သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းမွာ ႏုိင္ငံျခားသားေတြ ျပည္တြင္းခရီးသြားလာခြင့္ ပိတ္ပင္ထားမႈေတြ ျပန္ရုပ္သိမ္း


ထိုင္းႏိုင္ငံရွိ ႏိုင္ငံျခားသား ေက်ာင္းသားမ်ား ကို ေလဆိပ္တြင္ ေတြ႔ရစဥ္

(Zawgyi/Unicode)

ထိုင္းႏိုင္ငံ မွာ ကိုဗစ္-၁၉ အေရးေပၚကာလအတြင္း ႏိုင္ငံျခားသားေတြ ခရိုင္တခုနဲ႔ တခု ခရီးသြားလာခြင့္ ပိတ္ပင္ထားမႈေတြကိုမၾကာခင္ ေျဖေလွ်ာ့ေပးေတာ့မယ့္အေၾကာင္း တင္ဆက္ေပးပါမယ္။ VOA သတင္းေထာက္ မေအးေအးမာ က ထုိင္း-ျမန္မာနယ္စပ္ကေန သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းနိုင္ငံမွာ ကိုဗစ္-၁၉ အေရးေပၚကာလအတြင္းပိတ္ပင္ထားတဲ့ နယ္ေျမျဖတ္ေက်ာ္ခရီးသြားလာခြင့္ေတြကို ဒီအပတ္အတြင္းမွာ ေျဖေလ်ာ့ေပးေတာ့မွာျဖစ္ေၾကာင္း ထိုင္း ပို႔ေဆာင္ေရး ဒု၀န္ႀကီး Mr.Anon Luangboriboon က ဇြန္လ၂ရက္ေန႔မွာ ထုတ္ေဖၚေျပာဆိုခဲ့ပါတယ္။

ထိုင္းနိုင္ငံအတြင္း ခရီးရွည္ သြားလာေနတဲ့ ကားနဲ ့ ရထားပို ့ေဆာင္ေရး လုပ္ငန္းေတြ ေတာင္ပိုင္းနဲ ့ ေျမာက္ပိုင္း၊ အေရွ႕ပိုင္း ခရိုင္တခုနဲ႔တခုျဖတ္သန္းသြားလာခြင့္ေတြ ကန္ ့သတ္ခ်က္ ေတြကို မၾကာေသးခင္ ရက္ပိုင္းအတြင္းက အကန္ ့သတ္နဲ ့ ျပန္ဖြင့္ေပးခဲ့ေပမယ္ ့ ႏိုင္ငံျခားသားေတြမပါ၀င္ပဲ ထိုင္းနိုင္ငံသားေတြ ကိုသာ အကန္႔အသတ္နဲ႕ သြားလာခြင့္ေပးခဲ့တာပါ။

ဒါေပမယ့္ ဒီအပတ္ ၾကာသာပေတးေန ့မွာ ဒီအဆိုကို လႊတ္ေတာ္ကို တင္ျပမွာျဖစ္ျပီး ခရီီးသြားခြင့္ဆိုင္ရာ ေျဖေလ်ာ့ေပးခ်က္ ကို လႊတ္ေတာ္ကေန အတည္ျပဳ ျပီးရင္ နိုင္ငံတြင္းမွာ ေနထိုင္ေနတဲ့မည္သည့္ နိုင္ငံသားေတြပဲျဖစ္ျဖစ္ အားလံုး ကုိ ပံုမွန္အတိုင္း ခရီးသြားလာခြင့္ ျပန္ေပးေတာ့မွာျဖစ္ေၾကာင္း ေျပာဆုိသြားပါတယ္။
ဒီလိုနယ္ေျမျဖတ္ေက်ာ္သြားလာခြင့္ေတ ြပိတ္ပင္ထားတာေၾကာင့္ ထုိင္းႏို္င္ငံမွာ ေက်ာင္းတက္ေနတဲ့ ျမန္မာေက်ာင္းသားေတြလည္း သက္ဆုိင္ရာ ခရိုင္ေတြမွာပိတ္မိေနတာပါ။ ႏို္င္ငံတကာေက်ာင္းသားေတြ အမ်ားဆံုးတက္ေနတဲ့ ခ်င္းမိုင္တကၠသိုလ္က ေနာက္ဆံုးႏွစ္ေက်ာင္းသူတဦးျဖစ္တဲ့ မရတနာကေတာ့ ေက်ာင္းျပီးေပမယ့္ ေနရပ္ျပန္ဖို႔ ခက္ခဲေနရပံုကို အခုလိုေျပာျပပါတယ္။

