သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ COVID-19 အတည္ျပဳ လူနာသစ္ ၃ ဦးတုိး၊ ကူးစက္သူ ၃၀၀ နီးပါးရွိ


ရန္ကုန္ၿမိဳ႕မွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈရွိမရွိ အိမ္တုိင္ရာေရာက္ လုိက္လံစစ္ေဆးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေမ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပိုး ကူးစက္ခံရသူ ေနာက္ထပ္ ၃ ေယာက္ ေတြ႔ရွိခဲ့တာေၾကာင့္ ေရာဂါကူးစက္ခံရသူ ၂၉၉ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ ဇြန္လ ၂၈ ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။

ဓာတ္ခဲြနမူနာ ၁,၁၈၂ ခုကို ဒီေန႔ စစ္ေဆးခဲ့တာမွာ ကို႐ိုနာဗုိင္းရပ္စ္ပိုး ေတြ႔ရွိသူ ၃ ေယာက္ရွိတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

အခုေနာက္ဆုံး ေရာဂါပိုးေတြ႔ရွိသူ ၃ ေယာက္စလုံးဟာ မၾကာေသးခင္က အိႏၵိယႏုိင္ငံက ျပန္လာၾကတာျဖစ္ၿပီး လႈိင္ၿမိဳ႕နယ္မွာ အသြားအလာ ကန္႔သတ္ထားရွိသူေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ သူတုိ႔ ၃ ေယာက္စလုံးဟာ ရန္ကုန္တုိင္း လႈိင္ၿမိဳ႕နယ္ကျဖစ္ၿပီး အသက္ ၂၃ ႏွစ္နဲ႔ ၂၄ ႏွစ္ေတြ ျဖစ္ၾကပါတယ္။

သူတုိ႔ ၃ ေယာက္စလုံးကိုေတာ့ သတ္မွတ္ထားတဲ့ တပ္မေတာ္ အသည္းအထူးကုေဆး႐ုံမွာ ဆက္လက္ ကုသမႈေတြ လုပ္သြားမယ္လို႔လည္း ေျပာထားပါတယ္။

ဓာတ္ခဲြအတည္ျပဳလူနာေတြထဲက ၂ ႀကိမ္ဆက္တုိက္ ပိုးမေတြ႔တဲ့သူ ေနာက္ထပ္ ၂ ေယာက္ ထပ္မံေတြ႔ရွိတာေၾကာင့္ အခုဆုိရင္ ေရာဂါပိုး ကင္းစင္လာသူ ၂၁၈ ေယာက္ ရွိသြားၿပီျဖစ္ၿပီး အဲဒီထဲက ၂၀၆ ေယာက္ကိုေတာ့ ေဆး႐ုံဆင္းခြင့္ျပဳၿပီး သတ္မွတ္ထားတဲ့ ေနရာေတြမွာ အသြားအလာကန္႔သတ္ၿပီး ဆက္လက္ေစာင့္ၾကည့္ေနတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ မေန႔ ဇြန္လ ၂၇ ရက္ေန႔၊ ဒီေန႔ ဇြန္လ ၂၈ ရက္ေန႔ ေန႔လယ္အထိ ေနာက္ထပ္ ေစာင့္ၾကည့္လူနာ ၁၉ ေယာက္ရွိတယ္လို႔လည္း ေျပာပါတယ္။

အခုခ်ိန္ထိေတာ့ ျမန္မာႏုိင္ငံမွာ COVID-19 ေၾကာင့္ ေသဆုံးသူအေရအတြက္ ၆ ေယာက္ရွိတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြု လူနာသစ် ၃ ဦးတိုး၊ ကူးစက်သူ ၃၀၀ နီးပါးရှိ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၃ ယောက် တွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်ခံရသူ ၂၉၉ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ဇွန်လ ၂၈ ရက် ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဓာတ်ခွဲနမူနာ ၁,၁၈၂ ခုကို ဒီနေ့ စစ်ဆေးခဲ့တာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အခုနောက်ဆုံး ရောဂါပိုးတွေ့ရှိသူ ၃ ယောက်စလုံးဟာ မကြာသေးခင်က အိန္ဒိယနိုင်ငံက ပြန်လာကြတာဖြစ်ပြီး လှိုင်မြို့နယ်မှာ အသွားအလာ ကန့်သတ်ထားရှိသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ ၃ ယောက်စလုံးဟာ ရန်ကုန်တိုင်း လှိုင်မြို့နယ်ကဖြစ်ပြီး အသက် ၂၃ နှစ်နဲ့ ၂၄ နှစ်တွေ ဖြစ်ကြပါတယ်။

သူတို့ ၃ ယောက်စလုံးကိုတော့ သတ်မှတ်ထားတဲ့ တပ်မတော် အသည်းအထူးကုဆေးရုံမှာ ဆက်လက် ကုသမှုတွေ လုပ်သွားမယ်လို့လည်း ပြောထားပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာတွေထဲက ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့တဲ့သူ နောက်ထပ် ၂ ယောက် ထပ်မံတွေ့ရှိတာကြောင့် အခုဆိုရင် ရောဂါပိုး ကင်းစင်လာသူ ၂၁၈ ယောက် ရှိသွားပြီဖြစ်ပြီး အဲဒီထဲက ၂၀၆ ယောက်ကိုတော့ ဆေးရုံဆင်းခွင့်ပြုပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ အသွားအလာကန့်သတ်ပြီး ဆက်လက်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ ဇွန်လ ၂၇ ရက်နေ့၊ ဒီနေ့ ဇွန်လ ၂၈ ရက်နေ့ နေ့လယ်အထိ နောက်ထပ် စောင့်ကြည့်လူနာ ၁၉ ယောက်ရှိတယ်လို့လည်း ပြောပါတယ်။

အခုချိန်ထိတော့ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၆ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

XS
SM
MD
LG