(Zawgyi/Unicode)
ႏိုင္ငံတခုမွာ ရဲတပ္ဖဲြ႔ဆိုတာ မရွိမျဖစ္လိုအပ္ေပမယ့္ သံသယနဲ႔ ျပည္သူလူထုကို စစ္ေဆးေမးျမန္း ဖမ္းဆီးရာမွာ အင္အား အလြန္အကၽြံ သုံးတာမ်ဳိး မရွိရေအာင္ ရဲတပ္ဖဲြ႔ကို ဥပေဒနဲ႔ ထိန္းေက်ာင္းဖို႔ လိုတယ္လို႔ အေမရိကန္ ျပည္ေထာင္စုမွာ ေနထိုင္တဲ့ အၿငိမ္းစား ျမန္မာ ရဲအရာရွိတခ်ဳိ႕နဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေျပာဆိုပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ရဲတပ္ဖဲြ႔ကို ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔ ေတာင္းဆိုမႈေတြ ျမင့္မားေနခ်ိန္မွာ အခုလို ေျပာဆိုၾကတဲ့ အေၾကာင္းကို တင္ျပခ်င္ပါတယ္။ကို ဉာဏ္ဝင္းေအာင္က ေျပာျပေပးမွာပါ။
အေမရိကန္ရဲတပ္ဖဲြ႔ ျပဳျပင္ေျပာင္းလဲေရးအတြက္ အဓိက အဆုိျပဳခ်က္္ အေတာ္မ်ားမ်ားကို အေမရိကန္ လႊတ္ေတာ္ႏွစ္ရပ္စလုံး သေဘာတူၾကေပမယ့္ ကဲြလဲြခ်က္ေတြလည္း ရွိေနပါတယ္။ ေမလ ေႏွာင္းပိုင္းမွာ ရဲတပ္ဖြဲ႔က ဖမ္းဆီးစဥ္ အေမရိကန္ လူမည္းအမ်ိဳးသား George Floyd ေသဆုံးခဲ့တဲ့အေပၚ မေက်နပ္တာေၾကာင့္ အေမရိကန္နဲ႔ တျခားႏုိင္ငံေတြမွာပါ ဆႏၵျပပဲြေတြ ေပၚေပါက္ခဲ့ရာက ရဲတပ္ဖြဲ႔ျပဳျပင္ေျပာင္းလဲေရး ဖိအားလည္း တုိးလာခဲ့တာပါ။
အေမရိကန္ ရဲတပ္ဖဲြ႔က ျပည္သူလူထုကို စစ္ေဆးေမးျမန္း ဖမ္းဆီးရာမွ အင္အား အလြန္အကၽြံသုံးတာကို သတိျပဳမိတယ္လို႔ ေျပာသူက အိုဟိုင္းယုိးျပည္နယ္ Cincinnati ၿမဳိ႕မွာေနတဲ့ ျမန္မာႏိုင္ငံက အၿငိမ္းစား ရဲအရာရွိ ဦးလွျမင့္ ျဖစ္ပါတယ္။
" အေမရိကန္ ရဲေတြကလည္း သူတို႔လုပ္တာ အလြန္အကၽြံ ျဖစ္လုိ႔ေပါ့ေနာ္ ၊ Pepper Gun ေလးသုံးၿပီးေတာ့ လုပ္ရင္လည္း ရရဲ႕သားနဲ႔ လူတေယာက္ကို လွဲခ် ၊ လွဲခ်ၿပီး လည္ပင္းကို ဒူးနဲ႔ ေျခေထာက္နဲ႔ တက္ဖိၿပီးေတာ့မွ ကိုယ္ထိလက္ေရာက္ အၾကမ္းဖက္တာမ်ဳိးေတြအထိ မျဖစ္သင့္ဘူးဗ် ။ အျခားနည္းေတြ အမ်ားႀကီးသုံးလို႔ ရပါတယ္။ ရဲေတြ သူတို႔လာရင္လည္း တေယာက္ထဲလာတာ မဟုတ္ဘူး Back up ေတြပါလာတယ္၊ အင္အားေတြက ၄-၅- ၁၀ ေယာက္ျဖစ္လာတာ ဆိုေတာ့ ဒီလုိျဖစ္တဲ့ အေျခအေနမွာကိုပဲ သူတို႔က အားအင္ သုံးတာကမ်ားေနေတာ့ ျပည္သူခ်စ္တဲ့ ရဲမျဖစ္ေတာ့ပဲ ျပည္သူကအျမင္ကပ္တဲ့ ရဲအျဖစ္ကို ေရာက္ေရာက္သ ြားတာ ေတ႔ြရတယ္ ။ လူစုလူေ၀းခဲြဖို႔ အင္အားသုံးတဲ့အခါမွာ စစ္တပ္သုံးတဲ့ ပစၥည္းေတြကို ကိုင္တြယ္ အသုံးခ်ခြင့္ ေပးထားတာကေတာ့ မျဖစ္သင့္ဘူးလို႔ ထင္ပါတယ္။ "
ဒါေၾကာင့္ အေမရိကန္ ရဲတပ္ဖဲြ႔ကို ေလ့က်င့္သင္ၾကားမႈေတြအပါအဝင္ စစ္တပ္တခုသဖြယ္ လက္နက္တပ္ဆင္ သုံးစြဲခြင့္ေတြ ကုိပါ ျပန္လည္ေလ်ာ့ခ်ဖို႔ လိုတယ္လို႔ ကာလီဖိုးနီးယားျပည္နယ္ ဆန္ဖရန္စၥကိုၿမဳိ႕ေန ABSDF ေက်ာင္သားတပ္မေတာ္ ျပန္ၾကားေရး အတြင္းေရးမႉးေဟာင္း ဦးကိုကိုေလးက ျမင္ပါတယ္။
" အဲဒီေတာ့ က်ေနာ္တို႔သိသေလာက္ ျပဳျပင္ေျပာင္းလဲေရး Police Reform မွာက အဓိက T-D-A ေပါ့ဗ်ာ ၃ ခ်က္ရွိတယ္။ T ဆုိတာက Training ေပါ့ဗ်ာ သင္တန္းေတြ ပို႔ခ်ရမယ္၊ ေနာက္တခု D ကေတာ့ Demilitarization ေပါ့ဗ်ာ လက္နက္အလြန္အကၽြံ သုံးတာကုိ ေလွ်ာ့ခ်ေရးေပါ့ဗ်ာ၊ ေနာက္တခုက ဖမ္းဆီးလုိ႔ ေသသြားတဲ့အခါမွာ Accountability လို႔ေခၚတဲ့ တာဝန္ယူမႈ တာဝန္ခံမႈဆုိတာ ရွိရမယ္။ ေျခလြန္လက္လြန္ ျဖစ္သြားရင္ တရား႐ုံးမွာရင္ဆိုင္ရမယ္.. တရားဥပေဒရဲ႕ ဆုံးျဖတ္ခံပိုင္ခြင့့္ ရွိရမယ္ "
အေမရိကန္ ဆႏၵျပပဲြေတြ အတြင္း ရဲတပ္ဖဲြ႔ရဲ႕ အသုံးစရိတ္ျဖတ္ေတာက္ေရးကိုလည္း ေတာင္းဆိုေနၾကတာပါ။ ရဲ ဘတ္ဂ်က္ကို ထိုက္သင့္သေလာက္ ေလွ်ာ့ခ်သင့္တာ မွန္ေပမဲ့ ရဲတပ္ဖဲြ႔က အင္အားအလြန္အကၽြံ မသုံစဲြေရးအတြက္ ထိန္းေက်ာင္းသင့္တယ္လို႔ အၿငိမ္းစားရဲအရာရွိ ဦးလွျမင့္က သုံးသပ္ပါတယ္။
" ညႇိႏႈိင္းၿပီး ႏွစ္ဦးႏွစ္ဖက္ ေျပလည္ေအာင္ မလုပ္ဘူးဆိုရင္ေတာ့ ဆိုးဝါးတဲ့အေျခအေနဘက္ ေရာက္သြား ႏိုင္ပါတယ္။ တခါတေလမွာ သကၤာမကင္းလို႔ တားဆီးၿပီး ေမးျမန္းမယ္ စစ္ေဆးမယ္ လုပ္တဲ့အခါမွာ ရဲရဲ႕ဖမ္းဆီးခံရတဲ့ ပုဂၢိဳလ္ေတြမွာ ခံရတာက ပိုေတာ့မ်ားတာေပါ့ေလ ၊ မ်ားေပမဲ့လည္း ရဲမွာလည္း သူတို႔ခံရတာေတြ ရွိတဲ့အခါက်ေတာ့ တခါတေလက်ေတာ့လည္း အစိုးရိမ္လြန္ၿပီး လက္လြန္ေျခလြန္ေတြ ျဖစ္သြားတာ ရွိတဲ့အခါက်ေတာ့ .. အဲလို မျဖစ္ရေအာင္ ဥပေဒနဲ႔ေပါ့ေနာ္ ရဲက ဘယ္အတိုင္းအတာအထိ ဘယ္ေလာက္ လုပ္သင့္တယ္ဆိုတာ ျပဌာန္းေပးရင္ေတာ့ ပုိေကာင္းတာေပါ့။ ရဲတပ္ဖဲြ႔ဆိုတာ ရွိတာက ဆက္ရွိေနရမွာပဲ သို႔ေသာ္ သူတို႔အင္အားသုံးတဲ့ အပိုင္းမွာ ေလ်ာ့နည္းသြားေအာင္လို႔ ဥပေဒနဲ႔ အကာအကြယ္ ေပးသင့္တယ္လို႔ က်ေနာ္ျမင္ပါတယ္ ခင္ဗ်။ "
ရဲတပ္ဖဲြ႔ကို ဥပေဒနဲ႔ ထိန္းေက်ာင္းသြားႏိုင္မယ္ဆိုရင္ မၾကာခင္မွာ အေမရိကန္လူ႔အဖဲ႔ြအစည္းၾကား ညီညတြ္မႈေတြ ျပန္ရလာလိမ့္မယ္လို႔ ဦးကိုကိုေလးက ေျပာပါတယ္။
" မတူတဲ့လူေတြ အကုန္လုံး စုစည္းေနႏိုင္တာက ဒီမုိကေရစီရဲ႕ အႏွစ္သာရပဲ၊ ဒီႏိုင္ငံက အဲဒီလို သြားေနတာဆိုေတာ့ ဥပေဒေတြ စိုးမိုးႏိုင္ေအာင္ ဥပေဒသမားေတြက လုပ္ရမွာ ျဖစ္သလို၊ ဒီရဲေတြ ဘက္ကလည္း ပုိၿပီးေတာ့ ထိန္းထိန္းသိမ္းသိမ္း လုပ္ရမွာေပါ့။ လူတေယာက္ ေသတာနဲ႔တင္ လႈပ္ရွားမႈႀကီး ေပၚလာတယ္၊ ကမၻာကို ပ်ံ႕သြားတယ္ ဒါမ်ဳိးမျဖစ္ရေအာင္ ေရွ႕တန္းေရာက္ေနတဲ့ ရဲေတြကလည္း ထိန္းသိမ္းရမွာ။ ဒီလုိမ်ဳိး အဖက္ဖက္က ထိန္းသိမ္းသြားမယ္ဆုိရင္ ညီညြတ္တဲ့ သာယာတဲ့ ႏိုင္ငံႀကီးျဖစ္လာမယ္၊ က်ေနာ္ေတာ့ ယုံၾကည္ပါတယ္ ဒီႏိုင္ငံမွာ တျဖည္းျဖည္း ေကာင္းသည္ထက္ ေကာင္းလာမယ္။ ဘာလုိ႔လဲ ဆိုေတာ့ “Rule of law” ဒီမုိကေရစီရဲ႕ အေျခခံျဖစ္တဲ့ ဥပေဒစိုးမုိးေရးေပါ့ .. ဥပေဒေအာက္မွာ အားလုံးဟာ သာတူညီမွ် ေနထိုင္ခြင့္ရတယ္၊ အဲဒါေၾကာင့္ ဒီဥပေဒေတြ ျပဳၿပီးသ ြားလို႔ရွိရင္ တျဖည္းျဖည္း ပိုေကာင္းသြားမယ္လုိ႔ က်ေနာ္ျမင္ပါတယ္။ "
အေမရိကန္ရဲတပ္ဖဲြ႔ ျပဳျပင္ေျပာင္းလဲေရး ဥပဒေမူၾကမ္းကို ရီပတ္ဘလစ္ကန္ေတြ ထိန္းခ်ဳပ္ထားတဲ့ အထက္လႊတ္ေတာ္မွာ ဒီသတင္းပတ္ထဲ မဲခဲြဆုံးျဖတ္မွာ ျဖစ္ပါတယ္။
...........
အမရေိကန် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးလိုအပ်ချက် အမေရိကန်မြန်မာတွေရဲ့ အမြင်
(Unicode)
