သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Minneapolis ၿမိဳ႕ ပစ္ခတ္မႈ ၁ ဦးေသ၊ ၁၁ ဦး ဒဏ္ရာရ


နယူးေယာက္မွာ က်င္းပတဲ့ လူမ်ဳိးေရးခြဲျခားမႈ ဆန္႔က်င္ေရး ဆႏၵျပပြဲျမင္ကြင္း။ (ဇြန္ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု Minnesota ျပည္နယ္ Minneapolis ၿမိဳ႕မွာ ျဖစ္ခဲ့တဲ့ ပစ္ခတ္မႈအတြင္း လူ ၁ ဦးေသဆုံးၿပီး ၁၁ ဦး ဒဏ္ရာရခဲ့ေၾကာင္း ရဲတပ္ဖဲြ႔က ဒီေန႔ပဲ ေျပာလိုက္ပါတယ္။

ပစ္ခတ္မႈျဖစ္ပြားၿပီးတဲ့ေနာက္ Facebook လူမႈကြန္ရက္မွာ တက္လာတဲ့ ဗီြဒီယိုေတြနဲ႔ ဓာတ္ပုံေတြမွာေတာ့ ေသနတ္က်ည္ဆန္ ထိမွန္ခဲ့တဲ့သူေတြ ေျမႀကီးေပၚမွာ လဲက်ေနၿပီး လူေတြက အဲဒီလူေတြကို အကူအညီေပးေနတာ၊ ေနာက္ၿပီး က်ည္ဆန္ထိမွန္ၿပီး ျပတင္းေပါက္ေတြ ကဲြေနတဲ့ အေဆာက္အအုံေတြကိုလည္း ေတြ႔ခဲ့ရပါတယ္။

ညသန္းေခါင္ေက်ာ္ အခ်ိန္ေလာက္က ျဖစ္ခဲ့တဲ့ ပစ္ခတ္မႈျဖစ္ပြားရတဲ့ အေၾကာင္းရင္းကုိေတာ့ မသိရေသးသလုိ ပစ္ခတ္မႈနဲ႔ ဆက္ႏႊယ္ၿပီး ဖမ္းဆီးထားသူ တေယာက္မွ မရွိေသးဘူးလို႔လည္း ရဲတပ္ဖဲြ႔က ေျပာပါတယ္။

ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ ၿမိဳ႕တြင္းမွာ အသြားအလာေတြ သတိထားဖုိ႔လည္း ရဲတပ္ဖဲြ႔က သတိေပးထားပါတယ္။

Minneapolis ၿမိဳ႕မွာ မၾကာေသးခင္က လူမည္းအမ်ိဳးသား George Floyd ရဲကဖမ္းဆီးထားစဥ္ ေသဆုံးသြားခဲ့တာေၾကာင့္ ဆႏၵျပပဲြေတြ ျဖစ္ပြားခဲ့ၿပီး အဲဒီကေနတဆင့္ အေမရိကန္ႏုိင္ငံတ၀န္းမွာေရာ ကမာၻတ၀န္းမွာပါ လူမ်ိဳးေရးခဲြျခားမႈကို ဆန္႔က်င္တဲ့ လူမည္းေတြရဲ႕အသက္ကို တန္ဖိုးထားဖို႔ ေတာင္းဆုိတဲ့ Black Lives Matter လႈပ္ရွားမႈေတြလည္း ေပၚေပါက္ခဲ့ပါတယ္။

Minneapolis ၿမိဳ႕ ပစ္ခတ္မႈ ၁ ဦးေသ၊ ၁၁ ဦး ဒဏ္ရာရ
please wait

No media source currently available

0:00 0:01:01 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

Minneapolis မြို့ ပစ်ခတ်မှု ၁ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Minneapolis မြို့မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း လူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီနေ့ပဲ ပြောလိုက်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် Facebook လူမှုကွန်ရက်မှာ တက်လာတဲ့ ဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေမှာတော့ သေနတ်ကျည်ဆန် ထိမှန်ခဲ့တဲ့သူတွေ မြေကြီးပေါ်မှာ လဲကျနေပြီး လူတွေက အဲဒီလူတွေကို အကူအညီပေးနေတာ၊ နောက်ပြီး ကျည်ဆန်ထိမှန်ပြီး ပြတင်းပေါက်တွေ ကွဲနေတဲ့ အဆောက်အအုံတွေကိုလည်း တွေ့ခဲ့ရပါတယ်။

ညသန်းခေါင်ကျော် အချိန်လောက်က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးသလို ပစ်ခတ်မှုနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးထားသူ တယောက်မှ မရှိသေးဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်းမှာ အသွားအလာတွေ သတိထားဖို့လည်း ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

Minneapolis မြို့မှာ မကြာသေးခင်က လူမည်းအမျိုးသား George Floyd ရဲကဖမ်းဆီးထားစဉ် သေဆုံးသွားခဲ့တာကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး အဲဒီကနေတဆင့် အမေရိကန်နိုင်ငံတဝန်းမှာရော ကမ္ဘာတဝန်းမှာပါ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ လူမည်းတွေရဲ့အသက်ကို တန်ဖိုးထားဖို့ တောင်းဆိုတဲ့ Black Lives Matter လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

XS
SM
MD
LG