“ခ်င္းမုိင္ျမိဳ ့မွာေကာင္စစ္၀န္ရံုးကို သြားေမးခဲ့တယ္။ တျခားေရြ႕ေျပာင္းအလုပ္သမားေတြ က ၂၂ရက္ေက်ာ္ကတည္းက ျပန္လုိ႔ရတယ္ဆုိလို ့ ေသခ်ာေအာင္သြားျပီးေမးခဲ့တယ္။ ခရီးသြားအေထာက္အထားေတြယူၿပီး သြားခဲ့တယ္ ဒါေပမယ့္ သူတို႔ သတ္မွတ္ထားတဲ့ ၂၂ ရက္ေက်ာ္မွာ ေက်ာင္းသားေတြ မပါပဲနဲ႔ ေရႊေျပာင္းအလုပ္သမားေတြကိုပဲ လက္ခံတယ္၊ ခရီးသြားလက္မွတ္ေတြ ထုတ္ေပးတယ္။ ေက်ာင္းသားေတြအတြက္ မပါေပမယ့္ ျပန္ခ်င္လို႔ရွိရင္ ကယ္ဆယ္ေရး ေလယာဥ္နဲ့သြားလို့ရတယ္ ျမ၀တီမဲေဆာက္လမ္းက ေတာ့သြားမရဘူး ေျပာတယ္”

ကယ္ဆယ္ေရးေလယာဥ္အတြက္ေပးရတဲ့ စရိတ္ မတတ္ႏိုင္တာေၾကာင့္လည္း ကားလမ္းေတြျပန္ဖြင့္တာကို ေစာင့္ေနရေၾကာင္းကိုလည္း ဆက္ေျပာျပပါတယ္။

“ကယ္ဆယ္ေရး ေလယာဥ္နဲ႔ကေတာ့ သမီး သူငယ္ခ်င္း ၂ဦး၊ ၃ဦးေတာ့ သြားၾကတယ္။ သမီးတုိ႔ အတြက္က် အဆင္မေျပဘူး စရိတ္က ပံုမွန္ထက္ ၂ဆေလာက္ပုိမ်ားတယ္။ ပုိက္ဆံေပးရတယ္ ခ်င္းမိုင္ကေန ဘန္ေကာက္ထိ ဘတ္၁၅၀၀ေလာက္ေပးရတယ္။ ဒါေတာင္မွ သယ္သြားတဲ့ ပစၥည္းခေတြ မပါေသးဘူးၿပီးေတာ့ ဘန္ေကာက္ကေန ရန္ကုန္ အတြက္စရိတ္ထပ္ေပးတယ္ ကုန္က်စရိပ္က ၄၀၀၀ကေန ၅၀၀၀ဘတ္ေလာက္ထိ က်တယ္။ ကယ္ဆယ္ေ၇းေလယာဥ္ကလည္းအခ်ိန္မေရြးမရိွဘူး၊ တလမွာ ၂ေခါက္ေလာက္ပဲရွိတယ္။ ျပီးေတာ့ အရင္မွတ္ပံုတင္ရတယ္ စာရင္းတင္ထားရတယ္ ၊ လက္ခံမွသာ သြားလိုရတယ္။ ေက်ာင္းက အေဆာင္မွာေနေတာ့ ထပ္ေနခြင့္ေပးဖို႕ ခြင့္ေတာင္းရတယ္။ အျမဲတမ္းလည္း ကားဂိတ္ေတြဖြင့္ျပီလားဆုိတာ နားေထာင္ေနရတယ္။ သတင္းေတြစံုစမ္းရတယ္ ကုိယ္ကျပန္ခ်င္ေနတဲ့ အေျခအေနျဖစ္ေနတာကိုး”

ထိုင္းနိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္မူေတြ သိသိသာသာေလွ်ာ့က်သြားေၾကာင္း ထိုင္းႏိုင္ငံက သတင္းထုတ္ျပန္ခဲ့သလို ခရိုင္အေတာ္မ်ားမ်ားမွာ လူနာတိုးလာတာ မရွိေတာ့တာေတြကိုလည္း စာရင္းဇယားေတြနဲ႕ ေဖာ္ျပထားျပီး ကုိဗစ္ ၁၉ အေရးေပၚအေျခအေန အရ ညမထြက္ရ အမိန္႔ကို ည ၁၁နာရီကေန မနက္သံုးနာရီအထိေလ်ာ့ခ်လိုက္ပါတယ္။ ေစ်း၀ယ္စင္တာေတြ၊ စားေသာက္ဆုိင္ေတြ ၊ စီးပြားေရးလုပ္ငန္း ေတြကုိလည္း ၿပီးခဲ့တဲ့ ေမလကစၿပီး က်န္းမာေရးဆိုင္ရာ စည္းကမ္းခ်က္ေတြနဲ႔ ျပန္လည္ဖြင့္ခြင့္ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

ထိုင်းမှာ နိုင်ငံခြားသားတွေ ပြည်တွင်းခရီးသွားလာခွင့် ပိတ်ပင်ထားမှုတွေ ပြန်ရုပ်သိမ်း

(Unicode)

ထိုင်းနိုင်ငံ မှာ ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း နိုင်ငံခြားသားတွေ ခရိုင်တခုနဲ့ တခု ခရီးသွားလာခွင့် ပိတ်ပင်ထားမှုတွေကိုမကြာခင် ဖြေလျှော့ပေးတော့မယ့်အကြောင်း တင်ဆက်ပေးပါမယ်။ VOA သတင်းထောက် မအေးအေးမာ က ထိုင်း-မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ မှာကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်းပိတ်ပင်ထားတဲ့ နယ်မြေဖြတ်ကျော်ခရီးသွားလာခွင့်တွေကို ဒီအပတ်အတွင်းမှာ ဖြေလျော့ပေးတော့မှာဖြစ်ကြောင်း ထိုင်း ပို့ဆောင်ရေး ဒုဝန်ကြီး Mr.Anon Luangboriboon က ဇွန်လ၂ရက်နေ့မှာ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်း ခရီးရှည် သွားလာနေတဲ့ ကားနဲ့ ရထားပို့ဆောင်ရေး လုပ်ငန်းတွေ တောင်ပိုင်းနဲ့ မြောက်ပိုင်း၊ အရှေ့ပိုင်း ခရိုင်တခုနဲ့တခုဖြတ်သန်းသွားလာခွင့်တွေ ကန့်သတ်ချက် တွေကို မကြာသေးခင် ရက်ပိုင်းအတွင်းက အကန့်သတ်နဲ့ ပြန်ဖွင့်ပေးခဲ့ပေမယ့် နိုင်ငံခြားသားတွေမပါဝင်ပဲ ထိုင်းနိုင်ငံသားတွေ ကိုသာ အကန့်အသတ်နဲ့ သွားလာခွင့်ပေးခဲ့တာပါ။

ဒါပေမယ့် ဒီအပတ် ကြာသာပတေးနေ့မှာ ဒီအဆိုကို လွှတ်တော်ကို တင်ပြမှာဖြစ်ပြီး ခရီးသွားခွင့်ဆိုင်ရာ ဖြေလျော့ပေးချက် ကို လွှတ်တော်ကနေ အတည်ပြု ပြီးရင် နိုင်ငံတွင်းမှာ နေထိုင်နေတဲ့မည်သည့် နိုင်ငံသားတွေပဲဖြစ်ဖြစ် အားလုံး ကို ပုံမှန်အတိုင်း ခရီးသွားလာခွင့် ပြန်ပေးတော့မှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။
ဒီလိုနယ်မြေဖြတ်ကျော်သွားလာခွင့်တေ ွပိတ်ပင်ထားတာကြောင့် ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားတွေလည်း သက်ဆိုင်ရာ ခရိုင်တွေမှာပိတ်မိနေတာပါ။ နိုင်ငံတကာကျောင်းသားတွေ အများဆုံးတက်နေတဲ့ ချင်းမိုင်တက္ကသိုလ်က နောက်ဆုံးနှစ်ကျောင်းသူတဦးဖြစ်တဲ့ မရတနာကတော့ ကျောင်းပြီးပေမယ့် နေရပ်ပြန်ဖို့ ခက်ခဲနေရပုံကို အခုလိုပြောပြပါတယ်။

“ချင်းမိုင်မြို့မှာကောင်စစ်ဝန်ရုံးကို သွားမေးခဲ့တယ်။ တခြားရွေ့ပြောင်းအလုပ်သမားတွေ က ၂၂ရက်ကျော်ကတည်းက ပြန်လို့ရတယ်ဆိုလို့ သေချာအောင်သွားပြီးမေးခဲ့တယ်။ ခရီးသွားအထောက်အထားတွေယူပြီး သွားခဲ့တယ် ဒါပေမယ့် သူတို့ သတ်မှတ်ထားတဲ့ ၂၂ ရက်ကျော်မှာ ကျောင်းသားတွေ မပါပဲနဲ့ ရွှေပြောင်းအလုပ်သမားတွေကိုပဲ လက်ခံတယ်၊ ခရီးသွားလက်မှတ်တွေ ထုတ်ပေးတယ်။ ကျောင်းသားတွေအတွက် မပါပေမယ့် ပြန်ချင်လို့ရှိရင် ကယ်ဆယ်ရေး လေယာဉ်နဲ့သွားလို့ရတယ် မြဝတီမဲဆောက်လမ်းက တော့သွားမရဘူး ပြောတယ်”

ကယ်ဆယ်ရေးလေယာဉ်အတွက်ပေးရတဲ့ စရိတ် မတတ်နိုင်တာကြောင့်လည်း ကားလမ်းတွေပြန်ဖွင့်တာကို စောင့်နေရကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

“ကယ်ဆယ်ရေး လေယာဉ်နဲ့ကတော့ သမီး သူငယ်ချင်း ၂ဦး၊ ၃ဦးတော့ သွားကြတယ်။ သမီးတို့ အတွက်ကျ အဆင်မပြေဘူး စရိတ်က ပုံမှန်ထက် ၂ဆလောက်ပိုများတယ်။ ပိုက်ဆံပေးရတယ် ချင်းမိုင်ကနေ ဘန်ကောက်ထိ ဘတ်၁၅၀၀လောက်ပေးရတယ်။ ဒါတောင်မှ သယ်သွားတဲ့ ပစ္စည်းခတွေ မပါသေးဘူးပြီးတော့ ဘန်ကောက်ကနေ ရန်ကုန် အတွက်စရိတ်ထပ်ပေးတယ် ကုန်ကျစရိပ်က ၄၀၀၀ကနေ ၅၀၀၀ဘတ်လောက်ထိ ကျတယ်။ ကယ်ဆယ်ရေးလေယာဉ်ကလည်းအချိန်မရွေးမရှိဘူး၊ တလမှာ ၂ခေါက်လောက်ပဲရှိတယ်။ ပြီးတော့ အရင်မှတ်ပုံတင်ရတယ် စာရင်းတင်ထားရတယ် ၊ လက်ခံမှသာ သွားလိုရတယ်။ ကျောင်းက အဆောင်မှာနေတော့ ထပ်နေခွင့်ပေးဖို့ ခွင့်တောင်းရတယ်။ အမြဲတမ်းလည်း ကားဂိတ်တွေဖွင့်ပြီလားဆိုတာ နားထောင်နေရတယ်။ သတင်းတွေစုံစမ်းရတယ် ကိုယ်ကပြန်ချင်နေတဲ့ အခြေအနေဖြစ်နေတာကိုး”

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မူတွေ သိသိသာသာလျှော့ကျသွားကြောင်း ထိုင်းနိုင်ငံက သတင်းထုတ်ပြန်ခဲ့သလို ခရိုင်အတော်များများမှာ လူနာတိုးလာတာ မရှိတော့တာတွေကိုလည်း စာရင်းဇယားတွေနဲ့ ဖော်ပြထားပြီး ကိုဗစ် ၁၉ အရေးပေါ်အခြေအနေ အရ ညမထွက်ရ အမိန့်ကို ည ၁၁နာရီကနေ မနက်သုံးနာရီအထိလျော့ချလိုက်ပါတယ်။ ဈေးဝယ်စင်တာတွေ၊ စားသောက်ဆိုင်တွေ ၊ စီးပွားရေးလုပ်ငန်း တွေကိုလည်း ပြီးခဲ့တဲ့ မေလကစပြီး ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်တွေနဲ့ ပြန်လည်ဖွင့်ခွင့်ပေးခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG