(Zawgyi/Unicode)
COVID-19 ေရာဂါ အတြက္ ကာကြယ္ေဆးနဲ႔ ကုသေဆးေတြ ထုတ္ႏိုင္ဖို႔ ႀကိဳးပမ္းေနၾကခ်ိန္မွာ ေရာဂါသက္သာဖို႔ ကုသေနတဲ့ လက္ရွိ ေဆးေတြထဲက Dexamethasone ေဆးဟာ COVID-19 ေဝဒနာရွင္ေတြ အတြက္ အက်ိဳးရွိတယ္လို႔ ၿဗိတိန္က ဆရာဝန္ေတြက ေျပာပါတယ္။ ဒီေဆးက COVID-19 ေရာဂါပိုးအတြက္ ဘယ္လို အလုပ္လုပ္တယ္ဆိုတာကို Utah ျပည္နယ္ Brigham Young တကၠသိုလ္က အဏုဇီဝေဗဒ ဘြဲ႕လြန္ေက်ာင္းသူ မခင္ဇာဝင္းျပည့္ ကို ေဒၚခင္မ်ိဳးသက္က ေမးျမန္းတဲ့ အခါ သူကအခုလုိ စေျပာပါတယ္။
မခင္ဇာဝင္းျပည့္ ။ ။ Dexamethasone က ပံုမွန္အတိုင္းေျပာရမယ္ဆိုရင္ အဆစ္အျမစ္ေရာင္၊ ေလးဘက္နာသမားတို႔ျပင္းထန္တဲ့ cancer ေရာဂါသမားေတြ အရမ္းနာက်င္တယ္ဆိုတာမ်ိဳးေတြမွာ အနာသက္သာေအာင္ ေပးတယ္ဆိုတဲ့သေဘာေပးၾကတယ္။ တခ်ိဳ႕ ဓါတ္မတည့္တဲ့ Allergy အရမ္း ျပင္းတဲ့ဟာမွာလည္း ဒီ Dexamethasone ေပးတယ္ေပါ့ေနာ္။ ေနာက္ TB အဆုတ္ေရာင္တာမ်ိဳးဆိုရင္လည္း Antibiotic နဲ႔ တြဲေပးတယ္ဆိုတာမ်ိဳး ရွိတယ္။ ဒါေပမယ့္ အဓိက လုပ္ေဆာင္တာကေတာ့ အေရာင္က်တာ။ COVID ကို ကာကြယ္တာတို႔ဘာတို႔ လုပ္လို႔မရဘူး။ ျမန္မာႏိုင္ငံမွာဆိုရင္ prednisolone ဆိုတာ ၾကားဖူးမယ္ထင္တယ္။ သူက steroid သေဘာမ်ိဳးေပါ့ေနာ္ အဲဒီေဆးနဲ႔ မတိုးေတာ့တဲ့လူေတြဆိုရင္ Dexamethasone ေပးတာရွိတယ္ ဆိုေတာ့ သူက ျပင္းတဲ့အေရာင္က်ေဆး steroid ပါတဲ့ေဆးေပါ့ေနာ္။
ဆိုတဲ့အခါက်ေတာ့ ဒီအတိုင္ အလကားေနရင္း အလကားေတာ့ မသံုးသင့္ဘူးေပါ့ေနာ္။ ႀကိဳတင္ကာကြယ္တဲ့ပံုစံမ်ိဳးနဲ႔ သံုးမယ္ဆိုတာမ်ိဳးကေတာ့ မျဖစ္သင့္ဘူး ဒီ COVID မွာ သံုးတယ္ဆိုတာကလည္း အဓိက ဗိုင္းရပ္စ္ ကို ကာကြယ္ဖို႔အတြက္မဟုတ္ဘူး၊ တိုက္ထုတ္ဖို႔အတြက္လည္း မဟုတ္ဘူး။ ဗိုင္းရပ္စ္ ေၾကာင့္ ျဖစ္ေနတဲ့ လူနာေတြ အနာသက္သာလို သက္သာ၊ အဆုတ္ေရာင္တာေတြ အေရာင္က်ေအာင္ အဲလို အေထာက္အကူေပးတဲ့ သေဘာမ်ိဳး ျဖစ္ပါတယ္။
ေဒၚခင္မ်ိဳးသက္။ ။ ဘာေၾကာင့္သူ႔ကို ဒီ အေရာင္က်ေအာင္ ဒီေဆးေပးတာလဲ။
မခင္ဇာဝင္းျပည့္ ။ ။ ေတာ္ေတာ္ေကာင္းတဲ့ေမးခြန္းပါ ဘာလို႔လဲဆိုေတာ့ Dexamethasone က အေရာင္က်တယ္ဆိုတာက ဒီ COVID လူနာေတြမွာ လူေတြ ဘာေၾကာင့္ေသတယ္ဆိုတာ ဗိုင္းရပ္စ္ ကိုရၿပီးသြားတဲ့အခါက်ရင္ ဒီ ဗိုင္းရပ္စ္ က ခႏၶာကိုယ္ထဲမွာ ၀င္တယ္ ပိုးပြားတယ္၊ ပြားၿပီးရင္ သူက ရင္ဘက္ကို ဆင္းတယ္ ၿပီးေတာ့ အဆုတ္ထဲမွာ တခါျပန္ပြားတယ္။ ပြားၿပီးရင္ သူက ဘယ္လိုမ်ိဳးျဖစ္သလဲဆိုေတာ့ ေသြးေတြထဲမွာ ပိုး၀င္တယ္ ျမန္မာလိုေျပာရင္ ေသြးဆိပ္တက္တယ္ ။ အဲဒီအခါက်ရင္ ဘာျဖစ္သလဲဆိုေတာ့ လူ႔ ခႏၶာကိုယ္ထဲမွာရွိတဲ့ ေသြးျဖဴဥေတြက ပထမေတာ့ သူက ဗိုင္းရပ္စ္ ကို လိုက္ၿပီးေတာ့ တိုက္ေနတုန္းပဲ ဒါေပမယ့္ အရမ္းမ်ားလာရင္ သူတို႔ေတြက ပ်ာသြားတယ္ေပါ့ေနာ္ ။
လူရဲ႕ Immune system ခုခံအားစနစ္တခုလံုးက မႏိုင္၀န္ထမ္းရၿပီ ဆိုတဲ့အခ်ိန္က်ရင္ ဘာလာလာ တိုက္မယ္ဆိုတာမ်ိဳးျဖစ္သြားတယ္။အဲဒါမ်ိဳးျဖစ္သြားရင္ Off Target ေပါ့ေနာ္ မဆိုင္တဲ့ဟာေတြကိုပါ တိုက္တယ္ အဲဒီမွာ လူရဲ႕ အဆုတ္က ေလအိတ္ငယ္ေလးေတြ ပ်က္စီးတာ ေတြျဖစ္ၿပီးေတာ့ Shock ရတယ္ေပါ့ေနာ္ ၊ Toxic Shock ရတယ္ဆိုတာမ်ိဳးျဖစ္တယ္။ အဲဒီလိုမ်ိဳး အေျခအေနျဖစ္ေနၿပီဆိုရင္ အဲဒီလူေတြရဲ႕ ခုခံအား စနစ္ကို ျပန္ၿပီးေတာ့ ထိန္းေပးရတယ္။ အဲလိုမ်ိဳး ထိန္းတဲ့အခါမွာ လူက ျပန္ေကာင္းဖို႔ နည္းနည္း လမ္းစေတြ႔မွာေပါ့ေနာ္။ မဟုတ္ရင္ ကိုယ့္ခုခံအားက ကိုယ့္ကို ျပန္ၿပီးေတာ့ သတ္သလိုမ်ိဳးျဖစ္တယ္။ တခ်ိဳ႕ SLE တို႔ ေလးဘက္နာတို႔ဆိုရင္ Autoimmune disease ေတြပဲေလ ကိုယ့္ခုခံအားက ကိုယ့္ကို ျပန္တိုက္ေနတာေပါ့ေနာ္။ ဆိုေတာ့ COVID-19 ေရာဂါ ျပင္းထန္တဲ့လူေတြဆိုရင္ ကိုယ့္ခုခံအားက ကိုယ့္ကို ျပန္တိုက္ေနတာမ်ိဳးကို ေလ်ာ့က်ေပးေအာင္လို႔ သူက ထိန္းေပးတယ္ဆိုတဲ့ သေဘာပါ။
ေဒၚခင္မ်ိဳးသက္။ ။ Dexamethasone ေဆးကို လူနာကို တိုက္လိုက္ရင္ သူက ဘာအလုပ္လုပ္သလဲ ေျပာျပေပးပါ။
မခင္ဇာဝင္းျပည့္ ။ ။ သူက ဘာအလုပ္လုပ္သလဲဆိုေတာ့ အဓိက steroid ပါတဲ့ေဆးေတြ အကုန္လံုးက Hormone ေတြကို ထိန္းေပးတာေပါ့ေနာ္၊ ခႏၶာကိုယ္ထဲမွာ ရွိတဲ့ Hormone ေတြကို ျပဳျပင္ေျပာင္းလဲမႈ လုပ္ေပးတယ္ ။ သူ႔ကို ဒီ ေက်ာက္ကပ္ ထိပ္ေပၚမွာ ရွိတဲ့ ႀတိဂံပံု Adrenal Hormone ထုတ္တာရွိတယ္။ အဲဒါ Adrenal Gland ဆိုတာက ဘာလုပ္သလဲဆိုေတာ့ fight or flight response လုပ္ေပးတယ္။ အဲဒီ response ျဖစ္ဖို႔အတြက္ဆိုရင္ လူ႔ေသြးခုန္ႏႈန္း တို႔ ကို ထိန္းေပးတယ္ ။ သူက Hormone ေတြအကုန္လံုးကို အဲဒီကေနပဲ ထုတ္ေပးတာပါပဲ ။
steroid ပါတဲ့ေဆးေတြ အကုန္လံုးက အဲဒီထဲမွာရွိတဲ့ ေက်ာက္ကပ္အေပၚနားမွာရွိတဲ့ ထြက္တဲ့ Hormone ေတြကိုထိန္းေပးတယ္ ေနာက္တျခား ခုခံအားစနစ္နဲ႔ ပတ္သက္တဲ့ Hormone ေတြကို သူက ေလ်ာ့က်ေအာင္လုပ္ေပးတယ္ ၊ responsive မျဖစ္ေအာင္ သိပ္ၿပီးေတာ့ active မျဖစ္ေအာင္ လုပ္ေပးတယ္ ။ အဲဒီလိုလုပ္ေပးတဲ့အတြက္ေၾကာင့္ သူ႔ကို immunosuppressed အေနနဲ႔ သံုးၾကတာပါ။
Utah ျပည္နယ္ Brigham Young တကၠသိုလ္က အဏုဇီဝေဗဒ ဘြဲ႕လြန္ေက်ာင္းသူ မခင္ဇာဝင္းျပည့္ ကို ေဒၚခင္မ်ိဳးသက္က ေမးျမန္းခဲ့တာပါ။
..............
COVID-19 ကုသရာမှာ Dexamethasone ထိရောက်နိုင်မှု
(Unicode)
COVID-19 ရောဂါ အတွက် ကာကွယ်ဆေးနဲ့ ကုသဆေးတွေ ထုတ်နိုင်ဖို့ ကြိုးပမ်းနေကြချိန်မှာ ရောဂါသက်သာဖို့ ကုသနေတဲ့ လက်ရှိ ဆေးတွေထဲက Dexamethasone ဆေးဟာ COVID-19 ဝေဒနာရှင်တွေ အတွက် အကျိုးရှိတယ်လို့ ဗြိတိန်က ဆရာဝန်တွေက ပြောပါတယ်။ ဒီဆေးက COVID-19 ရောဂါပိုးအတွက် ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို Utah ပြည်နယ် Brigham Young တက္ကသိုလ်က အဏုဇီဝဗေဒ ဘွဲ့လွန်ကျောင်းသူ မခင်ဇာဝင်းပြည့် ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတဲ့ အခါ သူကအခုလို စပြောပါတယ်။
မခင်ဇာဝင်းပြည့် ။ ။ Dexamethasone က ပုံမှန်အတိုင်းပြောရမယ်ဆိုရင် အဆစ်အမြစ်ရောင်၊ လေးဘက်နာသမားတို့ပြင်းထန်တဲ့ cancer ရောဂါသမားတွေ အရမ်းနာကျင်တယ်ဆိုတာမျိုးတွေမှာ အနာသက်သာအောင် ပေးတယ်ဆိုတဲ့သဘောပေးကြတယ်။ တချို့ ဓါတ်မတည့်တဲ့ Allergy အရမ်း ပြင်းတဲ့ဟာမှာလည်း ဒီ Dexamethasone ပေးတယ်ပေါ့နော်။ နောက် TB အဆုတ်ရောင်တာမျိုးဆိုရင်လည်း Antibiotic နဲ့ တွဲပေးတယ်ဆိုတာမျိုး ရှိတယ်။ ဒါပေမယ့် အဓိက လုပ်ဆောင်တာကတော့ အရောင်ကျတာ။ COVID ကို ကာကွယ်တာတို့ဘာတို့ လုပ်လို့မရဘူး။ မြန်မာနိုင်ငံမှာဆိုရင် prednisolone ဆိုတာ ကြားဖူးမယ်ထင်တယ်။ သူက steroid သဘောမျိုးပေါ့နော် အဲဒီဆေးနဲ့ မတိုးတော့တဲ့လူတွေဆိုရင် Dexamethasone ပေးတာရှိတယ် ဆိုတော့ သူက ပြင်းတဲ့အရောင်ကျဆေး steroid ပါတဲ့ဆေးပေါ့နော်။ ဆိုတဲ့အခါကျတော့ ဒီအတိုင် အလကားနေရင်း အလကားတော့ မသုံးသင့်ဘူးပေါ့နော်။ ကြိုတင်ကာကွယ်တဲ့ပုံစံမျိုးနဲ့ သုံးမယ်ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး ဒီ COVID မှာ သုံးတယ်ဆိုတာကလည်း အဓိက ဗိုင်းရပ်စ် ကို ကာကွယ်ဖို့အတွက်မဟုတ်ဘူး၊ တိုက်ထုတ်ဖို့အတွက်လည်း မဟုတ်ဘူး။ ဗိုင်းရပ်စ် ကြောင့် ဖြစ်နေတဲ့ လူနာတွေ အနာသက်သာလို သက်သာ၊ အဆုတ်ရောင်တာတွေ အရောင်ကျအောင် အဲလို အထောက်အကူပေးတဲ့ သဘောမျိုး ဖြစ်ပါတယ်။
ဒေါ်ခင်မျိုးသက်။ ။ ဘာကြောင့်သူ့ကို ဒီ အရောင်ကျအောင် ဒီဆေးပေးတာလဲ။
မခင်ဇာဝင်းပြည့် ။ ။ တော်တော်ကောင်းတဲ့မေးခွန်းပါ ဘာလို့လဲဆိုတော့ Dexamethasone က အရောင်ကျတယ်ဆိုတာက ဒီ COVID လူနာတွေမှာ လူတွေ ဘာကြောင့်သေတယ်ဆိုတာ ဗိုင်းရပ်စ် ကိုရပြီးသွားတဲ့အခါကျရင် ဒီ ဗိုင်းရပ်စ် က ခန္ဓာကိုယ်ထဲမှာ ဝင်တယ် ပိုးပွားတယ်၊ ပွားပြီးရင် သူက ရင်ဘက်ကို ဆင်းတယ် ပြီးတော့ အဆုတ်ထဲမှာ တခါပြန်ပွားတယ်။ ပွားပြီးရင် သူက ဘယ်လိုမျိုးဖြစ်သလဲဆိုတော့ သွေးတွေထဲမှာ ပိုးဝင်တယ် မြန်မာလိုပြောရင် သွေးဆိပ်တက်တယ် ။ အဲဒီအခါကျရင် ဘာဖြစ်သလဲဆိုတော့ လူ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးဖြူဥတွေက ပထမတော့ သူက ဗိုင်းရပ်စ် ကို လိုက်ပြီးတော့ တိုက်နေတုန်းပဲ ဒါပေမယ့် အရမ်းများလာရင် သူတို့တွေက ပျာသွားတယ်ပေါ့နော် ။ လူရဲ့ Immune system ခုခံအားစနစ်တခုလုံးက မနိုင်ဝန်ထမ်းရပြီ ဆိုတဲ့အချိန်ကျရင် ဘာလာလာ တိုက်မယ်ဆိုတာမျိုးဖြစ်သွားတယ်။အဲဒါမျိုးဖြစ်သွားရင် Off Target ပေါ့နော် မဆိုင်တဲ့ဟာတွေကိုပါ တိုက်တယ် အဲဒီမှာ လူရဲ့ အဆုတ်က လေအိတ်ငယ်လေးတွေ ပျက်စီးတာ တွေဖြစ်ပြီးတော့ Shock ရတယ်ပေါ့နော် ၊ Toxic Shock ရတယ်ဆိုတာမျိုးဖြစ်တယ်။ အဲဒီလိုမျိုး အခြေအနေဖြစ်နေပြီဆိုရင် အဲဒီလူတွေရဲ့ ခုခံအား စနစ်ကို ပြန်ပြီးတော့ ထိန်းပေးရတယ်။ အဲလိုမျိုး ထိန်းတဲ့အခါမှာ လူက ပြန်ကောင်းဖို့ နည်းနည်း လမ်းစတွေ့မှာပေါ့နော်။ မဟုတ်ရင် ကိုယ့်ခုခံအားက ကိုယ့်ကို ပြန်ပြီးတော့ သတ်သလိုမျိုးဖြစ်တယ်။ တချို့ SLE တို့ လေးဘက်နာတို့ဆိုရင် Autoimmune disease တွေပဲလေ ကိုယ့်ခုခံအားက ကိုယ့်ကို ပြန်တိုက်နေတာပေါ့နော်။ ဆိုတော့ COVID-19 ရောဂါ ပြင်းထန်တဲ့လူတွေဆိုရင် ကိုယ့်ခုခံအားက ကိုယ့်ကို ပြန်တိုက်နေတာမျိုးကို လျော့ကျပေးအောင်လို့ သူက ထိန်းပေးတယ်ဆိုတဲ့ သဘောပါ။
ဒေါ်ခင်မျိုးသက်။ ။ Dexamethasone ဆေးကို လူနာကို တိုက်လိုက်ရင် သူက ဘာအလုပ်လုပ်သလဲ ပြောပြပေးပါ။
မခင်ဇာဝင်းပြည့် ။ ။ သူက ဘာအလုပ်လုပ်သလဲဆိုတော့ အဓိက steroid ပါတဲ့ဆေးတွေ အကုန်လုံးက Hormone တွေကို ထိန်းပေးတာပေါ့နော်၊ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ Hormone တွေကို ပြုပြင်ပြောင်းလဲမှု လုပ်ပေးတယ် ။ သူ့ကို ဒီ ကျောက်ကပ် ထိပ်ပေါ်မှာ ရှိတဲ့ တြိဂံပုံ Adrenal Hormone ထုတ်တာရှိတယ်။ အဲဒါ Adrenal Gland ဆိုတာက ဘာလုပ်သလဲဆိုတော့ fight or flight response လုပ်ပေးတယ်။ အဲဒီ response ဖြစ်ဖို့အတွက်ဆိုရင် လူ့သွေးခုန်နှုန်း တို့ ကို ထိန်းပေးတယ် ။ သူက Hormone တွေအကုန်လုံးကို အဲဒီကနေပဲ ထုတ်ပေးတာပါပဲ ။ steroid ပါတဲ့ဆေးတွေ အကုန်လုံးက အဲဒီထဲမှာရှိတဲ့ ကျောက်ကပ်အပေါ်နားမှာရှိတဲ့ ထွက်တဲ့ Hormone တွေကိုထိန်းပေးတယ် နောက်တခြား ခုခံအားစနစ်နဲ့ ပတ်သက်တဲ့ Hormone တွေကို သူက လျော့ကျအောင်လုပ်ပေးတယ် ၊ responsive မဖြစ်အောင် သိပ်ပြီးတော့ active မဖြစ်အောင် လုပ်ပေးတယ် ။ အဲဒီလိုလုပ်ပေးတဲ့အတွက်ကြောင့် သူ့ကို immunosuppressed အနေနဲ့ သုံးကြတာပါ။
Utah ပြည်နယ် Brigham Young တက္ကသိုလ်က အဏုဇီဝဗေဒ ဘွဲ့လွန်ကျောင်းသူ မခင်ဇာဝင်းပြည့် ကို ဒေါ်ခင်မျိုးသက်က မေးမြန်းခဲ့တာပါ။