သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကူးစက္မႈ တိုးလို႔ အေမရိကန္နဲ႔ အိႏိၵယ ကန္႔သတ္ခ်က္ေတြ ျပန္ခ်


အေမရိကန္ႏိုင္ငံ နယူးေယာက္ျပည္နယ္ နယူးေယာက္ၿမိဳ႕က ေစ်းဆိုင္တခုမွာ ဆိုင္ထဲမ၀င္ခင္ ကိုယ္အပူခ်ိန္ တိုင္းတာေပးေနတဲ့ အမ်ိဳးသား၀န္ထမ္းတဦး။ (ဇြန္ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ျမင့္တက္လာတာေၾကာင့္ ကန႔္သတ္ခ်က္ေတြ ျပန္ၿပီး ခ်မွတ္ဖို႔ျဖစ္လာတဲ့ ကမာၻ႔ႏိုင္ငံေတြထဲမွာ အိႏၵိယနဲ႔ အေမရိကန္ျပည္ေထာင္စုလည္း ပါဝင္ပါတယ္။

အိႏၵိယႏိုင္ငံမွာ ဒီကေန႔ တရက္ထဲ ပိုးကူးစက္ခံထားရသူ ၂၀,၀၀၀ ဝန္းက်င္နဲ႔ ေနာက္ထပ္စံခ်ိန္သစ္တင္ခဲ့တာပါ။ မႏွစ္ဒီဇင္ဘာလမွာ ကပ္ေရာဂါ စတင္ခဲ့တဲ့အခ်ိန္ကစၿပီး ပိုးကူးခံထားရသူ အမ်ားဆုံး ရွိေနတာကေတာ့ အေမရိကန္၊ ဘရာဇီးလ္၊ ႐ုရွားနဲ႔ အိႏၵိယႏိုင္ငံပါ။

အိႏၵိယ အာသံျပည္နယ္မွာ ဂ်ဴလိုင္လ ၁၂ ရက္ေန႔ထိ ကန႔္သတ္ခ်က္ေတြ ခ်မွတ္လိုက္ၿပီး အေနာက္ဘန္ေဂါျပည္နယ္မွာေတာ့ ဂ်ဴလိုင္လကုန္ထိ ရက္တိုးလိုက္ပါတယ္။ အေမရိကန္မွာလည္း ဖေလာ္ရီဒါ၊ တကၠဆက္၊ ကယ္လီဖိုးနီးယားနဲ႔ အရီဇိုးနား ျပည္နယ္ေတြမွာ ပိုးကူးစက္မႈေတြ ျမင့္တက္လာေနပါတယ္။

ဖေလာ္ရီဒါျပည္နယ္က ပင္လယ္ကမ္းေျခေတြကို တခါ ျပန္ပိတ္ထားမယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႈး Ron DeSantis ကတနဂၤေႏြေန႔မွာ ေၾကျငာပါတယ္။ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ ႏွာေခါင္းစည္းတပ္ဖို႔၊ လူအခ်င္းခပ္ခြါခြါေနဖို႔ အႀကံျပဳခ်က္ကို မလိုက္နာတဲ့ ေနၾကတဲ့ လူငယ္လူ႐ြယ္ေတြေၾကာင့္ ပိုးကူးစက္မႈ ျမင့္တက္လာတာဆိုၿပီး အုပ္ခ်ဳပ္ေရးမွဴး DeSantis က ျပစ္တင္ေျပာဆိုခဲ့တာပါ။

Texas ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Greg Abbott
Texas ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Greg Abbott

တကၠဆတ္နဲ႔ ကယ္လီဖိုးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးေတြလည္း အရက္ဘားဆိုင္အေတာ္မ်ားမ်ားကို ပိတ္ထားလိုက္ပါတယ္။ တကၠဆတ္ျပည္နယ္မွာ ၿပီးခဲ့တဲ့ သီတင္းပတ္အနည္းငယ္အတြင္း COVID-19 ေရာဂါကူးစက္မႈက အႏၲရာယ္ႀကီးေလာက္ေအာင္ တိုးလာတယ္လို႔ အုပ္ခ်ဳပ္ေရးမွဴး Greg Abbott က ေျပာပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္ေကာင္တီတခ်ိဳ႕မွာ ျပန္ဖြင့္ခြင့္ျပဳထားတဲ့ ဘားဆိုင္ေတြကို အုပ္ခ်ဳပ္ေရးမွဴး Gavin Newsom က ျပန္ပိတ္လိုက္သလို တျခားေကာင္တီေတြကိုလည္း ဘားဆိုင္ေတြ ပိတ္ထားဖို႔ တိုက္တြန္းခဲ့တာပါ။

ၿပီးခဲ့တဲ့တပတ္အတြင္း ပိုးကူးခံရသူ ၃,၀၀၀ ေက်ာ္ရွိခဲ့တဲ့ ဝါရွင္တန္ျပည္နယ္မွာလည္း လုပ္ငန္းအားလုံးျပန္ဖြင့္မယ့္ အစီအစဥ္ကိုအုပ္ခ်ဳပ္ေရးမွဴး Jay Inslee က ဆိုင္းငံ့ထားလိုက္ပါတယ္။ အေမရိကန္ John Hopkins တကၠသိုလ္ရဲ႕စစ္တမ္အရး ကမာၻမွာ လက္ရွိ ပိုးကူးခံရသူ ၁၀.၁ သန္းေက်ာ္နဲ႔ ေသဆုံးသူကလည္း ၅၀၂,၀၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ကူးစက်မှု တိုးလို့ အမေရိကန်နဲ့ အိန္ဒိယ ကန့်သတ်ချက်တွေ ပြန်ချ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာတာကြောင့် ကန့်သတ်ချက်တွေ ပြန်ပြီး ချမှတ်ဖို့ဖြစ်လာတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုလည်း ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဒီကနေ့ တရက်ထဲ ပိုးကူးစက်ခံထားရသူ ၂၀,၀၀၀ ဝန်းကျင်နဲ့ နောက်ထပ်စံချိန်သစ်တင်ခဲ့တာပါ။ မနှစ်ဒီဇင်ဘာလမှာ ကပ်ရောဂါ စတင်ခဲ့တဲ့အချိန်ကစပြီး ပိုးကူးခံထားရသူ အများဆုံး ရှိနေတာကတော့ အမေရိကန်၊ ဘရာဇီးလ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံပါ။

အိန္ဒိယ အာသံပြည်နယ်မှာ ဂျူလိုင်လ ၁၂ ရက်နေ့ထိ ကန့်သတ်ချက်တွေ ချမှတ်လိုက်ပြီး အနောက်ဘန်ဂေါပြည်နယ်မှာတော့ ဂျူလိုင်လကုန်ထိ ရက်တိုးလိုက်ပါတယ်။ အမေရိကန်မှာလည်း ဖလော်ရီဒါ၊ တက္ကဆက်၊ ကယ်လီဖိုးနီးယားနဲ့ အရီဇိုးနား ပြည်နယ်တွေမှာ ပိုးကူးစက်မှုတွေ မြင့်တက်လာနေပါတယ်။

Florida ပြည်နယ် အုပ်ချုပ်ရေးမှူး DeSantis
Florida ပြည်နယ် အုပ်ချုပ်ရေးမှူး DeSantis

ဖလော်ရီဒါပြည်နယ်က ပင်လယ်ကမ်းခြေတွေကို တခါ ပြန်ပိတ်ထားမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှုး Ron DeSantis ကတနင်္ဂနွေနေ့မှာ ကြေငြာပါတယ်။ ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းတပ်ဖို့၊ လူအချင်းခပ်ခွါခွါနေဖို့ အကြံပြုချက်ကို မလိုက်နာတဲ့ နေကြတဲ့ လူငယ်လူရွယ်တွေကြောင့် ပိုးကူးစက်မှု မြင့်တက်လာတာဆိုပြီး အုပ်ချုပ်ရေးမှူး DeSantis က ပြစ်တင်ပြောဆိုခဲ့တာပါ။

တက္ကဆတ်နဲ့ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးတွေလည်း အရက်ဘားဆိုင်အတော်များများကို ပိတ်ထားလိုက်ပါတယ်။ တက္ကဆတ်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း COVID-19 ရောဂါကူးစက်မှုက အန္တရာယ်ကြီးလောက်အောင် တိုးလာတယ်လို့ အုပ်ချုပ်ရေးမှူး Greg Abbott က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ကောင်တီတချို့မှာ ပြန်ဖွင့်ခွင့်ပြုထားတဲ့ ဘားဆိုင်တွေကို အုပ်ချုပ်ရေးမှူး Gavin Newsom က ပြန်ပိတ်လိုက်သလို တခြားကောင်တီတွေကိုလည်း ဘားဆိုင်တွေ ပိတ်ထားဖို့ တိုက်တွန်းခဲ့တာပါ။

ပြီးခဲ့တဲ့တပတ်အတွင်း ပိုးကူးခံရသူ ၃,၀၀၀ ကျော်ရှိခဲ့တဲ့ ဝါရှင်တန်ပြည်နယ်မှာလည်း လုပ်ငန်းအားလုံးပြန်ဖွင့်မယ့် အစီအစဉ်ကိုအုပ်ချုပ်ရေးမှူး Jay Inslee က ဆိုင်းငံ့ထားလိုက်ပါတယ်။ အမေရိကန် John Hopkins တက္ကသိုလ်ရဲ့စစ်တမ်အရး ကမ္ဘာမှာ လက်ရှိ ပိုးကူးခံရသူ ၁၀.၁ သန်းကျော်နဲ့ သေဆုံးသူကလည်း ၅၀၂,၀၀၀ ကျော်ရှိပါတယ်။

XS
SM
MD
LG