သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယမွာ COVID-19 ကူးစက္မႈ ျမင့္တက္ဆဲ


မြမ္ဘုိင္းၿမိဳ႕မွာ အမ်ဳိးသမီးတဦးကို ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈရွိမရွိ စစ္ေဆးဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ဇြန္ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

အာရွေဒသမွာ ကို႐ိုနာဗိုင္းရပ္စ္ အဆိုးရြားဆံုး ကူးစက္ပ်ံ႕ႏွံ႔မႈ ျဖစ္ပြားေနတဲ့ အိႏိိၵယႏိုင္ငံမွာ ၂၄ နာရီအတြင္း ကူးစက္မႈအသစ္ ၂၀,၀၀၀ နီးပါးရွိခဲ့ၿပီး စုစုေပါင္း ပိုးကူးစက္ခံရသူ အေရအတြက္ ၅ သိန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ စေနေန႔ ထုတ္ျပန္ခ်က္အရ ၃၈၄ ဦး ထပ္ၿပီး ေသဆံုးတာေၾကာင့္ ေသဆံုးသူ စုစုေပါင္းကလည္း ၁၅,၆၈၅ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ဒီလို ပိုးကူးစက္မႈေတြ ျမင့္တက္လာေနတာေၾကာင့္ ႏိုင္ငံအေရွ႕ေျမာက္ျခမ္းက Assam ျပည္နယ္ Gauhati ၿမဳိ႕ေတာ္မွာ သီတင္း ၂ ပတ္ အျပင္မထြက္ရအမိန္႔ ထုတ္ထားပါတယ္။ အဲဒီမွာက ၄ ရက္အတြင္းမွာကို ပိုးကူးစက္မႈ ၇၀၀ ထပ္ျဖစ္ခဲ့တာပါ။

ျပည္နယ္ရဲ႕ တျခားေဒသေတြမွာလည္း ညမထြက္ရအမိန္႔နဲ႔ သီတင္းပတ္ကုန္ရက္ေတြ အျပင္မထြက္ရအမိန္႔ ထုတ္မယ္လို႔ က်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။ ျပည္သူေတြအေနနဲ႔ မရွိမျဖစ္လိုအပ္တဲ့ ပစၥည္းေတြ ဝယ္ယူထားၾကဖို႔နဲ႔ ကုန္စံုဆိုင္ေတြေတာင္ ပိတ္မယ္ဆိုတာမ်ဳိး အရိပ္အႁမြက္ ေျပာသြားပါတယ္။

အေရွ႕ေတာင္အာရွႏိုင္ငံေတြထဲမွာ ဆိုရင္ေတာ့ အင္ဒိုနီးရွားႏိုင္ငံမွာ ဒီကေန႔ စေနေန႔က ကို႐ိုနာပိုးကူးစက္မႈ အမ်ားဆံုးျဖစ္သြားတဲ့ေန႔ ျဖစ္ပါတယ္။ တေန႔တည္းမွာ ကူးစက္သူအသစ္ ၁,၃၈၅ ေယာက္ရွိခဲ့ၿပီး ပိုးကူးစက္သူ စုစုေပါင္း ၅၃,၀၀၀ နား ေရာက္လာပါၿပီ။ ထပ္ၿပီးေသဆံုးသူ ၃၇ ဦး ရွိတဲ့အတြက္ ေသဆံုးသူအေရအတြက္ ၂,၇၀၀ ေက်ာ္သြားၿပီလို႔ က်န္းမာေရးဌာနက ေျပာပါတယ္။

ေဘဂ်င္းၿမိဳ႕မွာ ႏွာေခါင္းစည္းတပ္ သြားလာေနသူတဦး။ (ဇြန္ ၂၄၊ ၂၀၂၀)
ေဘဂ်င္းၿမိဳ႕မွာ ႏွာေခါင္းစည္းတပ္ သြားလာေနသူတဦး။ (ဇြန္ ၂၄၊ ၂၀၂၀)


