[Zawgyi/Unicode]
COVID-19 ကမာၻ႔ကပ္ေဘးေၾကာင့္ ထိခိုက္နစ္နာမႈရွိတဲ့ လုပ္ငန္းေတြကို အကူအညီေပးေနရာမွာ ထိထိေရာက္ေရာက္ျဖစ္ဖို႔ဆိုၿပီး အစိုးရဖြဲ႕ထားတဲ့ စီးပြားေရးေပၚ သက္ေရာက္မႈ ကုစားေရး လုပ္ငန္းအဖြဲ႕ဟာ ျမန္မာ့စီးပြားေရးက႑ မွာ ဘယ္အပိုင္းေတြကို ပံ့ပိုးလုပ္ေဆာင္သင့္တယ္ဆိုတဲ့ အႀကံျပဳအစီရင္ခံစာ တေစာင္ အစိုးရဆီ တင္ျပထားတယ္ဆိုတာကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပေပးပါမယ္။
COVID-19 ကမာၻ႔ကပ္ေဘးေၾကာင့္ ထိခိုက္နစ္နာမႈရွိတဲ့ လုပ္ငန္းေတြကို ျမန္မာအစိုးရက အကူအညီေပးေနရာမွာ အေသးစားနဲ႔ အလတ္စားလုပ္ငန္းငယ္ေတြ ပိုၿပီး ထိထိေရာက္ေရာက္အကူအညီ ရရွိေအာင္လို႔ဆိုၿပီး မၾကာေသးခင္ကပဲ COVID-19 ေၾကာင့္ စီးပြားေရးေပၚ သက္ေရာက္မႈ ကုစားေရး လုပ္ငန္းအဖြဲ႕ကို အစိုးရဘက္က ဖြဲ႕စည္းခဲ့ပါတယ္။ ဒီလုပ္ငန္းအဖြဲ႕ေခါင္းေဆာင္က ခုလတ္တေလာက ရန္ကုန္တိုင္းေဒသႀကီး စီမံဘ႑ာေရး ဝန္ႀကီးအေနနဲ႔ ခန႔္အပ္ခန႔္ထားရသူ ဦးရဲမင္းဦးပါ။
ဒီလုပ္ငန္းအဖြဲ႕ဘက္က COVID-19 တုံ႔ျပန္မႈ ေခ်းေငြကိစၥေတြကို သုံးသပ္စိစစ္ေပးဖို႔အျပင္ COVID-19 စီးပြားေရးအေပၚ သက္ေရာက္လာႏိုင္ေခ်ေတြကို သုံးသပ္ျပင္ဆင္ေဆာင္႐ြက္ဖို႔ဆိုတာလည္း ပါဝင္ပါတယ္။ လက္ရွိမွာေတာ့ ေခ်းေငြကိစၥ စိစစ္မႈပိုင္း ၿပီးဆုံးခဲ့ၿပီးျဖစ္သလို COVID-19 စီးပြားေရးအေပၚ သက္ေရာက္လာႏိုင္ေခ်ေတြကို သုံးသပ္ျပင္ဆင္မႈ အခ်ိဳ႕ လည္း ၿပီးဆုံးၿပီးၿပီလို႔ ဦးရဲမင္းဦးကေျပာပါတယ္။
"က်ေနာ္တို႔ကေတာ့ Working ေကာ္မတီကို တင္ျပၿပီးၿပီ။ ဒီႏိုင္ငံရဲ႕ ပထမဦးစားေပးအေနနဲ႔ စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးအေနနဲ႔ ဦးစားေပးအေနနဲ႔ ေထာက္ပံ့ထားသင့္တယ္။ ဒီလုပ္ငန္းေတြပ်က္လို႔မျဖစ္ဘူး။ ပ်က္ရင္ ႏိုင္ငံရဲ႕ လူဦးေရ လူမ်ားစြာ ထိခိုက္ႏိုင္မယ္ဆိုတာကို က်ေနာ္တို႔ တင္ျပထားပါတယ္။ အဲအတြက္လည္း ႏိုင္ငံေတာ္ကေန ျမန္မာ့စိုက္ပ်ိဳးေရး လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္တို႔ရွိတာကို စိုက္ပ်ိဳးေရးဝန္ႀကီးဌာနနဲ႔ ပူးေပါင္းၿပီး ဘယ္လိုေဆာင္ရြက္မယ္ဆိုတာေတြ သူတို႔ပလန္ေတြ ဆြဲၿပီးတာေတြ ရွိပါတယ္။ စိုက္ပ်ိဳးေရးက႑အတြက္ကို သီးျခားလမ္းတခုကေန ပံ့ပိုးပါလိမ့္မယ္။"
ဒီသုံးသပ္ခ်က္မႈမွာ လုပ္ငန္း က႑ ၃ ခုကို ပထမဦးစားေပး၊ ဒုတိယ ဦးစားေပးစတဲ့ ဦးစားေပးအဆင့္သတ္မွတ္ခ်က္ေတြနဲ႔ တင္ျပထားတယ္လို႔ဒီအဖြဲ႕မွာ ပါဝင္တဲ့ အဖြဲ႕ဝင္တဦးျဖစ္တဲ့ ျမန္မာႏိုင္ငံကုန္သည္စက္မႈ အသင္းခ်ဳပ္ UMFCCI က အေထြေထြ အတြင္းေရးမႈးဦးေအးဝင္းက ေျပာပါတယ္။ အႀကံျပဳခ်က္ထဲမွာ ႏိုင္ငံတခုလုံးစီးပြားေရး အတြက္ ႏိုင္ငံ GDP ရဲ႕၄ ရာခိုင္ႏႈန္းေက်ာ္ ခန႔္မွန္းအေမရိကန္ေဒၚလာ ၃ ဘီလီယံ ေက်ာ္ေလာက္ သုံးဖို႔တင္ျပထားတယ္လို႔ ေျပာပါတယ္။ ပထမဦးစားေပးအေနနဲ႔ စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရး က႑ၿပီးရင္ ေနာက္ဦးစားေပးေတြနဲ႔ပတ္သတ္လို႔ တင္ျပထားတဲ့ အပိုင္းကို သူက ခုလိုေျပာျပတာပါ
"ဒုတိယအပိုင္းကေတာ့ ကုန္ထုတ္လုပ္ငန္းေတြပါ။ ေနာက္တခါ export လုပ္ငန္းေတြ ဦးစားေပးဖို႔၊ import ကိုေတာ့ အရင္ကေလာက္ ဦးစားေပးမရဘူးေပါ့။ စသျဖင့္တင္ျပထားတယ္။ ဒုတိယ အေနနဲ႔စဥ္းစားထားပါတယ္။ ေနာက္တခုကေတာ့ ေလာ္ဂ်က္စတစ္လုပ္ငန္းေတြေပါ့ ဒီလိုမ်ိဳး အပိုင္းလိုက္ တင္ျပထားတာေတြ လုပ္ထားပါတယ္။"
အစီရင္ခံစာမွာ ပါဝင္တဲ့ အေသးစိတ္ကိုေတာ့ ႏွစ္ေယာက္စလုံးက ထုတ္ေျပာဖို႔ ခြင့္မရွိဘူးလို႔ဆိုပါတယ္။ ျမန္မာႏိုင္ငံ ကုန္သည္စက္မႈ အသင္းခ်ဳပ္ UMFCCI အေနနဲ႔ ပုဂၢလိက လုပ္ငန္းရွင္ေတြ ကိုယ္စား ဒီအဖြဲ႕မွာ တတပ္ တအား ပါဝင္တာျဖစ္ၿပီး အသင္းခ်ဳပ္ဘက္ကလည္း စီးပြားေရး လုပ္ငန္း ထိခိုက္မႈ၊ ျပန္လည္ကုစားမႈ အတြက္ စီးပြားေရးဆိုင္ရာ အႀကံ ျပဳသုံးသပ္ခ်က္ တေစာင္ကိုလည္း သီးျခားျပဳစုတင္ျပထားတယ္လို႔ ဦးေအးဝင္းကေျပာပါတယ္။
ကိုဗစ္ ေၾကာင့္ထိခိုက္ၾကတဲ့ စီးပြားေရး က႑အသီးသီးကို ေရတို ေရရွည္ ကူညီေထာက္ပံ့ႏိုင္ဖို႔ အတြက္ ႏိုင္ငံတကာ ကေန ေခ်းေငြ ရယူ သုံးစြဲေနတာ ရွိၿပီး လက္ရွိအခ်ိန္မွာ ႏိုင္ငံတကာဆီကေန အေမရိကန္ေဒၚလာ ၂ ဘီလီယံ ေလာက္ေခ်းေငြ ရယူထားပါတယ္။ အစိုးရဘက္က ႏိုင္ငံ GDP ရဲ႕ ၅ ရာခိုင္ႏႈန္း နီးပါး ခန႔္မွန္းေျခ အေမရိကန္ ေဒၚလာ ၃.၅ ဘီလီ ေက်ာ္ေလာက္ကို သုံးစြဲဖို႔ လ်ာထားတယ္လို႔ ဦးရဲမင္းဦးက ေျပာပါတယ္။ ေခ်းေငြရယူမႈ ျမင့္လာတာေၾကာင့္ အစိုးရလုပ္ေဆာင္တဲ့ ကူညီေထာက္ပံ့ေရး လုပ္ေဆာင္မႈေတြက သက္ေရာက္မႈနည္းမယ္ဆိုရင္ ႏိုင္ငံအေနနဲ႔ အတိုးသံသရာထဲ ပိုနစ္ ေလမလားဆိုတဲ့ စိုးရိမ္မႈေတြနဲ႔ ေထာက္ျပမႈေတြ ရွိေနတဲ့အေပၚ ဦးရဲမင္းဦးကို ေမးျမန္းတဲ့ အေပၚမွာ
"အစုအဖြဲ႕ တခုထဲေထာက္ပံ့ေနရင္ ဒါက စိတ္ပူေနရမယ္။ လုပ္ငန္းရွင္ေတြကိုခ်ည္း ေထာက္ပံ့ေနတာမဟုတ္ဘူး။ က႑ေပါင္းစုံကို အစိုးရဘက္ကေငြေတြ ခြဲထည့္ေနတာ။ တေနရာထဲထည့္ေနရင္ တေနရာထဲက ဆုံးရႈံးႏိုင္ေျခ ပိုျမင့္တယ္။ တႏိုင္ငံလုံးအေနနဲ႔ အားလုံးကိုထည့္ေနတာျဖစ္လို႔ အက်ိဳးေက်းဇူး ပိုမ်ားပါတယ္။ ျပန႔္သြားတာျဖစ္လို႔ တဖြဲ႕တသင္းထဲ အက်ိဳးရွိတာပဲ မဟုတ္ဘူး။ က်န္တဲ့သူေတြပါ အက်ိဳးမရွိတာမ်ိဳး မျဖစ္ေတာ့ဘူး။ အဲလိုပဲ တခ်ိဳ႕ကိုက်ေတာ့ အစိုးရစီမံကိန္းေတြ ထည့္တယ္။ တခ်ိဳ႕ကို ျမန္ျမန္လုပ္ခိုင္း လိုက္တယ္။ အဲစီမံကိန္းေတြက အလုပ္အကိုင္ ေတြေပၚလာမယ္။ ဒီလိုခြဲထည့္လို႔ အရမ္းစိတ္ပူစရာ မရွိဘူး။"
ကမာၻ႔ကပ္ေရာဂါေၾကာင့္ ထိခိုက္နစ္နာတဲ့ လုပ္ငန္းေတြ ျပန္လည္ပတ္ႏိုင္ေအာင္ အစိုးရက ကူညီေထာက္ပံ့တာေတြ ရွိေပမဲ့ လုပ္ငန္းႀကီးေတြသာ အမ်ားစုရၿပီး အေသးစားနဲ႔ အလတ္စားလုပ္ငန္းငယ္အမ်ားစုက ေခ်းေငြ မရဘူးလို႔ ေဝဖန္တာေတြ ရွိေနပါတယ္။ ဒီ ေခ်းေငြေထာက္ပံ့တဲ့ အစီအစဥ္ဟာ ျမန္မာအစိုးရက COVID-19 စီးပြားေရး ကုစားမႈ အစီအစဥ္ႀကီးရဲ႕ အစိတ္အပိုင္း တရပ္ျဖစ္ပါတယ္။ ဒီအစီအစဥ္အတြက္ အစိုးရက က်ပ္ေငြ ဘီလီယံ ၁၀၀ ေက်ာ္လ်ာ ထားၿပီး သုံးေနပါတယ္။ လက္ရွိ ဒီေခ်းေငြ လုပ္ေဆာင္မႈပိုင္းနဲ႔ ပတ္သတ္လို႔လက္ရွိမွာ အစိုးရဘက္က က်ပ္ေငြ ဘီလီယံ ၃၀ ေက်ာ္ေလာက္ သုံးဆြဲထားၿပီးျဖစ္ကာ လုပ္ငန္းေပါင္း ၁,၀၀၀ ေက်ာ္ကို ေခ်းေငြခ်ထားၿပီးျဖစ္တယ္လို႔ ဦးေအးဝင္းကေျပာပါတယ္။
COVID-19 ကပ္ေရာဂါေၾကာင့္ စီးပြားေရးထိခိုက္မႈ သက္သာေစေရး အစိုးရထုတ္ျပန္လိုက္တဲ့ အစီအစဥ္မွာ ရည္မွန္းခ်က္ ၇ ခု၊ မဟာျဗဴဟာ ၁၀ ခု၊ ေဆာင္႐ြက္ရမယ့္ အစီအစဥ္ ၃၆ ခု၊ ေဆာင္႐ြက္ေနတဲ့ အစီအစဥ္ ၇၆ ခုပါဝင္ထားကာ အေမရိကန္ ဘီလီယံ ၃.၅ ဘီလီယံေလာက္ သုံးစြဲဖို႔ လ်ာထားပါတယ္ရွင္။
[Unicode Version]
စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဦးစားပေးထောက်ပံ့ဖို့ လုပ်ငန်းအဖွဲ့ အကြံပြု
COVID-19 ကမ္ဘာ့ကပ်ဘေးကြောင့် ထိခိုက်နစ်နာမှုရှိတဲ့ လုပ်ငန်းတွေကို အကူအညီပေးနေရာမှာ ထိထိရောက်ရောက်ဖြစ်ဖို့ဆိုပြီး အစိုးရဖွဲ့ထားတဲ့ စီးပွားရေးပေါ် သက်ရောက်မှု ကုစားရေး လုပ်ငန်းအဖွဲ့ဟာ မြန်မာ့စီးပွားရေးကဏ္ဍ မှာ ဘယ်အပိုင်းတွေကို ပံ့ပိုးလုပ်ဆောင်သင့်တယ်ဆိုတဲ့ အကြံပြုအစီရင်ခံစာ တစောင် အစိုးရဆီ တင်ပြထားတယ်ဆိုတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပေးပါမယ်။
COVID-19 ကမ္ဘာ့ကပ်ဘေးကြောင့် ထိခိုက်နစ်နာမှုရှိတဲ့ လုပ်ငန်းတွေကို မြန်မာအစိုးရက အကူအညီပေးနေရာမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းငယ်တွေ ပိုပြီး ထိထိရောက်ရောက်အကူအညီ ရရှိအောင်လို့ဆိုပြီး မကြာသေးခင်ကပဲ COVID-19 ကြောင့် စီးပွားရေးပေါ် သက်ရောက်မှု ကုစားရေး လုပ်ငန်းအဖွဲ့ကို အစိုးရဘက်က ဖွဲ့စည်းခဲ့ပါတယ်။ ဒီလုပ်ငန်းအဖွဲ့ခေါင်းဆောင်က ခုလတ်တလောက ရန်ကုန်တိုင်းဒေသကြီး စီမံဘဏ္ဍာရေး ဝန်ကြီးအနေနဲ့ ခန့်အပ်ခန့်ထားရသူ ဦးရဲမင်းဦးပါ။
ဒီလုပ်ငန်းအဖွဲ့ဘက်က COVID-19 တုံ့ပြန်မှု ချေးငွေကိစ္စတွေကို သုံးသပ်စိစစ်ပေးဖို့အပြင် COVID-19 စီးပွားရေးအပေါ် သက်ရောက်လာနိုင်ချေတွေကို သုံးသပ်ပြင်ဆင်ဆောင်ရွက်ဖို့ဆိုတာလည်း ပါဝင်ပါတယ်။ လက်ရှိမှာတော့ ချေးငွေကိစ္စ စိစစ်မှုပိုင်း ပြီးဆုံးခဲ့ပြီးဖြစ်သလို COVID-19 စီးပွားရေးအပေါ် သက်ရောက်လာနိုင်ချေတွေကို သုံးသပ်ပြင်ဆင်မှု အချို့ လည်း ပြီးဆုံးပြီးပြီလို့ ဦးရဲမင်းဦးကပြောပါတယ်။
"ကျနော်တို့ကတော့ Working ကော်မတီကို တင်ပြပြီးပြီ။ ဒီနိုင်ငံရဲ့ ပထမဦးစားပေးအနေနဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအနေနဲ့ ဦးစားပေးအနေနဲ့ ထောက်ပံ့ထားသင့်တယ်။ ဒီလုပ်ငန်းတွေပျက်လို့မဖြစ်ဘူး။ ပျက်ရင် နိုင်ငံရဲ့ လူဦးရေ လူများစွာ ထိခိုက်နိုင်မယ်ဆိုတာကို ကျနော်တို့ တင်ပြထားပါတယ်။ အဲအတွက်လည်း နိုင်ငံတော်ကနေ မြန်မာ့စိုက်ပျိုးရေး လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ရှိတာကို စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဘယ်လိုဆောင်ရွက်မယ်ဆိုတာတွေ သူတို့ပလန်တွေ ဆွဲပြီးတာတွေ ရှိပါတယ်။ စိုက်ပျိုးရေးကဏ္ဍအတွက်ကို သီးခြားလမ်းတခုကနေ ပံ့ပိုးပါလိမ့်မယ်။"
ဒီသုံးသပ်ချက်မှုမှာ လုပ်ငန်း ကဏ္ဍ ၃ ခုကို ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးစတဲ့ ဦးစားပေးအဆင့်သတ်မှတ်ချက်တွေနဲ့ တင်ပြထားတယ်လို့ဒီအဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ မြန်မာနိုင်ငံကုန်သည်စက်မှု အသင်းချုပ် UMFCCI က အထွေထွေ အတွင်းရေးမှုးဦးအေးဝင်းက ပြောပါတယ်။ အကြံပြုချက်ထဲမှာ နိုင်ငံတခုလုံးစီးပွားရေး အတွက် နိုင်ငံ GDP ရဲ့၄ ရာခိုင်နှုန်းကျော် ခန့်မှန်းအမေရိကန်ဒေါ်လာ ၃ဘီလီယံ ကျော်လောက် သုံးဖို့တင်ပြထားတယ်လို့ ပြောပါတယ်။ ပထမဦးစားပေးအနေနဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍပြီးရင် နောက်ဦးစားပေးတွေနဲ့ပတ်သတ်လို့ တင်ပြထားတဲ့ အပိုင်းကို သူက ခုလိုပြောပြတာပါ
"ဒုတိယအပိုင်းကတော့ ကုန်ထုတ်လုပ်ငန်းတွေပါ။ နောက်တခါ export လုပ်ငန်းတွေ ဦးစားပေးဖို့၊ import ကိုတော့ အရင်ကလောက် ဦးစားပေးမရဘူးပေါ့။ စသဖြင့်တင်ပြထားတယ်။ ဒုတိယ အနေနဲ့စဉ်းစားထားပါတယ်။ နောက်တခုကတော့ လော်ဂျက်စတစ်လုပ်ငန်းတွေပေါ့ ဒီလိုမျိုး အပိုင်းလိုက် တင်ပြထားတာတွေ လုပ်ထားပါတယ်။"
အစီရင်ခံစာမှာ ပါဝင်တဲ့ အသေးစိတ်ကိုတော့ နှစ်ယောက်စလုံးက ထုတ်ပြောဖို့ ခွင့်မရှိဘူးလို့ဆိုပါတယ်။ မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် UMFCCI အနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ကိုယ်စား ဒီအဖွဲ့မှာ တတပ် တအား ပါဝင်တာဖြစ်ပြီး အသင်းချုပ်ဘက်ကလည်း စီးပွားရေး လုပ်ငန်း ထိခိုက်မှု၊ ပြန်လည်ကုစားမှု အတွက် စီးပွားရေးဆိုင်ရာ အကြံ ပြုသုံးသပ်ချက် တစောင်ကိုလည်း သီးခြားပြုစုတင်ပြထားတယ်လို့ ဦးအေးဝင်းကပြောပါတယ်။
ကိုဗစ် ကြောင့်ထိခိုက်ကြတဲ့ စီးပွားရေး ကဏ္ဍအသီးသီးကို ရေတို ရေရှည် ကူညီထောက်ပံ့နိုင်ဖို့ အတွက် နိုင်ငံတကာ ကနေ ချေးငွေ ရယူ သုံးစွဲနေတာ ရှိပြီး လက်ရှိအချိန်မှာ နိုင်ငံတကာဆီကနေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ လောက်ချေးငွေ ရယူထားပါတယ်။ အစိုးရဘက်က နိုင်ငံ GDP ရဲ့ ၅ ရာခိုင်နှုန်း နီးပါး ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၃.၅ ဘီလီ ကျော်လောက်ကို သုံးစွဲဖို့ လျာထားတယ်လို့ ဦးရဲမင်းဦးက ပြောပါတယ်။ ချေးငွေရယူမှု မြင့်လာတာကြောင့် အစိုးရလုပ်ဆောင်တဲ့ ကူညီထောက်ပံ့ရေး လုပ်ဆောင်မှုတွေက သက်ရောက်မှုနည်းမယ်ဆိုရင် နိုင်ငံအနေနဲ့ အတိုးသံသရာထဲ ပိုနစ် လေမလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ထောက်ပြမှုတွေ ရှိနေတဲ့အပေါ် ဦးရဲမင်းဦးကို မေးမြန်းတဲ့ အပေါ်မှာ
"အစုအဖွဲ့ တခုထဲထောက်ပံ့နေရင် ဒါက စိတ်ပူနေရမယ်။ လုပ်ငန်းရှင်တွေကိုချည်း ထောက်ပံ့နေတာမဟုတ်ဘူး။ ကဏ္ဍပေါင်းစုံကို အစိုးရဘက်ကငွေတွေ ခွဲထည့်နေတာ။ တနေရာထဲထည့်နေရင် တနေရာထဲက ဆုံးရှုံးနိုင်ခြေ ပိုမြင့်တယ်။ တနိုင်ငံလုံးအနေနဲ့ အားလုံးကိုထည့်နေတာဖြစ်လို့ အကျိုးကျေးဇူး ပိုများပါတယ်။ ပြန့်သွားတာဖြစ်လို့ တဖွဲ့တသင်းထဲ အကျိုးရှိတာပဲ မဟုတ်ဘူး။ ကျန်တဲ့သူတွေပါ အကျိုးမရှိတာမျိုး မဖြစ်တော့ဘူး။ အဲလိုပဲ တချို့ကိုကျတော့ အစိုးရစီမံကိန်းတွေ ထည့်တယ်။ တချို့ကို မြန်မြန်လုပ်ခိုင်း လိုက်တယ်။ အဲစီမံကိန်းတွေက အလုပ်အကိုင် တွေပေါ်လာမယ်။ ဒီလိုခွဲထည့်လို့ အရမ်းစိတ်ပူစရာ မရှိဘူး။"
ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်နစ်နာတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင် အစိုးရက ကူညီထောက်ပံ့တာတွေ ရှိပေမဲ့ လုပ်ငန်းကြီးတွေသာ အများစုရပြီး အသေးစားနဲ့ အလတ်စားလုပ်ငန်းငယ်အများစုက ချေးငွေ မရဘူးလို့ ဝေဖန်တာတွေ ရှိနေပါတယ်။ ဒီ ချေးငွေထောက်ပံ့တဲ့ အစီအစဉ်ဟာ မြန်မာအစိုးရက COVID-19 စီးပွားရေး ကုစားမှု အစီအစဉ်ကြီးရဲ့ အစိတ်အပိုင်း တရပ်ဖြစ်ပါတယ်။ ဒီအစီအစဉ်အတွက် အစိုးရက ကျပ်ငွေ ဘီလီယံ ၁၀၀ ကျော်လျာ ထားပြီး သုံးနေပါတယ်။ လက်ရှိ ဒီချေးငွေ လုပ်ဆောင်မှုပိုင်းနဲ့ ပတ်သတ်လို့လက်ရှိမှာ အစိုးရဘက်က ကျပ်ငွေ ဘီလီယံ ၃၀ ကျော်လောက် သုံးဆွဲထားပြီးဖြစ်ကာ လုပ်ငန်းပေါင်း ၁,၀၀၀ ကျော်ကို ချေးငွေချထားပြီးဖြစ်တယ်လို့ ဦးအေးဝင်းကပြောပါတယ်။
COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး အစိုးရထုတ်ပြန်လိုက်တဲ့ အစီအစဉ်မှာ ရည်မှန်းချက် ၇ ခု၊ မဟာဗြူဟာ ၁၀ ခု၊ ဆောင်ရွက်ရမယ့် အစီအစဉ် ၃၆ ခု၊ ဆောင်ရွက်နေတဲ့ အစီအစဉ် ၇၆ ခုပါဝင်ထားကာ အမေရိကန် ဘီလီယံ ၃.၅ ဘီလီယံလောက် သုံးစွဲဖို့ လျာထားပါတယ်ရှင်။