့ Shankar က ပြောပါတယ်။

XS
SM
MD
LG