သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အၾကပ္အတည္း အေသးစားလုပ္ငန္း ေခ်းေငြအစီစဥ္လြယ္ကူေရး အတိုင္ပင္ခံ ကတိေပး


ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (Myanmar State Counsellor Office)

(Zawgyi/Unicode)

လက္လီ အေရာင္းဆိုင္ လုပ္ငန္းရွင္ေတြနဲ႔ အေသးစား အလတ္စား လုပ္ငန္းရွင္ေတြ အတြက္ ေခ်းေငြ ရရွိႏုိင္ေရး အစိုးရ ဘက္က ျပန္လည္ သံုးသပ္ စိစစ္မယ့္ အေၾကာင္းကို မ သိဂၤ ီထုိက္ တင္ျပေပးမွာပါ။

COVID-19 ကာလ အစိုးရရဲ႕ စီးပြားေရး ျပန္လည္ ဦးေမာ႔ေရး အကူအညီေပးတဲ႔ ေခ်းေငြ အစီအစဥ္ေတြမွာေရာ၊ ပုဂၢလိက ဘဏ္ေတြက စီမံခန္႔ခြဲေနတဲ႔ JICA - ဂ်ပန္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီ ေခ်းေငြ အစီအစဥ္ေတြမွာေရာ အေသးစား အလတ္စား လုပ္ငန္းေတြ၊ လက္လီ လုပ္ငန္းေတြ ေခ်းေငြရဖို႔က မလြယ္ပါဘူး။

အဂၤါေန႔က လုပ္တဲ႔ စီးပြားေရး လုပ္ငန္းရွင္ေတြနဲ႔ အစိုးရ တာ၀န္ရွိသူေတြၾကား ေဆြးေႏြးမႈ အတြင္းမွာေတာ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က လက္လီအေရာင္းဆိုင္ လုပ္ငန္းရွင္ေတြ၊ ေနာက္ အေသးစား အလတ္စား လုပ္ငန္းရွင္ေတြ ေခ်းေငြ ရရွိႏုိင္ေရး ျပန္လည္ သံုးသပ္မယ္လို႔ ကတိျပဳသြားပါတယ္။

“ မိရိုးဖလာ လုပ္ငန္းေတြ အတြက္ ေငြေရး ေၾကးေရး ေခ်းေပးတဲ႔ ေနရာမွာ လက္လီလုပ္စားတဲ႔ သူေတြ အတြက္ ပိုၿပီး လြယ္ကူေအာင္ လုပ္ေပးပါ ဆိုတာေတာ့ အဲဒါေတာ့ ၾကည့္ေပးပါမယ္။”

COVID 19 ေၾကာင့္ ကုန္သြယ္မႈ အေပၚ သက္ေရာက္မႈေတြကို ရုပ္သံကေန ေဆြးေႏြးခဲ႔ၾကတာမွာ City Mart ရဲ႕ MD ေဒၚ၀င္း၀င္းတင့္က လက္ရွိ လက္လီလုပ္ငန္းရွင္ေတြ ႀကံဳေတြ႔ရတဲ႔ အခက္အခဲေတြကို ေထာက္ျပခဲ႔ပါတယ္။

“ ေငြေၾကး အရင္းအႏွီး ရရွိဖို႔ အတြက္ ခက္ခဲတာ၊ ေနာက္ နည္းပညာ ရရွိဖို႔ ခက္ခဲတာ၊ ေစ်းကြက္ေ၀စု ရဖုိ႔ ခက္ခဲတာ ဆိုၿပီးေတာ့ က်မတို႔ အဲဒါေတြ အၿမဲတမ္း ၾကားသိရပါတယ္။ ”

ေနာက္ အစိုးရရဲ႕ ေခ်းေငြ ရေရးမွာလည္း ကန္႔သတ္ခ်က္ေတြ မ်ားတဲ႔ အျပင္ ပုဂၢလိက ဘဏ္ေတြ စီမံခန္႔ခြဲတဲ႔ ႏုိင္ငံတကာ အဖြဲ႔အစည္းေတြရဲ႕ ေခ်းေငြကလည္း လုပ္ငန္းႀကီးေတြကဘဲ ရယူေနတယ္လို႔ Jumjel စားေသာက္ကုန္ထုတ္ လုပ္ငန္းရွင္ ေဒၚသက္စုေဌးက ေျပာပါတယ္။

“ တကယ့္ SME လုပ္ေနတဲ႔ လုပ္ငန္းရွင္ အေသးေလးေတြမွာက်ေတာ့ ဘယ္လိုမွကို Two Steps loan ကို ေမွ်ာ္မွန္းလို႔ မရတဲ႔ အေနအထားမ်ိဳး ျဖစ္ေနပါတယ္။ တကယ္ ေခ်းေငြ ရတဲ႔ လုပ္ငန္းေတြက် တကယ္ လုပ္ငန္း ခိုင္ခိုင္မာမာ ရွိေနတဲ႔ လုပ္ငန္းႀကီးေတြဘဲ ရၿပီးေတာ့ တကယ့္ လုပ္ငန္းေသးေလးေတြမွာ က်ေတာ့ ေမွ်ာ္မွန္းလို႔ မရတဲ႔ အေနအထားနဲ႔ ႀကံဳေတြ႔ေနရပါတယ္ရွင့္။ ”

ပုဂၢလိက ဘဏ္ေတြက စီမံခန္႔ခြဲေနတဲ႔ အေသးစား အလတ္စား ေခ်းေငြေတြနဲ႔ ပတ္သက္လို႔ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဘက္က တစံုတရာ မွတ္ခ်က္ မေပးပါဘူး။

ျမန္မာ႔ ျပည္တြင္း ထုတ္ကုန္ေတြမွာ က်န္းမာေရး အရ ေဘးကင္းေၾကာင္း ေထာက္ခံခ်က္ရဖို႔ကလည္း မလြယ္ကူပါဘူး။ စားအေသာက္နဲ႔ ေဆး၀ါး ကြပ္ကဲမႈ ဌာန FDA ေထာက္ခံခ်က္ ရဖို႔အတြက္ေရာ ကိုယ္ပိုင္ အိမ္ျခံေျမ အေဆာက္အအံု ခိုင္ခုိင္မာမာ ရွိရမယ္ဆိုတဲ႔ ကန္႔သတ္ခ်က္ေၾကာင့္ ျပည္တြင္းထုတ္ကုန္ အေတာ္မ်ားမ်ား FDA ေထာက္ခံခ်က္ ရဖို႔ အခက္ေတြ႔ေနတာပါ။

ျပည္တြင္း ထုတ္ကုန္ေတြမွာ FDA ေထာက္ခံခ်က္ မရရင္ ေစ်းကြက္တင္ဖို႔ အခက္ေတြ႔တယ္ဆိုတာကို စီးပြားေရးနဲ႔ ကူးသန္းေရာင္း၀ယ္ေရး ဒုတိယ ၀န္ႀကီး ဦးေအာင္ထူးကလည္း ေထာက္ခံပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ကေတာ့ ကုန္ပစၥည္း အရည္အေသြးပိုင္း ဆိုင္ရာ တင္းၾကပ္ စစ္ေဆးမႈေတြကို သေဘာတူေပမယ့္လည္း ေျမေနရာ အေဆာက္အအံု ပိုင္ဆိုင္မႈျပမွ FDA ရမယ္ဆိုတဲ႔ အခ်က္ကို ျပန္လည္ သံုးသပ္မယ္လို႔ ကတိျပဳသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကိုဗစ်အကြပ်အတည်း အသေးစားလုပ်ငန်း ချေးငွေအစီစဉ်လွယ်ကူရေး အတိုင်ပင်ခံ ကတိပေး
(Unicode)

လက်လီ အရောင်းဆိုင် လုပ်ငန်းရှင်တွေနဲ့ အသေးစား အလတ်စား လုပ်ငန်းရှင်တွေ အတွက် ချေးငွေ ရရှိနိုင်ရေး အစိုးရ ဘက်က ပြန်လည် သုံးသပ် စိစစ်မယ့် အကြောင်းကို မ သိင်္ဂ ီထိုက် တင်ပြပေးမှာပါ။

COVID-19 ကာလ အစိုးရရဲ့ စီးပွားရေး ပြန်လည် ဦးမော့ရေး အကူအညီပေးတဲ့ ချေးငွေ အစီအစဉ်တွေမှာရော၊ ပုဂ္ဂလိက ဘဏ်တွေက စီမံခန့်ခွဲနေတဲ့ JICA - ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ချေးငွေ အစီအစဉ်တွေမှာရော အသေးစား အလတ်စား လုပ်ငန်းတွေ၊ လက်လီ လုပ်ငန်းတွေ ချေးငွေရဖို့က မလွယ်ပါဘူး။

အင်္ဂါနေ့က လုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အစိုးရ တာဝန်ရှိသူတွေကြား ဆွေးနွေးမှု အတွင်းမှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်လီအရောင်းဆိုင် လုပ်ငန်းရှင်တွေ၊ နောက် အသေးစား အလတ်စား လုပ်ငန်းရှင်တွေ ချေးငွေ ရရှိနိုင်ရေး ပြန်လည် သုံးသပ်မယ်လို့ ကတိပြုသွားပါတယ်။

“ မိရိုးဖလာ လုပ်ငန်းတွေ အတွက် ငွေရေး ကြေးရေး ချေးပေးတဲ့ နေရာမှာ လက်လီလုပ်စားတဲ့ သူတွေ အတွက် ပိုပြီး လွယ်ကူအောင် လုပ်ပေးပါ ဆိုတာတော့ အဲဒါတော့ ကြည့်ပေးပါမယ်။”

COVID 19 ကြောင့် ကုန်သွယ်မှု အပေါ် သက်ရောက်မှုတွေကို ရုပ်သံကနေ ဆွေးနွေးခဲ့ကြတာမှာ City Mart ရဲ့ MD ဒေါ်ဝင်းဝင်းတင့်က လက်ရှိ လက်လီလုပ်ငန်းရှင်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ထောက်ပြခဲ့ပါတယ်။

“ ငွေကြေး အရင်းအနှီး ရရှိဖို့ အတွက် ခက်ခဲတာ၊ နောက် နည်းပညာ ရရှိဖို့ ခက်ခဲတာ၊ ဈေးကွက်ဝေစု ရဖို့ ခက်ခဲတာ ဆိုပြီးတော့ ကျမတို့ အဲဒါတွေ အမြဲတမ်း ကြားသိရပါတယ်။ ”

နောက် အစိုးရရဲ့ ချေးငွေ ရရေးမှာလည်း ကန့်သတ်ချက်တွေ များတဲ့ အပြင် ပုဂ္ဂလိက ဘဏ်တွေ စီမံခန့်ခွဲတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ချေးငွေကလည်း လုပ်ငန်းကြီးတွေကဘဲ ရယူနေတယ်လို့ Jumjel စားသောက်ကုန်ထုတ် လုပ်ငန်းရှင် ဒေါ်သက်စုဌေးက ပြောပါတယ်။

“ တကယ့် SME လုပ်နေတဲ့ လုပ်ငန်းရှင် အသေးလေးတွေမှာကျတော့ ဘယ်လိုမှကို Two Steps loan ကို မျှော်မှန်းလို့ မရတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ တကယ် ချေးငွေ ရတဲ့ လုပ်ငန်းတွေကျ တကယ် လုပ်ငန်း ခိုင်ခိုင်မာမာ ရှိနေတဲ့ လုပ်ငန်းကြီးတွေဘဲ ရပြီးတော့ တကယ့် လုပ်ငန်းသေးလေးတွေမှာ ကျတော့ မျှော်မှန်းလို့ မရတဲ့ အနေအထားနဲ့ ကြုံတွေ့နေရပါတယ်ရှင့်။ ”

ပုဂ္ဂလိက ဘဏ်တွေက စီမံခန့်ခွဲနေတဲ့ အသေးစား အလတ်စား ချေးငွေတွေနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တစုံတရာ မှတ်ချက် မပေးပါဘူး။

မြန်မာ့ ပြည်တွင်း ထုတ်ကုန်တွေမှာ ကျန်းမာရေး အရ ဘေးကင်းကြောင်း ထောက်ခံချက်ရဖို့ကလည်း မလွယ်ကူပါဘူး။ စားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဌာန FDA ထောက်ခံချက် ရဖို့အတွက်ရော ကိုယ်ပိုင် အိမ်ခြံမြေ အဆောက်အအုံ ခိုင်ခိုင်မာမာ ရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် ပြည်တွင်းထုတ်ကုန် အတော်များများ FDA ထောက်ခံချက် ရဖို့ အခက်တွေ့နေတာပါ။

ပြည်တွင်း ထုတ်ကုန်တွေမှာ FDA ထောက်ခံချက် မရရင် ဈေးကွက်တင်ဖို့ အခက်တွေ့တယ်ဆိုတာကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုတိယ ဝန်ကြီး ဦးအောင်ထူးကလည်း ထောက်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ကုန်ပစ္စည်း အရည်အသွေးပိုင်း ဆိုင်ရာ တင်းကြပ် စစ်ဆေးမှုတွေကို သဘောတူပေမယ့်လည်း မြေနေရာ အဆောက်အအုံ ပိုင်ဆိုင်မှုပြမှ FDA ရမယ်ဆိုတဲ့ အချက်ကို ပြန်လည် သုံးသပ်မယ်လို့ ကတိပြုသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG