(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ ဇြန္လ ၂၅ ရက္ေန႔က COVID-19 ဓါတ္ခြဲ နမူနာ ၈၈၅ ခုကို စစ္ေဆးခဲ့ရာမွာ အတည္ျပဳလူနာသစ္ မရွိဘူးလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မေန႔ညက ထုတ္ျပန္ ေၾကညာခဲ့ပါတယ္။ ျမန္မာနိုင္ငံမွာ မတ္လ ေႏွာင္းပိုင္းက စလို႔ ဓါတ္ခြဲ စစ္ေဆးမႈ စုစုေပါင္း ၆၈,၀၀၀ ေက်ာ္ ျပဳလုပ္ခဲ့ရာမွာ အတည္ျပဳလူနာ ၂၉၃ ေယာက္ေတြ႕ရွိထားတာပါ။ အဲဒီအထဲ ေသဆုံးသူ ၆ ဦးရွိေၾကာင္း အတည္ျပဳေျပာၾကားထားပါတယ္။
ျမန္မာနိုင္ငံအတြင္း COVID-19 တုံ႔ျပန္ေရး အေရးယူေဆာင္ရြက္ခ်က္ေတြ လုပ္ေဆာင္ေနစဥ္မွာပဲ ၂၀၁၈/၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း ၆.၈ ရာခိုင္ႏႈန္း တိုးတက္ခဲ့တဲ ျမန္မာ့စီးပြားေရးဟာ COVID- 19 ဒဏ္ေၾကာင့္ ၂၀၁၉/၂၀၂၀ ဘ႑ာေရးႏွစ္မွာ တိုးတက္မႈ ၀.၅ရာခိုင္ႏႈန္းပဲ ရွိမယ္လို႔ ဇြန္လ ၂၅ ရက္ေန႔ ရက္စြဲနဲ႔ ကမၻာ့ဘဏ္က အစီရင္ခံစာထုတ္ျပန္ေၾကညာခဲ့ပါတယ္။
တစ္ႏွစ္ ၂ႀကိမ္ ထုတ္ျပန္တဲ့ကမၻာ့ဘဏ္ရဲ့ျမန္မာ့စီးပြားေရးေစာင့္ၾကည့္မွတ္တမ္း(Myanmar Economic Monitor) မွာ ကပ္ေရာဂါသာ တာရွည္ျဖစ္ပြားေနမယ္ဆိုရင္ ၂၀၁၉/၂၀၂၀ ဘ႑ာေရးႏွစ္မွာ ျမန္မာ့စီးပြားေရး ၂.၅ ရာခိုင္ႏႈန္း က်ဆင္း သြားနိုင္တယ္လို႔လည္း ေျပာပါတယ္။
ဒါေပမယ့္ ျပည္တြင္းမွာ ကိုရိုနာ ဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ထားနိုင္သလို ကမၻာ့စီးပြားေရးကလည္း လၽွင္လၽွင္ျမန္ျမန္ ျပန္လည္ ေကာင္းမြန္လာ မယ္ဆိုရင္ေတာ့ ၂၀၂၀/၂၀၂၁ ဘ႑ာေရးႏွစ္မွာ ျမန္မာနိုင္ငံရဲ့ GDP တိုးတက္ႏႈန္း ၇.၂ ရာခိုင္ႏႈန္း ရွိမယ္လို႔ ကမၻာ့ဘဏ္က ခန္႔မွန္းထား ပါတယ္။
ေလာလာဆယ္မွာ အလယ္အလတ္ကာလ ျမန္မာ့စီးပြားေရး အလားအလာ အေကာင္းဘက္မွာ ရွိေနေပမဲ့ မခန္႔မွန္းႏိုင္တဲ့ ဒီ ကပ္ေရာဂါ ေၾကာင့္ စီးပြားေရးတိုးတက္မႈႏႈန္း သိသိသာသာ က်သြားနိုင္တဲ့ အႏၲရာယ္ရွိေနေၾကာင္း၊ ဒါေၾကာင့္ စီးပြားေရး ကုစားကယ္တင္ေရး Economic Relief Plan (ERP) ကိုပိုၿပီးထိေရာက္ေအာင္ ေဆာင္ရြက္ဖို႔ အေရးႀကီးေၾကာင္း ျမန္မာ၊လာအိုနဲ႔ ကေမၻာဒီးယား နိုင္ငံဆိုင္ရာ ကမၻာ့ဘဏ္ ဒါရိုက္တာ Mariam Sherman က ေျပာပါတယ္။
ၿပီးခဲ့တဲ့ အပတ္ထဲမွာပဲ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က COVID-19 ေၾကာင့္ ျမန္မာ့ စီးပြားေရး အေပၚ သက္ေရာက္မႈကို ဒီႏွစ္ရဲ႕ ေနာက္ဆုံး ၄ လမွာ သိသိသာသာ ခံစားၾကရမွာ ျဖစ္ေၾကာင္းနဲ႔ အစိုးရအေနနဲ႔ အဲဒီအတြက္ ျပင္ဆင္ထား ေၾကာင္း ေျပာထားပါတယ္။
...............
COVID ပြဿနာနှင့် မြန်မာ့စီးပွားရှေ့ရေး
(Unicode)
မြန်မာနိုင်ငံမှာ ဇွန်လ ၂၅ ရက်နေ့က COVID 19 ဓါတ်ခွဲ နမူနာ ၈၈၅ ခုကို စစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာသစ် မရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ နှောင်းပိုင်းက စလို့ ဓါတ်ခွဲ စစ်ဆေးမှု စုစုပေါင်း ၆၈,၀၀၀ ကျော် ပြုလုပ်ခဲ့ရာမှာ အတည်ပြုလူနာ ၂၉၃ ယောက်တွေ့ရှိထားတာပါ။ အဲဒီအထဲ သေဆုံးသူ ၆ ဦးရှိကြောင်း အတည်ပြုပြောကြားထားပါတယ်။
မြန်မာနိုင်ငံအတွင်း COVID-19 တုံ့ပြန်ရေး အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်နေစဉ်မှာပဲ ၂၀၁၈/၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ၆.၈ ရာခိုင်နှုန်း တိုးတက်ခဲ့တဲ မြန်မာ့စီးပွားရေးဟာ COVID- 19 ဒဏ်ကြောင့် ၂၀၁၉/၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ တိုးတက်မှု ဝ.၅ရာခိုင်နှုန်းပဲ ရှိမယ်လို့ ဇွန်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကမ္ဘာ့ဘဏ်က အစီရင်ခံစာထုတ်ပြန်ကြေညာခဲ့ပါတယ်။
တစ်နှစ် ၂ကြိမ် ထုတ်ပြန်တဲ့ကမ္ဘာ့ဘဏ်ရဲ့မြန်မာ့စီးပွားရေးစောင့်ကြည့်မှတ်တမ်း(Myanmar Economic Monitor) မှာ ကပ်ရောဂါသာ တာရှည်ဖြစ်ပွားနေမယ်ဆိုရင် ၂၀၁၉/၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ မြန်မာ့စီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်း သွားနိုင်တယ်လို့လည်း ပြောပါတယ်။
ဒါပေမယ့် ပြည်တွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ထားနိုင်သလို ကမ္ဘာ့စီးပွားရေးကလည်း လျှင်လျှင်မြန်မြန် ပြန်လည် ကောင်းမွန်လာ မယ်ဆိုရင်တော့ ၂၀၂၀/၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံရဲ့ GDP တိုးတက်နှုန်း ၇.၂ ရာခိုင်နှုန်း ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထား ပါတယ်။
လောလာဆယ်မှာ အလယ်အလတ်ကာလ မြန်မာ့စီးပွားရေး အလားအလာ အကောင်းဘက်မှာ ရှိနေပေမဲ့ မခန့်မှန်းနိုင်တဲ့ ဒီ ကပ်ရောဂါ ကြောင့် စီးပွားရေးတိုးတက်မှုနှုန်း သိသိသာသာ ကျသွားနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း၊ ဒါကြောင့် စီးပွားရေး ကုစားကယ်တင်ရေး Economic Relief Plan (ERP) ကိုပိုပြီးထိရောက်အောင် ဆောင်ရွက်ဖို့ အရေးကြီးကြောင်း မြန်မာ၊လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ဒါရိုက်တာ Mariam Sherman က ပြောပါတယ်။
ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ကြောင့် မြန်မာ့ စီးပွားရေး အပေါ် သက်ရောက်မှုကို ဒီနှစ်ရဲ့ နောက်ဆုံး ၄ လမှာ သိသိသာသာ ခံစားကြရမှာ ဖြစ်ကြောင်းနဲ့ အစိုးရအနေနဲ့ အဲဒီအတွက် ပြင်ဆင်ထား ကြောင်း ပြောထားပါတယ်။