ကို႐ိုနာဗိုင္းရပ္စ္ကို စတင္ေတြ႔ရွိတဲ့ တ႐ုတ္ႏိုင္ငံမွာေတာ့ ပိုးထပ္ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ၿပီလို႔ ႏိုင္ငံရဲ႕ ကူးစက္ေရာဂါဌာနက ေၾကညာသြားၿပီး ေနာက္တရက္မွာပဲ ပိုးကူးစက္မႈ နည္းနည္းျမင့္တက္လာတာ ေတြ႔ရပါတယ္။ ၂၄ နာရီအတြင္း ေဘဂ်င္းၿမဳိ႕ေတာ္မွာ ပိုးကူးစက္မႈ ၁၇ ခု အပါအဝင္ တႏိုင္ငံလံုး ပိုးကူးစက္မႈအသစ္ ၂၁ ခု ရွိခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ၄ ရက္တာ အားလပ္ရက္ရွည္ ရွိတာေၾကာင့္ ေဒသတြင္း ကူးသန္းသြားလာသူ မ်ားေနၿပီး ေဘဂ်င္းက ထြက္တဲ့လူတိုင္းကိုေတာ့ ေဆးစစ္ၿပီး ပိုးမေတြ႔မွ သြားရမယ္လို႔ အမိန္႔ထုတ္ထားတာပါ။

တ႐ုတ္ႏိုင္ငံမွာ ေရာဂါျဖစ္ပြားတယ္လို႔ အတည္ျပဳထားသူ ၈၃,၄၈၃ ဦးရွိၿပီး ေသဆံုးသူ ၄,၆၃၄ ဦးရွိပါတယ္။

ေမလကုန္ပိုင္းကတည္းက ပိုးကူးစက္မႈေတြ ျပန္တက္လာတဲ့ ကိုရီးယားႏိုင္ငံမွာ လူေနထူထပ္တဲ့ ဆိုးလ္ၿမဳိ႕ေတာ္တဝိုက္ ပိုးကူးစက္မႈအသစ္ ၃၅ ခုရွိၿပီး တႏိုင္ငံလံုး အေနနဲ႔ေတာ့ ၅၁ ဦး ထပ္ၿပီး ကူးစက္ခဲ့ပါတယ္။

တာဝန္ရွိသူေတြကေတာ့ ႏိုင္ငံရဲ႕ စီးပြားေရးကို စိုးရိမ္ၿပီး လူေတြ တဦးနဲ႔တဦး အကြာအေဝးတခုနဲ႔ ေနခိုင္းဖို႔ကိစၥ ပိုတင္းတင္းက်ပ္က်ပ္ လုပ္ေဆာင္ဖို႔ တိုက္တြန္းတာကို အခုထိ ဘာမွမလုပ္ပါဘူး။

အိႏိၵယမွာ COVID-19 ကူးစက္မႈ ျမင့္တက္ဆဲ
please wait

No media source currently available

0:00 0:02:17 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

အိန္ဒိယမှာ COVID-19 ကူးစက်မှု မြင့်တက်ဆဲ

အာရှဒေသမှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေတဲ့ အိန္ဒိယနိုင်ငံမှာ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၂၀,၀၀၀ နီးပါးရှိခဲ့ပြီး စုစုပေါင်း ပိုးကူးစက်ခံရသူ အရေအတွက် ၅ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စနေနေ့ ထုတ်ပြန်ချက်အရ ၃၈၄ ဦး ထပ်ပြီး သေဆုံးတာကြောင့် သေဆုံးသူ စုစုပေါင်းကလည်း ၁၅,၆၈၅ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီလို ပိုးကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် နိုင်ငံအရှေ့မြောက်ခြမ်းက Assam ပြည်နယ် Gauhati မြို့တော်မှာ သီတင်း ၂ ပတ် အပြင်မထွက်ရအမိန့် ထုတ်ထားပါတယ်။ အဲဒီမှာက ၄ ရက်အတွင်းမှာကို ပိုးကူးစက်မှု ၇၀၀ ထပ်ဖြစ်ခဲ့တာပါ။

ပြည်နယ်ရဲ့ တခြားဒေသတွေမှာလည်း ညမထွက်ရအမိန့်နဲ့ သီတင်းပတ်ကုန်ရက်တွေ အပြင်မထွက်ရအမိန့် ထုတ်မယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ပြည်သူတွေအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူထားကြဖို့နဲ့ ကုန်စုံဆိုင်တွေတောင် ပိတ်မယ်ဆိုတာမျိုး အရိပ်အမြွက် ပြောသွားပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဆိုရင်တော့ အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ စနေနေ့က ကိုရိုနာပိုးကူးစက်မှု အများဆုံးဖြစ်သွားတဲ့နေ့ ဖြစ်ပါတယ်။ တနေ့တည်းမှာ ကူးစက်သူအသစ် ၁,၃၈၅ ယောက်ရှိခဲ့ပြီး ပိုးကူးစက်သူ စုစုပေါင်း ၅၃,၀၀၀ နား ရောက်လာပါပြီ။ ထပ်ပြီးသေဆုံးသူ ၃၇ ဦး ရှိတဲ့အတွက် သေဆုံးသူအရေအတွက် ၂,၇၀၀ ကျော်သွားပြီလို့ ကျန်းမာရေးဌာနက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိတဲ့ တရုတ်နိုင်ငံမှာတော့ ပိုးထပ်ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီလို့ နိုင်ငံရဲ့ ကူးစက်ရောဂါဌာနက ကြေညာသွားပြီး နောက်တရက်မှာပဲ ပိုးကူးစက်မှု နည်းနည်းမြင့်တက်လာတာ တွေ့ရပါတယ်။ ၂၄ နာရီအတွင်း ဘေဂျင်းမြို့တော်မှာ ပိုးကူးစက်မှု ၁၇ ခု အပါအဝင် တနိုင်ငံလုံး ပိုးကူးစက်မှုအသစ် ၂၁ ခု ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ၄ ရက်တာ အားလပ်ရက်ရှည် ရှိတာကြောင့် ဒေသတွင်း ကူးသန်းသွားလာသူ များနေပြီး ဘေဂျင်းက ထွက်တဲ့လူတိုင်းကိုတော့ ဆေးစစ်ပြီး ပိုးမတွေ့မှ သွားရမယ်လို့ အမိန့်ထုတ်ထားတာပါ။

တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားတယ်လို့ အတည်ပြုထားသူ ၈၃,၄၈၃ ဦးရှိပြီး သေဆုံးသူ ၄,၆၃၄ ဦးရှိပါတယ်။

မေလကုန်ပိုင်းကတည်းက ပိုးကူးစက်မှုတွေ ပြန်တက်လာတဲ့ ကိုရီးယားနိုင်ငံမှာ လူနေထူထပ်တဲ့ ဆိုးလ်မြို့တော်တဝိုက် ပိုးကူးစက်မှုအသစ် ၃၅ ခုရှိပြီး တနိုင်ငံလုံး အနေနဲ့တော့ ၅၁ ဦး ထပ်ပြီး ကူးစက်ခဲ့ပါတယ်။

တာဝန်ရှိသူတွေကတော့ နိုင်ငံရဲ့ စီးပွားရေးကို စိုးရိမ်ပြီး လူတွေ တဦးနဲ့တဦး အကွာအဝေးတခုနဲ့ နေခိုင်းဖို့ကိစ္စ ပိုတင်းတင်းကျပ်ကျပ် လုပ်ဆောင်ဖို့ တိုက်တွန်းတာကို အခုထိ ဘာမှမလုပ်ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG