(Zawgyi / Unicode)
အေမရိကန္မွာ ေသာၾကာေန႔ကစၿပီး ကို႐ိုနာဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၄၄,၆၀၂ ေယာက္ထက္မနည္းရွိၿပီး ေရာဂါကူးစက္သူ စုစုေပါင္း ၂ သန္းခဲြနီးပါး ရွိခဲ့ေၾကာင္း ကူးစက္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးဌာန (CDC) က မေန႔တုန္းကပဲ ေျပာဆုိလုိက္ပါတယ္။
ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ေနာက္ထပ္ ၆၅၁ ေယာက္ ထပ္ရွိတာေၾကာင့္ အခုဆုိရင္ ေသဆုံးသူစုစုေပါင္း ၁ သိန္း ၂ ေသာင္းခဲြ ေက်ာ္သြားၿပီလို႔လည္း ေျပာပါတယ္။
အေမရိကန္ ေတာင္ပိုင္းနဲ႔ အေနာက္ပိုင္းက ျပည္နယ္ ၅ ခုမွာ ေန႔စဥ္ ဗုိင္းရပ္စ္ကူးစက္မႈေတြဟာ မေန႔စေနေန႔က စံခ်ိန္တင္ ျမင့္တက္ခဲ့ၿပီး ဖေလာ္ရီဒါျပည္နယ္မွာ ၉,၅၀၀ ေက်ာ္၊ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ ၁,၉၀၀ ေက်ာ္၊ ေတာင္ကယ္႐ုိလိုင္းနားမွာ ၁,၆၀၄ ေယာက္၊ အရီဇိုးနားျပည္နယ္မွာ ၃,၅၉၁ ေယာက္နဲ႔ နီဗားဒါးျပည္နယ္မွာ ၁,၁၀၀ ေလာက္ ရွိခဲ့ပါတယ္။ ဒါ့အျပင္ တကၠဆက္စ္ျပည္နယ္မွာလည္း မေန႔က ဗုိင္းရပ္စ္ကူးစက္ခံရသူ ၅,၇၀၀ ရွိၿပီး ၄၂ ေယာက္ ထပ္ေသတာေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၄,၂၀၀ ရွိသြားၿပီျဖစ္ပါတယ္။
တကၠဆက္စ္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Gregg Abott ကေတာ့ စားေသာက္ဆုိင္ေတြ ျပန္ဖြင့္တာကို ေလ်ွာ့ခ်ဖို႔နဲ႔ ဘားဆုိင္ေတြကို ပိတ္ဖို႔ ျပန္ၿပီး ေျပာလိုက္ပါတယ္။
အေမရိကန္ျပည္ေထာင္စုဟာ ကမာၻေပၚမွာ ဗုိင္းရပ္စ္ကူးစက္မႈနဲ႔ ေသဆုံးမႈ အမ်ားဆုံးႏုိင္ငံျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ ဘရာဇီးႏုိင္ငံက ကူးစက္သူ ၁.၃ သန္းေက်ာ္နဲ႔ ဒုတိယနဲ႔ ႐ုရွားႏုိင္ငံမွာေတာ့ ဒီေန႔မွာ ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၆,၇၀၀ ေက်ာ္နဲ႔ စုစုေပါင္း ၆၃၀,၀၀၀ ေက်ာ္နဲ႔ တတိယအမ်ားဆုံး ျဖစ္ပါတယ္။
------------------------------
(Unicode)
အမေရိကန် ပြည်နယ် ၅ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေတိုး
အမေရိကန်မှာ သောကြာနေ့ကစပြီး ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၄၄,၆၀၂ ယောက်ထက်မနည်းရှိပြီး ရောဂါကူးစက်သူ စုစုပေါင်း ၂ သန်းခွဲနီးပါး ရှိခဲ့ကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန (CDC) က မနေ့တုန်းကပဲ ပြောဆိုလိုက်ပါတယ်။
ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နောက်ထပ် ၆၅၁ ယောက် ထပ်ရှိတာကြောင့် အခုဆိုရင် သေဆုံးသူစုစုပေါင်း ၁ သိန်း ၂ သောင်းခွဲ ကျော်သွားပြီလို့လည်း ပြောပါတယ်။
အမေရိကန် တောင်ပိုင်းနဲ့ အနောက်ပိုင်းက ပြည်နယ် ၅ ခုမှာ နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ မနေ့စနေနေ့က စံချိန်တင် မြင့်တက်ခဲ့ပြီး ဖလော်ရီဒါပြည်နယ်မှာ ၉,၅၀၀ ကျော်၊ ဂျော်ဂျီယာပြည်နယ်မှာ ၁,၉၀၀ ကျော်၊ တောင်ကယ်ရိုလိုင်းနားမှာ ၁,၆၀၄ ယောက်၊ အရီဇိုးနားပြည်နယ်မှာ ၃,၅၉၁ ယောက်နဲ့ နီဗားဒါးပြည်နယ်မှာ ၁,၁၀၀ လောက် ရှိခဲ့ပါတယ်။
ဒါ့အပြင် တက္ကဆက်စ်ပြည်နယ်မှာလည်း မနေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅,၇၀၀ ရှိပြီး ၄၂ ယောက် ထပ်သေတာကြောင့် သေဆုံးသူ စုစုပေါင်း ၄,၂၀၀ ရှိသွားပြီဖြစ်ပါတယ်။ တက္ကဆက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး Gregg Abott ကတော့ စားသောက်ဆိုင်တွေ ပြန်ဖွင့်တာကို လျှော့ချဖို့နဲ့ ဘားဆိုင်တွေကို ပိတ်ဖို့ ပြန်ပြီး ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး အဲဒီနောက်မှာတော့ ဘရာဇီးနိုင်ငံက ကူးစက်သူ ၁.၃ သန်းကျော်နဲ့ ဒုတိယနဲ့ ရုရှားနိုင်ငံမှာတော့ ဒီနေ့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆,၇၀၀ ကျော်နဲ့ စုစုပေါင်း ၆၃၀,၀၀၀ ကျော်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။