သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအဖွဲ့ဝင် ၃ ဦး ပိုးတွေ့လူနာနဲ့ ဆက်ဆံမှုကြောင့် သီးသန့်ခွဲနေရ


အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အဖွဲ့ဝင်များ။ (ဧပြီ ၂၂၊ ၂၀၂၀)
အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အဖွဲ့ဝင်များ။ (ဧပြီ ၂၂၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအဖွဲ့ဝင် ၃ ဦးဟာ COVID-19 ရောဂါပိုးရှိသူတဦးနဲ့ ထိတွေ့ဆက်ဆံခဲ့ပြီးတဲ့နောက် သူတို့ဘာသာသူတို့ သီးသန့်ခွဲပြီး နေနေကြပါတယ်။

ကူးစက်ရောဂါဆိုင်ရာ အမေရိကန် ထိပ်တန်း ကျွမ်းကျင်ပညာရှင် Dr. Fauci အပြင် နောက်ထပ် သီးသန့်ခွဲနေနေတဲ့သူတွေကတော့ အမေရိကန် ကူးစက်ရောဂါ တိုက်ဖျက်ရေးနဲ့ ထိန်းချုပ်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူး Dr. Robert Redfield နဲ့ အမေရိကန်အစိုးရ အစားအစာနဲ့ ဆေးဝါးစီမံကွပ်ကဲရေးဌာန (FDA) အကြီးအကဲ Stephen Hahn တို့ ဖြစ်ပါတယ်။

Dr. Fauci ကတော့ သူ့မှာ COVID-19 ရောဂါပိုး မတွေ့ရှိထားကြောင်းနဲ့ ရောဂါရှိမရှိ ဆိုတာကို ပုံမှန်စစ်သွားမယ်လို့ ပြောပါတယ်။ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံမှု အတိုင်းအတာ အနေအထားအရ သူ့မှာ ရောဂါကူးစက်ခံရဖို့ အန္တရာယ်က အတော်လေးနည်းတယ်လို့ ယူဆကြောင်းနဲ့ တာဝန်ထမ်းဆောင်နေချိန်အတွင်း လူတွေနဲ့ ထိတွေ့မှု လျော့နည်းအောင် ကြိုတင်ကာကွယ်သွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် CDC အကြီးအကဲ Redfield လည်း Dr. Fauci လိုပဲ ရောဂါကူးစက်ခံရနိုင်ချေ နည်းတယ်ဆိုပေမယ့် လာမယ့် သီတင်းပတ် ၂ ပတ်ကို အိမ်ကနေပဲ အလုပ်လုပ်သွားမှာ ဖြစ်တယ်လို့ CDC ပြောခွင့်ရက ပြောပါတယ်။ သူ့အနေနဲ့ နေကောင်းပြီး ဘာရောဂါလက္ခဏာမှ ပြတာ မတွေ့ရဘူးလို့လည်း ကြေညာချက်ထဲမှာ ပြောထားပါတယ်။

FDA အကြီးအကဲကတော့ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့ပြီးနောက် သူ့ဘာသာသူ သီတင်းပတ်အနည်းငယ် သီးသန့်ခွဲနေနေတယ်လို့ ပြောဆိုထားပါတယ်။

-------------------------------

(Unicode)







XS
SM
MD
LG