သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻလွည့္ခရီးသြားမ်ား အကန္႔အသတ္နဲ႔ EU ျပန္ခြင့္ျပဳ


EU အလံ။

[Zawgyi/Unicode]

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျပည္ပခရီးသြားဝင္ေရာက္ခြင့္ ပိတ္ပင္ထားတဲ့ ဥေရာပသမဂၢ EU က ဒီကေန႔ကစလို႔ ကမာၻလွည့္ခရီးသည္ေတြ ဝင္ေရာက္ခြင့္ ျပန္ၿပီး ခြင့္ျပဳေတာ့မွာျဖစ္ေပမယ့္ အဲဒီထဲမွာ အေမရိကန္ႏုိင္ငံသားေတြေတာ့ မပါေသးပါဘူး။

EU အဖြဲ႔ဝင္ႏုိင္ငံေတြ အဂၤါေန႔က မဲခြဲဆံုးျဖတ္လိုက္တဲ့ ဝင္ေရာက္ခြင့္ျပဳမယ့္ ႏုိင္ငံေတြထဲမွာ ၾသစေၾတးလ်၊ ကေနဒါ၊ ဂ်ပန္နဲ႔ မိုေရာကိုႏုိင္ငံေတြ ပါဝင္ၿပီး ေလာေလာဆယ္ ဝင္ခြင့္မျပဳေသးတဲ့ ႏုိင္ငံေတြစာရင္းထဲမွာေတာ့ အေမရိကန္နဲ႔အတူ ႐ုရွားနဲ႔ ဘရာဇီးလ္တို႔ ပါဝင္ပါတယ္။

COVID-19 ကပ္ေရာဂါေဘး အျပင္းထန္ဆံုးခံစားခ့ဲရတဲ့ အထူးသျဖင့္ ဥေရာပေတာင္ပိုင္းေဒသ ႏုိင္ငံေတြအပါအဝင္ EU အဖြဲ႔ဝင္ႏုိင္ငံေတြမွာ ခရီးသြားလုပ္ငန္း ျပန္ေကာင္းလာေစဖို႔ ရည္ရြယ္ၿပီးေတာ့ အပန္းေျဖခရီးပဲျဖစ္ျဖစ္၊ စီးပြားေရးအရပဲ ျဖစ္ျဖစ္ EU ႏုိင္ငံေတြဆီ ဝင္ေရာက္ခြင့္ ျပန္ဖြင့္ေပးတာျဖစ္ပါတယ္။

တ႐ုတ္ခရီးသြားေတြနဲ႔ ပတ္သက္လို႔ေတာ့ EU ႏုိင္ငံေတြက ခရီးသြားေတြကို တ႐ုတ္ႏုိင္ငံက ဝင္ခြင့္ျပဳမယ္ဆိုရင္ တ႐ုတ္ႏုိင္ငံက ခရီးသြားေတြကိုလည္း ဝင္ခြင့္ျပဳမယ္ဆိုတဲ့ ကန္႔သတ္ခ်က္နဲ႔ တ႐ုတ္ကို ထည့္သြင္းထားပါတယ္။

အခု EU က ျပည္ဝင္ခြင့္ ျပန္ဖြင့္ေပးလိုက္တဲ့ ႏုိင္ငံ ၁၄ ႏုိင္ငံက ဝင္လာသူေတြအေပၚ သက္ဆိုင္ရာ EU အဖြဲ႔ဝင္ ႏုိင္ငံအသီးသီးအေနနဲ႔ ကန္႔သတ္ခ်က္ေတြကို လိုအပ္သလို ခ်မွတ္လုပ္ေဆာင္ႏုိင္မွာျဖစ္ေပမဲ့ ဒီစာရင္းထဲမွာ မပါတဲ့ တျခားႏုိင္ငံေတြက ခရီးသြားေတြကိုေတာ့ ျပည္ဝင္ခြင့္ လံုးဝ မေပးဖို႔ ကန္႔သတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကမ္ဘာလှည့်ခရီးသွားများ အကန့်အသတ်နဲ့ EU ပြန်ခွင့်ပြု

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်ပခရီးသွားဝင်ရောက်ခွင့် ပိတ်ပင်ထားတဲ့ ဥရောပသမဂ္ဂ EU က ဒီကနေ့ကစလို့ ကမ္ဘာလှည့်ခရီးသည်တွေ ဝင်ရောက်ခွင့် ပြန်ပြီး ခွင့်ပြုတော့မှာဖြစ်ပေမယ့် အဲဒီထဲမှာ အမေရိကန်နိုင်ငံသားတွေတော့ မပါသေးပါဘူး။

EU အဖွဲ့ဝင်နိုင်ငံတွေ အင်္ဂါနေ့က မဲခွဲဆုံးဖြတ်လိုက်တဲ့ ဝင်ရောက်ခွင့်ပြုမယ့် နိုင်ငံတွေထဲမှာ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်နဲ့ မိုရောကိုနိုင်ငံတွေပါဝင်ပြီး လောလောဆယ် ဝင်ခွင့်မပြုသေးတဲ့ နိုင်ငံတွေစာရင်းထဲမှာတော့ အမေရိကန်နဲ့အတူ ရုရှားနဲ့ ဘရာဇီးလ်တို့ ပါဝင်ပါတယ်။

COVID-19 ကပ်ရောဂါဘေး အပြင်းထန်ဆုံးခံစားခဲ့ရတဲ့ အထူးသဖြင့် ဥရောပတောင်ပိုင်းဒေသ နိုင်ငံတွေအပါအဝင် EU အဖွဲ့ဝင်နိုင်ငံတွေမှာ ခရီးသွားလုပ်ငန်း ပြန်ကောင်းလာစေဖို့ ရည်ရွယ်ပြီးတော့ အပန်းဖြေခရီးပဲဖြစ်ဖြစ်၊ စီးပွားရေးအရပဲ ဖြစ်ဖြစ် EU နိုင်ငံတွေဆီ ဝင်ရောက်ခွင့် ပြန်ဖွင့်ပေးတာဖြစ်ပါတယ်။

တရုတ်ခရီးသွားတွေနဲ့ ပတ်သက်လို့တော့ EU နိုင်ငံတွေက ခရီးသွားတွေကို တရုတ်နိုင်ငံက ဝင်ခွင့်ပြုမယ်ဆိုရင် တရုတ်နိုင်ငံက ခရီးသွားတွေကိုလည်း ဝင်ခွင့်ပြုမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ တရုတ်ကို ထည့်သွင်းထားပါတယ်။

အခု EU က ပြည်ဝင်ခွင့် ပြန်ဖွင့်ပေးလိုက်တဲ့ နိုင်ငံ ၁၄ နိုင်ငံက ဝင်လာသူတွေအပေါ် သက်ဆိုင်ရာ EU အဖွဲ့ဝင် နိုင်ငံအသီးသီးအနေနဲ့ ကန့်သတ်ချက်တွေကို လိုအပ်သလို ချမှတ်လုပ်ဆောင်နိုင်မှာဖြစ်ပေမဲ့ ဒီစာရင်းထဲမှာ မပါတဲ့ တခြားနိုင်ငံတွေက ခရီးသွားတွေကိုတော့ ပြည်ဝင်ခွင့် လုံးဝ မပေးဖို့ ကန့်သတ်ထားပါတယ်။

XS
SM
MD
LG