[Zawgyi/Unicode]
အေမရိကန္ျပည္ေထာင္စုမွာ အဂၤါေန႔က ကို႐ိုနာဗိုင္းရပ္စ္ပိုး ေနာက္ထပ္ကူးစက္သူအေရအတြက္ဟာ ၄၇,၀၀၀ ရွိခဲ့တာေၾကာင့္ ေရာဂါပိုးစၿပီး ပ်ံ႕ႏွံ႔ကူးစက္ကတည္းကဆိုရင္ တရက္အတြင္း ေရာဂါပိုးကူးစက္သူအေရအတြက္ ထပ္ၿပီး စံခ်ိန္တင္သြားပါတယ္။
ေရာဂါပိုး ေနာက္ထပ္ကူးစက္သူအေရအတြက္ အမ်ားဆံုးျပည္နယ္ေတြကေတာ့ အရီဇိုးနား၊ တကၠဆက္စ္၊ ကာလီဖိုးနီးယား၊ ဖေလာ္ရီဒါ၊ ေဂ်ာ္ဂ်ီယာနဲ႔ ေတာင္ကာ႐ိုလိုင္းနားျပည္နယ္ေတြျဖစ္ပါတယ္။
လက္ရွိ ေရာဂါပိုး ကူးစက္မႈအေရအတြက္ကို မထိန္းခ်ဳပ္ႏုိင္ဘူးဆိုရင္ေတာ့ တရက္ကို ကူးစက္သူအေရအတြက္ ႏွစ္ဆေက်ာ္တိုးၿပီး ၁၀၀,၀၀၀ ေက်ာ္ထိ ရွိလာႏုိင္တယ္လုိ႔ ကူးစက္ေရာဂါဆိုင္ရာ အေမရိကန္ ထိပ္တန္း တာဝန္ရွိသူ ေဒါက္တာ Anthony Fauci ကလည္း အဂၤါေန႔ အထက္လႊတ္ေတာ္ ၾကားနာပြဲတခုအတြင္း သတိေပးေျပာဆိုသြားပါတယ္။
"ေရာဂါပိုးကူးစက္မႈ တိုးလာေနတဲ့ ေဒသေတြကိုပဲ အာ႐ံုစိုက္ေနလို႔ မရပါဘူး။ တႏုိင္ငံလံုးအတြက္ အႏၲရာယ္ ရွိေနတာပါ။ လက္ရွိမွာ တရက္ကို ေနာက္ထပ္ေရာဂါပိုးကူးစက္မႈအေရအတြက္ ၄၀,၀၀၀ ေက်ာ္ ရွိေနပါၿပီ။ ဒါကို မထိန္းခ်ဳပ္ႏုိင္ဘူး ဆိုရင္ေတာ့ တရက္ကို ကူးစက္သူ ၁၀၀,၀၀၀ ထိ ေရာက္သြားမယ္ဆိုရင္ က်ေနာ္ အံ့ၾသမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ က်ေနာ့္အေနနဲ႔ သိပ္ကို စိုးရိမ္မိပါတယ္။" လို႔ အထက္လႊတ္ေတာ္ ေကာ္မတီတရပ္ေရွ႕ ၾကားနာပြဲအတြင္း ေဒါက္တာ Fauci ကေျပာသြားတာပါ။
COVID-19 ေရာဂါကိုကာကြယ္ဖို႔ စိတ္ခ်ရတဲ့ ကာကြယ္ေဆးတမ်ဳိးမ်ဳိး သိပ္မၾကာခင္ကာလအတြင္း ရလာမယ့္ အာမခံခ်က္ အခုိင္အမာ မရွိေသးဘူးလို႔လည္း ေဒါက္တာ Fauci က သတိေပးပါတယ္။
အေမရိကန္ႏို္င္ငံသားေတြအေနနဲ႔ လူခ်င္း ခပ္ခြာခြာေနရမယ့္ စည္းကမ္းသတ္မွတ္ခ်က္ေတြကို လိုက္နာၾကဖို႔နဲ႔ ႏွာေခါင္းစည္း တပ္ၾကဖို႔လည္း သူက တိုက္တြန္းသြားပါတယ္။
အေမရိကန္ႏုိင္ငံသားတခ်ဳိ႕ အထူးသျဖင့္ အရြယ္ေရာက္ၿပီးသား လူငယ္ေတြၾကားမွာ သတ္မွတ္ခ်က္ေတြကို လိုက္နာတာ အားနည္းသလို ႏွာေခါင္းစည္းေတြကိုလည္း မတပ္ၾကတဲ့အေပၚ က်န္းမာေရးတာဝန္ရွိသူေတြ သတိေပး ေျပာဆိုေနခ်ိန္မွာပဲ ေဒါက္တာ Fauci ကလည္း အခုလို တိုက္တြန္းသြားတာပါ။
ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွ႔ံမႈအေျခအေနကို စစ္တမ္းေကာက္ယူ ထုတ္ျပန္ေပးေနတဲ့ Johns Hopkins တကၠသိုလ္ရဲ႕ ေနာက္ဆံုးကိန္းဂဏန္းေတြအရ အေမရိကန္မွာ ေရာဂါပိုးကူးစက္သူအေရအတြက္ ၂,၆၀၀,၀၀၀ ေက်ာ္ ရွိၿပီျဖစ္ၿပီး ေသဆံုးသူက ၁၂၇,၀၀၀ ေက်ာ္သြားပါၿပီ။
တကမာၻလံုးအေနနဲ႔ဆိုုရင္ေတာ့ COVID-19 ေရာဂါကူးစက္သူေပါင္း ၁၀ သန္းခြဲနီးပါးရွိေနၿပီျဖစ္ၿပီး ေသဆံုးသူေပါင္းက ၅၁၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။
[Unicode Version]
အမေရိကန်မှာ တရက်အတွင်း ရောဂါကူးစက်မှု စံချိန်တင်တိုးများ
အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ်ပိုး နောက်ထပ်ကူးစက်သူအရေအတွက်ဟာ ၄၇,၀၀၀ ရှိခဲ့တာကြောင့် ရောဂါပိုးစပြီး ပျံ့နှံ့ကူးစက်ကတည်းကဆိုရင် တရက်အတွင်း ရောဂါပိုးကူးစက်သူအရေအတွက် ထပ်ပြီး စံချိန်တင်သွားပါတယ်။
ရောဂါပိုး နောက်ထပ်ကူးစက်သူအရေအတွက် အများဆုံးပြည်နယ်တွေကတော့ အရီဇိုးနား၊ တက္ကဆက်စ်၊ ကာလီဖိုးနီးယား၊ ဖလော်ရီဒါ၊ ဂျော်ဂျီယာနဲ့ တောင်ကာရိုလိုင်းနားပြည်နယ်တွေဖြစ်ပါတယ်။
လက်ရှိ ရောဂါပိုး ကူးစက်မှုအရေအတွက်ကို မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ တရက်ကို ကူးစက်သူအရေအတွက် နှစ်ဆကျော်တိုးပြီး ၁၀၀,၀၀၀ ကျော်ထိ ရှိလာနိုင်တယ်လို့ ကူးစက်ရောဂါဆိုင်ရာ အမေရိကန် ထိပ်တန်း တာဝန်ရှိသူ ဒေါက်တာ Anthony Fauci ကလည်း အင်္ဂါနေ့ အထက်လွှတ်တော် ကြားနာပွဲတခုအတွင်း သတိပေးပြောဆိုသွားပါတယ်။
"ရောဂါပိုးကူးစက်မှု တိုးလာနေတဲ့ ဒေသတွေကိုပဲ အာရုံစိုက်နေလို့ မရပါဘူး။ တနိုင်ငံလုံးအတွက် အန္တရာယ် ရှိနေတာပါ။ လက်ရှိမှာ တရက်ကို နောက်ထပ်ရောဂါပိုးကူးစက်မှုအရေအတွက် ၄၀,၀၀၀ ကျော် ရှိနေပါပြီ။ ဒါကို မထိန်းချုပ်နိုင်ဘူး ဆိုရင်တော့ တရက်ကို ကူးစက်သူ ၁၀၀,၀၀၀ ထိ ရောက်သွားမယ်ဆိုရင် ကျနော် အံ့သြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော့်အနေနဲ့ သိပ်ကို စိုးရိမ်မိပါတယ်။" လို့ အထက်လွှတ်တော် ကော်မတီတရပ်ရှေ့ ကြားနာပွဲအတွင်း ဒေါက်တာ Fauci ကပြောသွားတာပါ။
COVID-19 ရောဂါကိုကာကွယ်ဖို့ စိတ်ချရတဲ့ ကာကွယ်ဆေးတမျိုးမျိုး သိပ်မကြာခင်ကာလအတွင်း ရလာမယ့် အာမခံချက် အခိုင်အမာ မရှိသေးဘူးလို့လည်း ဒေါက်တာ Fauci က သတိပေးပါတယ်။
အမေရိကန်နိုင်ငံသားတွေအနေနဲ့ လူချင်း ခပ်ခွာခွာနေရမယ့် စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာကြဖို့နဲ့ နှာခေါင်းစည်း တပ်ကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။
အမေရိကန်နိုင်ငံသားတချို့ အထူးသဖြင့် အရွယ်ရောက်ပြီးသား လူငယ်တွေကြားမှာ သတ်မှတ်ချက်တွေကို လိုက်နာတာ အားနည်းသလို နှာခေါင်းစည်းတွေကိုလည်း မတပ်ကြတဲ့အပေါ် ကျန်းမာရေးတာဝန်ရှိသူတွေ သတိပေး ပြောဆိုနေချိန်မှာပဲ ဒေါက်တာ Fauci ကလည်း အခုလို တိုက်တွန်းသွားတာပါ။
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအခြေအနေကို စစ်တမ်းကောက်ယူ ထုတ်ပြန်ပေးနေတဲ့ Johns Hopkins တက္ကသိုလ်ရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ အမေရိကန်မှာ ရောဂါပိုးကူးစက်သူအရေအတွက် ၂,၆၀၀,၀၀၀ ကျော် ရှိပြီဖြစ်ပြီး သေဆုံးသူက ၁၂၇,၀၀၀ ကျော်သွားပါပြီ။
တကမ္ဘာလုံးအနေနဲ့ဆိုရင်တော့ COVID-19 ရောဂါကူးစက်သူပေါင်း ၁၀ သန်းခွဲနီးပါးရှိနေပြီဖြစ်ပြီး သေဆုံးသူပေါင်းက ၅၁၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။