(Zawgyi/Unicode)
အေမရိကန္ႏိုင္ငံမွာကိုရိုနာဗိုင္းရပ္စ္ ေရာဂါ အကူးစက္ခံရသူ သန္း ၂၀ ေက်ာ္ ေလာက္အထိ ရွိႏိုင္တယ္လို႔ အစိုးရက ေျပာဆိုေနခ်ိန္မွာပဲ တရက္အတြင္း အကူးစက္ခံရသူ အေရအတြက္က အမ်ားဆံုးစံခ်ိန္တင္ထားတဲ့ အေရအတြက္ နီးပါးျဖစ္သြားခဲ့ပါတယ္။
ဗုဒၶဟူးေန႔မွေတာ့ ဒီေရာဂါ စတင္ခဲ့တဲ့ ဒီဇင္ဘာလ ကစၿပီး တရက္အတြင္း ကူးစက္မႈ အမ်ားဆံုးျဖစ္တဲ့ လူေပါင္း သံုးေသာာင္းရွစ္ေထာင္ေက်ာ္ အထိ ျဖစ္သြားတယ္လို႔ Washington Post မွာ ေဖၚျပထားပါတယ္။
Johns Hopkins စစ္တမ္းမွာေတာ့ ဗုဒၶဟူးေန႔မွာ အကူးစက္ခံရသူ (၃၄,၃၀၀) ရွိၿပီး ဒါဟာ ကူးစက္မႈအမ်ားဆံုး ေန႔အျဖစ္ စံခ်ိန္တင္ထားတဲ့ ဧၿပီလ ၂၄ ရက္က (၃၆,၄၀၀) နဲ႔ သိပ္မကြာေတာ့ဘူးလို႔ဆိုပါတယ္။
အခုလို ကူးစက္မႈ မ်ားလာတာဟာ ေရာဂါအတြက္ စိတ္ခ်ရတဲ့ကာကြယ္မႈေတြ မလုပ္ပဲ ႏိုင္ငံတြင္း စီးပြားေရးလုပ္ငန္းေတြ အခ်ိန္မတန္ေသးပဲ ျပန္ဖြင့္ေပးခဲ့တာေၾကာင့္လို႔ ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။
တခ်ိန္ထည္းမွာပဲ အေမရိကန္ႏုိင္ငံမွာ လူဦးေရ အားလံုးရဲ့ ၆ % ေလာက္ ျဖစ္တဲ့ ႏိုင္ငံသား သန္း ၂၀ ေလာက္မွာ ဒီေရာဂါ အကူးစက္ခံရ ႏိုင္ေခ်ရွိေနတယ္လို႔ အေမရိကန္အစိုးရ တာဝန္ရွိသူ တဦးက ဗုဒၶဟူးေန႔မွာ ေျပာတာေၾကာင့္ ဒါဟာ Johns Hopkins တကၠသိုလ္ တရားဝင္ ထုတ္ျပန္ထားတဲ့ စာရင္းထက္ ဆယ္ဆေလာက္ မ်ားေနတာပါ။
ကမာၻတလႊား ကိုရိုနာဗုိင္းရပ္စ္ အကူးစက္ခံရသူဟာ ၾကာသပေတးေန႔မွာ လူေပါင္း ၉ သန္းခြဲေက်ာ္ (၉,၅၀၅,၇၈၈) ရွိေနၿပီး ေသဆံုးရသူေပါင္းက ၅ သိန္းနီးပါး (၄၈၄,၄၀၆) ရွိေနၿပီလို႔ အေမရိကန္ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖၚျပပါတယ္။
အေမရိကန္ ႏုိင္ငံမွာေတာ့ အကူးစက္ခံရသူ ၂ သန္းခြဲနီးပါး ( ၂,၄၀၇,၁၆၇) နဲ႔ ေသဆံုးရသူက ၁သိန္း ၂ ေသာင္းေက်ာ္ (၁၂၂ ,၃၇၀) ရွိေနတာပါ။ အေမရိကန္ အေရွ႕ေျမာက္ပိုင္း နယူးေရာက္ျပည္နယ္မွာေတာ့ တျခားျပည္နယ္ ၉ ခုကေန လာေရာက္မယ့္ သူေတြ သီတင္း ၂ ပတ္ၾကာ သီးျခားခြဲေနဖို႔ အမိန္႔ထုတ္ထားပါတယ္။
ဒီသီတင္းပတ္ေတြ အတြင္း Alabama, Arizona, Arkansas, ဖေလာ္ရီဒါ၊ ေျမာက္နဲ႔ ေတာင္ကာရိုလိုင္းနား Texas နဲ႔ Utah ျပည္နယ္ေတြမွာ ကိုရိုနာဗုိင္းရပ္စ္ ေရာဂါအကူးစက္ခံရသူ အေရအတြက္ တုိးလာေနတာေၾကာင့္ နယူးေရာက္ျပည္နယ္ထဲကို လာမယ္ ဆိုရင္ ၁၄ ရက္ quarantine လုပ္ သီးျခားခြဲေနဖို႔ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႈး Andrew Cuomo က ဗုဒၶဟူးေန႔မွာ အမိန္႔ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။
လက္တင္အေမရိက ႏုိင္ငံေတြကလည္း အခုအခါ ကမာၻမွာ ဒီေရာဂါျဖစ္ပြားမႈ အမ်ားဆံုး ျဖစ္လာေနၿပီး ကိုရိုနာဗုိင္းရပ္စ္ အကူးစက္ခံရသူ တသိန္းေက်ာ္ သြားပါၿပီ။ ဒီအထဲက ထက္ဝက္ေက်ာ္ကေတာ့ ဘရာဇီးလ္ ႏုိင္ငံက ျဖစ္ပါတယ္။
.............
ကန် Coronavirus ကူးစက်မှု တနေ့အတွင်း ခန့်မှန်းခြေ ၄သောင်းနီးပါးထိ မြင့်တက်
(Unicode)
အမေရိကန်နိုင်ငံမှာကိုရိုနာဗိုင်းရပ်စ် ရောဂါ အကူးစက်ခံရသူ သန်း ၂၀ ကျော် လောက်အထိ ရှိနိုင်တယ်လို့ အစိုးရက ပြောဆိုနေချိန်မှာပဲ တရက်အတွင်း အကူးစက်ခံရသူ အရေအတွက်က အများဆုံးစံချိန်တင်ထားတဲ့ အရေအတွက် နီးပါးဖြစ်သွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှတော့ ဒီရောဂါ စတင်ခဲ့တဲ့ ဒီဇင်ဘာလ ကစပြီး တရက်အတွင်း ကူးစက်မှု အများဆုံးဖြစ်တဲ့ လူပေါင်း သုံးသောာင်းရှစ်ထောင်ကျော် အထိ ဖြစ်သွားတယ်လို့ Washington Post မှာ ဖေါ်ပြထားပါတယ်။
Johns Hopkins စစ်တမ်းမှာတော့ ဗုဒ္ဓဟူးနေ့မှာ အကူးစက်ခံရသူ (၃၄,၃၀၀) ရှိပြီး ဒါဟာ ကူးစက်မှုအများဆုံး နေ့အဖြစ် စံချိန်တင်ထားတဲ့ ဧပြီလ ၂၄ ရက်က (၃၆,၄၀၀) နဲ့ သိပ်မကွာတော့ဘူးလို့ဆိုပါတယ်။
အခုလို ကူးစက်မှု များလာတာဟာ ရောဂါအတွက် စိတ်ချရတဲ့ကာကွယ်မှုတွေ မလုပ်ပဲ နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေ အချိန်မတန်သေးပဲ ပြန်ဖွင့်ပေးခဲ့တာကြောင့်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
တချိန်ထည်းမှာပဲ အမေရိကန်နိုင်ငံမှာ လူဦးရေ အားလုံးရဲ့ ၆ % လောက် ဖြစ်တဲ့ နိုင်ငံသား သန်း ၂၀ လောက်မှာ ဒီရောဂါ အကူးစက်ခံရ နိုင်ချေရှိနေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူ တဦးက ဗုဒ္ဓဟူးနေ့မှာ ပြောတာကြောင့် ဒါဟာ Johns Hopkins တက္ကသိုလ် တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းထက် ဆယ်ဆလောက် များနေတာပါ။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူဟာ ကြာသပတေးနေ့မှာ လူပေါင်း ၉ သန်းခွဲကျော် (၉,၅၀၅,၇၈၈) ရှိနေပြီး သေဆုံးရသူပေါင်းက ၅ သိန်းနီးပါး (၄၈၄,၄၀၆) ရှိနေပြီလို့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြပါတယ်။
အမေရိကန် နိုင်ငံမှာတော့ အကူးစက်ခံရသူ ၂ သန်းခွဲနီးပါး ( ၂,၄၀၇,၁၆၇) နဲ့ သေဆုံးရသူက ၁သိန်း ၂ သောင်းကျော် (၁၂၂ ,၃၇၀) ရှိနေတာပါ။ အမေရိကန် အရှေ့မြောက်ပိုင်း နယူးရောက်ပြည်နယ်မှာတော့ တခြားပြည်နယ် ၉ ခုကနေ လာရောက်မယ့် သူတွေ သီတင်း ၂ ပတ်ကြာ သီးခြားခွဲနေဖို့ အမိန့်ထုတ်ထားပါတယ်။
ဒီသီတင်းပတ်တွေ အတွင်း Alabama, Arizona, Arkansas, ဖလော်ရီဒါ၊ မြောက်နဲ့ တောင်ကာရိုလိုင်းနား Texas နဲ့ Utah ပြည်နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကူးစက်ခံရသူ အရေအတွက် တိုးလာနေတာကြောင့် နယူးရောက်ပြည်နယ်ထဲကို လာမယ် ဆိုရင် ၁၄ ရက် quarantine လုပ် သီးခြားခွဲနေဖို့ ပြည်နယ် အုပ်ချုပ်ရေးမှုး Andrew Cuomo က ဗုဒ္ဓဟူးနေ့မှာ အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
လက်တင်အမေရိက နိုင်ငံတွေကလည်း အခုအခါ ကမ္ဘာမှာ ဒီရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်လာနေပြီး ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူ တသိန်းကျော် သွားပါပြီ။ ဒီအထဲက ထက်ဝက်ကျော်ကတော့ ဘရာဇီးလ် နိုင်ငံက ဖြစ်ပါတယ်။