[Zawgyi/Unicode]
အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ေရာဂါ စတင္ျဖစ္ပြားကတည္းကဆိုရင္ တရက္ထဲ အတည္ျပဳလူနာအမ်ားဆံုးအျဖစ္ ေရာဂါကူးစက္ေနသူ ၅၀,၀၀၀ ေတြ႔႐ွိခဲ့ပါတယ္။ ဗုဒၶဟူးေန႔က စံခ်ိန္တင္တဲ့ အတည္ျပဳလူနာအမ်ားဆံုးထဲမွာ ကယ္လီဖိုးနီးယား ျပည္နယ္က လူနာသစ္ ၉,၇၄၀ ေယာက္နဲ႔ ပထမ၊ Texas ျပည္နယ္က လူနာသစ္ ၈,၀၇၆ ေယာက္နဲ႔ ဒုတိယ၊ Florida ျပည္နယ္က ၆,၅၆၃ နဲ႔တတိယ၊ Arizona ျပည္နယ္က ၄,၈၇၇ ေယာက္နဲ႔ စတုတၳျဖစ္တယ္လို႔ COVID ေရာဂါ ကူးစက္သူအေရအတြက္ကို မွတ္တမ္းတင္ေနတဲ့ The Atlantic မဂၢဇင္းက ေျပာပါတယ္။
California ျပည္နယ္မွာ ကိုဗစ္ေရာဂါ ကူးစက္တဲ့ႏႈန္း ပိုမ်ားလာတဲ့အတြက္ ျပည္နယ္တခုလံုးမွာ ကန္႔သတ္ထိန္းခ်ဳပ္မႈေတြကို ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Gavin Newsom က ျပန္လည္ထုတ္ျပန္ခဲ့ပါတယ္။
"ေရာဂါကူးစက္မႈေၾကာင့္ ျပည္နယ္ထဲက တခ်ဳိ႕လုပ္ငန္းက႑ေတြအေနနဲ႔ အမိုးအကာေအာက္မွာလုပ္တဲ့ လုပ္ငန္းေတြ ပိတ္ရမယ္" လို႔ အုပ္ခ်ဳပ္ေရးမွဴး Newsom က ေျပာပါတယ္။ အခုဆိုရင္ California ျပည္နယ္ထဲမွာ အရက္ဘားေတြ၊ ႐ုပ္႐ွင္႐ံုေတြကို ပိတ္ခိုင္းထားၿပီး ၿမိဳ႕နယ္ ၁၉ ၿမိဳ႕နယ္မွာ႐ွိတဲ့ စားေသာက္ဆုိင္ေတြကို ဆိုင္ထဲမွာ ဝင္ထုိင္စားေသာက္တာ တားျမစ္ထားပါတယ္။
ဗုဒၶဟူးေန႔က အတည္ျပဳလူနာ စံခ်ိန္တင္မ်ားခဲ့တဲ့ တျခားျပည္နယ္ေတြထဲမွာ Alaska, Georgia, Louisiana, ေျမာက္ Carolina နဲ႔ Tennessee ျပည္နယ္တို႔လည္းပါဝင္ပါတယ္။ ျပည္နယ္ ၈ ခုမွာလည္း ေဆး႐ံုတင္ထားရတဲ့လူနာ စံခ်ိန္တင္ေအာင္မ်ားေနပါတယ္။
ႏိုင္ငံထဲက အႀကီးဆံုး Texas ျပည္နယ္မွာဆိုရင္ ေဆး႐ံုေတြမွာ လက္ခံကုသေပးႏိုင္တဲ့ လူနာျပည့္လုနီးျဖစ္ေနပါတယ္။ ခုလိုေရာဂါကူးစက္သူမ်ားေနတဲ့ ေနရာေတြကသူေတြ New York ၿမိဳ႕ကို လာေရာက္ႏိုင္ေျခ႐ွိတာမို႔ ၿမိဳ႕ထဲက စားေသာက္ဆိုင္ေတြမွာ ဝင္ထုိင္စားေသာက္ခြင့္ ျပန္ေပးဖုိ႔ကို ၿမိဳ႕ေတာ္ဝန္က ဆိုင္းငံ့ထားပါတယ္။ Pennsylvania ျပည္နယ္မွာေတာ့ ျပည္နယ္တခုလံုး ႏွာေခါင္းစည္း မျဖစ္မေန ဝတ္ထားဖုိ႔လိုတယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက ဗုဒၶဟူးေန႔က အမိန္႔ထုတ္ခဲ့ပါတယ္။
ဒီဇင္ဘာလထဲကစၿပီး ကမာၻတဝန္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ေနသူ ၁၀ သန္းမွာ ၆၀ ရာခိုင္ႏႈန္းက ဇြန္လတလထဲမွာ ကူးစက္တာျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ႀကီးက ေျပာပါတယ္။ ေရာဂါကူးစက္မႈ ေလ်ာ့က် မသြားဘဲ ပိုဆိုးလာတဲ့ လကၡဏာျဖစ္တယ္လို႔ WHO ကေျပာပါတယ္။
[Unicode Version]
အမေရိကန်မှာ တရက်အတွင်း လူ ၅၀,၀၀၀ COVID-19 ကူးစက်
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါ စတင်ဖြစ်ပွားကတည်းကဆိုရင် တရက်ထဲ အတည်ပြုလူနာအများဆုံးအဖြစ် ရောဂါကူးစက်နေသူ ၅၀,၀၀၀ တွေ့ရှိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က စံချိန်တင်တဲ့ အတည်ပြုလူနာအများဆုံးထဲမှာ ကယ်လီဖိုးနီးယား ပြည်နယ်က လူနာသစ် ၉,၇၄၀ ယောက်နဲ့ ပထမ၊ Texas ပြည်နယ်က လူနာသစ် ၈,၀၇၆ ယောက်နဲ့ ဒုတိယ၊ Florida ပြည်နယ်က ၆,၅၆၃ နဲ့တတိယ၊ Arizona ပြည်နယ်က ၄,၈၇၇ ယောက်နဲ့ စတုတ္ထဖြစ်တယ်လို့ COVID ရောဂါ ကူးစက်သူအရေအတွက်ကို မှတ်တမ်းတင်နေတဲ့ The Atlantic မဂ္ဂဇင်းက ပြောပါတယ်။
California ပြည်နယ်မှာ ကိုဗစ်ရောဂါ ကူးစက်တဲ့နှုန်း ပိုများလာတဲ့အတွက် ပြည်နယ်တခုလုံးမှာ ကန့်သတ်ထိန်းချုပ်မှုတွေကို ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။
"ရောဂါကူးစက်မှုကြောင့် ပြည်နယ်ထဲက တချို့လုပ်ငန်းကဏ္ဍတွေအနေနဲ့ အမိုးအကာအောက်မှာလုပ်တဲ့ လုပ်ငန်းတွေ ပိတ်ရမယ်" လို့ အုပ်ချုပ်ရေးမှူး Newsom က ပြောပါတယ်။ အခုဆိုရင် California ပြည်နယ်ထဲမှာ အရက်ဘားတွေ၊ ရုပ်ရှင်ရုံတွေကို ပိတ်ခိုင်းထားပြီး မြို့နယ် ၁၉ မြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တွေကို ဆိုင်ထဲမှာ ဝင်ထိုင်စားသောက်တာ တားမြစ်ထားပါတယ်။
ဗုဒ္ဓဟူးနေ့က အတည်ပြုလူနာ စံချိန်တင်များခဲ့တဲ့ တခြားပြည်နယ်တွေထဲမှာ Alaska, Georgia, Louisiana, မြောက် Carolina နဲ့ Tennessee ပြည်နယ်တို့လည်းပါဝင်ပါတယ်။ ပြည်နယ် ၈ ခုမှာလည်း ဆေးရုံတင်ထားရတဲ့လူနာ စံချိန်တင်အောင်များနေပါတယ်။
နိုင်ငံထဲက အကြီးဆုံး Texas ပြည်နယ်မှာဆိုရင် ဆေးရုံတွေမှာ လက်ခံကုသပေးနိုင်တဲ့ လူနာပြည့်လုနီးဖြစ်နေပါတယ်။ ခုလိုရောဂါကူးစက်သူများနေတဲ့ နေရာတွေကသူတွေ New York မြို့ကို လာရောက်နိုင်ခြေရှိတာမို့ မြို့ထဲက စားသောက်ဆိုင်တွေမှာ ဝင်ထိုင်စားသောက်ခွင့် ပြန်ပေးဖို့ကို မြို့တော်ဝန်က ဆိုင်းငံ့ထားပါတယ်။ Pennsylvania ပြည်နယ်မှာတော့ ပြည်နယ်တခုလုံး နှာခေါင်းစည်း မဖြစ်မနေ ဝတ်ထားဖို့လိုတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဗုဒ္ဓဟူးနေ့က အမိန့်ထုတ်ခဲ့ပါတယ်။
ဒီဇင်ဘာလထဲကစပြီး ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသူ ၁၀ သန်းမှာ ၆၀ ရာခိုင်နှုန်းက ဇွန်လတလထဲမှာ ကူးစက်တာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ ရောဂါကူးစက်မှု လျော့ကျ မသွားဘဲ ပိုဆိုးလာတဲ့ လက္ခဏာဖြစ်တယ်လို့ WHO ကပြောပါတယ်။