[Zawgyi/Unicode]
စိုက္ပ်ိဳးေရးနဲ႔ ေရလုပ္ငန္းကို အဓိက လုပ္ကိုင္ၾကတဲ့ ရခိုင္ျပည္နယ္အတြင္း မၿငိမ္မသက္မႉေတြနဲ႔ လက္ရွိ COVID-19 ကာလ ေစ်းကြက္အေျခအေနေတြေၾကာင့္ စစ္ေတြ အနီးတ၀ိုက္ ေရလုပ္ငန္းေတြမွာ ထိခိုက္သက္ေရာက္မႈေတြရိွလာတဲ့ အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပပါမယ္။
ရခိုင္ေဒသဟာ ကမ္းရိုးတန္းေဒသ တစ္ခုျဖစ္တာေၾကာင့္ ေဒသခံေတြအေနနဲ႔ စိုက္ပ်ိဳးေရးလုပ္ငန္းအျပင္ ေရလုပ္ငန္းကို အဓိထား လုပ္ကိုင္ေနၾကရတာပါ။ COVID-19 ကပ္ေရာဂါအေျခအေနေၾကာင့္ ျပည္တြင္း၊ ျပည္ပတင္ပို႔တဲ့ ငါးပုဇြန္ေစ်းကြက္ေတြ ထိခိုက္ၿပီး၊ ေစ်းေကာင္းမရတာေၾကာင့္ ေရလုပ္ငန္း လုပ္ကိုင္သူေတြ အခက္ႀကံဳေနရပါတယ္။
“က်ေနာ္တို႔ ငါးရွာရင္ ရတဲ့ ငါးပုစြန္ေတြကို စစ္ေတြမွာ သြားေရာင္းတာ။ အခုအခ်ိန္က ေစ်းက တအား မရေတာ့ဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ ေရာဂါေတြျဖစ္ေနလို႔ လမ္းခရီးကလည္း မေကာင္းဘူးေလ ၃၀,၀၀၀ ရမယ့္ဟာ တစ္ခုကို ၁၅,၀၀၀ လာက္ပဲရတယ္။ အဲေတာ့ က်ေနာ္တို႔က ရတဲ့ေစ်းနဲ႔ပဲ ေရာင္းရတာ။ မိသားစု စားဝတ္ေနေရးေတြ အဆင္မေျပေတာ့ဘူး ရွာစားရတာက။ အဲလိုျဖစ္ေနတာ။”
ဒါကေတာ့ ေရလုပ္ငန္းလုပ္ကိုင္ေနတဲ့ ေဒသခံတဦးျဖစ္သူ ကိုေရႊသိန္းေမာင္ေျပာသြားတာပါ။
COVID-19 ကပ္ေရာဂါေၾကာင့္ ေရလုပ္ငန္းထိခိုက္ရသလို ရခိုင္ေဒသမွာ တိုက္ပြဲေတြျဖစ္နတာေၾကာင့္ ငါးလုပ္ငန္းလုပ္ကိုင္သူေတြအေနနဲ႔ ငါးထြက္မဖမ္းရဲၾကေတာ့ဘဲ ငါးဖမ္းေလွေတြကိုပါ ထုတ္ေရာင္းေနၾကရတဲ့ အေျခအေနျဖစ္ေနတယ္လို႔ စစ္ေတြၿမိဳ႕ နယ္ေခ်ာင္းႏြယ္ မင္းဂံက ငါးဖမ္းလုပ္ငန္း လုပ္ကိုင္သူ ဦးစံလွက ေျပာပါတယ္။
“ငါးဖမ္းလို႔ အဆင္မေျပေတာ့လို႔ ငါးဖမ္းေလွေတြကို ေရာင္းတဲ့ သူေတြလည္း အမ်ားႀကီး ရွိတယ္။ က်ေနာ္တစ္ေယာက္တည္း မဟုတ္ဘူး။ ေနာက္လူေတြလည္း အမ်ားႀကီးရွိတယ္။ ဘာမွအလုပ္ မရွိေတာ့ဘူး အခုက သားလုပ္တဲ့ လုပ္စာကိုပဲ တစ္မိသားစုလံုးထိုင္စားေနၾကတာ။”
ငါးဖမ္းသမားေတြအေနနဲ႔ သူတို႔ဖမ္းလို႔ရလာတဲ့ ငါးပုဇြန္ေတြကို စစ္ေတြၿမိဳ႕ေပၚမွာရွိတဲ့ ငါးပုဇြန္ အဝယ္ဒိုင္ေတြမွာ သြားေရာင္းေလ့ရိွၾကေပမယ့္၊ အခု လက္ရွိမွာ ကုန္တင္ပို႔ဖို႔အခက္အခဲေတြေၾကာင့္ ငါးပုဇြန္အ၀ယ္ဒိုင္ေတြက အ၀ယ္ေလွ်ာ့လာပါတယ္။
လတ္တေလာျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ ရခိုင္ဘက္ကကုန္ကားေတြ သြားလာရခက္ခဲေနတဲ့အျပင္ COVID -19 ကာလအတြင္း ရန္ကုန္ဘက္က ငါးပုဇြန္စက္ရံုေတြလည္း ရပ္နားထားတာေတြေၾကာင့္ ငါးလုပ္ငန္းလုပ္ ကိုင္သူေတြအေနနဲ႔ အခက္အခဲေတြ ႀကံဳေတြ႔ေနရတာျဖစ္တယ္လို႔ စစ္ေတြၿမိဳ႕ ပုစြန္းဒိုင္ မန္ေနဂ်ာ ကိုထြန္းမင္းေဇာ္က ေျပာပါတယ္။
“ဒီႏွစ္ကေတာ့ ေတာ္ေတာ္ႀကီးကို ေစ်းေတြကလည္း မတရားက် ကုန္သြယ္ရတာလည္း အဆင္မေျပ မနွစ္ကထက္ ပိုၿပီးေတာ့ နည္းလာတယ္။ ေစ်းကြက္ေတြကလည္း ပ်က္ေတာ့ ကုန္ပို႔ရတာ ေတာ္ေတာ္ႀကီးကို အခက္အခဲရွိပါတယ္။ မနွစ္ကထက္ စာရင္ေတာ့ အမ်ားႀကီး ကြာသြားတာေပါ့။ ဒီႏွစ္က COVID-19 ကလည္း တစ္မ်ိဳးဆိုေတာ့ ရခိုင္ဘက္မွာလည္း ျဖစ္လာတယ္ဆိုေတာ့ ကုန္ပို႔ရတာ ေတာ္ေတ္ာခက္ခဲလာတယ္။ ပုဇြန္ေစ်းေတြ က်သြားတာကေတာ့ ေရာဂါေၾကာင့္လည္းပါမယ္။ ရန္ကုန္ဘက္က စက္ရံုေတြ မလည္ပတ္ေတာ့တာလည္းပါတယ္။ မနွစ္ကဆိုရင္ ငါးပုဇြန္စက္ရံု ၁၀ ရံုေလာက္လည္ပတ္တယ္။ ဒီမွာေတာ့ အမ်ားႀကီး မလည္ပတ္ၾကေတာ့ဘူးေလ အဲတာေၾကာင့္ပါ။”
အရင္တုန္းကဆိုရင္ေတာ့ ရခိုင္ေဒသကထြက္တဲ့ သားငါးပုဇြန္ေတြကို ရန္ကုန္ မႏၱေလးအျပင္ တရုတ္နဲ႔ ဥေရာပစတဲ့ ျပည္ပကိုပါ တင္ပို႔ႏိုင္တာပါ။ ဒါေပမယ့္ လက္ရိွျဖစ္ေနတဲ့ COVID-19 ကမၻာ့ကပ္ ေဘးအၾကပ္အတည္းေၾကာင့္ ေစ်းကြက္ေတြ ထိခိုက္ၿပီး ေရလုပ္ငန္းထြက္ျပည္ပ တင္ပို႔မႈေတြပါ က်ဆင္းလာပါတယ္။
ဒီအတြက္ ရခိုင္ေဒသက ေရလုပ္ငန္းေတြအေပၚမွာလည္း သက္ေရာက္မႈ ရိွလာတာပါ။
[Unicode Version]
ကိုဗစ်ကပ်ဘေးနဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ရေလုပ်ငန်း ထိခိုက်နေ
စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတဲ့ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှူတွေနဲ့ လက်ရှိ COVID-19 ကာလ ဈေးကွက်အခြေအနေတွေကြောင့် စစ်တွေ အနီးတဝိုက် ရေလုပ်ငန်းတွေမှာ ထိခိုက်သက်ရောက်မှုတွေရှိလာတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။
ရခိုင်ဒေသဟာ ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းအပြင် ရေလုပ်ငန်းကို အဓိထား လုပ်ကိုင်နေကြရတာပါ။ COVID-19 ကပ်ရောဂါအခြေအနေကြောင့် ပြည်တွင်း၊ ပြည်ပတင်ပို့တဲ့ ငါးပုဇွန်ဈေးကွက်တွေ ထိခိုက်ပြီး၊ ဈေးကောင်းမရတာကြောင့် ရေလုပ်ငန်း လုပ်ကိုင်သူတွေ အခက်ကြုံနေရပါတယ်။
“ကျနော်တို့ ငါးရှာရင် ရတဲ့ ငါးပုစွန်တွေကို စစ်တွေမှာ သွားရောင်းတာ။ အခုအချိန်က ဈေးက တအား မရတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရောဂါတွေဖြစ်နေလို့ လမ်းခရီးကလည်း မကောင်းဘူးလေ ၃၀,၀၀၀ ရမယ့်ဟာ တစ်ခုကို ၁၅,၀၀၀ လာက်ပဲရတယ်။ အဲတော့ ကျနော်တို့က ရတဲ့ဈေးနဲ့ပဲ ရောင်းရတာ။ မိသားစု စားဝတ်နေရေးတွေ အဆင်မပြေတော့ဘူး ရှာစားရတာက။ အဲလိုဖြစ်နေတာ။”
ဒါကတော့ ရေလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံတဦးဖြစ်သူ ကိုရွှေသိန်းမောင်ပြောသွားတာပါ။
COVID-19 ကပ်ရောဂါကြောင့် ရေလုပ်ငန်းထိခိုက်ရသလို ရခိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်နတာကြောင့် ငါးလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ငါးထွက်မဖမ်းရဲကြတော့ဘဲ ငါးဖမ်းလှေတွေကိုပါ ထုတ်ရောင်းနေကြရတဲ့ အခြေအနေဖြစ်နေတယ်လို့ စစ်တွေမြို့ နယ်ချောင်းနွယ် မင်းဂံက ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ ဦးစံလှက ပြောပါတယ်။
“ငါးဖမ်းလို့ အဆင်မပြေတော့လို့ ငါးဖမ်းလှေတွေကို ရောင်းတဲ့ သူတွေလည်း အများကြီး ရှိတယ်။ ကျနော်တစ်ယောက်တည်း မဟုတ်ဘူး။ နောက်လူတွေလည်း အများကြီးရှိတယ်။ ဘာမှအလုပ် မရှိတော့ဘူး အခုက သားလုပ်တဲ့ လုပ်စာကိုပဲ တစ်မိသားစုလုံးထိုင်စားနေကြတာ။”
ငါးဖမ်းသမားတွေအနေနဲ့ သူတို့ဖမ်းလို့ရလာတဲ့ ငါးပုဇွန်တွေကို စစ်တွေမြို့ပေါ်မှာရှိတဲ့ ငါးပုဇွန် အဝယ်ဒိုင်တွေမှာ သွားရောင်းလေ့ရှိကြပေမယ့်၊ အခု လက်ရှိမှာ ကုန်တင်ပို့ဖို့အခက်အခဲတွေကြောင့် ငါးပုဇွန်အဝယ်ဒိုင်တွေက အဝယ်လျှော့လာပါတယ်။
လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ဘက်ကကုန်ကားတွေ သွားလာရခက်ခဲနေတဲ့အပြင် COVID -19 ကာလအတွင်း ရန်ကုန်ဘက်က ငါးပုဇွန်စက်ရုံတွေလည်း ရပ်နားထားတာတွေကြောင့် ငါးလုပ်ငန်းလုပ် ကိုင်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာဖြစ်တယ်လို့ စစ်တွေမြို့ ပုစွန်းဒိုင် မန်နေဂျာ ကိုထွန်းမင်းဇော်က ပြောပါတယ်။
“ဒီနှစ်ကတော့ တော်တော်ကြီးကို ဈေးတွေကလည်း မတရားကျ ကုန်သွယ်ရတာလည်း အဆင်မပြေ မနှစ်ကထက် ပိုပြီးတော့ နည်းလာတယ်။ ဈေးကွက်တွေကလည်း ပျက်တော့ ကုန်ပို့ရတာ တော်တော်ကြီးကို အခက်အခဲရှိပါတယ်။ မနှစ်ကထက် စာရင်တော့ အများကြီး ကွာသွားတာပေါ့။ ဒီနှစ်က COVID-19 ကလည်း တစ်မျိုးဆိုတော့ ရခိုင်ဘက်မှာလည်း ဖြစ်လာတယ်ဆိုတော့ ကုန်ပို့ရတာ တော်တေ်ာခက်ခဲလာတယ်။ ပုဇွန်ဈေးတွေ ကျသွားတာကတော့ ရောဂါကြောင့်လည်းပါမယ်။ ရန်ကုန်ဘက်က စက်ရုံတွေ မလည်ပတ်တော့တာလည်းပါတယ်။ မနှစ်ကဆိုရင် ငါးပုဇွန်စက်ရုံ ၁၀ ရုံလောက်လည်ပတ်တယ်။ ဒီမှာတော့ အများကြီး မလည်ပတ်ကြတော့ဘူးလေ အဲတာကြောင့်ပါ။”
အရင်တုန်းကဆိုရင်တော့ ရခိုင်ဒေသကထွက်တဲ့ သားငါးပုဇွန်တွေကို ရန်ကုန် မန္တလေးအပြင် တရုတ်နဲ့ ဥရောပစတဲ့ ပြည်ပကိုပါ တင်ပို့နိုင်တာပါ။ ဒါပေမယ့် လက်ရှိဖြစ်နေတဲ့ COVID-19 ကမ္ဘာ့ကပ် ဘေးအကြပ်အတည်းကြောင့် ဈေးကွက်တွေ ထိခိုက်ပြီး ရေလုပ်ငန်းထွက်ပြည်ပ တင်ပို့မှုတွေပါ ကျဆင်းလာပါတယ်။
ဒီအတွက် ရခိုင်ဒေသက ရေလုပ်ငန်းတွေအပေါ်မှာလည်း သက်ရောက်မှု ရှိလာတာပါ။