သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေရာဂါစစ္ေဆးမႈ သမၼတ Trump နဲ႔ ထိပ္တန္းက်န္းမာေရး ပညာရွင္ ေတြၾကား ဘာေၾကာင့္ သေဘာကဲြေနသလဲ


သမၼတ Trump ႏွင့္ CDC အေမရိကန္ ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန ေဒါက္တာ Anthony Fauci တို႔ကို ေမလ ၁၅ ရက္ေန႔တုန္းက အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပြဲတြင္ ေတြ႔ရစဥ္

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ကပ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနသလို Black Lives Matter လူမည္းေတြရဲ႕ အသက္ဟာ အေရးပါတယ္ ဆိုတဲ့ လႈပ္ရွားမႈေတြ ဆက္လက္ ျဖစ္ပြားေနပါတယ္။ ဒီကိစၥေတြ နဲ႔ ပတ္သက္ၿပီးေနာက္ဆံုး အေျခအေနေတြကို ဗီြအိုေအ ျမန္မာပိုင္းအယ္ဒီတာ ဦးေက်ာ္ဇံသာကို ကိုၿငိမ္းခ်မ္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုၿငိမ္းခ်မ္း။ ။ အန္ကယ္ေရ အေမရိကန္မွာ ကိုရိုနာေရာဂါပိုးကူးစက္မႈေတြကလည္း စံခ်ိန္တင္ ျပန္ၿပီး ကူးစက္လာေနပါတယ္။ သမၼတထရမ့္ကေတာ့ မ်ားမ်ားစစ္ရင္ မ်ားမ်ားေတြ႔မယ္။ အဲ့ဒါေၾကာင့္ ေလ်ွာ့စစ္ပါဆိုၿပီး ေျပာေနပါတယ္။ အဲ့ဒီအေျခအေနေလးကိုလည္း သံုးသပ္ေပးပါတယ္။

ဦးေက်ာ္ဇံသာ။ ။ ဟုတ္ကဲ့ သမၼတ Trump ကေတာ့ မ်ားမ်ားစစ္ရင္ မ်ားမ်ားေတြ႔မယ္ အေမရိကန္ျပည္ေထာင္စုဟာ အေကာင္းဆံုးနဲ႔ အမ်ားဆံုးစစ္ႏိုင္တဲ့ တိုင္းျပည္မို႔ သူတို႔မွာ ကူးစက္မႈေတြ အမ်ားဆံုးေတြ႔ေနရတာလို႔ ေျပာပါတယ္ ။ ဒါေပမယ့္ ေလ်ွာ့စစ္ပါဆိုတဲ့ကိစၥကို သူ႔လက္ေအာက္ က်န္းမာေရးအရာရွိကို ညႊန္ၾကားမထားတာ ေတြ႔ရပါတယ္။ တကယ့္လက္ေတြ႔မွာ အေမရိကန္ျပည္ေထာင္စုမွာ ျပည္နယ္ ၂၆ ခုမွာ ကူးစက္ႏႈန္းက ပိုၿပီးေတာ့ ျမင့္တက္ေနပါတယ္။ ဒါေၾကာင့္ New York တို႔ New Jessy တို႔ Connecticut ျပည္နယ္ေတြကဆိုရင္ အဲလို ကူးစက္မႈ မ်ားေနတဲ့ ျပည္နယ္ေတြက လာတဲ့လူေတြကို ၁၄ ရက္၊ ၂ ပတ္ ကြာရန္တင္းလုပ္မယ္လို႔ အမိန္႔ထုတ္တာေတြ႔ရပါတယ္။ တခ်ိန္တည္းမွာပဲ EU ဥေရာပသမဂ ၢကလည္း သူတို႔အဖြဲ႔၀င္ႏိုင္ငံေတြၾကားမွာ တံခါးပိတ္ထားတာကို ျပန္ဖြင့္ေပးေတာ့မယ္ သို႔ေပမယ့္ ျပင္ပႏိုင္ငံေတြမွာ ကူးစက္မႈ မ်ားေနတယ္ဆိုရင္ အဲဒီႏိုင္ငံက လာတဲ့သူေတြကို ျပည္၀င္ခြင့္ ပိတ္ပင္မယ္ဆိုၿပီးေတာ့ စဥ္းစားေနတဲ့အထဲမွာ ပိတ္ပင္ခံရတဲ့အထဲမွာ အေမရိကန္ျပည္ေထာင္စုလည္း ပါ၀င္ေနတာ ေတြ႔ရပါတယ္။ သမၼတ Trump ကေတာ့ စီးပြားေရးျပန္လည္ နာလန္ထူလာမယ့္ကိစၥကို ပိုၿပီး ဦးစားေပးလိုဟန္ရွိတဲ့အတြက္ေၾကာင့္ ဒီက်န္းမာေရး ကိစၥကို ေလွ်ာ့တြက္လိုဟန္ရွိတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

ကိုၿငိမ္းခ်မ္း။ ။ သမၼတက ေလ်ွာ့စစ္ပါလို႔ေျပာေပမဲ့လည္း အေမရိကန္ က်န္းမာေရးတာဝန္ရွိသူေတြကေတာ့ သူတို႔ ဒီညႊန္ၾကားခ်က္ကို မသိပါဘူး။ သူ႔ အေနနဲ႔ ကေတာ့ တိုးစစ္ဖို႔ပဲရွိပါတယ္လို႔ ေဒါက္တာ Fauci က လႊတ္ေတာ္ၾကားနာပြဲမွာ ေျပာပါတယ္။ အဲ့ဒီလို ဘာေၾကာင့္ ေျပာႏိုင္တာလဲခင္ဗ်။

ဦးေက်ာ္ဇံသာ။ ။ ေစာေစာကေျပာသလိုပဲ သမၼတ Trump ကေတာ့ စီးပြားေရးျပန္လည္ နာလန္ထူလာေရးကို ပိုၿပီးေတာ့ ဦးစားေပးတယ္၊ က်န္းမာေရးတာဝန္ရွိသူေတြ ေဒါက္တာ Fauci တို႔ က်န္းမာေရးဆရာ၀န္ႀကီးေတြ သိပၸံပညာရွင္ေတြကေတာ့ သူတို႔ အရွိကို အရွိအတိုင္းေျပာရပါတယ္။ ဒီကိစၥမွာ သမၼတ Trump က က်ဳပ္ေျပာတာ လိုက္မလုပ္ေကာင္းရလားဆိုၿပီးေတာ့ ရာထူးက ဖယ္ရွားပစ္လို႔လည္း ရမွာမဟုတ္ပါဘူး ဒါက ႏိုင္ငံေရးရာထူးမဟုတ္ဘူး ။ ႏိုင္ငံေရးရာထူး ဆိုရင္ မင္း ငါနဲ႔ မူ၀ါဒျခင္းမတူရင္ ထြက္သြား ၊ မူ၀ါဒတူတဲ့လူကုိ ခန္႔မယ္ သူက သမၼတ အႀကိဳက္လိုက္ေျပာမယ္ ။ အခုက က်န္းမာေရးပညာရွင္ေတြ ဘယ္သူ႔ကို အစားထိုးၿပီး ခန္႔ခန္႔ အဲဒီ ဆရာ၀န္ေတြ ၊ ပညာရွင္ေတြက သူတို႔ေတြ႔တာကို ေတြ႔တဲ့အတိုင္းပဲ အမွန္ေျပာမွာျဖစ္ပါတယ္။

ကိုၿငိမ္းခ်မ္း။ ။ အခုလို က်န္းမာေရးကိစၥက ေရွ႕တန္းေရာက္လာေတာ့ Black lives matter လူမည္းေတြရဲ႕ အသက္ဟာ အေရးပါတယ္ဆိုတဲ့ လႈပ္ရွားမႈသတင္းေတြ သိပ္မေတြ႔ရေတာ့ဘူး။ အဲ့ဒီလႈပ္ရွားမႈရဲ့ အက်ိဳးဆက္ လႊတ္ေတာ္မွာ ရဲတပ္ဖြဲ႔ျပဳျပင္ေျပာင္းလဲေရး ဥပေဒၾကမ္းအေျခအေန ဘယ္လိုရွိလဲခင္ဗ်။

ဦးေက်ာ္ဇံသာ။ ။ Black lives matter လူမည္းေတြရဲ႕ အသက္ဟာ အေရးပါတယ္ဆိုတဲ့ လႈပ္ရွားမႈ ကေတာ့ ဆက္လက္ၿပီးေတာ့ ရွိေနပါတယ္။ ဒါေပမယ့္ သတင္းအေနနဲ႔ ၾကည့္ရင္ေတာ့ ဒါဟာေသေရးရွင္ေရး မဟုတ္တဲ့အတြက္ လူေတြရဲ႕ သတင္းအေပၚ စိတ္၀င္စားမႈဟာ ခုနေျပာတဲ့ COVID လိုမ်ိဳး ေသေရးရွင္ေရးကိစၥလို သတင္းထိပ္တန္းမွာ မေရာက္လာတာျဖစ္ပါတယ္။ Congress အထက္လႊတ္ေတာ္မွာ Republican ပါတီက တင္သြင္းမယ့္ ရဲတပ္ဖြဲ႔ျပဳျပင္ေျပာင္းလဲေရး ဥပေဒၾကမ္း ကေတာ့ အဖ်ားရွဴးသြားၿပီလို႔ ေျပာရမွာျဖစ္ပါတယ္။ အဲဒီ ဥပေဒၾကမ္း ကို အထက္လႊတ္ေတာ္မွာ ရွိေနတဲ့ ဒီမိုကရက္ေတြကေတာ့ ဒါကို ပိတ္ဆို႔လိုက္တဲ့အတြက္ေၾကာင့္ ေရွ႕ကို မတိုးႏိုင္ျဖစ္သြားပါတယ္။ ဒါေပမယ့္ ေအာက္လႊတ္ေတာ္မွာ ဒီမိုကရက္ေတြ ေရးဆြဲထားတဲ့ ဥပေဒၾကမ္း ကိုေတာ့ ၾကာသပေတးေန႔မွာ အဆိုတင္သြင္းဖို႔ ရွိတယ္လို႔ သိရပါတယ္။ ေအာက္ေျခမွာလည္း တကယ္ေတာ့ ဆႏၵျပမႈေတြဟာ အနည္းနဲ႔အမ်ားရွိေနစဲပါ ။ အဂၤါေန႔ညကဆိုရင္ Wisconsin ျပည္နယ္မွာ ရုပ္တုေတြကို ဖယ္ရွားဖို႔လုပ္တဲ့အတြက္ေၾကာင့္ ရဲနဲ႔ ဆႏၵျပသူေတြၾကားမွာ နည္းနည္း ထိပ္တိုက္ေတြ႔မႈေတြျဖစ္ေနတယ္ဆိုတဲ့ သတင္းလည္း ေတြ႔ရပါတယ္။

ကိုၿငိမ္းခ်မ္း။ ။ အခုေနာက္ပိုင္းမွာ Black lives matter လႈပ္ရွားသူေတြက ေတာင္ပိုင္းျပည္နယ္ Confederate ရုပ္တုေတြသာမကပဲ သမၼတေဟာင္း Andrew Jackson နဲ႔ Abraham Lincoln ရုပ္တုေတြကိုပါ ၿဖိဳခ်ဖို႔ ၾကိဳးစားလာတာကို ေတြ႔ရပါတယ္။ အဲ့ဒါနဲ႔ပတ္သက္ၿပီးသံုးသပ္ေပးပါဦး။

ဦးေက်ာ္ဇံသာ။ ။ ဆႏၵျပသူေတြကေတာ့ သူတုိ႔ ေဇာေပါ့ေလ ၊ သူတို႔ ျဖစ္ေစခ်င္တာကို ဦးစားေပး ၿပီးေတာ့ ဒါကိုပဲ လုပ္ေနတာနဲ႔ တူပါတယ္။ တကယ္တမ္း စဥ္းစားမယ္ဆိုရင္ သမၼတ Lincoln လို ပုဂိၢဳလ္မ်ိဳးက ကၽြန္စနစ္ကို ဖ်က္သိမ္းဖို႔အတြက္ အမိန္႔ထုတ္ခဲ့တဲ့ ပုဂိၢဳလ္ေပါ့။ ဒီလူကို ဒါနဲ႔ ဆက္စပ္ၿပီးေတာ့ ဖယ္ရွားလိုက္မယ္ဆိုရင္ သမၼတ Lincoln ရုပ္ထုကို လူေတြေတြ႔တိုင္း ကၽြန္စနစ္တိုက္ဖ်က္ေရးကို လုပ္ခဲ့သူ လူမည္းေတြရဲ႕ ကယ္တင္ရွင္ Abraham Lincoln လို႔ သိထားတာျဖစ္တယ္။ အခု အဲဒီ သေဘာကို ဖယ္ရွားလိုက္တယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလး ရုပ္ဆိုးတဲ့ ကိစၥ ျဖစ္ပါလိမ့္မယ္။

ေနာက္ၿပီးေတာ့ တျခားရုပ္တုေတြကို က်ေနာ့္အျမင္မွာေတာ့ သမိုင္းအေထာက္အထားေတြသာ ျဖစ္ပါတယ္။ ဒီရုပ္တုကို ျမင္လိုက္ရင္ ကၽြန္ေတြကို နိမ္ခ်ခ်င္တဲ့စိတ္လည္း ဘယ္သူမွ ေပၚလာမွာမဟုတ္ပါဘူး။ တကယ္လို႔ ဆိုးဆိုး၀ါး၀ါးေတြ ျဖစ္ခဲ့တဲ့ကိစၥေတြ ဆိုရင္ေတာင္မွ သူတို႔အတြက္ သင္ခန္းစာ ယူစရာပဲ ျဖစ္မယ္ထင္တယ္။ က်ေနာ္ကေတာ့ ရုပ္ထုေတြ ဖယ္ရွားမယ့္ကိစၥဟာ သိပ္ၿပီးေတာ ့လုပ္သင့္တဲ့ ကိစၥမဟုတ္ဘူးလို႔ ပုဂိၢဳလ္ေရးအရ ယူဆပါတယ္ခင္ဗ်။

ကိုၿငိမ္းခ်မ္း။ ။ ဟုတ္ကဲ့ပါ အခုလို သံုးသပ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

COVID-19 ရောဂါစစ်ဆေးမှု သမ္မတ Trump နဲ့ ထိပ်တန်းကျန်းမာရေးပညာရှင်တွေကြား ဘာကြောင့် သဘောကွဲလွဲနေသလဲ

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေသလို Black Lives Matter လူမည်းတွေရဲ့ အသက်ဟာ အရေးပါတယ် ဆိုတဲ့ လှုပ်ရှားမှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ဒီကိစ္စတွေ နဲ့ ပတ်သက်ပြီးနောက်ဆုံး အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာကို ကိုငြိမ်းချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုငြိမ်းချမ်း။ ။ အန်ကယ်ရေ အမေရိကန်မှာ ကိုရိုနာရောဂါပိုးကူးစက်မှုတွေကလည်း စံချိန်တင် ပြန်ပြီး ကူးစက်လာနေပါတယ်။ သမ္မတထရမ့်ကတော့ များများစစ်ရင် များများတွေ့မယ်။ အဲ့ဒါကြောင့် လျှော့စစ်ပါဆိုပြီး ပြောနေပါတယ်။ အဲ့ဒီအခြေအနေလေးကိုလည်း သုံးသပ်ပေးပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ သမ္မတ Trump ကတော့ များများစစ်ရင် များများတွေ့မယ် အမေရိကန်ပြည်ထောင်စုဟာ အကောင်းဆုံးနဲ့ အများဆုံးစစ်နိုင်တဲ့ တိုင်းပြည်မို့ သူတို့မှာ ကူးစက်မှုတွေ အများဆုံးတွေ့နေရတာလို့ ပြောပါတယ် ။ ဒါပေမယ့် လျှော့စစ်ပါဆိုတဲ့ကိစ္စကို သူ့လက်အောက် ကျန်းမာရေးအရာရှိကို ညွှန်ကြားမထားတာ တွေ့ရပါတယ်။ တကယ့်လက်တွေ့မှာ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ် ၂၆ ခုမှာ ကူးစက်နှုန်းက ပိုပြီးတော့ မြင့်တက်နေပါတယ်။ ဒါကြောင့် New York တို့ New Jessy တို့ Connecticut ပြည်နယ်တွေကဆိုရင် အဲလို ကူးစက်မှု များနေတဲ့ ပြည်နယ်တွေက လာတဲ့လူတွေကို ၁၄ ရက်၊ ၂ ပတ် ကွာရန်တင်းလုပ်မယ်လို့ အမိန့်ထုတ်တာတွေ့ရပါတယ်။ တချိန်တည်းမှာပဲ EU ဥရောပသမဂ ္ဂကလည်း သူတို့အဖွဲ့ဝင်နိုင်ငံတွေကြားမှာ တံခါးပိတ်ထားတာကို ပြန်ဖွင့်ပေးတော့မယ် သို့ပေမယ့် ပြင်ပနိုင်ငံတွေမှာ ကူးစက်မှု များနေတယ်ဆိုရင် အဲဒီနိုင်ငံက လာတဲ့သူတွေကို ပြည်ဝင်ခွင့် ပိတ်ပင်မယ်ဆိုပြီးတော့ စဉ်းစားနေတဲ့အထဲမှာ ပိတ်ပင်ခံရတဲ့အထဲမှာ အမေရိကန်ပြည်ထောင်စုလည်း ပါဝင်နေတာ တွေ့ရပါတယ်။ သမ္မတ Trump ကတော့ စီးပွားရေးပြန်လည် နာလန်ထူလာမယ့်ကိစ္စကို ပိုပြီး ဦးစားပေးလိုဟန်ရှိတဲ့အတွက်ကြောင့် ဒီကျန်းမာရေး ကိစ္စကို လျှော့တွက်လိုဟန်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ကိုငြိမ်းချမ်း။ ။ သမ္မတက လျှော့စစ်ပါလို့ပြောပေမဲ့လည်း အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေကတော့ သူတို့ ဒီညွှန်ကြားချက်ကို မသိပါဘူး။ သူ့ အနေနဲ့ ကတော့ တိုးစစ်ဖို့ပဲရှိပါတယ်လို့ ဒေါက်တာ Fauci က လွှတ်တော်ကြားနာပွဲမှာ ပြောပါတယ်။ အဲ့ဒီလို ဘာကြောင့် ပြောနိုင်တာလဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ စောစောကပြောသလိုပဲ သမ္မတ Trump ကတော့ စီးပွားရေးပြန်လည် နာလန်ထူလာရေးကို ပိုပြီးတော့ ဦးစားပေးတယ်၊ ကျန်းမာရေးတာဝန်ရှိသူတွေ ဒေါက်တာ Fauci တို့ ကျန်းမာရေးဆရာဝန်ကြီးတွေ သိပ္ပံပညာရှင်တွေကတော့ သူတို့ အရှိကို အရှိအတိုင်းပြောရပါတယ်။ ဒီကိစ္စမှာ သမ္မတ Trump က ကျုပ်ပြောတာ လိုက်မလုပ်ကောင်းရလားဆိုပြီးတော့ ရာထူးက ဖယ်ရှားပစ်လို့လည်း ရမှာမဟုတ်ပါဘူး ဒါက နိုင်ငံရေးရာထူးမဟုတ်ဘူး ။ နိုင်ငံရေးရာထူး ဆိုရင် မင်း ငါနဲ့ မူဝါဒခြင်းမတူရင် ထွက်သွား ၊ မူဝါဒတူတဲ့လူကို ခန့်မယ် သူက သမ္မတ အကြိုက်လိုက်ပြောမယ် ။ အခုက ကျန်းမာရေးပညာရှင်တွေ ဘယ်သူ့ကို အစားထိုးပြီး ခန့်ခန့် အဲဒီ ဆရာဝန်တွေ ၊ ပညာရှင်တွေက သူတို့တွေ့တာကို တွေ့တဲ့အတိုင်းပဲ အမှန်ပြောမှာဖြစ်ပါတယ်။

ကိုငြိမ်းချမ်း။ ။ အခုလို ကျန်းမာရေးကိစ္စက ရှေ့တန်းရောက်လာတော့ Black lives matter လူမည်းတွေရဲ့ အသက်ဟာ အရေးပါတယ်ဆိုတဲ့ လှုပ်ရှားမှုသတင်းတွေ သိပ်မတွေ့ရတော့ဘူး။ အဲ့ဒီလှုပ်ရှားမှုရဲ့ အကျိုးဆက် လွှတ်တော်မှာ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းအခြေအနေ ဘယ်လိုရှိလဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ Black lives matter လူမည်းတွေရဲ့ အသက်ဟာ အရေးပါတယ်ဆိုတဲ့ လှုပ်ရှားမှု ကတော့ ဆက်လက်ပြီးတော့ ရှိနေပါတယ်။ ဒါပေမယ့် သတင်းအနေနဲ့ ကြည့်ရင်တော့ ဒါဟာသေရေးရှင်ရေး မဟုတ်တဲ့အတွက် လူတွေရဲ့ သတင်းအပေါ် စိတ်ဝင်စားမှုဟာ ခုနပြောတဲ့ COVID လိုမျိုး သေရေးရှင်ရေးကိစ္စလို သတင်းထိပ်တန်းမှာ မရောက်လာတာဖြစ်ပါတယ်။ Congress အထက်လွှတ်တော်မှာ Republican ပါတီက တင်သွင်းမယ့် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်း ကတော့ အဖျားရှူးသွားပြီလို့ ပြောရမှာဖြစ်ပါတယ်။ အဲဒီ ဥပဒေကြမ်း ကို အထက်လွှတ်တော်မှာ ရှိနေတဲ့ ဒီမိုကရက်တွေကတော့ ဒါကို ပိတ်ဆို့လိုက်တဲ့အတွက်ကြောင့် ရှေ့ကို မတိုးနိုင်ဖြစ်သွားပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်မှာ ဒီမိုကရက်တွေ ရေးဆွဲထားတဲ့ ဥပဒေကြမ်း ကိုတော့ ကြာသပတေးနေ့မှာ အဆိုတင်သွင်းဖို့ ရှိတယ်လို့ သိရပါတယ်။ အောက်ခြေမှာလည်း တကယ်တော့ ဆန္ဒပြမှုတွေဟာ အနည်းနဲ့အများရှိနေစဲပါ ။ အင်္ဂါနေ့ညကဆိုရင် Wisconsin ပြည်နယ်မှာ ရုပ်တုတွေကို ဖယ်ရှားဖို့လုပ်တဲ့အတွက်ကြောင့် ရဲနဲ့ ဆန္ဒပြသူတွေကြားမှာ နည်းနည်း ထိပ်တိုက်တွေ့မှုတွေဖြစ်နေတယ်ဆိုတဲ့ သတင်းလည်း တွေ့ရပါတယ်။

ကိုငြိမ်းချမ်း။ ။ အခုနောက်ပိုင်းမှာ Black lives matter လှုပ်ရှားသူတွေက တောင်ပိုင်းပြည်နယ် Confederate ရုပ်တုတွေသာမကပဲ သမ္မတဟောင်း Andrew Jackson နဲ့ Abraham Lincoln ရုပ်တုတွေကိုပါ ဖြိုချဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးသုံးသပ်ပေးပါဦး။

ဦးကျော်ဇံသာ။ ။ ဆန္ဒပြသူတွေကတော့ သူတို့ ဇောပေါ့လေ ၊ သူတို့ ဖြစ်စေချင်တာကို ဦးစားပေး ပြီးတော့ ဒါကိုပဲ လုပ်နေတာနဲ့ တူပါတယ်။ တကယ်တမ်း စဉ်းစားမယ်ဆိုရင် သမ္မတ Lincoln လို ပုဂ္ဂိုလ်မျိုးက ကျွန်စနစ်ကို ဖျက်သိမ်းဖို့အတွက် အမိန့်ထုတ်ခဲ့တဲ့ ပုဂ္ဂိုလ်ပေါ့။ ဒီလူကို ဒါနဲ့ ဆက်စပ်ပြီးတော့ ဖယ်ရှားလိုက်မယ်ဆိုရင် သမ္မတ Lincoln ရုပ်ထုကို လူတွေတွေ့တိုင်း ကျွန်စနစ်တိုက်ဖျက်ရေးကို လုပ်ခဲ့သူ လူမည်းတွေရဲ့ ကယ်တင်ရှင် Abraham Lincoln လို့ သိထားတာဖြစ်တယ်။ အခု အဲဒီ သဘောကို ဖယ်ရှားလိုက်တယ်ဆိုရင်တော့ တော်တော်လေး ရုပ်ဆိုးတဲ့ ကိစ္စ ဖြစ်ပါလိမ့်မယ်။

နောက်ပြီးတော့ တခြားရုပ်တုတွေကို ကျနော့်အမြင်မှာတော့ သမိုင်းအထောက်အထားတွေသာ ဖြစ်ပါတယ်။ ဒီရုပ်တုကို မြင်လိုက်ရင် ကျွန်တွေကို နိမ်ချချင်တဲ့စိတ်လည်း ဘယ်သူမှ ပေါ်လာမှာမဟုတ်ပါဘူး။ တကယ်လို့ ဆိုးဆိုးဝါးဝါးတွေ ဖြစ်ခဲ့တဲ့ကိစ္စတွေ ဆိုရင်တောင်မှ သူတို့အတွက် သင်ခန်းစာ ယူစရာပဲ ဖြစ်မယ်ထင်တယ်။ ကျနော်ကတော့ ရုပ်ထုတွေ ဖယ်ရှားမယ့်ကိစ္စဟာ သိပ်ပြီးတော့လုပ်သင့်တဲ့ ကိစ္စမဟုတ်ဘူးလို့ ပုဂ္ဂိုလ်ရေးအရ ယူဆပါတယ်ခင်ဗျ။

ကိုငြိမ်းချမ်း။ ။ ဟုတ်ကဲ့ပါ အခုလို သုံးသပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG