(Zawgyi/Unicode)
အေမရိကန္ႏိုုင္ငံမွာ ကိုုရိုုနာဗိုုင္းရပ္စ္ ေရာဂါရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြ အရွိန္ ေလွ်ာ့ လုုပ္ဖိုု႔ သမၼတ ေဒၚနယ္ ထရမ့္က ေျပာၾကားေနခ်ိန္မွာပဲ ကူးစက္ေရာဂါဆိုုင္ရာ ကၽြမ္းက်င္သူ Dr. Anthony Fauci က သူနဲ႔ သမၼတအိမ္ျဖဴ ကိုုရိုုနာဗုုိင္းရပ္ေရာဂါတုုိက္ဖ်က္ေရး ဆိုုင္ရာအဖြဲ႔က တျခား အဖြဲ႔ဝင္ေတြကိုု ဒီလိုုအရွိန္ေလ ွ်ာ့ လုုပ္ဖိုု႔ ညႊန္ၾကားထားတာ မရွိဘူးလိုု႔ အဂၤါေန႔လႊတ္ေတာ္ ၾကားနာပြဲမွာ ထြက္ဆိုုခဲ့ပါတယ္။
“ဒီေရာဂါတိုုက္ဖ်က္ေရး အဖြဲ႔ဝင္တေယာက္ အေနနဲ႔ က်ေနာ္ေရာ၊ က်ေနာ့္ အဖြဲ႔သားေတြပါ အကုုန္လံုုးဟာ က်ေနာ္သိသေလာက္ဆိုုရင္ ဒီေရာဂါအတြက္ စမ္းသပ္စစ္ေဆးမႈေတြ အရွိန္ေလ ွ်ာ့ လုုပ္ဖုုိ႔ ဘယ္သူ႔ကိုုမွ လာၿပီး ညႊန္ၾကားထားတာ မရွိ သလိုု တကယ္တမ္း ေျပာရရင္ က်ေနာ္တုုိ႔က စမ္းသပ္ စစ္ေဆးမႈေတြကိုု တိုုးၿပီး လုုပ္ေနတာပါ ”
လိုု႔ Dr. Fauci က အဂၤါေန႔ျပဳလုပ္တဲ့ ေအာက္လႊတ္ေတာ္ စြမ္းအင္နဲ႔ ကူးသန္းေရာင္းဝယ္ေရး ဆိုင္ရာ ေကာ္မတီေရွ႕ေမွာက္ ၾကားနာပြဲမွာ ေျပာၾကားခဲ့တာပါ။
အခုလို Dr. Fauci မထြက္ဆိုခင္ နာရီပိုင္း အတြင္းမွာပဲ သမၼတထရမ့္က စေနေန႔က သူ အုိကလာဟိုးမား ျပည္နယ္ Tulsa လူထုစုေဝးပြဲမွာ ေျပာၾကားခဲ့တဲ့ အတိုင္း ပဲ ဒီေရာဂါ အတြက္ စစ္ေဆး စမ္းသပ္မႈေတြကို အရွိန္ေလ ွ်ာ့ဖုိ႔ သူ႔အစိုးရ အဖြဲ႔ကို ပန္ၾကားခဲ့တယ္လို႔ ေျပာၾကားခဲ့တာပါ။
အေမရိကန္ႏိုင္ငံမွာ ကိုရိုနာဗုိင္းရပ္စ္ေရာဂါ အတြက္ စစ္ေဆးမႈေတြ ပိုလုပ္သင့္ ၊ မလုပ္သင့္ အေမရိကန္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဆိုင္ရာ ဗဟိုဌာန CDC အႀကီးအကဲ Dr. Robert Redfield ကို ေမးတဲ့ အခါမွာေတာ့ အခ်ိန္မီ စစ္ေဆး စမ္းသပ္မႈေတြကို တိုးလုပ္ရမွာ ျဖစ္ၿပီး လုပ္လည္းလုပ္ေဆာင္ေနသလို ဒီလိုလုပ္ခဲ့တဲ့ အတြက္ တိုးတက္မႈေတြ ရခဲ့တာေၾကာင့္ ဆက္ၿပီးေတာ့ လုပ္ရမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့တာပါ။
ကမာၻတလႊား ဒီေရာဂါ အကူးစက္ခံရသူ ၉သန္းေက်ာ္ (၉,၁၅၈,၀၁၂) ရွိေနခ်ိန္မွာ အေမရိကန္ႏုိင္ငံမွာ လူေပါင္း ၂.၃ သန္း ေက်ာ္ (၂ ,၃၂၉,၆၃၇) ရွိေနတယ္လို႔ အေမရိကန္ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖၚျပေနပါတယ္။ ဒါ့အျပင္ ဒီေရာဂါေၾကာင့္ ေသဆံုးရသူကလည္း တသိန္းေက်ာ္ (၁၂၁,၀၂၉ ) ရွိေနတာပါ။
အေမရိကန္ႏိုင္ငံမွာ ကိုရိုနာဗုိင္းရပ္စ္ေရာဂါ ကူးစက္သူ တိုးလာ ေနမႈ ကလည္း အဂၤါေန႔မွာ လႊတ္ေတာ္ ၾကားနာပြဲက်င္းပရတဲ့ အေၾကာင္းရင္း တခု ျဖစ္ပါတယ္။ ဒီၾကားနာပြဲမွာ အစားအစာနဲ႔ေဆးဝါး ဆိုင္ရာ စီမံခန္႔ခြဲမႈဌာန FDA အႀကီးအကဲ Dr. Stephen Hahn နဲ႔ အေမရိကန္ လူထုက်န္းမာေရး ဝန္ေဆာင္မႈ ဆိုင္ရာ ဌာန အႀကီးအ႕ကဲ တို႔လည္း လာေရာက္ ထြက္ဆိုၾကပါတယ္။
ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ အျမင့္ဆံုး ပထမလႈိင္း အဆင့္ကိုေတာင္ မေရာက္ေသးတဲ့ အေမရိကန္ႏိုင္ငံ အေနနဲ႔ ဒုတိယလႈိင္း ဗိုင္းရပ္စ္ကူးစက္မႈအေျခအေနကို အာရံုစိုက္ဖို႔ မသင့္ဘူးလို႔ ေဒါက္တာ Fauci က ဆိုပါတယ္။ လာမယ့္ သီတင္းႏွစ္ပတ္ အခ်ိန္ကာလဟာ အေမရိကန္မွာ COVID-19 ထိန္းခ်ဳပ္ႏိုင္ေရး လုပ္ေဆာင္ႏုိင္ျခင္းရွိမရွိ အဆံုးအျဖတ္ေပးမယ့္ အေရးႀကီးတဲ့အခ်ိန္ျဖစ္တယ္လို႔ သူက ေျပာပါတယ္။
ဗိုင္းရပ္စ္ကူးစက္မႈႏႈန္း အလြန္ျမင့္မားေနတဲ့ Florida၊ Texas၊ Arizona နဲ႕ အျခား ျပည္နယ္ေတြက အေျခအေနေတြကို လာမယ့္ သီတင္းႏွစ္ပတ္အတြင္း ထိန္းခ်ဳပ္ႏိုင္မႈ ရွိမရွိ အေမရိကန္အစိုးရရဲ႕ စြမ္းေဆာင္မႈက အေရးႀကီးေနေၾကာင္း လႊတ္ေတာ္ၾကားနာပဲြမွာ ေဒါက္တာ Fauci ကထြက္ဆိုခဲ့ပါတယ္။
...........
အမေရိကန်မှာ ဗိုင်းရပ်စ် ထိန်းချုပ်လို့ မရသေးကြောင်း ထိပ်တန်း ကျန်းမာရေးပညာရှင် Fauci သတိပေး
(Unicode)
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ အရှိန် လျှော့ လုပ်ဖို့ သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားနေချိန်မှာပဲ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Dr. Anthony Fauci က သူနဲ့ သမ္မတအိမ်ဖြူ ကိုရိုနာဗိုင်းရပ်ရောဂါတိုက်ဖျက်ရေး ဆိုင်ရာအဖွဲ့က တခြား အဖွဲ့ဝင်တွေကို ဒီလိုအရှိန်လေ ျှာ့ လုပ်ဖို့ ညွှန်ကြားထားတာ မရှိဘူးလို့ အင်္ဂါနေ့လွှတ်တော် ကြားနာပွဲမှာ ထွက်ဆိုခဲ့ပါတယ်။
“ဒီရောဂါတိုက်ဖျက်ရေး အဖွဲ့ဝင်တယောက် အနေနဲ့ ကျနော်ရော၊ ကျနော့် အဖွဲ့သားတွေပါ အကုန်လုံးဟာ ကျနော်သိသလောက်ဆိုရင် ဒီရောဂါအတွက် စမ်းသပ်စစ်ဆေးမှုတွေ အရှိန်လေ ျှာ့ လုပ်ဖို့ ဘယ်သူ့ကိုမှ လာပြီး ညွှန်ကြားထားတာ မရှိ သလို တကယ်တမ်း ပြောရရင် ကျနော်တို့က စမ်းသပ် စစ်ဆေးမှုတွေကို တိုးပြီး လုပ်နေတာပါ ”
လို့ Dr. Fauci က အင်္ဂါနေ့ပြုလုပ်တဲ့ အောက်လွှတ်တော် စွမ်းအင်နဲ့ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ ကော်မတီရှေ့မှောက် ကြားနာပွဲမှာ ပြောကြားခဲ့တာပါ။
အခုလို Dr. Fauci မထွက်ဆိုခင် နာရီပိုင်း အတွင်းမှာပဲ သမ္မတထရမ့်က စနေနေ့က သူ အိုကလာဟိုးမား ပြည်နယ် Tulsa လူထုစုဝေးပွဲမှာ ပြောကြားခဲ့တဲ့ အတိုင်း ပဲ ဒီရောဂါ အတွက် စစ်ဆေး စမ်းသပ်မှုတွေကို အရှိန်လေ ျှာ့ဖို့ သူ့အစိုးရ အဖွဲ့ကို ပန်ကြားခဲ့တယ်လို့ ပြောကြားခဲ့တာပါ။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အတွက် စစ်ဆေးမှုတွေ ပိုလုပ်သင့် ၊ မလုပ်သင့် အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဗဟိုဌာန CDC အကြီးအကဲ Dr. Robert Redfield ကို မေးတဲ့ အခါမှာတော့ အချိန်မီ စစ်ဆေး စမ်းသပ်မှုတွေကို တိုးလုပ်ရမှာ ဖြစ်ပြီး လုပ်လည်းလုပ်ဆောင်နေသလို ဒီလိုလုပ်ခဲ့တဲ့ အတွက် တိုးတက်မှုတွေ ရခဲ့တာကြောင့် ဆက်ပြီးတော့ လုပ်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူ ၉သန်းကျော် (၉,၁၅၈,၀၁၂) ရှိနေချိန်မှာ အမေရိကန်နိုင်ငံမှာ လူပေါင်း ၂.၃ သန်း ကျော် (၂ ,၃၂၉,၆၃၇) ရှိနေတယ်လို့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြနေပါတယ်။ ဒါ့အပြင် ဒီရောဂါကြောင့် သေဆုံးရသူကလည်း တသိန်းကျော် (၁၂၁,၀၂၉ ) ရှိနေတာပါ။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်သူ တိုးလာ နေမှု ကလည်း အင်္ဂါနေ့မှာ လွှတ်တော် ကြားနာပွဲကျင်းပရတဲ့ အကြောင်းရင်း တခု ဖြစ်ပါတယ်။ ဒီကြားနာပွဲမှာ အစားအစာနဲ့ဆေးဝါး ဆိုင်ရာ စီမံခန့်ခွဲမှုဌာန FDA အကြီးအကဲ Dr. Stephen Hahn နဲ့ အမေရိကန် လူထုကျန်းမာရေး ဝန်ဆောင်မှု ဆိုင်ရာ ဌာန အကြီးအ့ကဲ တို့လည်း လာရောက် ထွက်ဆိုကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံး ပထမလှိုင်း အဆင့်ကိုတောင် မရောက်သေးတဲ့ အမေရိကန်နိုင်ငံ အနေနဲ့ ဒုတိယလှိုင်း ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကို အာရုံစိုက်ဖို့ မသင့်ဘူးလို့ ဒေါက်တာ Fauci က ဆိုပါတယ်။ လာမယ့် သီတင်းနှစ်ပတ် အချိန်ကာလဟာ အမေရိကန်မှာ COVID-19 ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နိုင်ခြင်းရှိမရှိ အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အလွန်မြင့်မားနေတဲ့ Florida၊ Texas၊ Arizona နဲ့ အခြား ပြည်နယ်တွေက အခြေအနေတွေကို လာမယ့် သီတင်းနှစ်ပတ်အတွင်း ထိန်းချုပ်နိုင်မှု ရှိမရှိ အမေရိကန်အစိုးရရဲ့ စွမ်းဆောင်မှုက အရေးကြီးနေကြောင်း လွှတ်တော်ကြားနာပွဲမှာ ဒေါက်တာ Fauci ကထွက်ဆိုခဲ့ပါတယ်။