သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ျပည္နယ္တခ်ိဳ႕မွာ COVID-19 ကူးစက္မႈႏႈန္း စံခ်ိန္တင္ျမင့္တက္


တကၠဆက္ျပည္နယ္ ဒါးလက္စ္ၿမိဳ႕ စားေသာက္ဆုိင္တဆုိင္က ဝန္ထမ္းႏွစ္ဦး။ (ဇြန္ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ႏုိင္ငံ ေတာင္ပိုင္းနဲ႔ အေနာက္ပိုင္းျပည္နယ္ အမ်ားအျပားမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈႏႈန္း ျမင့္မားေနၿပီး အရီဇိုးနားနဲ႔ ဖေလာ္ရီဒါျပည္နယ္ေတြမွာ စေနေန႔က တရက္အတြင္း ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ စံခ်ိန္တင္ေလာက္ေအာင္ ေတြ႔ခဲ့ရပါတယ္။

ေတာင္ပိုင္းက တကၠဆက္စ္ျပည္နယ္မွာလည္း ကူးစက္သူ တုိးလာေနတာေၾကာင့္ အခ်ိန္မတန္ေသးဘဲ အရက္ဘားေတြ ျပန္ဖြင့္ခြင့္ေပးခဲ့တာအတြက္ ေနာက္တရေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Greg Abbott က ေျပာပါတယ္။

စေနေန႔အထိဆို ကမာၻတလႊားမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၀ သန္းနီးပါး ရွိေနၿပီျဖစ္ၿပီး ေသဆံုးရသူက ၅ သိန္းနီးပါး ရွိေနတယ္လို႔ အေမရိကန္ Johns Hopkins စစ္တမ္းမွာ ေဖာ္ျပပါတယ္။

အေမရိကန္ႏုိင္ငံမွာေတာ့ ကူးစက္ခံရသူ ၂ သန္းခြဲနီးပါးနဲ႔ ကမာၻတလႊား ကူးစက္ခံရသူ အားလံုးရဲ႕ ေလးပံုတပံုေလာက္ရွိၿပီး အမ်ားဆံုးျဖစ္ေနသလုိ ဘရာဇီးက ၁.၃ သန္းနဲ႔ ဒုတိယအမ်ားဆံုးျဖစ္ၿပီး ႐ုရွားက ၆ သိန္းေက်ာ္နဲ႔ တတိယ အမ်ားဆံုးပါ။

စတုတၳအမ်ားဆံုးျဖစ္ေနတဲ့ အိႏၵိယႏိုင္ငံမွာလည္း စေနေန႔က တရက္အတြင္း ကူးစက္ခံရသူ ၂၀,၀၀၀ နီးပါးနဲ႔ စံခ်ိန္တင္ခဲ့ၿပီး အခုအခါမွာ အိႏၵိယတႏိုင္ငံလံုး အေနနဲ႔ ကူးစက္ခံရသူ သန္းတဝက္ေက်ာ္ ရွိေနပါၿပီ။

WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးကေတာ့ ဒီေရာဂါရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြ၊ ကာကြယ္ေဆးနဲ႔ ကုသေရးေတြအတြက္ ရန္ပံုေငြ ေဒၚလာဘီလီယံ ၃၀ ေက်ာ္ လုိအပ္တယ္လို႔ ေသာၾကာေန႔က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

အမေရိကန် ပြည်နယ်တချို့မှာ COVID-19 ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်

အမေရိကန်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ် အများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားနေပြီး အရီဇိုးနားနဲ့ ဖလော်ရီဒါပြည်နယ်တွေမှာ စနေနေ့က တရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စံချိန်တင်လောက်အောင် တွေ့ခဲ့ရပါတယ်။

တောင်ပိုင်းက တက္ကဆက်စ်ပြည်နယ်မှာလည်း ကူးစက်သူ တိုးလာနေတာကြောင့် အချိန်မတန်သေးဘဲ အရက်ဘားတွေ ပြန်ဖွင့်ခွင့်ပေးခဲ့တာအတွက် နောက်တရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ပြောပါတယ်။

စနေနေ့အထိဆို ကမ္ဘာတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ သန်းနီးပါး ရှိနေပြီဖြစ်ပြီး သေဆုံးရသူက ၅ သိန်းနီးပါး ရှိနေတယ်လို့ အမေရိကန် Johns Hopkins စစ်တမ်းမှာ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ကူးစက်ခံရသူ ၂ သန်းခွဲနီးပါးနဲ့ ကမ္ဘာတလွှား ကူးစက်ခံရသူ အားလုံးရဲ့ လေးပုံတပုံလောက်ရှိပြီး အများဆုံးဖြစ်နေသလို ဘရာဇီးက ၁.၃ သန်းနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ရုရှားက ၆ သိန်းကျော်နဲ့ တတိယ အများဆုံးပါ။

စတုတ္ထအများဆုံးဖြစ်နေတဲ့ အိန္ဒိယနိုင်ငံမှာလည်း စနေနေ့က တရက်အတွင်း ကူးစက်ခံရသူ ၂၀,၀၀၀ နီးပါးနဲ့ စံချိန်တင်ခဲ့ပြီး အခုအခါမှာ အိန္ဒိယတနိုင်ငံလုံး အနေနဲ့ ကူးစက်ခံရသူ သန်းတဝက်ကျော် ရှိနေပါပြီ။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ဒီရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ၊ ကာကွယ်ဆေးနဲ့ ကုသရေးတွေအတွက် ရန်ပုံငွေ ဒေါ်လာဘီလီယံ ၃၀ ကျော် လိုအပ်တယ်လို့ သောကြာနေ့က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG