သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတ၀န္း COVID-19 ကူးစက္ခံရသူ ၁၀ သန္းေက်ာ္သြားၿပီ


အိႏၵိယႏုိင္ငံ မြမ္ဘုိင္းၿမိဳ႕မွာ COVID-19 ကူးစက္ခံလူနာကို ေဆး႐ုံပို႔ဖို႔ ျပင္ဆင္ေနတဲ့ျမင္ကြင္း။ (ေမ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမၻာတ၀န္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေပါင္း ၁၀ သန္းေက်ာ္သြားၿပီျဖစ္သလို ဒီေရာဂါေၾကာင့္ ေသဆံုးသူ ၅ သိန္းေက်ာ္သြားၿပီလို႔ အေမရိကန္အေျခစုိက္ Johns Hopkins တကၠသိုလ္ သုေတသနဌာနရဲ႕ တနဂၤေႏြေန႔စာရင္းမွာ ေဖာ္ျပပါတယ္။

ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) အႀကီးအကဲ Tedros Adhanom Ghebreyesus ကလည္း ဒီေရာဂါကူးစက္သူ ၁၀ သန္းနီးပါးအထိ ျဖစ္လာေနၿပီဆိုတာကို မၾကာခင္ရက္ပိုင္းကပဲ သတိေပးခဲ့တာပါ။

ဒီေရာဂါနဲ႔ပတ္သက္တဲ့ ကာကြယ္ေဆးနဲ႔ ကုသနည္းေတြ ရွာေဖြစမ္းသပ္မႈ ဆက္လုပ္ေနတဲ့ တခ်ိန္တည္းမွာပဲ ေရာဂါကူးစက္မႈကုိ ထိန္းခ်ဳပ္ၿပီး လူ႔အသက္ကုိ ကယ္တင္ဖို႔ ေဆာင္ရြက္တာမွန္သမွ် အေရးတႀကီး လိုအပ္ေနတယ္ဆိုတာကို လက္ရွိအေျခအေနက ေဖာ္ျပေနတယ္လို႔လည္း WHO အႀကီးအကဲက ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုကေတာ့ ကမၻာေပၚမွာ ဒီေရာဂါကူးစက္မႈ အမ်ားဆံုးႏုိင္ငံအျဖစ္ ဆက္ရွိေနၿပီး Johns Hopkins သုေတသနဌာန စာရင္းအရ ကူးစက္သူေပါင္း ၂ သန္းခြဲေက်ာ္နဲ႔ ေသဆံုးသူ ၁ သိန္း ၂ ေသာင္းေက်ာ္ ရွိေနပါတယ္။ လတ္တေလာ ျပည္နယ္ ၅ ျပည္နယ္မွာ ေန႔စဥ္ကူးစက္မႈႏႈန္း စံခ်ိန္တင္ မ်ားျပားလာေနၿပီး ဒီအထဲက ဖေလာ္ရီဒါျပည္နယ္မွာ စေနေန႔ တေန႔တည္းမွာ ကူးစက္သူ ၉,၅၀၀ ေက်ာ္ရွိၿပီး တနဂၤေႏြေန႔ကလည္း ထပ္မံကူးစက္သူ ၈,၅၀၀ ေက်ာ္ ရွိခဲ့ပါတယ္။

ေဂ်ာ္ဂ်ီယာျပည္နယ္မွာေတာ့ တေန႔တည္း ကူးစက္သူ ၂,၀၀၀ နီးပါး၊ ေတာင္ကာ႐ိုလိုင္းနားမွာ ၁,၆၀၀ ေက်ာ္၊ အရီဇိုးနားျပည္နယ္မွာ ၃,၅၀၀ ေက်ာ္နဲ႔ နီဗားဒါးမွာ ၁,၀၀၀ ေက်ာ္ ရွိေနတာပါ။

ဒီျပည္နယ္ေတြတြင္း ေန႔စဥ္ကူးစက္မႈႏႈန္း စံခ်ိန္တင္ မ်ားျပားလာေနတာကိုၾကည့္ရင္ အေမရိကား ေတာင္ပိုင္းနဲ႔ အေနာက္ပိုင္းျပည္နယ္ အေတာ္မ်ားမ်ားမွာ ဒီေရာဂါကူးစက္မႈေတြ ဒီရက္ပိုင္း သိသိသာသာ တိုးလာေနတာကို ေဖာ္ျပေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ကမ္ဘာတဝန်း COVID-19 ကူးစက်ခံရသူ ၁၀ သန်းကျော်သွားပြီ

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၁၀ သန်းကျော်သွားပြီဖြစ်သလို ဒီရောဂါကြောင့် သေဆုံးသူ ၅ သိန်းကျော်သွားပြီလို့ အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ် သုတေသနဌာနရဲ့ တနင်္ဂနွေနေ့စာရင်းမှာ ဖော်ပြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း ဒီရောဂါကူးစက်သူ ၁၀ သန်းနီးပါးအထိ ဖြစ်လာနေပြီဆိုတာကို မကြာခင်ရက်ပိုင်းကပဲ သတိပေးခဲ့တာပါ။

ဒီရောဂါနဲ့ပတ်သက်တဲ့ ကာကွယ်ဆေးနဲ့ ကုသနည်းတွေ ရှာဖွေစမ်းသပ်မှု ဆက်လုပ်နေတဲ့ တချိန်တည်းမှာပဲ ရောဂါကူးစက်မှုကို ထိန်းချုပ်ပြီး လူ့အသက်ကို ကယ်တင်ဖို့ ဆောင်ရွက်တာမှန်သမျှ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို လက်ရှိအခြေအနေက ဖော်ပြနေတယ်လို့လည်း WHO အကြီးအကဲက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ကမ္ဘာပေါ်မှာ ဒီရောဂါကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ဆက်ရှိနေပြီး Johns Hopkins သုတေသနဌာန စာရင်းအရ ကူးစက်သူပေါင်း ၂ သန်းခွဲကျော်နဲ့ သေဆုံးသူ ၁ သိန်း ၂ သောင်းကျော် ရှိနေပါတယ်။ လတ်တလော ပြည်နယ် ၅ ပြည်နယ်မှာ နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင် များပြားလာနေပြီး ဒီအထဲက ဖလော်ရီဒါပြည်နယ်မှာ စနေနေ့ တနေ့တည်းမှာ ကူးစက်သူ ၉,၅၀၀ ကျော်ရှိပြီး တနင်္ဂနွေနေ့ကလည်း ထပ်မံကူးစက်သူ ၈,၅၀၀ ကျော် ရှိခဲ့ပါတယ်။

ဂျော်ဂျီယာပြည်နယ်မှာတော့ တနေ့တည်း ကူးစက်သူ ၂,၀၀၀ နီးပါး၊ တောင်ကာရိုလိုင်းနားမှာ ၁,၆၀၀ ကျော်၊ အရီဇိုးနားပြည်နယ်မှာ ၃,၅၀၀ ကျော်နဲ့ နီဗားဒါးမှာ ၁,၀၀၀ ကျော် ရှိနေတာပါ။

ဒီပြည်နယ်တွေတွင်း နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင် များပြားလာနေတာကိုကြည့်ရင် အမေရိကား တောင်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ် အတော်များများမှာ ဒီရောဂါကူးစက်မှုတွေ ဒီရက်ပိုင်း သိသိသာသာ တိုးလာနေတာကိုဖော်ပြနေပါတယ်။

XS
SM
MD
LG