သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ရဲတပ္ဖဲြ႕ ျပဳျပင္ေရး အထက္လႊတ္ေတာ္ Republican ေတြရဲ႕ ဥပေဒမူၾကမ္း ေအာင္ျမင္မႈမရ


အထက္လႊတ္ေတာ္ ရီပတ္ဘလစ္ကင္ အမတ္ Tim Scott အပါအ၀င္ ရီပတ္ဘလစ္ကင္ အမတ္မ်ား သတင္းစာရွင္လင္းပြဲလုပ္စဥ္ (ဇြန္လ ၁၇ ရက္ ၊၂၀၂၀)

(Zawgyi/Unicode)

ရီပတ္ဘလစ္ကင္ပါတီ ဘက္က တင္သြင္းခဲ့တဲ့ အေမရိကန္ ရဲတပ္ဖြဲ႔ျပဳျပင္ေျပာင္းလဲေရး ဆိုင္ရာ ဥပေဒတရပ္အတြက္ အေျခအတင္ေဆြးေႏြးမႈကို ဒီမိုကရက္အမတ္ေတြက ပိတ္ပင္ခဲ့တဲ့ ေနာက္မွာ ဒီဥပေဒ အတြက္ အထက္လႊတ္ေတာ္မွာ ဗုဒၶဟူးေန႔ ျပဳလုပ္တဲ့ မဲခြဲမဲ့ကိစၥ မေအာင္မျမင္ျဖစ္ခဲ့ရပါတယ္။

ေမလ ၂၅ ရက္ေန႔က အာဖရိကန္ အေမရိကန္ အမ်ိဳးသား George Floyd ရဲဖမ္းထားစဥ္ ေသဆံုးခဲ့ရတာနဲ႔ ပတ္သက္ၿပီး အေမရိကန္ ႏိုင္ငံတဝွမ္း သီတင္းပတ္ေပါင္းမ်ားစြာ ကန္႔ကြက္ဆႏၵျပ ေတာင္းဆိုမႈေတြအတြက္ ပါတီႀကီး ၂ ရပ္ စလံုးက လႊတ္ေတာ္အမတ္ေတြဟာ ရဲတပ္ဖြဲ႔ျပဳျပင္ေျပာင္းလဲေရးဆိုင္ရာ မူၾကမ္းကို အၿပိဳင္ေရးဆြဲခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီမိုကရက္ေတြ ႀကီးစိုးတဲ့ ေအာက္လႊတ္ေတာ္က ရဲလုပ္ငန္းဆိုင္ရာ တရားမ ွ်တမႈအတြက္ ဥပေဒမူၾကမ္းတရပ္ကို ဒီသီတင္းပတ္ကုန္ေလာက္မွာ မဲခြဲ ဆံုးျဖတ္ဖုိ႔ ရွိေနတာပါ။ ဒါေၾကာင့္ အထက္လႊတ္ေတာ္မွာ တဦးတည္းေသာ ရီပတ္ဘလစ္ကင္ လူမည္း အမတ္ျဖစ္တဲ့ Tim Scott က အဆိုျပဳတင္သြင္းခဲ့တဲ့ မူၾကမ္း အတည္ျဖစ္မသြားေအာင္ အခ်ိန္ဆြဲထားတဲ့ ပံုေပၚေနပါတယ္။

အခုေတာ့ ရီပတ္ဘလစ္ကင္ေတြရဲ့ မူၾကမ္း အတြက္ လုပ္ေဆာင္မႈကို ဒီမိုကရက္ေတြက ပိတ္ပင္ခဲ့တာ ျဖစ္ပါတယ္။

မဲမေပးခင္ကေလးမွာပဲ အထက္လႊတ္ေတာ္ ဒီမိုကရက္ေခါင္းေဆာင္ Chuck Schumer က ဗုဒၶဟူးေန႔ အထက္လႊတ္ေတာ္ မဲခြဲမႈဟာ ဒီမိုကရက္ေတြရဲ့ မူၾကမ္း တင္သြင္းမႈ အရာမေျမာက္ပဲျဖစ္သြားႏိုင္တယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ရီပတ္ဘလစ္ကင္ ေတြ ဘက္က တင္သြင္းတဲ့ မူၾကမ္းဟာ အဓိပၸါယ္ရွိတဲ့ ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲမႈ ျဖစ္မလာႏိုင္ပဲ ခ်ိဳ႕ယြင္းခ်က္ေတြရွိေနတယ္လို႔ ေျပာခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္



.................

အမေရိကန် ရဲတပ်ဖွဲ့ ပြုပြင်ရေး အထက်လွှတ်တော် Republican တွေရဲ့ ဥပဒေမူကြမ်း အောင်မြင်မှုမရ

(Unicode)

ရီပတ်ဘလစ်ကင်ပါတီ ဘက်က တင်သွင်းခဲ့တဲ့ အမေရိကန် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ဥပဒေတရပ်အတွက် အခြေအတင်ဆွေးနွေးမှုကို ဒီမိုကရက်အမတ်တွေက ပိတ်ပင်ခဲ့တဲ့ နောက်မှာ ဒီဥပဒေ အတွက် အထက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ ပြုလုပ်တဲ့ မဲခွဲမဲ့ကိစ္စ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။

မေလ ၂၅ ရက်နေ့က အာဖရိကန် အမေရိကန် အမျိုးသား George Floyd ရဲဖမ်းထားစဉ် သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံတဝှမ်း သီတင်းပတ်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ တောင်းဆိုမှုတွေအတွက် ပါတီကြီး ၂ ရပ် စလုံးက လွှတ်တော်အမတ်တွေဟာ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူကြမ်းကို အပြိုင်ရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်က ရဲလုပ်ငန်းဆိုင်ရာ တရားမ ျှတမှုအတွက် ဥပဒေမူကြမ်းတရပ်ကို ဒီသီတင်းပတ်ကုန်လောက်မှာ မဲခွဲ ဆုံးဖြတ်ဖို့ ရှိနေတာပါ။ ဒါကြောင့် အထက်လွှတ်တော်မှာ တဦးတည်းသော ရီပတ်ဘလစ်ကင် လူမည်း အမတ်ဖြစ်တဲ့ Tim Scott က အဆိုပြုတင်သွင်းခဲ့တဲ့ မူကြမ်း အတည်ဖြစ်မသွားအောင် အချိန်ဆွဲထားတဲ့ ပုံပေါ်နေပါတယ်။

အခုတော့ ရီပတ်ဘလစ်ကင်တွေရဲ့ မူကြမ်း အတွက် လုပ်ဆောင်မှုကို ဒီမိုကရက်တွေက ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

မဲမပေးခင်ကလေးမှာပဲ အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer က ဗုဒ္ဓဟူးနေ့ အထက်လွှတ်တော် မဲခွဲမှုဟာ ဒီမိုကရက်တွေရဲ့ မူကြမ်း တင်သွင်းမှု အရာမမြောက်ပဲဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ရီပတ်ဘလစ်ကင် တွေ ဘက်က တင်သွင်းတဲ့ မူကြမ်းဟာ အဓိပ္ပါယ်ရှိတဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်မလာနိုင်ပဲ ချို့ယွင်းချက်တွေရှိနေတယ်လို့ ပြောခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG