သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာရွႏုိင္ငံတခ်ဳိ႕ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ စံခ်ိန္တင္ျမင့္တက္


နယူးေဒလီၿမိဳ႕မွာ COVID-19 ကူးစက္မႈရွိမရွိ စစ္ေဆးဖို႔ Swab နမူနာ ရယူေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ဇြန္ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကပ္ေရာဂါနဲ႔ ႀကံဳေနရတဲ့ အာရွႏုိင္ငံတခ်ဳိ႕မွာ ကူးစက္မႈေတြ စံခ်ိန္တင္ ျမင့္တက္ေနပါတယ္။

အိႏၵိယႏုိင္ငံမွာ မေန႔က ကို႐ိုနာဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၁၈,၅၅၂ ေယာက္ ရွိခဲ့တာေၾကာင့္ ေန႔စဥ္ကူးစက္မႈႏႈန္းမွာ ေနာက္ထပ္ စံခ်ိန္တင္ ျမင့္တက္ခဲ့ပါတယ္။ ဒါေၾကာင့္ အခုဆုိရင္ အိႏၵိယႏုိင္ငံမွာ ေရာဂါကူးစက္ခံရသူ ၅၂၀,၀၀၀ ေက်ာ္နဲ႔ ကမာၻေပၚမွာ ေရာဂါကူးစက္မႈ စတုတၳအမ်ားဆုံးျဖစ္ေနၿပီး ေသဆုံးသူ စုစုေပါင္း ၁၆,၀၀၀ ေက်ာ္ ရွိသြားပါၿပီ။

ေတာင္ကိုရီးယားႏုိင္ငံမွာေတာ့ ဒီေန႔မွာ ေနာက္ထပ္ေရာဂါကူးစက္ခံရသူ ၆၂ ေယာက္ ေတြ႔ရွိတာေၾကာင့္ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၁၂,၇၁၅ ေယာက္ထက္မနည္း ရွိသြားၿပီလို႔ ေတာင္ကိုရီးယားႏုိင္ငံရဲ႕ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန (KCDC) က ေျပာပါတယ္။

အင္ဒုိနီးရွားႏုိင္ငံမွာေတာ့ မေန႔ စေနေန႔က ေရာဂါကူးစက္ခံရသူ ၁,၃၈၅ ေယာက္ထက္မနည္း ရွိခဲ့တာေၾကာင့္ ေန႔စဥ္ ကူးစက္မႈႏႈန္းမွာ စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး ကူးစက္သူ ၅၂,၈၁၂ ေယာက္ထက္မနည္း ရွိသြားၿပီလို႔ အင္ဒိုနီးရွား က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ၾသစေၾတးလ်ႏုိင္ငံမွာလည္း ဗစ္တုိးရီးယားျပည္နယ္မွာ မေန႔က ဗုိင္းရပ္စ္ကူးစက္ခံရသူ ၄၁ ေယာက္ ရွိခဲ့တာေၾကာင့္ ေန႔စဥ္ကူးစက္မႈႏႈန္းမွာ စံခ်ိန္တင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဗစ္တုိးရီးယားျပည္နယ္မွာ ေရာဂါကူးစက္သူ အေရအတြက္ဟာ ၁၁ ရက္ဆက္တုိက္ ဆယ္ဂဏန္းထက္မနည္း ရွိလာတာ ျဖစ္ပါတယ္။ ဗစ္တုိးရီးယားျပည္နယ္မွာ ဗုိင္းရပ္စ္ကူးစက္မႈေတြ တုိးလာေပမယ့္လည္း တုိင္းျပည္ရဲ႕ စီးပြားေရးကုိေတာ့ ဆက္ၿပီး ဖြင့္သြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပိုးကူးစက္သူ ေနာက္ထပ္ ၃ ေယာက္ ထပ္မံေတြ႔ရွိခဲ့တာေၾကာင့္ ဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၂၉၆ ေယာက္ ရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီကေန႔မနက္ ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ ၃ ေယာက္စလုံးက ျပည္ပက ျပန္လာတဲ့သူေတြျဖစ္ၿပီး ရန္ကုန္တုိင္းက ၂ ေယာက္ကေတာ့ အိႏၵိယက ျပန္လာတာျဖစ္ၿပီး တနသၤာရီတုိင္း သရက္ေခ်ာင္းၿမိဳ႕နယ္က တေယာက္ကေတာ့ ထုိင္းႏုိင္ငံက ျပန္လာတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

အာရှနိုင်ငံတချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စံချိန်တင်မြင့်တက်

COVID-19 ကပ်ရောဂါနဲ့ ကြုံနေရတဲ့ အာရှနိုင်ငံတချို့မှာ ကူးစက်မှုတွေ စံချိန်တင် မြင့်တက်နေပါတယ်။

အိန္ဒိယနိုင်ငံမှာ မနေ့က ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၁၈,၅၅၂ ယောက် ရှိခဲ့တာကြောင့် နေ့စဉ်ကူးစက်မှုနှုန်းမှာ နောက်ထပ် စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် အခုဆိုရင် အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၅၂၀,၀၀၀ ကျော်နဲ့ ကမ္ဘာပေါ်မှာ ရောဂါကူးစက်မှု စတုတ္ထအများဆုံးဖြစ်နေပြီးသေဆုံးသူ စုစုပေါင်း ၁၆,၀၀၀ ကျော် ရှိသွားပါပြီ။

တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီနေ့မှာ နောက်ထပ်ရောဂါကူးစက်ခံရသူ ၆၂ ယောက် တွေ့ရှိတာကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၂,၇၁၅ ယောက်ထက်မနည်း ရှိသွားပြီလို့ တောင်ကိုရီးယားနိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (KCDC) က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာတော့ မနေ့ စနေနေ့က ရောဂါကူးစက်ခံရသူ ၁,၃၈၅ ယောက်ထက်မနည်း ရှိခဲ့တာကြောင့် နေ့စဉ် ကူးစက်မှုနှုန်းမှာ စံချိန်တင်မြင့်တက်ခဲ့ပြီး ကူးစက်သူ ၅၂,၈၁၂ ယောက်ထက်မနည်း ရှိသွားပြီလို့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာလည်း ဗစ်တိုးရီးယားပြည်နယ်မှာ မနေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ယောက် ရှိခဲ့တာကြောင့် နေ့စဉ်ကူးစက်မှုနှုန်းမှာ စံချိန်တင်ခဲ့ပါတယ်။ ဒါကြောင့် ဗစ်တိုးရီးယားပြည်နယ်မှာ ရောဂါကူးစက်သူ အရေအတွက်ဟာ ၁၁ ရက်ဆက်တိုက် ဆယ်ဂဏန်းထက်မနည်း ရှိလာတာ ဖြစ်ပါတယ်။ ဗစ်တိုးရီးယားပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာပေမယ့်လည်း တိုင်းပြည်ရဲ့ စီးပွားရေးကိုတော့ ဆက်ပြီး ဖွင့်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးစက်သူ နောက်ထပ် ၃ ယောက် ထပ်မံတွေ့ရှိခဲ့တာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂၉၆ ယောက် ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့မနက် ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ၃ ယောက်စလုံးက ပြည်ပက ပြန်လာတဲ့သူတွေဖြစ်ပြီး ရန်ကုန်တိုင်းက ၂ ယောက်ကတော့ အိန္ဒိယက ပြန်လာတာဖြစ်ပြီး တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က တယောက်ကတော့ ထိုင်းနိုင်ငံက ပြန်လာတာဖြစ်ပါတယ်။

XS
SM
MD
LG