နိုင်ငံတခုမှာ ရဲတပ်ဖွဲ့ဆိုတာ မရှိမဖြစ်လိုအပ်ပေမယ့် သံသယနဲ့ ပြည်သူလူထုကို စစ်ဆေးမေးမြန်း ဖမ်းဆီးရာမှာ အင်အား အလွန်အကျွံ သုံးတာမျိုး မရှိရအောင် ရဲတပ်ဖွဲ့ကို ဥပဒေနဲ့ ထိန်းကျောင်းဖို့ လိုတယ်လို့ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ အငြိမ်းစား မြန်မာ ရဲအရာရှိတချို့နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုမှုတွေ မြင့်မားနေချိန်မှာ အခုလို ပြောဆိုကြတဲ့ အကြောင်းကို တင်ပြချင်ပါတယ်။ကို ဉာဏ်ဝင်းအောင်က ပြောပြပေးမှာပါ။
အမေရိကန်ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက အဆိုပြုချက် အတော်များများကို အမေရိကန် လွှတ်တော်နှစ်ရပ်စလုံး သဘောတူကြပေမယ့် ကွဲလွဲချက်တွေလည်း ရှိနေပါတယ်။ မေလ နှောင်းပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် အမေရိကန် လူမည်းအမျိုးသား George Floyd သေဆုံးခဲ့တဲ့အပေါ် မကျေနပ်တာကြောင့် အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာပါ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ရာက ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဖိအားလည်း တိုးလာခဲ့တာပါ။
အမေရိကန် ရဲတပ်ဖွဲ့က ပြည်သူလူထုကို စစ်ဆေးမေးမြန်း ဖမ်းဆီးရာမှ အင်အား အလွန်အကျွံသုံးတာကို သတိပြုမိတယ်လို့ ပြောသူက အိုဟိုင်းယိုးပြည်နယ် Cincinnati မြို့မှာနေတဲ့ မြန်မာနိုင်ငံက အငြိမ်းစား ရဲအရာရှိ ဦးလှမြင့် ဖြစ်ပါတယ်။
" အမေရိကန် ရဲတွေကလည်း သူတို့လုပ်တာ အလွန်အကျွံ ဖြစ်လို့ပေါ့နော် ၊ Pepper Gun လေးသုံးပြီးတော့ လုပ်ရင်လည်း ရရဲ့သားနဲ့ လူတယောက်ကို လှဲချ ၊ လှဲချပြီး လည်ပင်းကို ဒူးနဲ့ ခြေထောက်နဲ့ တက်ဖိပြီးတော့မှ ကိုယ်ထိလက်ရောက် အကြမ်းဖက်တာမျိုးတွေအထိ မဖြစ်သင့်ဘူးဗျ ။ အခြားနည်းတွေ အများကြီးသုံးလို့ ရပါတယ်။ ရဲတွေ သူတို့လာရင်လည်း တယောက်ထဲလာတာ မဟုတ်ဘူး Back up တွေပါလာတယ်၊ အင်အားတွေက ၄-၅- ၁၀ ယောက်ဖြစ်လာတာ ဆိုတော့ ဒီလိုဖြစ်တဲ့ အခြေအနေမှာကိုပဲ သူတို့က အားအင် သုံးတာကများနေတော့ ပြည်သူချစ်တဲ့ ရဲမဖြစ်တော့ပဲ ပြည်သူကအမြင်ကပ်တဲ့ ရဲအဖြစ်ကို ရောက်ရောက်သ ွားတာ တေ့ွရတယ် ။ လူစုလူဝေးခွဲဖို့ အင်အားသုံးတဲ့အခါမှာ စစ်တပ်သုံးတဲ့ ပစ္စည်းတွေကို ကိုင်တွယ် အသုံးချခွင့် ပေးထားတာကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ "
ဒါကြောင့် အမေရိကန် ရဲတပ်ဖွဲ့ကို လေ့ကျင့်သင်ကြားမှုတွေအပါအဝင် စစ်တပ်တခုသဖွယ် လက်နက်တပ်ဆင် သုံးစွဲခွင့်တွေ ကိုပါ ပြန်လည်လျော့ချဖို့ လိုတယ်လို့ ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့နေ ABSDF ကျောင်သားတပ်မတော် ပြန်ကြားရေး အတွင်းရေးမှူးဟောင်း ဦးကိုကိုလေးက မြင်ပါတယ်။
" အဲဒီတော့ ကျနော်တို့သိသလောက် ပြုပြင်ပြောင်းလဲရေး Police Reform မှာက အဓိက T-D-A ပေါ့ဗျာ ၃ ချက်ရှိတယ်။ T ဆိုတာက Training ပေါ့ဗျာ သင်တန်းတွေ ပို့ချရမယ်၊ နောက်တခု D ကတော့ Demilitarization ပေါ့ဗျာ လက်နက်အလွန်အကျွံ သုံးတာကို လျှော့ချရေးပေါ့ဗျာ၊ နောက်တခုက ဖမ်းဆီးလို့ သေသွားတဲ့အခါမှာ Accountability လို့ခေါ်တဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ရှိရမယ်။ ခြေလွန်လက်လွန် ဖြစ်သွားရင် တရားရုံးမှာရင်ဆိုင်ရမယ်.. တရားဥပဒေရဲ့ ဆုံးဖြတ်ခံပိုင်ခွင့် ရှိရမယ် "
အမေရိကန် ဆန္ဒပြပွဲတွေ အတွင်း ရဲတပ်ဖွဲ့ရဲ့ အသုံးစရိတ်ဖြတ်တောက်ရေးကိုလည်း တောင်းဆိုနေကြတာပါ။ ရဲ ဘတ်ဂျက်ကို ထိုက်သင့်သလောက် လျှော့ချသင့်တာ မှန်ပေမဲ့ ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံ မသုံစွဲရေးအတွက် ထိန်းကျောင်းသင့်တယ်လို့ အငြိမ်းစားရဲအရာရှိ ဦးလှမြင့်က သုံးသပ်ပါတယ်။
" ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် ပြေလည်အောင် မလုပ်ဘူးဆိုရင်တော့ ဆိုးဝါးတဲ့အခြေအနေဘက် ရောက်သွား နိုင်ပါတယ်။ တခါတလေမှာ သင်္ကာမကင်းလို့ တားဆီးပြီး မေးမြန်းမယ် စစ်ဆေးမယ် လုပ်တဲ့အခါမှာ ရဲရဲ့ဖမ်းဆီးခံရတဲ့ ပုဂ္ဂိုလ်တွေမှာ ခံရတာက ပိုတော့များတာပေါ့လေ ၊ များပေမဲ့လည်း