သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ျမန္မာ့စီးပြားေရးနာလန္ထူဖုိ႔ ခက္ခဲႏုိင္


ျမန္မာအထည္ခ်ဳပ္ အလုပ္သမားမ်ား (၂၀၂၀ ေမလ ၈ ရက္ )

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါေၾကာင့္ ကမာၻ႔စီးပြားေရး ဆိုးဆိုးဝါးဝါး အေျခအေနႀကဳံရလိမ့္မယ္လို႔ ပညာရွင္ေတြက သတိေပးေနခ်ိန္မွာ ျမန္မာျပည္မွာေရာ ဘယ္ေလာက္အထိ ထိခိုက္မႈေတြရွိလာမလဲ၊ ကမာၻ႔ဘဏ္ အာရွေဖာင္ေဒးရွင္းနဲ႔ ILO ရဲ႕ စစ္တမ္းအေပၚအေျခခံၿပီး ပညာရွင္တခ်ိဳ႕ရဲ႕ သုံးသပ္ခ်က္ကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးမွာပါ။

ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈ ရွိလာၿပီး တျဖည္းျဖည္းေကာင္းမြန္လာတဲ့ ျမန္မာ့စီးပြားေရးက COVID-19 ကပ္ေရာဂါေၾကာင့္ ေနာက္လွည့္သြားမလားဆိုတဲ့ စိုးရိမ္မႈေတြ ရွိေနပါတယ္။ NLD အစိုးရတက္လာၿပီး ပထမႏွစ္သက္တမ္းမွာ ျမန္မာ့စီးပြားေရး ၅.၉ ရွိၿပီး ဒုတိယႏွစ္မွာ ၆.၄ အထိတက္ခဲ့ပါတယ္။ မေရရာမႈေတြ ရွိေနေပမဲ့လည္း ျမန္မာ့စီးပြားေရးက ႏွစ္ႏွစ္အတြင္းမွာ ၇ ရာခိုင္ႏႈန္းေက်ာ္သြားလိမ့္မယ္လို႔ ကမာၻ႔ဘဏ္ရဲ႕ စာမ်က္ႏွာ ၈၀ ေက်ာ္ ၂၀၁၈ အစီရင္ခံစာ’ က ခန႔္မွန္းခဲ့တာပါ။

ဒါေပမဲ့လည္း COVID-19 လို ႐ုတ္တရက္ျဖစ္လာတဲ့ ကမာၻ႔ကပ္ေရာဂါေၾကာင့္ ဖိလစ္ပိုင္၊ လာအို၊ ဗီယက္နမ္၊ ျမန္မာတို႔လို စီးပြားေရးအားေကာင္းလာႏိုင္တယ္လို႔ ခန႔္မွန္းထားတဲ့ အာရွႏိုင္ငံေတြပါ ရႈပ္ေထြးတဲ့အေျခအေနကို ရင္ဆိုင္ေနရပါတယ္။ တႏိုင္ငံခ်င္းစီရဲ႕ မူဝါဒ၊ ျပႆနာကိုင္တြယ္တဲ့အေပၚ မူတည္ၿပီး အရွိန္ျပန္ယူတဲ့ကာလမွာ ကြာျခားသြားႏိုင္ပါတယ္။

ျပည္တြင္းမွာ စီးပြားေရးယႏၲယားလည္ပတ္မႈ ရပ္ဆိုင္းသြားတာ အခုအခ်ိန္အထိျပန္မလည္ပတ္ႏိုင္သလို COVID-19 ေရာဂါျဖစ္သူ ဆက္ရွိေနတာ၊ အစိုးရရဲ႕ မဟာဗ်ဴဟာေရးဆြဲတဲ့အပိုင္း ေႏွးေကြးတာေတြက အိမ္နီးခ်င္းႏိုင္ငံေတြထက္ စီးပြားေရးနာလံထဖို႔ ေနာက္က်ႏိုင္ေၾကာင္း ေဒါက္တာေဇာ္ဦးက ခန႔္မွန္းပါတယ္။

“ဗီယက္နမ္တို႔၊ လာအိုတို႔၊ ကမာၻဒီးယားတို႔က တလေလာက္ေတာင္ရွိသြားၿပီ။ ေမလတလုံး စီးပြားေရးကို ျပန္ၿပီး လည္ပတ္ႏိုင္တယ္၊ သူတို႔ရဲ႕ ပို႔ကုန္လုပ္ငန္းေတြကို ျပန္ၿပီး ထူေထာင္ႏိုင္တယ္ဆိုေတာ့ သူတို႔ရဲ႕ လည္ပတ္မႈက က်ေနာ္တို႔ထက္ပိုၿပီး ျမန္တဲ့အတြက္ေၾကာင့္ တျခားေဈးကြက္ ေဝစုေတြလည္း ရသြားတယ္ေပါ့။ အဲဒီရႈေထာင့္ကေန ၾကည့္မယ္ဆိုရင္ က်ေနာ္တို႔က ပိုၿပီး အားနည္းေနတာကို ေတြ႕ရတယ္။ တုံ႔ျပန္မႈေတြ ေႏွးေကြးတာေတြ က်ေနာ္တို႔ရဲ႕ စြမ္းေဆာင္ရည္က တက္မလာတာေတြ၊ က်ေနာ္တို႔ရဲ႕ မဟာဗ်ဴဟာ၊ နည္းပညာခ်မွတ္တာ အားနည္းေနတာေတြ႕ရတယ္။ ဒီအခ်က္ေတြအားလုံး ၾကည့္လိုက္မယ္ဆိုရင္ ေသခ်ာတာက က်ေနာ္တို႔ရဲ႕ စီးပြားေရး နာလံထူႏိုင္တဲ့ အေျခအေနဟာ က်ေနာ္တို႔ အိမ္နီးခ်င္းႏိုင္ငံေတြထက္စာရင္ အမ်ားႀကီး ေနာက္က်ေနတယ္လို႔ ေျပာလို႔ရပါတယ္။”

ဥေရာပကို တင္သြင္းခြင့္မရွိတဲ့ ျမန္မာ့ CMP အထည္ခ်ဳပ္လုပ္ငန္းေတြလည္း လုပ္သားအမ်ားအျပား ေလွ်ာ့ခ်လိုက္ရပါတယ္။ အာရွေဖာင္ေဒးရွင္း စစ္တမ္းမွာေတာ့ လုပ္သားအင္အားရဲ႕ ပ်မ္းမွ် ၁၆ ရာခိုင္ႏႈန္းကို အလုပ္ကေန ထုတ္ပယ္ခဲ့တယ္လို႔ ဆိုပါတယ္။ ျပည္တြင္းမွာ ကုန္ထုတ္လုပ္မႈေတြ ပုံမွန္ျပန္အေျခအေန ျပန္မေရာက္ေသးသလို နယ္စပ္ကုန္သြယ္ေရးကလည္း အားထားလို႔ မရႏိုင္ေသးတဲ့ အေျခအေနပါ။

တ႐ုတ္ယူနန္ျပည္နယ္ဘက္က COVID-19 ကို ထိန္းခ်ဳပ္ထားႏိုင္လို႔ ျမန္မာနဲ႔ နယ္စပ္ကုန္သြယ္ေရးကို သူတို႔ဘက္က တင္းတင္းၾကပ္ၾကပ္ ကန႔္သတ္လာပါတယ္။ အိႏၵိယဘက္မွာေတာ့ ေရာဂါကူးစက္တဲ့ႏႈန္း တက္လာလို႔ သူတို႔ကလည္း နယ္စပ္ကုန္သြယ္ေရးကို ဖြင့္ေပးဖို႔ ဆႏၵမရွိေသးပါဘူး။

“သူတို႔ရဲ႕ က်န္းမာေရး အေျခအေနေၾကာင့္ ပိုၿပီးတင္းၾကပ္တဲ့ဟာေတြကို ေဆာင္႐ြက္မယ့္သေဘာရွိတယ္။ အဲဒီအခါက်ရင္လည္း က်ေနာ္တို႔က ပိုၿပီးအခက္အခဲ ျဖစ္လာႏိုင္စရာ ရွိပါတယ္။ အဲဒီေတာ့ က်ေနာ္တို႔ဘက္က ျပႆနာ၊ သူတို႔ဘက္က ျပႆနာစသျဖင့္ေပါ့။ ပိုၿပီးေတာ့ ႏွစ္ဘက္ ညႇပ္ၿပီးေတာ့ ခံရမယ့္ အေနအထား ရွိပါတယ္။”

စီးပြားေရးပညာရွင္ ေဒါက္တာေဇာ္ဦး ေျပာသြားတာပါ။

ျမန္မာ့စီးပြားေရးလုပ္ငန္း ထက္ဝက္ေလာက္က လုပ္ငန္းဆုံးရႈံးရမယ့္ အႏၲရာယ္ႀကီးႀကီးမားမားရွိေနပါတယ္။ COVID-19 ကပ္ေရာဂါကာလအတြင္းမွာ လုပ္ငန္းအမ်ားစုက အျမတ္ ၂၂ ရာခိုင္ႏႈန္း ေလာက္ပဲရွိခဲ့ၿပီး ၂၀၁၉ ႏိုဝင္ဘာကေန ၂၀၂၀ ေဖေဖာ္ဝါရီစစ္တမ္းမွာေတာ့ အျမတ္ ၅၂ ရာခိုင္ႏႈန္း ထိရွိခဲ့တယ္လို႔ ျမန္မာ့စီးပြားေရးဝန္းက်င္ၫႊန္းကိန္း အႏွစ္ခ်ဳပ္အစီရင္ခံစာ MBEI မွာ ေဖာ္ျပထားပါတယ္။ ဒီအတြက္လည္း အေသးစားနဲ႔ အလတ္စားလုပ္ငန္းေတြ ၿပိဳလဲမသြားေအာင္ အစိုးရက ေကာ္မတီဖြဲ႕ၿပီး က်ပ္ေငြ ဘီလီယံ ၁၀၀ ကို ထုတ္ေခ်းေနပါတယ္။

တကယ္လိုအပ္တဲ့ လုပ္ငန္းေတြကို ေခ်းေငြ မေရာက္တဲ့အေပၚမွာလည္း အစိုးရက ေဝဖန္ခံေနရပါတယ္။ တကယ္တမ္းေတာ့ အစိုးရဘက္ကေရာ၊ ေခ်းေငြယူမယ့္လုပ္ငန္းေတြပါ လုပ္ငန္းလည္ပတ္ပုံနဲ႔ ေငြေၾကးအခ်က္အလက္ ဒါေတြကို တိတိက်က်သိဖို႔လိုတယ္လို႔ အေသးစားစီးပြားေရးလုပ္ငန္း အႀကံေပးတဦးျဖစ္တဲ့ ကိုမာသင္က ေျပာပါတယ္။

“SME လုပ္ငန္း လက္ရွိျမန္မာႏိုင္ငံမွာ ဘယ္ေလာက္ရွိတာလဲဆိုတဲ့ data ေတြလိုတယ္။ အဲဒီေတာ့ ႏွစ္ဦးႏွစ္ဘက္ေပါ့ဗ်ာ။ လက္ရွိ ဘယ္လုပ္ငန္းကို ေပးမလဲဆိုတဲ့ စစ္ေဆးတဲ့ေနရာမွာလည္း data က အဓိက က်လာတယ္ဗ်ာ၊ လုပ္ငန္းတိုင္းကို ေပးလို႔မရဘူး၊ ေပးမယ္ဆိုရင္ေတာင္မွ လုပ္ငန္း ဘယ္ႏွစ္ခုရွိတာလဲဆိုတာ သိရဲ႕လားဆိုတာ စဥ္းစားဖို႔လိုလာၿပီ။”

တႏိုင္ငံလုံးမွာရွိတဲ့ စီးပြားေရးလုပ္ငန္းေတြ စက္တင္ဘာလအထိ ေငြလည္ပတ္ႏိုင္ဖို႔ က်ပ္ေငြ ဘီလီယံ ၉၀၀ ကေန ၂၁၀၀ အေမရိကန္ေဒၚလာနဲ႔ဆိုရင္ ၁.၅ ဘီလီယံ ေလာက္အထိလိုအပ္ႏိုင္တယ္လို႔ Asia Foundation ကခန႔္မွန္းထားပါတယ္။

ကမာၻ႔ႏိုင္ငံႀကီးေတြရဲ႕ ဗဟိုဘဏ္ေတြ အတိုးႏႈန္း ၁ ရာခိုင္ႏႈန္းေလာက္ထိ ေလွ်ာ့ခ်လိုက္တဲ့အခ်ိန္ လုပ္ငန္းႀကီးေတြ သက္သာရာရေအာင္ ျမန္မာႏိုင္ငံ ဗဟိုဘဏ္ကလည္း အတိုးႏႈန္း ၇ ရာခိုင္ႏႈန္းေလာက္ထိခ်ခဲ့ပါတယ္။ ဗဟိုဘဏ္ဥပေဒအရေတာ့ ဒီထက္ပိုၿပီးခ်လို႔မရပါဘူး။ ဒါေၾကာင့္ ဘဏ္ေငြေခ်းယူတဲ့ အပိုင္းလည္း မူဝါဒအေျပာင္းအလဲလုပ္ဖို႔ အစိုးရကို ေျပာေနတာလည္းရွိပါတယ္။

ကမာၻ႔လုပ္သား ဆုံးရႈံးႏိုင္တဲ့ ပမာဏက ၄.၅ ရာခိုင္ႏႈန္းကေန ၁၀.၅ အထိဆိုး႐ြားလာႏိုင္တယ္လို႔ ကမာၻ႔ဘဏ္နဲ႔ ILO ခန႔္မွန္းထားတာပါ။ ဒါက အခ်ိန္ျပည့္ အလုပ္ေပါင္း သန္း ၃၀၀ ေက်ာ္နဲ႔ညီပါတယ္။ ျပည္တြင္းမွာေတာ့ တရားဝင္လုပ္ငန္းေတြက လုပ္သား ၂၀၀,၀၀၀ ေက်ာ္ေလာက္ အလုပ္လက္မဲ့ ျဖစ္သြားပါတယ္။ စာရင္းေကာက္လို႔မရတဲ့ က်ပန္းနဲ႔ လက္လုပ္လက္စားေတြရဲ႕ စာရင္းက ဒီထက္ပိုမ်ားႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

[Unicode Version]

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး ဆိုးဆိုးဝါးဝါး အခြေအနေကြုံရလိမ့်မယ်လို့ ပညာရှင်တွေက သတိပေးနေချိန်မှာ မြန်မာပြည်မှာရော ဘယ်လောက်အထိ ထိခိုက်မှုတွေရှိလာမလဲ၊ ကမ္ဘာ့ဘဏ် အာရှဖောင်ဒေးရှင်းနဲ့ ILO ရဲ့ စစ်တမ်းအပေါ်အခြေခံပြီး ပညာရှင်တချို့ရဲ့ သုံးသပ်ချက်ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုရှိလာပြီး တဖြည်းဖြည်းကောင်းမွန်လာတဲ့ မြန်မာ့စီးပွားရေးက COVID-19 ကပ်ရောဂါကြောင့် နောက်လှည့်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ NLD အစိုးရတက်လာပြီး ပထမနှစ်သက်တမ်းမှာ မြန်မာ့စီးပွားရေး ၅.၉ ရှိပြီး ဒုတိယနှစ်မှာ ၆.၄ အထိတက်ခဲ့ပါတယ်။ မရေရာမှုတွေ ရှိနေပေမဲ့လည်း မြန်မာ့စီးပွားရေးက နှစ်နှစ်အတွင်းမှာ ၇ ရာခိုင်နှုန်းကျော်သွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စာမျက်နှာ ၈၀ ကျော် ၂၀၁၈ အစီရင်ခံစာ’ က ခန့်မှန်းခဲ့တာပါ။

ဒါပေမဲ့လည်း COVID-19 လို ရုတ်တရက်ဖြစ်လာတဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် ဖိလစ်ပိုင်၊ လာအို၊ ဗီယက်နမ်၊ မြန်မာတိုလို့ စီးပွားရေးအားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားတဲ့ အာရှနိုင်ငံတွေပါ ရှုပ်ထွေးတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်။ တနိုင်ငံချင်းစီရဲ့ မူဝါဒ၊ ပြဿနာကိုင်တွယ်တဲ့အပေါ် မူတည်ပြီး အရှိန်ပြန်ယူတဲ့ကာလမှာ ကွာခြားသွားနိုင်ပါတယ်။

ပြည်တွင်းမှာ စီးပွားရေးယန္တယားလည်ပတ်မှု ရပ်ဆိုင်းသွားတာ အခုအချိန်အထိပြန်မလည်ပတ်နိုင်သလို COVID-19 ရောဂါဖြစ်သူ ဆက်ရှိနေတာ၊ အစိုးရရဲ့ မဟာဗျူဟာရေးဆွဲတဲ့အပိုင်း နှေးကွေးတာတွေက အိမ်နီးချင်းနိုင်ငံတွေထက် စီးပွားရေးနာလံထဖို့ နောက်ကျနိုင်ကြောင်း ဒေါက်တာဇော်ဦးက ခန့်မှန်းပါတယ်။

“ဗီယက်နမ်တို့၊ လာအိုတို့၊ ကမ္ဘာဒီးယားတို့က တလလောက်တောင်ရှိသွားပြီ။ မေလတလုံး စီးပွားရေးကို ပြန်ပြီး လည်ပတ်နိုင်တယ်၊ သူတို့ရဲ့ ပို့ကုန်လုပ်ငန်းတွေကို ပြန်ပြီး ထူထောင်နိုင်တယ်ဆိုတော့ သူတို့ရဲ့ လည်ပတ်မှုက ကျနော်တို့ထက်ပိုပြီး မြန်တဲ့အတွက်ကြောင့် တခြားဈေးကွက် ဝေစုတွေလည်း ရသွားတယ်ပေါ့။ အဲဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကျနော်တို့က ပိုပြီး အားနည်းနေတာကို တွေ့ရတယ်။ တုံ့ပြန်မှုတွေ နှေးကွေးတာတွေ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က တက်မလာတာတွေ၊ ကျနော်တို့ရဲ့ မဟာဗျူဟာ၊ နည်းပညာချမှတ်တာ အားနည်းနေတာတွေ့ရတယ်။ ဒီအချက်တွေအားလုံး ကြည့်လိုက်မယ်ဆိုရင် သေချာတာက ကျနော်တို့ရဲ့ စီးပွားရေး နာလံထူနိုင်တဲ့ အခြေအနေဟာ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေထက်စာရင် အများကြီး နောက်ကျနေတယ်လို့ ပြောလို့ရပါတယ်။”

ဥရောပကို တင်သွင်းခွင့်မရှိတဲ့ မြန်မာ့ CMP အထည်ချုပ်လုပ်ငန်းတွေလည်း လုပ်သားအများအပြား လျှော့ချလိုက်ရပါတယ်။ အာရှဖောင်ဒေးရှင်း စစ်တမ်းမှာတော့ လုပ်သားအင်အားရဲ့ ပျမ်းမျှ ၁၆ ရာခိုင်နှုန်းကို အလုပ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာ ကုန်ထုတ်လုပ်မှုတွေ ပုံမှန်ပြန်အခြေအနေ ပြန်မရောက်သေးသလို နယ်စပ်ကုန်သွယ်ရေးကလည်း အားထားလို့ မရနိုင်သေးတဲ့ အခြေအနေပါ။

တရုတ်ယူနန်ပြည်နယ်ဘက်က COVID-19 ကိုထိန်းချုပ်ထားနိုင်လို့ မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးကို သူတို့ဘက်က တင်းတင်းကြပ်ကြပ် ကန့်သတ်လာပါတယ်။ အိန္ဒိယဘက်မှာတော့ ရောဂါကူးစက်တဲ့နှုန်း တက်လာလို့ သူတို့ကလည်း နယ်စပ်ကုန်သွယ်ရေးကို ဖွင့်ပေးဖို့ ဆန္ဒမရှိသေးပါဘူး။

“သူတို့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ပိုပြီးတင်းကြပ်တဲ့ဟာတွေကို ဆောင်ရွက်မယ့်သဘောရှိတယ်။ အဲဒီအခါကျရင်လည်း ကျနော်တို့က ပိုပြီးအခက်အခဲ ဖြစ်လာနိုင်စရာ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ဘက်က ပြဿနာ၊ သူတို့ဘက်က ပြဿနာစသဖြင့်ပေါ့။ ပိုပြီးတော့ နှစ်ဘက် ညှပ်ပြီးတော့ ခံရမယ့် အနေအထား ရှိပါတယ်။”

စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး ပြောသွားတာပါ။

မြန်မာ့စီးပွားရေးလုပ်ငန်း ထက်ဝက်လောက်က လုပ်ငန်းဆုံးရှုံးရမယ့် အန္တရာယ်ကြီးကြီးမားမားရှိနေပါတယ်။ COVID-19 ကပ်ရောဂါကာလအတွင်းမှာ လုပ်ငန်းအများစုက အမြတ် ၂၂ ရာခိုင်နှုန်း လောက်ပဲရှိခဲ့ပြီး ၂၀၁၉ နိုဝင်ဘာကနေ ၂၀၂၀ ဖေဖော်ဝါရီစစ်တမ်းမှာတော့ အမြတ် ၅၂ ရာခိုင်နှုန်း ထိရှိခဲ့တယ်လို့ မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း အနှစ်ချုပ်အစီရင်ခံစာ MBEI မှာ ဖော်ပြထားပါတယ်။ ဒီအတွက်လည်း အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ပြိုလဲမသွားအောင် အစိုးရက ကော်မတီဖွဲ့ပြီး ကျပ်ငွေ ဘီလီယံ ၁၀၀ ကို ထုတ်ချေးနေပါတယ်။

တကယ်လိုအပ်တဲ့ လုပ်ငန်းတွေကို ချေးငွေ မရောက်တဲ့အပေါ်မှာလည်း အစိုးရက ဝေဖန်ခံနေရပါတယ်။ တကယ်တမ်းတော့ အစိုးရဘက်ကရော၊ ချေးငွေယူမယ့်လုပ်ငန်းတွေပါ လုပ်ငန်းလည်ပတ်ပုံနဲ့ ငွေကြေးအချက်အလက် ဒါတွေကို တိတိကျကျသိဖို့လိုတယ်လို့ အသေးစားစီးပွားရေးလုပ်ငန်း အကြံပေးတဦးဖြစ်တဲ့ ကိုမာသင်က ပြောပါတယ်။

“SME လုပ်ငန်း လက်ရှိမြန်မာနိုင်ငံမှာ ဘယ်လောက်ရှိတာလဲဆိုတဲ့ data တွေလိုတယ်။ အဲဒီတော့ နှစ်ဦးနှစ်ဘက်ပေါ့ဗျာ။ လက်ရှိ ဘယ်လုပ်ငန်းကို ပေးမလဲဆိုတဲ့ စစ်ဆေးတဲ့နေရာမှာလည်း data က အဓိက ကျလာတယ်ဗျာ၊ လုပ်ငန်းတိုင်းကို ပေးလို့မရဘူး၊ ပေးမယ်ဆိုရင်တောင်မှ လုပ်ငန်း ဘယ်နှစ်ခုရှိတာလဲဆိုတာ သိရဲ့လားဆိုတာ စဉ်းစားဖို့လိုလာပြီ။”

တနိုင်ငံလုံးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ စက်တင်ဘာလအထိ ငွေလည်ပတ်နိုင်ဖို့ ကျပ်ငွေ ဘီလီယံ ၉၀၀ ကနေ ၂၁၀၀ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၁.၅ ဘီလီယံ လောက်အထိလိုအပ်နိုင်တယ်လို့ Asia Foundation ကခန့်မှန်းထားပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ဗဟိုဘဏ်တွေ အတိုးနှုန်း ၁ ရာခိုင်နှုန်းလောက်ထိ လျှော့ချလိုက်တဲ့အချိန် လုပ်ငန်းကြီးတွေ သက်သာရာရအောင် မြန်မာနိုင်ငံ ဗဟိုဘဏ်ကလည်း အတိုးနှုန်း ၇ ရာခိုင်နှုန်းလောက်ထိချခဲ့ပါတယ်။ ဗဟိုဘဏ်ဥပဒေအရတော့ ဒီထက်ပိုပြီးချလို့မရပါဘူး။ ဒါကြောင့် ဘဏ်ငွေချေးယူတဲ့ အပိုင်းလည်း မူဝါဒအပြောင်းအလဲလုပ်ဖို့ အစိုးရကို ပြောနေတာလည်းရှိပါတယ်။

ကမ္ဘာ့လုပ်သား ဆုံးရှုံးနိုင်တဲ့ ပမာဏက ၄.၅ ရာခိုင်နှုန်းကနေ ၁၀.၅ အထိဆိုးရွားလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်နဲ့ ILO ခန့်မှန်းထားတာပါ။ ဒါက အချိန်ပြည့် အလုပ်ပေါင်း သန်း ၃၀၀ ကျော်နဲ့ညီပါတယ်။ ပြည်တွင်းမှာတော့ တရားဝင်လုပ်ငန်းတွေက လုပ်သား ၂၀၀,၀၀၀ ကျော်လောက် အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ စာရင်းကောက်လို့မရတဲ့ ကျပန်းနဲ့ လက်လုပ်လက်စားတွေရဲ့ စာရင်းက ဒီထက်ပိုများနိုင်ပါတယ်။

XS
SM
MD
LG