သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း COVID-19 ကူးစက်မှု အရေအတွက် ၁၀ သန်းနီးပါးရှိပြီ

ဖလော်ရီဒါမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇွန် ၂၄၊ ၂၀၂၀)
ဖလော်ရီဒါမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇွန် ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မှန်မှန်မြင့်တက်လာနေတာမှာ အခုဆို ပိုးကူးစက်မှုပေါင်း ၁၀ သန်းနား နီးလာပြီ ဖြစ်ပါတယ်။ Johns Hopkins တက္ကသိုလ်ရဲ့ မှတ်တမ်းအရ စနေအစောပိုင်းမှာ ကမ္ဘာတဝန်း ကူးစက်မှု ၉ သန်း ၈ သိန်း ကျော်လာပါပြီ။

ကမ္ဘာ့နိုင်ငံတွေမှာ ပိုးကူးစက်မှု အများဆုံးက အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ပိုးကူးစက်သူ အရေအတွက် ၂.၄ သန်းရှိပြီး သူ့နောက်မှာ ဘရာဇီးက ကူးစက်မှု ၁.၂ သန်းနဲ့ လိုက်ပါတယ်။

သေဆုံးသူ အရေအတွက်ကလည်း အမေရိကန်မှာ ၁၂၅,၀၀၀ ကျော်၊ ဘရာဇီးမှာ ၅၆,၀၀၀ ကျော် အသီးသီးနဲ့ အများဆုံးအနေအထားမှာ ရှိကြပါတယ်။

ဖလော်ရီဒါနဲ့ တက္ကဆက်စ် အပါအဝင် အမေရိကန်ဒေသတချို့ရဲ့ မြင်ကွင်းများ။

တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့ စားသောက်ဆိုင်တဆိုင်က ဝန်ထမ်းနှစ်ဦး။ (ဇွန် ၂၆၊ ၂၀၂၀)
1/9 တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့ စားသောက်ဆိုင်တဆိုင်က ဝန်ထမ်းနှစ်ဦး။ (ဇွန် ၂၆၊ ၂၀၂၀)
အသေးစိတ် ဖတ်ရှုရန် Show less
Pennsylvania ပြည်နယ် Summit မြို့က ဂိမ်းကစားရုံတခုတွင်း ကစားနေသူများ။ (ဇွန် ၂၆၊ ၂၀၂၀)
2/9 Pennsylvania ပြည်နယ် Summit မြို့က ဂိမ်းကစားရုံတခုတွင်း ကစားနေသူများ။ (ဇွန် ၂၆၊ ၂၀၂၀)
အသေးစိတ် ဖတ်ရှုရန် Show less
ဟူစတန်မြို့က စားသောက်ဆိုင်တခု။ (ဇွန် ၂၆၊ ၂၀၂၀)
3/9 ဟူစတန်မြို့က စားသောက်ဆိုင်တခု။ (ဇွန် ၂၆၊ ၂၀၂၀)
အသေးစိတ် ဖတ်ရှုရန် Show less
တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့က ဘားဆိုင်ပိုင်ရှင်တဦး။ (ဇွန် ၂၆၊ ၂၀၂၀)
4/9 တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့က ဘားဆိုင်ပိုင်ရှင်တဦး။ (ဇွန် ၂၆၊ ၂၀၂၀)
အသေးစိတ် ဖတ်ရှုရန် Show less
ဟူစတန်မြို့ ဘီယာဆိုင်တဆိုင်က ဝန်ထမ်းအမျိုးသမီးတဦး။ (ဇွန် ၂၆၊ ၂၀၂၀)
5/9 ဟူစတန်မြို့ ဘီယာဆိုင်တဆိုင်က ဝန်ထမ်းအမျိုးသမီးတဦး။ (ဇွန် ၂၆၊ ၂၀၂၀)
အသေးစိတ် ဖတ်ရှုရန် Show less
Kansas မြို့မှာ နေဝင်ချိန် ကြည့်ရှုနေတဲ့ အမျိုးသားတဦး။ (ဇွန် ၂၆၊ ၂၀၂၀)
6/9 Kansas မြို့မှာ နေဝင်ချိန် ကြည့်ရှုနေတဲ့ အမျိုးသားတဦး။ (ဇွန် ၂၆၊ ၂၀၂၀)
အသေးစိတ် ဖတ်ရှုရန် Show less
Miami မှာ Mask ဝေတာကိုယူဖို့ စောင့်ဆိုင်းနေတဲ့ အမျိုးသမီးနှစ်ဦး။ (ဇွန် ၂၆၊ ၂၀၂၀)
7/9 Miami မှာ Mask ဝေတာကိုယူဖို့ စောင့်ဆိုင်းနေတဲ့ အမျိုးသမီးနှစ်ဦး။ (ဇွန် ၂၆၊ ၂၀၂၀)
အသေးစိတ် ဖတ်ရှုရန် Show less
လော့စ်အိန်ဂျလိစ်က အားကစားခန်းမတခုမှာ လေ့ကျင့်ခန်းလုပ်နေတဲ့ အမျိုးသမီး။ (ဇွန် ၂၆၊ ၂၀၂၀)
8/9 လော့စ်အိန်ဂျလိစ်က အားကစားခန်းမတခုမှာ လေ့ကျင့်ခန်းလုပ်နေတဲ့ အမျိုးသမီး။ (ဇွန် ၂၆၊ ၂၀၂၀)
အသေးစိတ် ဖတ်ရှုရန် Show less
ဖလော်ရီဒါပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးဖို့ စောင့်ဆိုင်းနေသူတွေရဲ့ ကားတန်း။ (ဇွန် ၂၆၊ ၂၀၂၀)
9/9 ဖလော်ရီဒါပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးဖို့ စောင့်ဆိုင်းနေသူတွေရဲ့ ကားတန်း။ (ဇွန် ၂၆၊ ၂၀၂၀)
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

