သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းက အလုပ္ျပဳတ္ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ေရး အခက္ေတြ႔ဆဲ


ထိုင္းႏိုင္ငံရွိ စက္ရံုတခုမွ အလုပ္ျဖဳတ္ခဲ့ထားရသည့္ ျမန္မာအလုပ္သမား တခ်ိဳ႕။ (ဧၿပီ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းႏို္င္ငံ အႏွံ႔အျပားက ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ေရး ညိွႏိႈင္းေဆာင္ရြက္ေနၾကေပမဲ့ အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ၿပီး ေနရပ္ျပန္ေရး အခက္ႀကံဳေနရဆဲ အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ႏိုင္ေရးကုိ ထုိင္းႏိုင္ငံက ျမန္မာသံရံုးက ညိွႏိႈင္းေပးမႈေတြနဲ႔ ေမလ ၂၂ ရက္ေန႔က စတင္ေဆာင္ရြက္ေနၿပီျဖစ္ပါတယ္။ ဒါေပမဲ့ တႏိုင္ငံလံုးအတုိင္းအတာနဲ႔ ျပန္ႏိုင္ဖိုကေတာ့ မလြယ္ကူေသးပါဘူး။

ထုိင္းအစုိးရဘက္ကလည္း ညမထြက္ရအမိန္႔ကို သက္တမ္းတိုးဖို႔ စီစဥ္ေဆာင္ရြက္မႈေတြလုပ္ေနတာေတြေၾကာင့္ ထုိင္းႏို္င္ငံေဒသအသီးသီးက အလုပ္လက္မဲ့ျဖစ္ေနတဲ့ ျမန္မာေတြေနရပ္ျပန္ေရး ခက္ခဲေနဆဲျဖစ္ေၾကာင္း ေရႊ႕ေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ရဲ႕ ဥကၠ႒ ဦးေအာင္ေက်ာ္က အခုလိုေျပာျပပါတယ္။

"ထိုင္းႏိုင္ငံျခားေရး ၀န္ႀကီးဌာနရယ္၊ ထုိင္းျပည္ထဲေရး၀န္ႀကီးဌာနရယ္၊ ထုိင္းအလုပ္သမား၀န္ႀကီးဌာနရယ္ကုိ ျမန္မာသံအမတ္ႀကီး ဦးေဆာင္တဲ့ကုိယ္စားလွယ္အဖဲြ႔ကေန တုိက္ရုိက္ကုိ ေမတၱာရပ္ခံျပီး ဦးေဆာင္ေဆြးေႏြးေပးတာ လက္ရိွမွာ ထုိင္းမွာ ျမန္မာအလုပ္သမားေတြက အလုပ္ေတြမရွိေတာ့ဘူး။ ယာယီရပ္နားခံရတယ္။ အလုပ္သမားဦးေရေတြေလွ်ာ့ခ်ခံရတယ္။ စက္ရံုအလုပ္ေတြ ပိတ္သိမ္းၾကတယ္။ အလုပ္သမားေတြဟာ ၀င္ေငြမရွိတဲ့အတြက္ ရပ္တည္ႏိုင္ဖို႔ ခက္ခဲလာျပီ။ သူတို႔ရဲ႕ ပိုမိုဆိုးရြားလာတဲ့ အခက္အခဲေတြကို ေျဖေလ်ာ့ဖို႔ဆုိတာ သူတို႔ကုိ ေနရပ္ျပန္ခ်င္တာကိုပဲ ျပန္ခြင့္ေပးဖို႔ဆုိတာ အေကာင္းဆံုးဆုိတာေထာက္ျပလိုက္ေတာ့ သူတို႔ကုိ ႏိုင္ငံေတာ္အစုိးရရဲ႕ လံုျခံဳေရးတပ္ဖဲြ႔ေတြရဲ႕ ေရွ႕ကဦးေဆာင္ျပီ လိုက္ပုိ႔ေပးပါမယ္ဆုိျပီး စခဲ့ၾကတာ အခုေတာာ့ ကာဖ်ဴးကလည္း ဆက္သြားေနတယ္။ နယ္စပ္ျဖတ္ေက်ာ္မႈေတြ၊ ပိတ္ပင္မႈေတြ ရွိေနအုံးမယ္ဆုိရင္ ႏွစ္ႏိုင္ငံယာယီသေဘာတူထားတဲ့ စည္းမ်ဥ္းဥပေဒပဲ ဒီအတုိင္းပဲ ဆက္သြားေနရအုန္းမွာပဲ။ ဒီေန႔ဆုိရင္ပဲ ထုိင္းႏိုင္ငံက ညမထြက္ရအမိန္႔ကို သက္တမ္းတိုးဖို႔ ထပ္ျပီးေရးဆဲြေနျပီဆုိေတာ့ ေနရပ္ျပန္ေရး ျမန္မာအလုပ္သမားအားလံုး ဆႏၵေတြျပည့္၀ဖို႔ကေတာ့ က်ေနာ္တို႔ ေစာင့္ရအုံုးမယ္ ထင္တယ္။"

ထုိင္းအစိုးရကေတာ့ COVID-19 အေရးေပၚကာလမွာ အလုပ္ရွင္အလုပ္သမားေတြ လုိက္နာရမယ့္ အမိန္႔ကို ေမလ ၈ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ေပမဲ့ အလုပ္လက္မဲ့ေတြက ေန႔စဥ္မ်ားလာတာေၾကာင့္ ဒီအမိန္႔လက္ေတြ႔ ျဖစ္မလာဘူးလို႔လည္း ဦးေအာင္ေက်ာ္က ေျပာပါတယ္။

"အလုပ္ေတြကုိ ပိတ္သိမ္းျခင္း အလုပ္သမားေတြ ဆႏၵျပတာေတြကုိ မလုပ္ရဆိုတာေတြ မလုပ္ရဘူးဆိုတာက လုပ္ရင္ ျပန္ဖြင့္ေပးရမယ္ဆုိတာ လံုးလံုးလက္ေတြ ့မက်ပါဘူးခင္ဗ်။အလုပ္ရွင္ေတြကုိယ္တုိင္က ကပ္ေရာဂါနဲ႔ပတ္သက္ျပီး သူတုိ႔လုပ္ငန္းေတြ ပံုမွန္ပို႔ မရေတာ့ ေနစဥ္ စီးပြားေရးေတြက်ေတာ့ ဒုကၡေရာက္တဲ့ဦးေရက ပုိျပီးတိုးပြာလာေတာ့ တႏိုင္ငံလံုး ပ်ံ႕ႏွံ႔လာေတာ့ အစုိးရဘယ္ေလာက္ပဲ ဘယ္ေလာက္ပဲ ဥပေဒေတြ ခ်မွတ္တယ္ပဲေျပာေျပာခ်မွတ္တဲ့ဥပေဒ ထုိ္င္းအစုိးကိုယ္တုိင္ကလည္း လက္ေတြ ့ကြင္းဆင္းျပီး ဘာလို႔ ပိတ္တာလဲ အခုျပန္ဖြင့္စမ္းဆိုတာလည္း မလုပ္ႏိုင္ေတာ့ ဒါေတြကလက္ေတြ႔ မက်ဘူးခင္ဗ်။"

ျမန္မာသံရံုးအေနနဲ႔ကလည္း ထုိင္းမွာ ရွိတဲ့၀န္ထမ္းဦးေရနဲ႔ အလုပ္သမားေတြ ကိစၥေတြကို တတ္ႏိုင္သမွ် စီစဥ္ေဆာင္ရြက္မႈေတြရွိေနေပမဲ့ တႏိုင္ငံလံုးမွာ အခက္အခဲႀကံဳ ေနရတဲ့အလုပ္သမားေတြရဲ႕ ျပႆနာရပ္တုိင္းကုိေတာ့ လက္လွမ္းမမွီျဖစ္ေနၾကပါတယ္။

အယဒၵယက အီလက္ထေရာနစ္ပစၥည္း ထုတ္လုပ္ေရးစက္ရံုမွာ အလုပ္လာလုပ္တဲ့ MOU လုပ္သားေတြဟာ သူတို႔စက္ရံုမွာ အလုပ္ျဖဳတ္ပစ္ခံရမႈေတြ မ်ားတာေၾကာင့္ ေနရပ္ျပန္ဖို႔ပဲ စီစဥ္ေနရေၾကာင္း အလုပ္ျပဳတ္သြားတဲ့ျမန္မာအလုပ္သမား တဦးကလည္းေျပာပါတယ္။

"က်ေနာ္က အလုပ္ျပဳတ္သြားျပီ ... ျပန္ရေတာ့မယ္။ ျမန္မာႏို္င္ငံကကုမၸဏီက ဒီဘက္ကထုိင္းဘက္ကုိ လဲႊေပးလိုက္တယ္ ဒီဘက္က တဆင့္တာ၀န္ခံေတြက ေျပာတယ္။ မင္းတို႔ကို အလုပ္ျဖဳတ္လုိက္ျပီ စိတ္မေကာင္းပါဘူးပဲေျပာတယ္။ လက္မွတ္ထိုးေပးပါဆုိေတာ့ကုိယ္လည္း နားမလည္ဘူး။ ဒီလုိပဲ လက္မွတ္ထုိးေပးရတယ္။ အလုပ္မဆင္းရေတာ့ဘူး။ ဒီေန႔ေတာ့ က်ေနာ္တို႔ဆီက အလုပ္သမားေတြ ၁၂ ေယာက္အဖဲြ႔ သံရံုးကုိ စာရင္းတင္တယ္ျပန္ၾကေျပာတယ္။ ပုိက္ဆံတပ္နိုင္တဲ့သူေတြ ျပန္ဖို႔လုပ္တယ္ က်ေနာ္တုိ႔ စက္ရံုကပဲ။"

အခုဆိုရင္ဘန္ေကာက္အနီး တ၀ုိက္က အလုပ္လက္မဲ့ျဖစ္ေနတဲ့ ျမန္မာေတြသာ ေမလ ၂၂ ရက္ကေနစတင္ၿပီး ေနရပ္ကုိျပန္ႏိုင္ၾကမွာပါ။ အျခား ထိုင္းနိုင္ငံခရိုင္အသီးသီးမွာ ရိွတဲ့ ျမန္မာအလုပ္သမားေတြအတြက္ေတာ့ နယ္ေျမျဖတ္ေက်ာ္ခြင့္မရိွတဲ့ ထိုင္းအစိုးရအမိန္႔ေၾကာင့္ ျပန္ေရး အခက္ႀကံဳေနရဆဲရိွပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းက အလုပ်ပြုတ် မြန်မာအလုပ်သမားတွေ နေရပ်ပြန်ရေး အခက်တွေ့ဆဲ​

ထိုင်းနိုင်ငံ အနှံ့အပြားက မြန်မာအလုပ်သမားတွေ နေရပ်ပြန်ရေး ညှိနှိုင်းဆောင်ရွက်နေကြပေမဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်ပြန်ရေး အခက်ကြုံနေရဆဲ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

မြန်မာအလုပ်သမားတွေ နေရပ်ပြန်နိုင်ရေးကို ထိုင်းနိုင်ငံက မြန်မာသံရုံးက ညှိနှိုင်းပေးမှုတွေနဲ့ မေလ ၂၂ ရက်နေ့က စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်နိုင်ဖိုကတော့ မလွယ်ကူသေးပါဘူး။

ထိုင်းအစိုးရဘက်ကလည်း ညမထွက်ရအမိန့်ကို သက်တမ်းတိုးဖို့ စီစဉ်ဆောင်ရွက်မှုတွေလုပ်နေတာတွေကြောင့် ထိုင်းနိုင်ငံဒေသအသီးသီးက အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာတွေနေရပ်ပြန်ရေး ခက်ခဲနေဆဲဖြစ်ကြောင်းရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလိုပြောပြပါတယ်။

"ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရယ်၊ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနရယ်၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနရယ်ကို မြန်မာသံအမတ်ကြီး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကနေ တိုက်ရိုက်ကို မေတ္တာရပ်ခံပြီး ဦးဆောင်ဆွေးနွေးပေးတာ လက်ရှိမှာ ထိုင်းမှာ မြန်မာအလုပ်သမားတွေက အလုပ်တွေမရှိတော့ဘူး။ ယာယီရပ်နားခံရတယ်။ လုပ်သမားဦးရေတွေလျှော့ချခံရတယ်။ စက်ရုံအလုပ်တွေ ပိတ်သိမ်းကြတယ်။ အလုပ်သမားတွေဟာ ဝင်ငွေမရှိတဲ့အတွက် ရပ်တည်နိုင်ဖို့ ခက်ခဲလာပြီ။ သူတို့ရဲ့ ပိုမိုဆိုးရွားလာတဲ့ အခက်အခဲတွေကို ဖြေလျော့ဖို့ဆိုတာ သူတို့ကို နေရပ်ပြန်ချင်တာကိုပဲ ပြန်ခွင့်ပေးဖို့ဆိုတာ အကောင်းဆုံးဆိုတာထောက်ပြလိုက်တော့ သူတို့ကို နိုင်ငံတော်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရှေ့ကဦးဆောင်ပြီ လိုက်ပို့ပေးပါမယ်ဆိုပြီး စခဲ့ကြတာ အခုတောာ့ ကာဖျူးကလည်း ဆက်သွားနေတယ်။ နယ်စပ်ဖြတ်ကျော်မှုတွေ၊ ပိတ်ပင်မှုတွေ ရှိနေအုံးမယ်ဆိုရင် နှစ်နိုင်ငံယာယီသဘောတူထားတဲ့ စည်းမျဉ်းဥပဒေပဲ ဒီအတိုင်းပဲ ဆက်သွားနေရအုန်းမှာပဲ။ ဒီနေ့ဆိုရင်ပဲ ထိုင်းနိုင်ငံက ညမထွက်ရအမိန့်ကို သက်တမ်းတိုးဖို့ ထပ်ပြီးရေးဆွဲနေပြီဆိုတော့ နေရပ်ပြန်ရေး မြန်မာအလုပ်သမားအားလုံး ဆန္ဒတွေပြည့်ဝဖို့ကတော့ ကျနော်တို့ စောင့်ရအုံးမယ် ထင်တယ်။"

ထိုင်းအစိုးရကတော့ COVID-19 အရေးပေါ်ကာလမှာ အလုပ်ရှင်အလုပ်သမားတွေ လိုက်နာရမယ့် အမိန့်ကို မေလ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမဲ့ အလုပ်လက်မဲ့တွေက နေ့စဉ်များလာတာကြောင့် ဒီအမိန့်လက်တွေ့ ဖြစ်မလာဘူးလို့လည်း ဦးအောင်ကျော်က ပြောပါတယ်။

"အလုပ်တွေကို ပိတ်သိမ်းခြင်း အလုပ်သမားတွေ ဆန္ဒပြတာတွေကို မလုပ်ရဆိုတာတွေ မလုပ်ရဘူးဆိုတာက လုပ်ရင် ပြန်ဖွင့်ပေးရမယ်ဆိုတာ လုံးလုံးလက်တွေ့မကျပါဘူးခင်ဗျ။အလုပ်ရှင်တွေကိုယ်တိုင်က ကပ်ရောဂါနဲ့ပတ်သက်ပြီး သူတို့လုပ်ငန်းတွေ ပုံမှန်ပို့ မရတော့ နေစဉ် စီးပွားရေးတွေကျတော့ ဒုက္ခရောက်တဲ့ဦးရေက ပိုပြီးတိုးပွာလာတော့ တနိုင်ငံလုံး ပျံ့နှံ့လာတော့ အစိုးရဘယ်လောက်ပဲ ဘယ်လောက်ပဲ ဥပဒေတွေ ချမှတ်တယ်ပဲပြောပြောချမှတ်တဲ့ဥပဒေ ထိုင်းအစိုးကိုယ်တိုင်ကလည်း လက်တွေ့ကွင်းဆင်းပြီး ဘာလို့ ပိတ်တာလဲ အခုပြန်ဖွင့်စမ်းဆိုတာလည်း မလုပ်နိုင်တော့ ဒါတွေကလက်တွေ့ မကျဘူးခင်ဗျ။"

မြန်မာသံရုံးအနေနဲ့ကလည်း ထိုင်းမှာ ရှိတဲ့ဝန်ထမ်းဦးရေနဲ့ အလုပ်သမားတွေ ကိစ္စတွေကို တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်မှုတွေရှိနေပေမဲ့ တနိုင်ငံလုံးမှာ အခက်အခဲကြုံ နေရတဲ့အလုပ်သမားတွေရဲ့ ပြဿနာရပ်တိုင်းကိုတော့ လက်လှမ်းမမှီဖြစ်နေကြပါတယ်။

အယဒ္ဒယက အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှာ အလုပ်လာလုပ်တဲ့ MOU လုပ်သားတွေဟာ သူတို့စက်ရုံမှာ အလုပ်ဖြုတ်ပစ်ခံရမှုတွေ များတာကြောင့် နေရပ်ပြန်ဖို့ပဲ စီစဉ်နေရကြောင်း အလုပ်ပြုတ်သွားတဲ့မြန်မာအလုပ်သမား တဦးကလည်းပြောပါတယ်။

"ကျနော်က အလုပ်ပြုတ်သွားပြီ ... ပြန်ရတော့မယ်။ မြန်မာနိုင်ငံကကုမ္ပဏီက ဒီဘက်ကထိုင်းဘက်ကို လွဲှပေးလိုက်တယ် ဒီဘက်က တဆင့်တာဝန်ခံတွေက ပြောတယ်။ မင်းတို့ကို အလုပ်ဖြုတ်လိုက်ပြီ စိတ်မကောင်းပါဘူးပဲပြောတယ်။ လက်မှတ်ထိုးပေးပါဆိုတော့ကိုယ်လည်း နားမလည်ဘူး။ ဒီလိုပဲ လက်မှတ်ထိုးပေးရတယ်။ အလုပ်မဆင်းရတော့ဘူး။ ဒီနေ့တော့ ကျနော်တို့ဆီက အလုပ်သမားတွေ ၁၂ ယောက်အဖွဲ့ သံရုံးကို စာရင်းတင်တယ်ပြန်ကြပြောတယ်။ ပိုက်ဆံတပ်နိုင်တဲ့သူတွေ ပြန်ဖို့လုပ်တယ် ကျနော်တို့ စက်ရုံကပဲ။"

အခုဆိုရင်ဘန်ကောက်အနီး တဝိုက်က အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာတွေသာ မေလ ၂၂ ရက်ကနေစတင်ပြီး နေရပ်ကိုပြန်နိုင်ကြမှာပါ။ အခြား ထိုင်းနိုင်ငံခရိုင်အသီးသီးမှာ ရှိတဲ့ မြန်မာအလုပ်သမားတွေအတွက်တော့ နယ်မြေဖြတ်ကျော်ခွင့်မရှိတဲ့ ထိုင်းအစိုးရအမိန့်ကြောင့် ပြန်ရေး အခက်ကြုံနေရဆဲရှိပါတယ်။

XS
SM
MD
LG