သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရး ဘီလီယံနဲ႔ခ်ီ အေရးေပၚရန္ပံုေငြ လိုအပ္ေန (WHO)


ကိုရိုနာဗိုင္းရပ္စ္ေရာဂါ ရွိမရွိ စစ္ေဆးေန

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ေရာဂါ ရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြ၊ ကာကြယ္ေဆးနဲ႔ တျခားကုသမႈဆိုင္ရာေတြမွာ တိုးတက္မႈရွိေအာင္ လုပ္ေဆာင္ေရး အတြက္ ရန္ပံုေငြ ေဒၚလာ ဘီလီယံ ၃၀ ေက်ာ္ လုိအပ္ေနတယ္လို႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ ႀကီးက ေသာၾကာေန႔က ေျပာပါတယ္။

လာမယ့္ႏွစ္ ထဲမွာ ကမာၻေပၚက ဝင္ေငြနည္းပါး တဲ့ ႏိုင္ငံေတြနဲ႔ ဝင္ေငြ အလယ္အလတ္ရွိႏိုင္ငံေတြမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ အရွိန္ျမင့္လာမယ္လို႔ WHO ဦးေဆာင္တဲ့ မဟာမိတ္အဖြဲ႔က တြက္ဆထားတာေၾကာင့္ ဒီႏိုင္ငံေတြကို အကူအညီေပးႏိုင္ဖို႔ ရန္ပံုေငြ လုိအပ္ေနတယ္လို႔ ေျပာပါတယ္။

ဒီႏိုင္ငံေတြ အတြက္ ၂၀၂၁ ႏွစ္လည္ပိုင္းေလာက္မွာ ဒီေရာဂါပိုးရွိမရွိ Test စမ္းသပ္မႈေပါင္း သန္း ၅၀၀ နဲ႔ ကုသမႈေပါင္း ၂၄၅ သန္း လုပ္ေဆာင္ေပးရမယ့္အျပင္ သူတို႔အတြက္ လုိအပ္လာႏုိင္တဲ့ ကာကြယ္ေဆး ၂ ဘီလ်ံေလာက္ထဲက ထက္ဝက္ေလာက္ကို ၂၀၂၁ ႏွစ္ကုန္ပိုင္းမွာ ဝယ္ေပးဖို႔ အစီအစဥ္ဆြဲထားေၾကာင္း လည္း WHO ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

အခုအခ်ိန္မွာ ကနဦးအေနနဲ႔ ၃.၄ ဘီလီယံ ထည္႔ဝင္ထားၿပီး ျဖစ္ေပမယ့္ ၂၈ ဘီလ်ံနီးပါး လိုအပ္ေနေသးေၾကာင္းနဲ႔ ၁၃.၇ ဘီလီယံ ကိုေတာ့ အေရးေပၚလိုအပ္ေနတယ္လို႔လည္း WHO က ေျပာပါတယ္။

တခ်ိန္ထဲမွာပဲ အိႏၵိယႏုိင္ငံမွာေတာ့ မေန႔ကေသာၾကာေန႔က ၂၄ နာရီအတြင္း ေနာက္ထပ္ ကိုရိုနာဗုိင္းရပ္စ္ ေရာဂါပိုး အကူးစက္ခံရသူက ၂ေသာင္းနီးပါး (၁၇,၂၉၆) ျဖစ္လာေနၿပီး အခုဆို အိႏၵိယႏိုင္ငံမွာ လူေပါင္း သန္းတဝက္နီးပါး ေလာက္ အကူးစက္ခံေနရၿပီျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာေတာ့ တရက္အတြင္း ကူးစက္မႈေတြ တုိးလာေနတာ ျဖစ္ၿပီး တႏိုင္ငံလံုး အတိုင္းအတာနဲ႔အကူးစက္ခံရသူ ၂ သန္း ခြဲနီးပါးနဲ႔ ေသဆံုးရသူက တသိန္း ၂ ေသာင္းခဲြ ေက်ာ္ ရွိေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္


.............

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဘီလီယံနဲ့ချီ အရေးပေါ်ရန်ပုံငွေ လိုအပ်နေ (WHO)

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ၊ ကာကွယ်ဆေးနဲ့ တခြားကုသမှုဆိုင်ရာတွေမှာ တိုးတက်မှုရှိအောင် လုပ်ဆောင်ရေး အတွက် ရန်ပုံငွေ ဒေါ်လာ ဘီလီယံ ၃၀ ကျော် လိုအပ်နေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကြီးက သောကြာနေ့က ပြောပါတယ်။

လာမယ့်နှစ် ထဲမှာ ကမ္ဘာပေါ်က ဝင်ငွေနည်းပါး တဲ့ နိုင်ငံတွေနဲ့ ဝင်ငွေ အလယ်အလတ်ရှိနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်လာမယ်လို့ WHO ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က တွက်ဆထားတာကြောင့် ဒီနိုင်ငံတွေကို အကူအညီပေးနိုင်ဖို့ ရန်ပုံငွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ဒီနိုင်ငံတွေ အတွက် ၂၀၂၁ နှစ်လည်ပိုင်းလောက်မှာ ဒီရောဂါပိုးရှိမရှိ Test စမ်းသပ်မှုပေါင်း သန်း ၅၀၀ နဲ့ ကုသမှုပေါင်း ၂၄၅ သန်း လုပ်ဆောင်ပေးရမယ့်အပြင် သူတို့အတွက် လိုအပ်လာနိုင်တဲ့ ကာကွယ်ဆေး ၂ ဘီလျံလောက်ထဲက ထက်ဝက်လောက်ကို ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ဝယ်ပေးဖို့ အစီအစဉ်ဆွဲထားကြောင်း လည်း WHO ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အခုအချိန်မှာ ကနဦးအနေနဲ့ ၃.၄ ဘီလီယံ ထည့်ဝင်ထားပြီး ဖြစ်ပေမယ့် ၂၈ ဘီလျံနီးပါး လိုအပ်နေသေးကြောင်းနဲ့ ၁၃.၇ ဘီလီယံ ကိုတော့ အရေးပေါ်လိုအပ်နေတယ်လို့လည်း WHO က ပြောပါတယ်။

တချိန်ထဲမှာပဲ အိန္ဒိယနိုင်ငံမှာတော့ မနေ့ကသောကြာနေ့က ၂၄ နာရီအတွင်း နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အကူးစက်ခံရသူက ၂သောင်းနီးပါး (၁၇,၂၉၆) ဖြစ်လာနေပြီး အခုဆို အိန္ဒိယနိုင်ငံမှာ လူပေါင်း သန်းတဝက်နီးပါး လောက် အကူးစက်ခံနေရပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ တရက်အတွင်း ကူးစက်မှုတွေ တိုးလာနေတာ ဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့အကူးစက်ခံရသူ ၂ သန်း ခွဲနီးပါးနဲ့ သေဆုံးရသူက တသိန်း ၂ သောင်းခွဲ ကျော် ရှိနေပါပြီ။

XS
SM
MD
LG