[Zawgyi/Unicode]
အေမရိကန္သမၼတ အိမ္ျဖဴေတာ္အနီး ပန္းၿခံထဲက သမၼတေဟာင္း Andrew Jackson ရဲ႕ ရုုပ္တုုကိုု မေန႔ညပုိင္းက ၿဖိဳခ်ဖို႔ ႀကိဳးစားတဲ့ ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႔က အင္အားသုံး ဖယ္ရွားခဲ့ပါတယ္။
Lafayette ရင္ျပင္မွာ ဆႏၵျပေနၾကတဲ့လူအုပ္ႀကီးက သမၼတေဟာင္း Jackson ရုပ္တုကို ႀကိဳးေတြနဲ႔ တုပ္ၿပီး ၿဖိဳခ်ဖို႔ ႀကိဳးစားခ့ဲၾကတာပါ။ ဒါဇင္နဲ႔ခ်ီတဲ့ ရဲတပ္ဖြဲ႔ေတြက လက္ကိုင္တုတ္ေတြ၊ မ်က္ရည္ယိုေစတဲ့ ဓာတုေဆးရည္ေတြသုံးၿပီ ဆႏၵျပသူေတြကုိ လူစုခြဲခဲ့တာပါ။
ဆႏၵျပသူေတြရဲ ႔ လုပ္ရပ္ကို သမၼတ Donald Trump ကလည္း Twitter လူမႈကြန္ရက္ကေန ရႈတ္ခ်ခဲ့ပါတယ္။ ရုပ္တုေတြကို ဖ်က္ဆီးသူေတြဟာ စစ္ျပန္စစ္မႈထမ္း အထိမ္းအမွတ္ ကာကြယ္ေစာင့္ေရွာက္ေရး အက္ဥပေဒအရ ၁၀ ႏွစ္အထိ ေထာင္ခ်ခံရႏုိင္တယ္လို႔လည္း မေန႔တုန္းကပဲ သတိေပးေရးသားခဲ့တာပါ။
အခင္းျဖစ္ခဲ့တဲ့ ေနရာဟာ ဒီလဆန္းပုိင္းတုန္းက ခရစ္ယာန္ဘုရားေက်ာင္းေရွ ႔မွာ သမၼတ Trump ဓာတ္ပုံသြား အရိုက္ခံဖို႔ မသြားခင္မွာ ရဲေတြက ဆႏၵျပသူေတြကို အင္အားသုံးဖယ္ရွားခဲ့တဲ့ ေနရာလည္းျဖစ္ပါတယ္။
၇ ေယာက္ေျမာက္ အေမရိကန္သမၼတအျဖစ္ ၁၈၂၉ ကေန ၁၈၃၇ အထိ တာ၀န္ထမ္းေဆာင္ခဲ့သူ သမၼတေဟာင္း Jackson ကုိ သမၼတမျဖစ္ခင္ စစ္မႈထမ္းဘ၀ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ စစ္၀တ္စုံနဲ႔ ျမင္းစီးထားတဲ့ပုံကုိ ႐ုပ္တုထုထားတာပါ။
သမၼတေဟာင္း Jackson ဟာ အေမရိကန္ ဌာေနတုိင္းရင္းသားေတြကုိ အတင္းအၾကပ္ ေျပာင္းေရႊ႕မႈေၾကာင့္ ေ၀ဖန္ခံခဲ့ရသူျဖစ္သလုိ၊ Tennessee ျပည္နယ္က သူ႔ရဲ႕စုိက္ပ်ဳိးၿခံမွာ ကၽြန္ေတြကုိ ပုိင္ဆုိင္ခဲ့ဖူးသူလည္း ျဖစ္ပါတယ္။
[Unicode Version]
အိမ်ဖြူတော်အနီး ဆန္ဒပြသူတွေ သမ္မတဟောင်း Jackson ရုပ်တု ဖြိုချဖို့ကြိုးပမ်း
အမေရိကန်သမ္မတ အိမ်ဖြူတော်အနီး ပန်းခြံထဲက သမ္မတဟောင်း Andrew Jackson ရဲ့ ရုပ်တုကို မနေ့ညပိုင်းက ဖြိုချဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။
Lafayette ရင်ပြင်မှာ ဆန္ဒပြနေကြတဲ့လူအုပ်ကြီးက သမ္မတဟောင်း Jackson ရုပ်တုကို ကြိုးတွေနဲ့ တုပ်ပြီး ဖြိုချဖို့ ကြိုးစားခဲ့ကြတာပါ။ ဒါဇင်နဲ့ချီတဲ့ ရဲတပ်ဖွဲ့တွေက လက်ကိုင်တုတ်တွေ၊ မျက်ရည်ယိုစေတဲ့ ဓာတုဆေးရည်တွေသုံးပြီ ဆန္ဒပြသူတွေကို လူစုခွဲခဲ့တာပါ။
ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ကို သမ္မတ Donald Trump ကလည်း Twitter လူမှုကွန်ရက်ကနေ ရှုတ်ချခဲ့ပါတယ်။ ရုပ်တုတွေကို ဖျက်ဆီးသူတွေဟာ စစ်ပြန်စစ်မှုထမ်း အထိမ်းအမှတ် ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေအရ ၁၀ နှစ်အထိ ထောင်ချခံရနိုင်တယ်လို့လည်း မနေ့တုန်းကပဲ သတိပေးရေးသားခဲ့တာပါ။
အခင်းဖြစ်ခဲ့တဲ့ နေရာဟာ ဒီလဆန်းပိုင်းတုန်းက ခရစ်ယာန်ဘုရားကျောင်းရှေ့မှာ သမ္မတ Trump ဓာတ်ပုံသွား အရိုက်ခံဖို့ မသွားခင်မှာ ရဲတွေက ဆန္ဒပြသူတွေကို အင်အားသုံးဖယ်ရှားခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။
၇ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် ၁၈၂၉ ကနေ ၁၈၃၇ အထိ တာဝန်ထမ်းဆောင်ခဲ့သူ သမ္မတဟောင်း Jackson ကို သမ္မတမဖြစ်ခင် စစ်မှုထမ်းဘဝကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်ဝတ်စုံနဲ့ မြင်းစီးထားတဲ့ပုံကို ရုပ်တုထုထားတာပါ။
သမ္မတဟောင်း Jackson ဟာ အမေရိကန် ဌာနေတိုင်းရင်းသားတွေကို အတင်းအကြပ် ပြောင်းရွှေ့မှုကြောင့် ဝေဖန်ခံခဲ့ရသူဖြစ်သလို၊ Tennessee ပြည်နယ်က သူ့ရဲ့စိုက်ပျိုးခြံမှာ ကျွန်တွေကို ပိုင်ဆိုင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။