သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ COVID ကူးစက္မႈ တုိးလာတဲ့အေပၚ လူငယ္ေတြကို ဒုသမၼတ အျပစ္ဖို႔


နယူးေယာက္မွာ ႏွာေခါင္းစည္းတပ္ သြားလာေနသူႏွစ္ဦး။ (ေမ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ကိုဗစ္ေရာဂါကူးစက္မႈ သိသိသာသာ ျပန္တိုးလာတာဟာ အထူးသျဖင့္ အသက္ ၃၅ ႏွစ္ေအာက္ လူငယ္ေတြၾကား ႏွာေခါင္းစည္းတပ္ရမယ္၊ ခပ္ခြာခြာေနရမယ္ဆိုတဲ့ ေရာဂါတားဆီးေရးဆိုင္ရာ သတိေပးခ်က္ေတြကုိ လိုက္နာမႈ မရွိတာေၾကာင့္လို႔ ဆိုၿပီး ဒုသမၼတ Mike Pence က တနဂၤေႏြေန႔မွာ ျပစ္တင္ ေဝဖန္လိုက္ပါတယ္။

ဒီအခ်က္က ျငင္းလို႔မရေၾကာင္း CBS ႐ုပ္သံဌာနရဲ႕ “Face the Nation” အစီအစဥ္ ေမးျမန္းခန္းမွာ Pence က ေျပာသြားတာပါ။

အေမရိကန္မွာ တေန႔ကို လူ ၅ သိန္း ေရာဂါပိုးရွိမရွိ စစ္ေဆးေပးေနၿပီး စီးပြားေရးလုပ္ငန္းေတြ ျပန္ဖြင့္ေနခ်ိန္မွာ ျပည္ေထာင္စုအဆင့္ သတ္မွတ္ထားတဲ့ သတိေပးခ်က္ေတြကုိ အေမရိကန္ လူငယ္ေတြၾကား မလိုက္နာၾကဘူးလို႔ သူက ေျပာသြားပါတယ္။

ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္း ေတာင္ပိုင္း ဖေလာ္ရီဒါ၊ တကၠဆက္စ္၊ အရီဇုိးနား ျပည္နယ္ေတြမွာ ကူးစက္မႈ သိသိသာသာ တုိးခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ တႏိုင္ငံလုံး ေသာၾကာေန႔ တရက္တည္းမွာတင္ ကူးစက္လူနာသစ္ ၄၀,၀၀၀ ေက်ာ္ ရွိခဲ့ၿပီး ဒါဟာ ၿပီးခဲ့တဲ့ ၆ လအတြင္း စံခ်ိန္တင္ မ်ားျပားခဲ့ပါတယ္။ ဒါေၾကာင့္ လာမယ့္သီတင္းပတ္ထဲ ဖေလာ္ရီဒါနဲ႔ အရီဇုိးနားကို သြားေရာက္ဖို႔ရွိတဲ့ ႏိုင္ငံေရးခရီးစဥ္ကိုလည္း ဒုသမၼတက ဖ်က္သိမ္းလိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ခုခ်ိန္ထိ ၂ သန္းခဲြေက်ာ္ ရွိၿပီး ကုိဗစ္ေၾကာင့္ လူေပါင္း ၁ သိန္း ၂ ေသာင္းခဲြေက်ာ္ ေသဆုံးခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

အမေရိကန်မှာ COVID ကူးစက်မှု တိုးလာတဲ့အပေါ် လူငယ်တွေကို ဒုသမ္မတ အပြစ်ဖို့

အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်ရောဂါကူးစက်မှု သိသိသာသာ ပြန်တိုးလာတာဟာ အထူးသဖြင့် အသက် ၃၅ နှစ်အောက် လူငယ်တွေကြား နှာခေါင်းစည်းတပ်ရမယ်၊ ခပ်ခွာခွာနေရမယ်ဆိုတဲ့ ရောဂါတားဆီးရေးဆိုင်ရာ သတိပေးချက်တွေကို လိုက်နာမှု မရှိတာကြောင့်လို့ ဆိုပြီး ဒုသမ္မတ Mike Pence က တနင်္ဂနွေနေ့မှာ ပြစ်တင် ဝေဖန်လိုက်ပါတယ်။

ဒီအချက်က ငြင်းလို့မရကြောင်း CBS ရုပ်သံဌာနရဲ့ “Face the Nation” အစီအစဉ် မေးမြန်းခန်းမှာ Pence က ပြောသွားတာပါ။

အမေရိကန်မှာ တနေ့ကို လူ ၅ သိန်း ရောဂါပိုးရှိမရှိ စစ်ဆေးပေးနေပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်နေချိန်မှာ ပြည်ထောင်စုအဆင့် သတ်မှတ်ထားတဲ့ သတိပေးချက်တွေကို အမေရိကန် လူငယ်တွေကြား မလိုက်နာကြဘူးလို့ သူက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တောင်ပိုင်း ဖလော်ရီဒါ၊ တက္ကဆက်စ်၊ အရီဇိုးနား ပြည်နယ်တွေမှာ ကူးစက်မှု သိသိသာသာ တိုးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် တနိုင်ငံလုံး သောကြာနေ့ တရက်တည်းမှာတင် ကူးစက်လူနာသစ် ၄၀,၀၀၀ ကျော် ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ၆ လအတွင်း စံချိန်တင် များပြားခဲ့ပါတယ်။ ဒါကြောင့် လာမယ့်သီတင်းပတ်ထဲ ဖလော်ရီဒါနဲ့ အရီဇိုးနားကို သွားရောက်ဖို့ရှိတဲ့ နိုင်ငံရေးခရီးစဉ်ကိုလည်း ဒုသမ္မတက ဖျက်သိမ်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ခုချိန်ထိ ၂ သန်းခွဲကျော် ရှိပြီး ကိုဗစ်ကြောင့် လူပေါင်း ၁ သိန်း ၂ သောင်းခွဲကျော် သေဆုံးခဲ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG