သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအစုိးရရဲ႕ စီးပြားေရးကုစားမႈအစီအစဥ္ အားနည္းခ်က္ေတြအေပၚ လုပ္ငန္းရွင္ေတြ ေ၀ဖန္


ဘဏ္လုပ္ငန္းတခုေတြ ေငြမ်ား ေရတြက္ေနသည့္ ၀န္ထမ္းမ်ား (သတင္းဓာတ္ပံု- ဧၿပီ၊ ၀၂၊ ၂၀၁၂)

(Zawgyi/Unicode)

ကမာၻ႔ကပ္ေရာဂါေၾကာင့္ ထိခိုက္မႈႀကီးႀကီးမားမားရွိခဲ့တဲ့ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္းေတြ ျပန္လည္ပတ္ႏိုင္ဖို႔ အစိုးရက ကူညီေထာက္ပံ့ေရးအစီအစဥ္လုပ္ေပမယ့္၊ ပြင့္လင္းျမင္သာမႈ အားနည္းတာေၾကာင့္ အက်ိဳးသက္ေရာက္မႈမရွိေသးဘူးလို႔ ဟိုတယ္လုပ္ငန္းရွင္ေတြဘက္က ယူဆပါတယ္။ ဒီသတင္းကို မေမခ ေျပာျပမွာပါ။

ကပ္ေဘးအလြန္စီးပြားေရးကုစားမႈ အစီအစဥ္အျဖစ္နဲ႔ COVID-19 တုံ႔ျပန္ေရး ရန္ပုံေငြလ်ာထားၿပီး အစိုးရက ထိခိုက္သြားတဲ့ စီးပြားေရးလုပ္ငန္းေတြကို ကူညီဖို႔ လတ္တေလာမွာ က်ပ္ေငြ ဘီလီယံတရာ ေက်ာ္ လ်ာထားသတ္မွတ္သုံးစြဲေနတာပါ။ ေခ်းေငြကို တႏွစ္ကို အတိုးႏွႈန္း ၁ ရာခိုင္ႏႈန္းနဲ႔ တႏွစ္သတ္မွတ္ ထုတ္ေခ်းတာပါ။

ပထမအသုတ္ ေခ်းေငြထုတ္ေခ်းမႈပိုင္းမွာ တိက်စြာစစ္ေဆးႏိုင္မႈ အားနည္းခ်က္ေတြ ရွိခဲ့သလို လုပ္ငန္းတခုခ်င္း ဆီအလိုက္ သတ္မွတ္ခ်က္ ေခ်းေငြ ခ်ေပးမႈပိုင္းမွာလည္း အားနည္းတာေတြ ရွိခဲ့တယ္လို႔ ဟိုတယ္လုပ္ငန္းရွင္မ်ား အသင္းဒုဥကၠဌ ဦးခင္ေအာင္ထြန္း က VOA ကို ေျပာပါတယ္။

“ျမန္ျမန္ထုတ္ေပးရမယ္ဆိုတာ ရွိေနေတာ့ သူတို႔ကလည္း စာ႐ြက္ေပၚမွာ တင္လာတဲ့ Criteria ေတြနဲ႔ ထားပါေတာ့့..တေထာင္ ေတာင္းတဲ့လူကို ၂၀၀-၃၀၀ ဒီလိုမ်ိဳး ထုတ္ေပးလိုက္တာေပါ့ေနာ္။ ထုတ္ေပးလိုက္တဲ့အေပၚမွာ Ground ကိုေတာ့ ေသခ်ာ check မလုပ္ႏိုင္ဘူး။ စိစစ္တဲ့ဘက္ကလည္း အားနည္းခ်က္ေတြ ရွိေကာင္း ရွိသြားႏိုင္တယ္၊ ဘာေၾကာင့္လဲဆိုေတာ ့တေန႔ကို ရာခ်ီၿပီးေတာ့ စစ္ရတာ။ စစ္တဲ့ဘက္က အားနည္းခ်က္ရွိသြားမယ္ဆိုရင္ေတာ့ ျပန္ review လုပ္ၿပီးေတာ့ ရသင့္ရထိုက္တဲ့သူကို ျပန္ေပးတာမ်ိဳး၊ လိုအပ္ေနတဲ့လူေတြကို case by case ၾကည့္ေပးတာမ်ိဳးေပါ့။”

ရန္ပုံေငြအစီအစဥ္ကေန ဟိုတယ္လုပ္ငန္းနဲ႔အထည္ခ်ဳပ္လုပ္ငန္းအပါအဝင္ လုပ္ငန္းေပါင္း ၂၀၀ေက်ာ္ကို ေခ်းေငြ ထုတ္ေခ်းခဲ့ၿပီးျဖစ္ပါတယ္။ ဒီေနရာမွာ အခ်ိဳ႕လုပ္ငန္းေတြကို ေခ်းေငြခ်ထားေပးမႈမွာ လုပ္ငန္းလည္ပတ္ေလာက္ေအာင္ မေလာက္မင ျဖစ္တယ္လို႔ ေဝဖန္မႈေတြရွိပါတယ္။ ဒါ့အျပင္ ဟိုတယ္ခရီးသြားလုပ္ငန္း ျပည္ေထာင္စုဝန္ႀကီးရဲ႕ မိသားစုပိုင္လုပ္ငန္းကို က်ပ္ေငြသိန္းေထာင္ဂဏန္း ေခ်းေငြခ်ေပးတဲ့အေပၚမွာလည္း ေဝဖန္ ျပစ္တင္မႈေတြရွိေနပါတယ္။ ပထမဆုံး ႀကဳံရတဲ့အေျခအေနမို႔ လြဲေခ်ာ္မႈအခ်ိဳ႕ ရွိေကာင္းရွိႏိုင္တယ္လို႔ ဦးခင္ေအာင္ထြန္းက ယူဆပါတယ္။

“ အျမန္လုပ္ရတာမို႔ တခ်ိဳ႕အာနည္းတာေတြ ရွိတာကို က်ေနာ္တို႔က ျပန္တင္ျပဖို႔ လုပ္ေနတာေတြကေတာ့ စတဲ့ company လုပ္ငန္းေတြ တခ်ိဳ႕ရွိတယ္။ ၆ လ ပဲ ရွိဦးမယ္၊ ၁ ႏွစ္ပဲ ရွိဦးမယ္ ၊ ၁ ႏွစ္ခြဲ ပဲ ရွိဦးမယ္ အဲဒါေတြကိုလည္း က်ေနာ္တို႔က စဥ္းစားေပးဖို႔လိုတယ္ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က investment ထည့္ထားတယ္ ၊ လုပ္ထားတယ္၊ အခုအခ်ိန္မွာ လံုး၀ မေထာက္ပံ႔ဘူးဆိုရင္ သူတို႔ ၿပိဳလဲသြားမယ္။ ဒါေတြကိုလည္း လုပ္ေပးဖို႔လိုတယ္။ ေနာက္တခုကေတာ့ ေခ်းေငြကို ေလွ်ာက္တဲ့အခါမွာ တခ်ိဳ႕ sufficient မျဖစ္ခဲ့ဘူး ဒါေတြက လုပ္ငန္း ဆက္လက္ရွင္သန္မွာ ေလာေလာဆည္မွာေတာ့ လုပ္သားအင္အားတဝက္ေတာ့ ေလ်ာ့ရမယ္ ေနာက္သူ႔လုပ္ငန္း ေကာင္းလာရင္ ၂ ႏွစ္- ၃ ႏွစ္အတြင္းမွာ ၁၀၀ ရာခိုင္ႏႈန္း ျပန္ျဖစ္လာႏိုင္တယ္။ ဒါမ်ိဳးေတြဆိုရင္လည္း အခုေတာ့ မဟုတ္ေပမယ့္ ေနာက္ ၂ လ-၃ လမွာ စိစစ္ၿပီးေတာ့ ျပန္ခ်ေပးရမယ္။ ေနာက္တခုကေတာ့ တကယ္လုပ္ငန္းကို ထိခိုက္သြားၿပီးေတာ့ ဒီ ေခ်းေငြနဲ႔ မလုံေလာက္ရင္ ဘာေပးႏိုင္မလဲဆိုတာအေပၚမွာ မူတည္ၿပီးေတာ့ အထူးေခ်းေငြလိုမ်ိဳး အစိုးရက ခ်ေပးသင့္တယ္။”

လိုအပ္သေလာက္ မရေသးတဲ့ လုပ္ငန္းရွင္ေတြကိုလည္း ထပ္မံတိုးျမင့္ကူညီသြားဖို႔ တာဝန္ရွိ သူေတြကို တင္ျပထားတယ္လို႔လည္း ဦးခင္ေအာင္ထြန္းက ေျပာပါတယ္။

ကပ္ေရာဂါဆိုးႀကီးက အခ်ိန္ဘယ္ေလာက္ယူသြားမလဲဆိုတာ သိဖို႔ခက္ခဲေနဆဲ ဒီအခ်ိန္မွာ စီးပြားေရးလုပ္ငန္းေတြ ရွင္သန္ႏိုင္ဖို႔ဆိုရင္ ေသခ်ာတိက်တဲ့ အခ်က္အလက္ေတြနဲ႔ ေငြေၾကးေထာက္ပံ့ ေပးႏိုင္ဖို႔လိုတယ္လို႔ ခရီးသြားလုပ္ငန္းရွင္အသင္း နာယက ဦးသက္လြင္တိုးက ေျပာပါတယ္။

“ က်ေနာ္ကေတာ့ ဒါကို ထိေရာက္မႈမရွိဘူးလို႔ မေျပာႏိုင္ေပမယ့္ ေႏွးေကြးမႈေတြေတာ့ရွိခဲ့တယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါက ပထမဦးဆံုးအေတြ႔အၾကံဳျဖစ္သလို လုပ္ရတဲ့ အင္အားေတြကလည္း ကန္႔သတ္ခ်က္ေတြရွိတယ္။ Transparency ဘာလို႔ မရွိသလဲဆုိတာက ခုနက အေတြ႔အႀကံဳနဲ႔ ဆိုင္သလို တခ်ိဳ႕ကိစၥေတြမွာ ပြင့္ပြင့္လင္းလင္းေျပာရင္လည္း မလိုလားအပ္တာေတြ ေနွာင့္ေႏွးမူေတြျဖစ္မွာ ေၾကာက္သြားတာတို႔ေတြလည္း ပါမွာေပါ့ေနာ္။ အဲဒါေၾကာင့္ ဒါေတြကို ျဖစ္ေစခ်င္တာကေတာ့ ဒီကုမၸဏီက ဒီေလာက္ေတာင္းတယ္ ၊ ဒီေလာက္ပဲ ေပးႏိုင္တယ္ ဘာေၾကာင့္ေပးႏိုင္သလဲဆိုတာ သူ႔ရဲ႕ Value အေနအထားကို တြက္ခ်က္ၾကည့္တဲ့အခါက်ေတာ့ ဘာေတြ မျပည့္တာေတြရွိတယ္။ အခြန္ေဆာင္တာပဲျဖစ္ျဖစ္ သူ႔ရဲ႔ ၀င္ေငြ အျမတ္ျပတာပဲ ျဖစ္ျဖစ္ သူ႔ရဲ႕ Business plan ေတြပဲ ျဖစ္ျဖစ္ ဒါေတြေၾကာင့္ အမွတ္ေတြ နည္းေနလို႔ ျဖစ္တယ္ဆိုတာမ်ိဳးကို ပြင့္ပြင့္လင္းလင္းလာခ်ျပရင္ ဘယ္သူမွ မေျပာေတာ့ဘူး။ဒါေတြဟာ ဘာေပတံနဲ႔ တိုင္းသလဲဆိုတာ ထိေရာက္မႈရွိမရွိဆိုတာကေတာ့ ထိေရာက္မႈ အတိုင္းအတာ တခုေတာ့ ရွိပါတယ္ ဆိုတာပဲ ေျပာခ်င္ပါတယ္။”

အခု အစိုးရေခ်းေငြေတြဟာ ကပ္ေဘးေၾကာင့္ အမွန္တကယ္ ထိခိုက္မႈရွိတဲ့ ႏိုင္ငံသားပိုင္လုပ္ငန္း ေတြ ကုိ ေခ်းေပးတာျဖစ္ပါတယ္။ အခြန္ေပးေဆာင္မႈ၊ အလုပ္သမားေတြအတြက္ လူမႈဖူလုံေၾကးထည့္သြင္းမႈ၊ လုပ္ငန္းလည္ပတ္မႈ၊ ဝန္ထမ္းခန႔္ထားမႈေတြအေပၚေတြကိုၾကည့္ၿပီး လုပ္ငန္းေ႐ြးခ်ယ္မႈနဲ႔ ေခ်းေငြပမာဏကို သတ္မွတ္ဆုံးျဖတ္တယ္လို႔ အစိုးရဘက္က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

မြန်မာအစိုးရရဲ့ စီးပွားရေးကုစားမှုအစီအစဉ် အားနည်းချက်တွေအပေါ် လုပ်ငန်းရှင်တွေ ဝေဖန်

(Unicode)

ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်မှုကြီးကြီးမားမားရှိခဲ့တဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ အစိုးရက ကူညီထောက်ပံ့ရေးအစီအစဉ်လုပ်ပေမယ့်၊ ပွင့်လင်းမြင်သာမှု အားနည်းတာကြောင့် အကျိုးသက်ရောက်မှုမရှိသေးဘူးလို့ ဟိုတယ်လုပ်ငန်းရှင်တွေဘက်က ယူဆပါတယ်။ ဒီသတင်းကို မ မေခ ပြောပြမှာပါ။

ကပ်ဘေးအလွန်စီးပွားရေးကုစားမှု အစီအစဉ်အဖြစ်နဲ့ COVID-19 တုံ့ပြန်ရေး ရန်ပုံငွေလျာထားပြီး အစိုးရက ထိခိုက်သွားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ လတ်တလောမှာ ကျပ်ငွေ ဘီလီယံတရာ ကျော် လျာထားသတ်မှတ်သုံးစွဲနေတာပါ။ ချေးငွေကို တနှစ်ကို အတိုးနှှုန်း ၁ ရာခိုင်နှုန်းနဲ့ တနှစ်သတ်မှတ် ထုတ်ချေးတာပါ။

ပထမအသုတ် ချေးငွေထုတ်ချေးမှုပိုင်းမှာ တိကျစွာစစ်ဆေးနိုင်မှု အားနည်းချက်တွေ ရှိခဲ့သလို လုပ်ငန်းတခုချင်း ဆီအလိုက် သတ်မှတ်ချက် ချေးငွေ ချပေးမှုပိုင်းမှာလည်း အားနည်းတာတွေ ရှိခဲ့တယ်လို့ ဟိုတယ်လုပ်ငန်းရှင်များ အသင်းဒုဥက္ကဌ ဦးခင်အောင်ထွန်း က VOA ကို ပြောပါတယ်။

“မြန်မြန်ထုတ်ပေးရမယ်ဆိုတာ ရှိနေတော့ သူတို့ကလည်း စာရွက်ပေါ်မှာ တင်လာတဲ့ Criteria တွေနဲ့ ထားပါတော့..တထောင် တောင်းတဲ့လူကို ၂၀၀-၃၀၀ ဒီလိုမျိုး ထုတ်ပေးလိုက်တာပေါ့နော်။ ထုတ်ပေးလိုက်တဲ့အပေါ်မှာ Ground ကိုတော့ သေချာ check မလုပ်နိုင်ဘူး။ စိစစ်တဲ့ဘက်ကလည်း အားနည်းချက်တွေ ရှိကောင်း ရှိသွားနိုင်တယ်၊ ဘာကြောင့်လဲဆိုတော့တနေ့ကို ရာချီပြီးတော့ စစ်ရတာ။ စစ်တဲ့ဘက်က အားနည်းချက်ရှိသွားမယ်ဆိုရင်တော့ ပြန် review လုပ်ပြီးတော့ ရသင့်ရထိုက်တဲ့သူကို ပြန်ပေးတာမျိုး၊ လိုအပ်နေတဲ့လူတွေကို case by case ကြည့်ပေးတာမျိုးပေါ့။”

ရန်ပုံငွေအစီအစဉ်ကနေ ဟိုတယ်လုပ်ငန်းနဲ့အထည်ချုပ်လုပ်ငန်းအပါအဝင် လုပ်ငန်းပေါင်း ၂၀၀ကျော်ကို ချေးငွေ ထုတ်ချေးခဲ့ပြီးဖြစ်ပါတယ်။ ဒီနေရာမှာ အချို့လုပ်ငန်းတွေကို ချေးငွေချထားပေးမှုမှာ လုပ်ငန်းလည်ပတ်လောက်အောင် မလောက်မင ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိပါတယ်။ ဒါ့အပြင် ဟိုတယ်ခရီးသွားလုပ်ငန်း ပြည်ထောင်စုဝန်ကြီးရဲ့ မိသားစုပိုင်လုပ်ငန်းကို ကျပ်ငွေသိန်းထောင်ဂဏန်း ချေးငွေချပေးတဲ့အပေါ်မှာလည်း ဝေဖန် ပြစ်တင်မှုတွေရှိနေပါတယ်။ ပထမဆုံး ကြုံရတဲ့အခြေအနေမို့ လွဲချော်မှုအချို့ ရှိကောင်းရှိနိုင်တယ်လို့ ဦးခင်အောင်ထွန်းက ယူဆပါတယ်။

“ အမြန်လုပ်ရတာမို့ တချို့အာနည်းတာတွေ ရှိတာကို ကျနော်တို့က ပြန်တင်ပြဖို့ လုပ်နေတာတွေကတော့ စတဲ့ company လုပ်ငန်းတွေ တချို့ရှိတယ်။ ၆ လ ပဲ ရှိဦးမယ်၊ ၁ နှစ်ပဲ ရှိဦးမယ် ၊ ၁ နှစ်ခွဲ ပဲ ရှိဦးမယ် အဲဒါတွေကိုလည်း ကျနော်တို့က စဉ်းစားပေးဖို့လိုတယ် ဘာကြောင့်လဲဆိုတော့ သူတို့က investment ထည့်ထားတယ် ၊ လုပ်ထားတယ်၊ အခုအချိန်မှာ လုံး၀ မထောက်ပံ့ဘူးဆိုရင် သူတို့ ပြိုလဲသွားမယ်။ ဒါတွေကိုလည်း လုပ်ပေးဖို့လိုတယ်။ နောက်တခုကတော့ ချေးငွေကို လျှောက်တဲ့အခါမှာ တချို့ sufficient မဖြစ်ခဲ့ဘူး ဒါတွေက လုပ်ငန်း ဆက်လက်ရှင်သန်မှာ လောလောဆည်မှာတော့ လုပ်သားအင်အားတဝက်တော့ လျော့ရမယ် နောက်သူ့လုပ်ငန်း ကောင်းလာရင် ၂ နှစ်- ၃ နှစ်အတွင်းမှာ ၁၀၀ ရာခိုင်နှုန်း ပြန်ဖြစ်လာနိုင်တယ်။ ဒါမျိုးတွေဆိုရင်လည်း အခုတော့ မဟုတ်ပေမယ့် နောက် ၂ လ-၃ လမှာ စိစစ်ပြီးတော့ ပြန်ချပေးရမယ်။ နောက်တခုကတော့ တကယ်လုပ်ငန်းကို ထိခိုက်သွားပြီးတော့ ဒီ ချေးငွေနဲ့ မလုံလောက်ရင် ဘာပေးနိုင်မလဲဆိုတာအပေါ်မှာ မူတည်ပြီးတော့ အထူးချေးငွေလိုမျိုး အစိုးရက ချပေးသင့်တယ်။”

လိုအပ်သလောက် မရသေးတဲ့ လုပ်ငန်းရှင်တွေကိုလည်း ထပ်မံတိုးမြင့်ကူညီသွားဖို့ တာဝန်ရှိ သူတွေကို တင်ပြထားတယ်လို့လည်း ဦးခင်အောင်ထွန်းက ပြောပါတယ်။

ကပ်ရောဂါဆိုးကြီးက အချိန်ဘယ်လောက်ယူသွားမလဲဆိုတာ သိဖို့ခက်ခဲနေဆဲ ဒီအချိန်မှာ စီးပွားရေးလုပ်ငန်းတွေ ရှင်သန်နိုင်ဖို့ဆိုရင် သေချာတိကျတဲ့ အချက်အလက်တွေနဲ့ ငွေကြေးထောက်ပံ့ ပေးနိုင်ဖို့လိုတယ်လို့ ခရီးသွားလုပ်ငန်းရှင်အသင်း နာယက ဦးသက်လွင်တိုးက ပြောပါတယ်။

“ ကျနော်ကတော့ ဒါကို ထိရောက်မှုမရှိဘူးလို့ မပြောနိုင်ပေမယ့် နှေးကွေးမှုတွေတော့ရှိခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက ပထမဦးဆုံးအတွေ့အကြုံဖြစ်သလို လုပ်ရတဲ့ အင်အားတွေကလည်း ကန့်သတ်ချက်တွေရှိတယ်။ Transparency ဘာလို့ မရှိသလဲဆိုတာက ခုနက အတွေ့အကြုံနဲ့ ဆိုင်သလို တချို့ကိစ္စတွေမှာ ပွင့်ပွင့်လင်းလင်းပြောရင်လည်း မလိုလားအပ်တာတွေ နှောင့်နှေးမူတွေဖြစ်မှာ ကြောက်သွားတာတို့တွေလည်း ပါမှာပေါ့နော်။ အဲဒါကြောင့် ဒါတွေကို ဖြစ်စေချင်တာကတော့ ဒီကုမ္ပဏီက ဒီလောက်တောင်းတယ် ၊ ဒီလောက်ပဲ ပေးနိုင်တယ် ဘာကြောင့်ပေးနိုင်သလဲဆိုတာ သူ့ရဲ့ Value အနေအထားကို တွက်ချက်ကြည့်တဲ့အခါကျတော့ ဘာတွေ မပြည့်တာတွေရှိတယ်။ အခွန်ဆောင်တာပဲဖြစ်ဖြစ် သူ့ရဲ့ ဝင်ငွေ အမြတ်ပြတာပဲ ဖြစ်ဖြစ် သူ့ရဲ့ Business plan တွေပဲ ဖြစ်ဖြစ် ဒါတွေကြောင့် အမှတ်တွေ နည်းနေလို့ ဖြစ်တယ်ဆိုတာမျိုးကို ပွင့်ပွင့်လင်းလင်းလာချပြရင် ဘယ်သူမှ မပြောတော့ဘူး။ဒါတွေဟာ ဘာပေတံနဲ့ တိုင်းသလဲဆိုတာ ထိရောက်မှုရှိမရှိဆိုတာကတော့ ထိရောက်မှု အတိုင်းအတာ တခုတော့ ရှိပါတယ် ဆိုတာပဲ ပြောချင်ပါတယ်။”

အခု အစိုးရချေးငွေတွေဟာ ကပ်ဘေးကြောင့် အမှန်တကယ် ထိခိုက်မှုရှိတဲ့ နိုင်ငံသားပိုင်လုပ်ငန်း တွေ ကို ချေးပေးတာဖြစ်ပါတယ်။ အခွန်ပေးဆောင်မှု၊ အလုပ်သမားတွေအတွက် လူမှုဖူလုံကြေးထည့်သွင်းမှု၊ လုပ်ငန်းလည်ပတ်မှု၊ ဝန်ထမ်းခန့်ထားမှုတွေအပေါ်တွေကိုကြည့်ပြီး လုပ်ငန်းရွေးချယ်မှုနဲ့ ချေးငွေပမာဏကို သတ်မှတ်ဆုံးဖြတ်တယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG