(Zawgyi/Unicode)
အေမရိကန္ ႏိုင္ငံရဲ႕ COVID-19 ကပ္ေရာဂါ ကိုင္တြယ္မႈအေျခအေန နဲ႔ ႏိုင္ငံေရး စီးပြားေရး ေနာက္ဆံုးအေျခအေနေတြကို ဗီြအိုေအ ျမန္မာပိုင္းအယ္ဒီတာ ဦးေက်ာ္ဇံသာ နဲ႔ ကိုၿငိမ္းခ်မ္းက ေဆြးေႏြးတင္ျပထားပါတယ္။
ကိုၿငိမ္းခ်မ္း ။ ။ အန္ကယ္ ေရ အေမရိကန္ဟာ COVID ကပ္ေရာဂါကူးစက္မႈကလည္း ကမာၻမွာ အမ်ားဆံုးျဖစ္ေနတယ္။ စီးပြားေရး ကလည္း အကန္႔အသတ္နဲ႔ လုပ္ေနရတဲ့အတြက္ က်ပ္တည္းေနၿပီးေတာ့ အလုပ္လက္မဲ့ေတြကလည္း စံခ်ိန္တင္ေနပါတယ္။ ဒီၾကားထဲ သမၼတထရမ့္က ကိုရိုနာ ေရာဂါပိုးကို ေလ်ွာ့စစ္ဖို႔အတြက္ ဗဟိုအစိုးရ ရန္ပံုေငြ နဲ႔ စစ္ေဆးမယ့္ေနရာ အေထာက္အပံ့ေတြကို ရပ္ဆိုင္းေတာ့မယ္ဆိုတဲ့ သတင္းကိုလည္း ဖတ္လိုက္ရပါတယ္။ အဲ့ဒီလိုေတြျဖစ္ေနတဲ့ အေမရိကန္ဟာ အက်ပ္အတည္းဆိုက္ေနတာလား။
ဦးေက်ာ္ဇံသာ။ ။ ဟုတ္ပါတယ္ ကိုၿငိမ္းခ်မ္း COVID-19 ျပႆနာ ၊ ရဲတပ္ဖြဲ႔ျပဳျပင္ေရးကိစၥ ၊ ေနာက္တခါ အတိုက္အခံနဲ႔ အာဏာရ အစိုးရတို႔ၾကားမွာ သေဘာထားကြဲလြဲမႈေတြ ျပင္းထန္ေနေတာ့ အက်ပ္အတည္း ဆိုက္တယ္လို႔ ဆိုရပါမယ္။ တခ်ိဳ႕က “America in Crisis” လို႔ သံုးႏႈန္းေျပာေနတာ ေတြ႔ရပါတယ္။ သမၼတထရမ့္ကေတာ့ စမ္းသပ္စစ္ေဆးမယ့္ ေနရာေတြအတြက္ အေထာက္အပံ့ေတြကို ရုပ္သိမ္းမယ္၊ အဲဒီ စခန္းေတြကို ပိတ္သိမ္းမယ္လို႔ ေျပာေနတာ သူ႔မိန္႔ခြန္းထဲမွာ ေျပာခဲ့တဲ့အတိုင္းေပါ့ဗ်ာမ်ားမ်ားစစ္ရင္ မ်ားမ်ားေတြ႔မယ္ ဆိုေတာ့ ပိတ္တဲ့သေဘာ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ အဲဒါ စာရင္းထဲမွာ အတက္အက် ျဖစ္မွာပါ ၊ တကယ္တမ္း က်ယ္က်ယ္ျပန္႔ျပန္႕ ကူးစက္ေနမႈေတြကို ဘယ္လိုတားမလဲဆိုတာမွာေတာ့ အဲဒါ အေထာက္အပံ႔ျဖစ္မွာ မဟုတ္ပါဘူး။
ဒါနဲ႔ ဆက္ၿပီးေတာ့ စီးပြားေရးမွာလည္း ထိခိုက္နစ္နာေနတယ္ အစိုးရဆီမွာ အလုပ္လက္မဲ့ ပိုုက္ဆံေတာင္းခံတဲ့လူေတြ ပိုမ်ားလာတယ္ လုပ္ငန္းေတြ ပိတ္ထားတယ္ ဒါက သိပ္အေရးႀကီးတဲ့ ကိစၥပါ။ အဲဒီထက္ ပိုဆိုးတာက ဒီကိစၥေတြကို အတိုက္အခံနဲ႔အစိုးရ ပူးေပါင္းၿပီးေတာ့ တသေဘာတည္း ေျဖရွင္းႏိုင္မယ့္ နည္းလမ္း common ground ရွာမေတြ႔တာက ပိုၿပီးေတာ့ ခက္တဲ့ ကိစၥျဖစ္မယ္လို႔ ေျပာႏိုင္ပါတယ္။
ကိုၿငိမ္းခ်မ္း ။ ။ ေနာက္ၿပီး ဇြန္လ ၂၅ ရက္ေန႔ မွာ လူမည္းအမ်ိဳးသား George Floyd ေသဆံုးခဲ့တာ ၁ လျပည့္ခဲ့ပါၿပီ။ အဲ့ဒီရဲ့ အက်ိဳးဆက္ ရဲတပ္ဖြဲ႔ျပဳျပင္ေျပာင္းလဲေရး၊ နဲ႔ Black Lives Matter လႈပ္ရွားမႈက ဘယ္အေျခအေနအထိ ခရီးေရာက္ခဲ့ၿပီလဲခင္ဗ်။
ဦးေက်ာ္ဇံသာ။ ။ Black Lives Matter လႈပ္ရွားမႈက အခုအခါမွာေတာ့ ခရီးေရာက္တယ္ဆိုတာထက္ အေရြ႕ေတာ့ရွိတယ္ေပါ့ေလ ဒီလူေတြရဲ႕ awareness အသိစိတ္ဓါတ္ ပိုၿပီး ႏိုးၾကားလာပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာဆို တႏိုင္ငံလံုးမွာပါပဲ ၿမိဳ႕ေပါင္း ၂၀၀၀ ေက်ာ္မွာ ဆႏၵျပ ခ်ီတက္ပြဲေတြ လုပ္ခဲ့တယ္၊ လူတိုင္း ဒါကို ပါ၀င္ေတာင္းဆိုခဲ့တယ္၊ ကမာၻကိုလည္း ပ်ံ႕ႏွံ႔ခဲ့တယ္ ဒါက လူေတြ ရဲ႕ အသိႏိုးၾကားလာတာျဖစ္ပါတယ္။ ဒါ့အျပင္ ၿမိဳ႕နယ္တို႔ ဘာတို႔ ခရိုင္တို႔ စသည္ျဖင့္ေပါ့ေလ ေဒသႏၱရ အားျဖင့္ ရဲတပ္ဖြဲ႔ ျပဳျပင္ေရး၊ ထိန္းသိမ္းေရး ကိုလည္း တႏိုင္တပိုင္လို႔ ေျပာရမွာေပါ့ လုပ္ေနတာကို ေတြ႔ရပါတယ္။ ဆိုေတာ့ ဗဟိုမွာလည္း ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ဥပေဒျပဳၿပီးေတာ့ ဟန္႔တားႏိုင္ဖို႔ ႀကိဳးစားၾကတာ ေတြ႔ရပါတယ္။
သို႔ေပမယ့္ ၂ ဖက္လံုးက ဒီေနရာမွာ သေဘာတူမႈ မရႏိုင္တာကို ေတြ႕ေနရပါတယ္။ ဒီမိုကရက္ေတြရဲ႕ ေအာက္လႊတ္ေတာ္မွာ တင္သြင္းမယ့္ ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရး ဥပေဒကိုေတာ့ ၾကာသပေတးေန႔ ေႏွာင္းပိုင္းမွာ တင္သြင္းဖို႔ ရွိမယ္ထင္ပါတယ္။ ဒါေပမယ့္ အဲဒီေန႔ မတိုင္ခင္တုန္းက Republican ေတြ အထက္လႊတ္ေတာ္မွာ တင္သြင္းခဲ့တာကိုေတာ့ အေရွ႕မတိုးႏိုင္ေအာင္ ဒီမိုကရက္ေတြက ပိတ္ခဲ့ပါတယ္။ ဆုိေတာ့ ဒီမိုကရက္ေတြလုပ္ေနတဲ့ ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရး ဥပေဒကလည္း ေအာက္လႊတ္ေတာ္က ေက်ာ္လႊားလာသည့္တိုင္ေအာင္ အထက္လႊတ္ေတာ္က ဒါကို သေဘာတူ လက္ခံခ်င္မွ လက္ခံပါလိမ့္မယ္။
ကိုၿငိမ္းခ်မ္း ။ ။ ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရး လုပ္ဖို႔ ႏွစ္ဖက္စလံုး သေဘာတူေပမယ့္ တခ်ိဳ႕ စီးပြားေရး၊ ႏိုင္ငံေရးမွာ သေဘာထားကြဲလြဲမႈေတြ မ်ားေနတဲ့အေမရိကန္ ႏိုင္ငံၾကီးမွာ ဒီကိစၥေတြ ေျပလည္ဖို႔က ေရာ ဘယ္လို အေျခအေနရွိပါသလဲ။
ဦးေက်ာ္ဇံသာ။ ။ သေဘာထားကြဲလြဲမႈေတြကေတာ့ အေတာ္ေလး ျပင္းထန္ေနပါတယ္။ တကယ္ေတာ့ Trump သမၼတ ျဖစ္လာတဲ့အခ်ိန္က စၿပီးေတာ့ သမၼတေတြဟာ ကိုယ္ေရြးေကာက္ပြဲ ႏိုင္ၿပီးရင္ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးကို ဦးေဆာင္ၿပီးလုပ္ၾကတယ္၊ ဦးတည္ၿပီးေတာ့ လုပ္ေလ့လုပ္ထ ရွိပါတယ္ ေျပလည္မႈရရွိေရး စကားေျပာတယ္၊ ေျပလည္ေအာင္လုပ္တယ္။ သမၼတ Trump တက္လာတဲ့ ေနာက္ပိုင္းမွာ အဲဒီလို လုပ္ငန္းမ်ိဳးကို သိပ္ၿပီးေတာ့ မေတြ႔ခဲ့ရဘူး။ လူေတြကလည္း သိပ္ၿပီးေတာ့ ျပန္လည္သင့္ျမတ္ေရးကို လက္မခံခ်င္တဲ့ သေဘာေတြ႔ခဲ့ရပါတယ္။
အခု ရဲတပ္ဖြဲ႔ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ဥပေဒ တင္တာကို နမူနာၾကည့္မယ္ဆိုရင္ ႏွစ္ဖက္စလံုးက ရဲတပ္ဖြဲ႔ ကို ျပဳျပင္ေျပာင္းလဲရမယ္ဆိုတာ သိတယ္ ၊ ျပႆနာဟာ တကယ္ရွိေနတယ္ ရဲတပ္ဖြဲ႔ရဲ႕ အကိုင္အတြယ္ကိစၥ ၊ လူမ်ိဳးေရး ခြဲျခားတာ သာတူညီမွ်မူမရွိဘူးေပါ့ေလ ၊ လူမ်ိဳးေရးတရားမွ်တမႈ မရွိဘူးဆိုတာလည္း ႏွစ္ဖက္စလံုးက သိရွိသြားၾကၿပီျဖစ္တယ္ ျပႆနာကို လက္ခံတယ္။ ႏွစ္ဖက္စလံုးက ေျဖရွင္းရမယ္ဆိုတာလည္း သေဘာတူၾကတယ္။ သို႔ေပမယ့္ ေျဖရွင္းမယ့္ နည္းလမ္းမွာ တေယာက္နဲ႔ တေယာက္ သေဘာမတူၾကဘူး။ တကယ္တမ္းေတာ့ သူတို႔ ေျပာတဲ့ ဥပေဒက အၾကမ္းဖ်င္းအားျဖင့္ သေဘာထား မကြဲလွပါဘူး။
ဥပမာအားျဖင့္ ကြဲတာ အခ်က္ ၃ ခ်က္ဆိုရင္ လည္ပင္းညစ္ ဖမ္းတဲ့ ကိစၥ တခုရွိမယ္၊ရဲတပ္ဖြဲ႔က Search warrant မပါပဲနဲ႔ တံခါးေခါက္ၿပီးေတာ့ ၀င္ေရာက္ရွာေဖြ ဖမ္းဆီးတာေတြ မလုပ္ရဘူး စသျဖင့္ ။ အဲဒီကိစၥေတြက အေရးႀကီးတဲ့ သေဘာတူညီမႈ ရေအာင္ ညိွဖို႔လိုတဲ့ ကိစၥပါ။ မညွိႏိုင္စရာေတာ့ အေၾကာင္းမရွိဘူးထင္တယ္ ႏိုင္ငံေရးအခဲမေက်ျဖစ္ေတာ့ ဒီကိစၥေတြက ျပင္းထန္ေနတာျဖစ္ပါတယ္။
အလားတူ စီးပြားေရးဆိုရင္လည္း ပူးေပါင္းေဆာင္ရြက္သင့္တဲ့ ကိစၥပါ။ ဆိုေတာ့ တခု သူတို႔ သေဘာေပါက္လာသင့္တာက သူတို႔ဟာ ျပည္သူ႔ကိုယ္စားလွယ္ေတြ ဒီမိုကေရစီနဲ႔ ကိုယ္စားျပဳတဲ့သူေတြဟာ အခု ျပည္သူတရပ္လံုးက အုတ္အုတ္က်က္က်က္ေတာင္းဆိုေနၾကတဲ့ ဒီျပဳျပင္ေျပာင္းလဲေရးကို ဘယ္ေလာက္ တံု႔ျပန္ၿပီးေတာ့ အေကာင္အထည္ေဖာ္ႏိုင္မလဲ ဆိုေတာ့ အဓိက သူတို႔ ညီညြတ္ေရး သိပ္အေရးႀကီးပါတယ္။ မညီမညြတ္ျဖစ္ေနရင္ ျပည္သူေတြရဲ႕ ဆႏၵကို မလိုက္ေလ်ာႏိုင္တဲ့သေဘာ ပိုၿပီးေပၚလြင္လာမယ္လို႔ ထင္ရပါတယ္။
အေမရိကန္ ႏိုင္ငံရဲ႕ ေနာက္ဆံုးအေျခအေနေတြကို ဦးေက်ာ္ဇံသာ နဲ႔ ကိုၿငိမ္းခ်မ္းက ေဆြးေႏြးတင္ျပခဲ့တာပါ။
...............
အမေရိကန်အကျပ်အတည်း နှင့် ပြေလည်ရေးအလားအလာ
(Unicode)
အမေရိကန် နိုင်ငံရဲ့ COVID-19 ကပ်ရောဂါ ကိုင်တွယ်မှုအခြေအနေ နဲ့ နိုင်ငံရေး စီးပွားရေး နောက်ဆုံးအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာ နဲ့ ကိုငြိမ်းချမ်းက ဆွေးနွေးတင်ပြထားပါတယ်။
ကိုငြိမ်းချမ်း ။ ။ အန်ကယ် ရေ အမေရိကန်ဟာ COVID ကပ်ရောဂါကူးစက်မှုကလည်း ကမ္ဘာမှာ အများဆုံးဖြစ်နေတယ်။ စီးပွားရေး ကလည်း အကန့်အသတ်နဲ့ လုပ်နေရတဲ့အတွက် ကျပ်တည်းနေပြီးတော့ အလုပ်လက်မဲ့တွေကလည်း စံချိန်တင်နေပါတယ်။ ဒီကြားထဲ သမ္မတထရမ့်က ကိုရိုနာ ရောဂါပိုးကို လျှော့စစ်ဖို့အတွက် ဗဟိုအစိုးရ ရန်ပုံငွေ နဲ့ စစ်ဆေးမယ့်နေရာ အထောက်အပံ့တွေကို ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းကိုလည်း ဖတ်လိုက်ရပါတယ်။ အဲ့ဒီလိုတွေဖြစ်နေတဲ့ အမေရိကန်ဟာ အကျပ်အတည်းဆိုက်နေတာလား။
ဦးကျော်ဇံသာ။ ။ ဟုတ်ပါတယ် ကိုငြိမ်းချမ်း COVID-19 ပြဿနာ ၊ ရဲတပ်ဖွဲ့ပြုပြင်ရေးကိစ္စ ၊ နောက်တခါ အတိုက်အခံနဲ့ အာဏာရ အစိုးရတို့ကြားမှာ သဘောထားကွဲလွဲမှုတွေ ပြင်းထန်နေတော့ အကျပ်အတည်း ဆိုက်တယ်လို့ ဆိုရပါမယ်။ တချို့က “America in Crisis” လို့ သုံးနှုန်းပြောနေတာ တွေ့ရပါတယ်။ သမ္မတထရမ့်ကတော့ စမ်းသပ်စစ်ဆေးမယ့် နေရာတွေအတွက် အထောက်အပံ့တွေကို ရုပ်သိမ်းမယ်၊ အဲဒီ စခန်းတွေကို ပိတ်သိမ်းမယ်လို့ ပြောနေတာ သူ့မိန့်ခွန်းထဲမှာ ပြောခဲ့တဲ့အတိုင်းပေါ့ဗျာများများစစ်ရင် များများတွေ့မယ် ဆိုတော့ ပိတ်တဲ့သဘော ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါ စာရင်းထဲမှာ အတက်အကျ ဖြစ်မှာပါ ၊ တကယ်တမ်း ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေမှုတွေကို ဘယ်လိုတားမလဲဆိုတာမှာတော့ အဲဒါ အထောက်အပံ့ဖြစ်မှာ မဟုတ်ပါဘူး။ ဒါနဲ့ ဆက်ပြီးတော့ စီးပွားရေးမှာလည်း ထိခိုက်နစ်နာနေတယ် အစိုးရဆီမှာ အလုပ်လက်မဲ့ ပိုက်ဆံတောင်းခံတဲ့လူတွေ ပိုများလာတယ် လုပ်ငန်းတွေ ပိတ်ထားတယ် ဒါက သိပ်အရေးကြီးတဲ့ ကိစ္စပါ။ အဲဒီထက် ပိုဆိုးတာက ဒီကိစ္စတွေကို အတိုက်အခံနဲ့အစိုးရ ပူးပေါင်းပြီးတော့ တသဘောတည်း ဖြေရှင်းနိုင်မယ့် နည်းလမ်း common ground ရှာမတွေ့တာက ပိုပြီးတော့ ခက်တဲ့ ကိစ္စဖြစ်မယ်လို့ ပြောနိုင်ပါတယ်။
ကိုငြိမ်းချမ်း ။ ။ နောက်ပြီး ဇွန်လ ၂၅ ရက်နေ့ မှာ လူမည်းအမျိုးသား George Floyd သေဆုံးခဲ့တာ ၁ လပြည့်ခဲ့ပါပြီ။ အဲ့ဒီရဲ့ အကျိုးဆက် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး၊ နဲ့ Black Lives Matter လှုပ်ရှားမှုက ဘယ်အခြေအနေအထိ ခရီးရောက်ခဲ့ပြီလဲခင်ဗျ။
ဦးကျော်ဇံသာ။ ။ Black Lives Matter လှုပ်ရှားမှုက အခုအခါမှာတော့ ခရီးရောက်တယ်ဆိုတာထက် အရွေ့တော့ရှိတယ်ပေါ့လေ ဒီလူတွေရဲ့ awareness အသိစိတ်ဓါတ် ပိုပြီး နိုးကြားလာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆို တနိုင်ငံလုံးမှာပါပဲ မြို့ပေါင်း ၂၀၀၀ ကျော်မှာ ဆန္ဒပြ ချီတက်ပွဲတွေ လုပ်ခဲ့တယ်၊ လူတိုင်း ဒါကို ပါဝင်တောင်းဆိုခဲ့တယ်၊ ကမ္ဘာကိုလည်း ပျံ့နှံ့ခဲ့တယ် ဒါက လူတွေ ရဲ့ အသိနိုးကြားလာတာဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်တို့ ဘာတို့ ခရိုင်တို့ စသည်ဖြင့်ပေါ့လေ ဒေသန္တရ အားဖြင့် ရဲတပ်ဖွဲ့ ပြုပြင်ရေး၊ ထိန်းသိမ်းရေး ကိုလည်း တနိုင်တပိုင်လို့ ပြောရမှာပေါ့ လုပ်နေတာကို တွေ့ရပါတယ်။ ဆိုတော့ ဗဟိုမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေပြုပြီးတော့ ဟန့်တားနိုင်ဖို့ ကြိုးစားကြတာ တွေ့ရပါတယ်။ သို့ပေမယ့် ၂ ဖက်လုံးက ဒီနေရာမှာ သဘောတူမှု မရနိုင်တာကို တွေ့နေရပါတယ်။ ဒီမိုကရက်တွေရဲ့ အောက်လွှတ်တော်မှာ တင်သွင်းမယ့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေကိုတော့ ကြာသပတေးနေ့ နှောင်းပိုင်းမှာ တင်သွင်းဖို့ ရှိမယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီနေ့ မတိုင်ခင်တုန်းက Republican တွေ အထက်လွှတ်တော်မှာ တင်သွင်းခဲ့တာကိုတော့ အရှေ့မတိုးနိုင်အောင် ဒီမိုကရက်တွေက ပိတ်ခဲ့ပါတယ်။ ဆိုတော့ ဒီမိုကရက်တွေလုပ်နေတဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေကလည်း အောက်လွှတ်တော်က ကျော်လွှားလာသည့်တိုင်အောင် အထက်လွှတ်တော်က ဒါကို သဘောတူ လက်ခံချင်မှ လက်ခံပါလိမ့်မယ်။
ကိုငြိမ်းချမ်း ။ ။ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ နှစ်ဖက်စလုံး သဘောတူပေမယ့် တချို့ စီးပွားရေး၊ နိုင်ငံရေးမှာ သဘောထားကွဲလွဲမှုတွေ များနေတဲ့အမေရိကန် နိုင်ငံကြီးမှာ ဒီကိစ္စတွေ ပြေလည်ဖို့က ရော ဘယ်လို အခြေအနေရှိပါသလဲ။
ဦးကျော်ဇံသာ။ ။ သဘောထားကွဲလွဲမှုတွေကတော့ အတော်လေး ပြင်းထန်နေပါတယ်။ တကယ်တော့ Trump သမ္မတ ဖြစ်လာတဲ့အချိန်က စပြီးတော့ သမ္မတတွေဟာ ကိုယ်ရွေးကောက်ပွဲ နိုင်ပြီးရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးဆောင်ပြီးလုပ်ကြတယ်၊ ဦးတည်ပြီးတော့ လုပ်လေ့လုပ်ထ ရှိပါတယ် ပြေလည်မှုရရှိရေး စကားပြောတယ်၊ ပြေလည်အောင်လုပ်တယ်။ သမ္မတ Trump တက်လာတဲ့ နောက်ပိုင်းမှာ အဲဒီလို လုပ်ငန်းမျိုးကို သိပ်ပြီးတော့ မတွေ့ခဲ့ရဘူး။ လူတွေကလည်း သိပ်ပြီးတော့ ပြန်လည်သင့်မြတ်ရေးကို လက်မခံချင်တဲ့ သဘောတွေ့ခဲ့ရပါတယ်။
အခု ရဲတပ်ဖွဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဥပဒေ တင်တာကို နမူနာကြည့်မယ်ဆိုရင် နှစ်ဖက်စလုံးက ရဲတပ်ဖွဲ့ ကို ပြုပြင်ပြောင်းလဲရမယ်ဆိုတာ သိတယ် ၊ ပြဿနာဟာ တကယ်ရှိနေတယ် ရဲတပ်ဖွဲ့ရဲ့ အကိုင်အတွယ်ကိစ္စ ၊ လူမျိုးရေး ခွဲခြားတာ သာတူညီမျှမူမရှိဘူးပေါ့လေ ၊ လူမျိုးရေးတရားမျှတမှု မရှိဘူးဆိုတာလည်း နှစ်ဖက်စလုံးက သိရှိသွားကြပြီဖြစ်တယ် ပြဿနာကို လက်ခံတယ်။ နှစ်ဖက်စလုံးက ဖြေရှင်းရမယ်ဆိုတာလည်း သဘောတူကြတယ်။ သို့ပေမယ့် ဖြေရှင်းမယ့် နည်းလမ်းမှာ တယောက်နဲ့ တယောက် သဘောမတူကြဘူး။ တကယ်တမ်းတော့ သူတို့ ပြောတဲ့ ဥပဒေက အကြမ်းဖျင်းအားဖြင့် သဘောထား မကွဲလှပါဘူး။ ဥပမာအားဖြင့် ကွဲတာ အချက် ၃ ချက်ဆိုရင် လည်ပင်းညစ် ဖမ်းတဲ့ ကိစ္စ တခုရှိမယ်၊ရဲတပ်ဖွဲ့က Search warrant မပါပဲနဲ့ တံခါးခေါက်ပြီးတော့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ မလုပ်ရဘူး စသဖြင့် ။ အဲဒီကိစ္စတွေက အရေးကြီးတဲ့ သဘောတူညီမှု ရအောင် ညှိဖို့လိုတဲ့ ကိစ္စပါ။ မညှိနိုင်စရာတော့ အကြောင်းမရှိဘူးထင်တယ် နိုင်ငံရေးအခဲမကျေဖြစ်တော့ ဒီကိစ္စတွေက ပြင်းထန်နေတာဖြစ်ပါတယ်။
အလားတူ စီးပွားရေးဆိုရင်လည်း ပူးပေါင်းဆောင်ရွက်သင့်တဲ့ ကိစ္စပါ။ ဆိုတော့ တခု သူတို့ သဘောပေါက်လာသင့်တာက သူတို့ဟာ ပြည်သူ့ကိုယ်စားလှယ်တွေ ဒီမိုကရေစီနဲ့ ကိုယ်စားပြုတဲ့သူတွေဟာ အခု ပြည်သူတရပ်လုံးက အုတ်အုတ်ကျက်ကျက်တောင်းဆိုနေကြတဲ့ ဒီပြုပြင်ပြောင်းလဲရေးကို ဘယ်လောက် တုံ့ပြန်ပြီးတော့ အကောင်အထည်ဖော်နိုင်မလဲ ဆိုတော့ အဓိက သူတို့ ညီညွတ်ရေး သိပ်အရေးကြီးပါတယ်။ မညီမညွတ်ဖြစ်နေရင် ပြည်သူတွေရဲ့ ဆန္ဒကို မလိုက်လျောနိုင်တဲ့သဘော ပိုပြီးပေါ်လွင်လာမယ်လို့ ထင်ရပါတယ်။
အမေရိကန် နိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေကို ဦးကျော်ဇံသာ နဲ့ ကိုငြိမ်းချမ်းက ဆွေးနွေးတင်ပြခဲ့တာပါ။