ရဲမှာလည်း သူတို့ခံရတာတွေ ရှိတဲ့အခါကျတော့ တခါတလေကျတော့လည်း အစိုးရိမ်လွန်ပြီး လက်လွန်ခြေလွန်တွေ ဖြစ်သွားတာ ရှိတဲ့အခါကျတော့ .. အဲလို မဖြစ်ရအောင် ဥပဒေနဲ့ပေါ့နော် ရဲက ဘယ်အတိုင်းအတာအထိ ဘယ်လောက် လုပ်သင့်တယ်ဆိုတာ ပြဌာန်းပေးရင်တော့ ပိုကောင်းတာပေါ့။ ရဲတပ်ဖွဲ့ဆိုတာ ရှိတာက ဆက်ရှိနေရမှာပဲ သို့သော် သူတို့အင်အားသုံးတဲ့ အပိုင်းမှာ လျော့နည်းသွားအောင်လို့ ဥပဒေနဲ့ အကာအကွယ် ပေးသင့်တယ်လို့ ကျနော်မြင်ပါတယ် ခင်ဗျ။ "
ရဲတပ်ဖွဲ့ကို ဥပဒေနဲ့ ထိန်းကျောင်းသွားနိုင်မယ်ဆိုရင် မကြာခင်မှာ အမေရိကန်လူ့အဖဲ့ွအစည်းကြား ညီညတွ်မှုတွေ ပြန်ရလာလိမ့်မယ်လို့ ဦးကိုကိုလေးက ပြောပါတယ်။
" မတူတဲ့လူတွေ အကုန်လုံး စုစည်းနေနိုင်တာက ဒီမိုကရေစီရဲ့ အနှစ်သာရပဲ၊ ဒီနိုင်ငံက အဲဒီလို သွားနေတာဆိုတော့ ဥပဒေတွေ စိုးမိုးနိုင်အောင် ဥပဒေသမားတွေက လုပ်ရမှာ ဖြစ်သလို၊ ဒီရဲတွေ ဘက်ကလည်း ပိုပြီးတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ရမှာပေါ့။ လူတယောက် သေတာနဲ့တင် လှုပ်ရှားမှုကြီး ပေါ်လာတယ်၊ ကမ္ဘာကို ပျံ့သွားတယ် ဒါမျိုးမဖြစ်ရအောင် ရှေ့တန်းရောက်နေတဲ့ ရဲတွေကလည်း ထိန်းသိမ်းရမှာ။ ဒီလိုမျိုး အဖက်ဖက်က ထိန်းသိမ်းသွားမယ်ဆိုရင် ညီညွတ်တဲ့ သာယာတဲ့ နိုင်ငံကြီးဖြစ်လာမယ်၊ ကျနော်တော့ ယုံကြည်ပါတယ် ဒီနိုင်ငံမှာ တဖြည်းဖြည်း ကောင်းသည်ထက် ကောင်းလာမယ်။ ဘာလို့လဲ ဆိုတော့ “Rule of law” ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ ဥပဒေစိုးမိုးရေးပေါ့ .. ဥပဒေအောက်မှာ အားလုံးဟာ သာတူညီမျှ နေထိုင်ခွင့်ရတယ်၊ အဲဒါကြောင့် ဒီဥပဒေတွေ ပြုပြီးသ ွားလို့ရှိရင် တဖြည်းဖြည်း ပိုကောင်းသွားမယ်လို့ ကျနော်မြင်ပါတယ်။ "
အမေရိကန်ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒမေူကြမ်းကို ရီပတ်ဘလစ်ကန်တွေ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်မှာ ဒီသတင်းပတ်ထဲ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။