အမေရိကန်ပြည်ထောင်စုမှာ သောကြာတရက်တည်းနဲ့ ပိုးကူးစက်သူအသစ် ၄၅,၀၀၀ ကျော်အထိ ပထမဆုံးအကြိမ် ရောက်သွားခဲ့တာကြောင့် လောလောဆယ် ပိုးကူးစက်မှု မြင့်တက်နေတဲ့ ဖလော်ရီဒါပြည်နယ်နဲ့ တက္ကဆက်စ်ပြည်နယ်တွေမှာ ပိုးကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းအသစ်တွေ ထုတ်ပြန်လိုက်ပါတယ်။

ဖလော်ရီဒါပြည်နယ်က အပန်းဖြေကမ်းခြေ နေရာတချို့ကို လွတ်လပ်ရေးနေ့ ဇူလိုင်ပထမသီတင်းပတ်ကုန်မှာ ပိတ်ထားမှာဖြစ်ပြီး တက္ကဆက်စ်ပြည်နယ်မှာတော့ ယမကာဘားတွေ ပိတ်ခိုင်းလိုက်သလို စားသောက်ဆိုင်မှာ လက်ခံနိုင်တဲ့ လူအရေအတွက်ကိုလည်း လျှော့ခိုင်းထားပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်စီးပွားရေးအတွက် လုပ်ငန်းတွေ ပြန်ဖွင့်လှစ်တာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပြီးမှ ပိုးကူးစက်မှုတွေ မြင့်တက်လာလို့ အခုလို စည်းမျဉ်းတွေ ပြန်ချမှတ်ရတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး အထူးအဖွဲ့ကတော့ ၂ လအတွင်း ပထမဆုံးအကြိမ် အနေနဲ့ သောကြာနေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပသွားပြီး သမ္မတ Donald Trump ကတော့ မတက်ရောက်ခဲ့ပါဘူး။

ဒီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပူးပေါင်းတိုက်ဖျက်ရေးအဖွဲ့ကို ဦးဆောင်တဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ရောဂါဆိုင်ရာ စမ်းသပ်မှုတွေ၊ ကုသမှုတွေနဲ့ ကာကွယ်ဆေး ဖော်ထုတ်ဖို့အတွက် လာမယ့် ၁၂ လအတွင်း ရန်ပုံငွေ ဒေါ်လာ သန်း ၃၁,၀၀၀ ကျော်လှူဒါန်းဖို့ ကမ္ဘာ့နိုင်ငံတွေနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေကို တိုက်တွန်းသွားပါတယ်။

ကမ္ဘာတဝန်း COVID-19 ကူးစက်မှု အရေအတွက် ၁၀ သန်းနီးပါးရှိပြီ
please wait

No media source currently available

0:00 0:01:46 0:00
တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)










XS
SM
MD
LG