သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယမွာ COVID-19 ကူးစက္သူ စံခ်ိန္တင္ မ်ားျပားေနဆဲ


မြမ္ဘုိင္းၿမိဳ႕မွာ ကုိ႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈရွိမရွိ အမ်ဳိးသမီးတဦးထံက swab နမူနာ ယူဖုိ႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ဇြန္ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံမွာ ဒီကေန႔ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ အေရအတြက္ ၂၂,၀၀၀ ေက်ာ္နဲ႔ ေန႔စဥ္ကူးစက္မႈႏႈန္းမွာ အမ်ားဆုံး စံခ်ိန္တင္ခဲ့ပါတယ္။ ဒါ့အျပင္ ဒီေန႔ တရက္တည္းမွာတင္ ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၄၄၂ ေယာက္ရွိတယ္လို႔ ေျပာပါတယ္။

မုတ္သုံမုိးရာသီ ေရာက္လာခ်ိန္မွာပဲ ႏုိင္ငံရဲ႕ အေနာက္ပိုင္းနဲ႔ ေတာင္ပိုင္းေတြမွာ ကူးစက္မႈေတြ ျမင့္တက္လာေနပါတယ္။

မြမ္ဘုိင္းၿမိဳ႕တည္ရွိရာ မဟာရပ္ရွ္ထရာျပည္နယ္မွာ ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ၿပီး ဒီေန႔တရက္တည္းမွာတင္ ကူးစက္သူ ၆,၃၀၀ ေက်ာ္၊ ေသဆုံးသူ ၁၉၈ ေယာက္ ရွိခဲ့ပါတယ္။

အိႏၵိယႏုိင္ငံမွာ ဒီေန႔အထိ ကူးစက္သူ ၆၄၀,၀၀၀ ေက်ာ္နဲ႔ ကမာၻေပၚမွာ ဗုိင္းရပ္စ္ကူးစက္မႈ စတုတၳအမ်ားဆုံးႏုိင္ငံ ျဖစ္ပါတယ္။

တမီးနာဒူးလ္ျပည္နယ္ကေတာ့ ကူးစက္မႈ ဒုတိယအမ်ားဆုံးျဖစ္ၿပီး အခုဆုိရင္ ကူးစက္သူ ၁၀၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။

အိႏၵိယႏုိင္ငံဟာ ကမာၻေပၚမွာ အျပင္မထြက္ရ ကန္႔သတ္ခ်က္ေတြ အတင္းက်ပ္ဆုံးခ်တဲ့ ႏုိင္ငံေတြထဲက တခုျဖစ္ပါတယ္။ ဒါေပမယ့္ စီးပြားေရးလုပ္ငန္းေတြကို ျပန္စဖို႔အတြက္ ကန္႔သတ္ခ်က္ေတြကို ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္းမွာ ေျဖေလွ်ာ့ေပးလာခဲ့တာပါ။

ၾသစေၾတးလ်ႏုိင္ငံ ဗစ္တုိးရီးယားျပည္နယ္မွာေတာ့ ဗုိင္းရပ္စ္ကူးစက္ခံရသူ ေနာက္ထပ္ ၁၀၈ ေယာက္ ရွိခဲ့တာေၾကာင့္ အာဏာပိုင္ေတြဟာ Melbourne ၿမိဳ႕က အထပ္ျမင့္ လူေနအိမ္အေဆာက္အအုံ ၉ ခုနဲ႔ ဆင္ေျခဖုံးေဒသ ေနာက္ထပ္ ၃ ခုမွာ အျပင္မထြက္ရအမိန္႔ေတြ ခ်မွတ္လိုက္ပါတယ္။

အဲဒီ အထပ္ျမင့္အေဆာက္အအုံေတြက လူ ၃,၀၀၀ ကုိ အျပင္မထြက္ဖို႔ တင္းတင္းက်ပ္က်ပ္ တားျမစ္ထားလုိက္ၿပီး ဘယ္သူမွ အ၀င္အထြက္ လုပ္လို႔ရမွာ မဟုတ္ပါဘူး။

Fleminton နဲ႔ Kensington အေဆာက္အအုံေတြမွာ ေနတဲ့သူေတြအတြက္ လိုအပ္တဲ့ အစားအေသာက္နဲ႔ ေဆးေတြကို ပို႔ေပးသြားမွာျဖစ္သလို ယမကာေတြလည္း ေပးမယ္လို႔ ဗစ္တုိးရီးယားျပည္နယ္ ၀န္ႀကီးခ်ဳပ္ Daniel Andrews က ေျပာပါတယ္။

ဒါ့အျပင္ အဲဒီ Keinsington, Fleminton နဲ႔ Melbourne ေျမာက္ပိုင္း ဆင္ေျခဖုံးေဒသေတြကို ဗုိင္းရပ္စ္ကန္႔သတ္မႈ အဆင့္ ၃ အျဖစ္ သတ္မွတ္ၿပီးေတာ့ ေဒသခံေတြအေနနဲ႔ အစားအစာ၊ ေဆး၀ါး၊ ေလ့က်င့္ခန္းလုပ္ဖို႔၊ အလုပ္နဲ႔ ေက်ာင္းေတြသြားဖို႔အတြက္ပဲ အိမ္ထဲကေန အျပင္ထြက္လို႔ရမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

အိန္ဒိယမှာ COVID-19 ကူးစက်သူ စံချိန်တင် များပြားနေဆဲ

အိန္ဒိယနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် ၂၂,၀၀၀ ကျော်နဲ့ နေ့စဉ်ကူးစက်မှုနှုန်းမှာ အများဆုံး စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီနေ့ တရက်တည်းမှာတင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၄၂ ယောက်ရှိတယ်လို့ ပြောပါတယ်။

မုတ်သုံမိုးရာသီရောက်လာချိန်မှာပဲ နိုင်ငံရဲ့ အနောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ကူးစက်မှုတွေ မြင့်တက်လာနေပါတယ်။

မွမ်ဘိုင်းမြို့တည်ရှိရာ မဟာရပ်ရှ်ထရာပြည်နယ်မှာ ကူးစက်မှုနှုန်း အများဆုံးဖြစ်ပြီး ဒီနေ့တရက်တည်းမှာတင် ကူးစက်သူ ၆,၃၀၀ ကျော်၊ သေဆုံးသူ ၁၉၈ ယောက် ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဒီနေ့အထိ ကူးစက်သူ ၆၄၀,၀၀၀ ကျော်နဲ့ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှု စတုတ္ထအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

တမီးနာဒူးလ်ပြည်နယ်ကတော့ ကူးစက်မှု ဒုတိယအများဆုံးဖြစ်ပြီး အခုဆိုရင် ကူးစက်သူ ၁၀၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အပြင်မထွက်ရ ကန့်သတ်ချက်တွေ အတင်းကျပ်ဆုံးချတဲ့ နိုင်ငံတွေထဲက တခုဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတွေကို ပြန်စဖို့အတွက် ကန့်သတ်ချက်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ဖြေလျှော့ပေးလာခဲ့တာပါ။

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၁၀၈ ယောက် ရှိခဲ့တာကြောင့် အာဏာပိုင်တွေဟာ Melbourne မြို့က အထပ်မြင့် လူနေအိမ်အဆောက်အအုံ ၉ ခုနဲ့ ဆင်ခြေဖုံးဒေသ နောက်ထပ် ၃ ခုမှာ အပြင်မထွက်ရအမိန့်တွေ ချမှတ်လိုက်ပါတယ်။

အဲဒီ အထပ်မြင့်အဆောက်အအုံတွေက လူ ၃,၀၀၀ ကို အပြင်မထွက်ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားလိုက်ပြီး ဘယ်သူမှ အဝင်အထွက် လုပ်လို့ရမှာ မဟုတ်ပါဘူး။

Fleminton နဲ့ Kensington အဆောက်အအုံတွေမှာ နေတဲ့သူတွေအတွက် လိုအပ်တဲ့ အစားအသောက်နဲ့ ဆေးတွေကို ပို့ပေးသွားမှာဖြစ်သလို ယမကာတွေလည်း ပေးမယ်လို့ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် Daniel Andrews က ပြောပါတယ်။

ဒါ့အပြင် အဲဒီ Keinsington, Fleminton နဲ့ Melbourne မြောက်ပိုင်း ဆင်ခြေဖုံးဒေသတွေကို ဗိုင်းရပ်စ်ကန့်သတ်မှု အဆင့် ၃ အဖြစ် သတ်မှတ်ပြီးတော့ ဒေသခံတွေအနေနဲ့ အစားအစာ၊ ဆေးဝါး၊ လေ့ကျင့်ခန်းလုပ်ဖို့၊ အလုပ်နဲ့ ကျောင်းတွေသွားဖို့အတွက်ပဲ အိမ်ထဲကနေ အပြင်ထွက်လို့ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG