သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္က MOU ျမန္မာအလုပ္သမား ၈၀၀ နီးပါး အလုပ္ျပန္ဆင္းခြင့္မရ


COVID - 19 အေရးေပၚ ကာလမွာအလုပ္ရပ္နားခံရတဲ့ MOU အလုပ္သမားတခ်ိဳ႕ (ဓာတ္ပံု - AAC)

(Zawgyi/Unicode)

ထိုင္း - ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕႐ွိ ေတာ့ဖြန္းလို႔ ေခၚတဲ့ အထည္ခ်ဳပ္စက္ရံုခဲြ ေလး ခုမွာ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္နဲ႔ အလုပ္လာလုပ္တဲ့ ျမန္မာအလုပ္သမား ၈၀၀ ေက်ာ္ အလုပ္ျဖဳတ္ခံရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

COVID - 19 အေရးေပၚ ကာလမွာအလုပ္ရပ္နားခံရတဲ့ MOU အလုပ္သမားတခ်ိဳ႕ (ဓာတ္ပံု - AAC)
COVID - 19 အေရးေပၚ ကာလမွာအလုပ္ရပ္နားခံရတဲ့ MOU အလုပ္သမားတခ်ိဳ႕ (ဓာတ္ပံု - AAC)

ထုိင္းျမန္မာ နွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ MOU နဲ႔ ေခၚထားတဲ့ ျမန္မာလုပ္သား ၁,၀၀၀ နီးပါးကုိ COVID-19 အေရးေပၚကာလမွာ အလုပ္ေတြ ေခတၱရပ္နားထားျပီး အခု အလုပ္ေတြ ျပန္လည္လည္ပတ္တဲ့အခါမွာေတာ့ လူ ၈၀၀ ေလာက္ဟာ အလုပ္ျပဳတ္တဲ့ အေနအထားျဖစ္သြားတာေၾကာင့္ ေအေအစီ အလုပ္သမား ကူညီေရးအဖဲြ႔ကုိ အကူညီေတာင္းခံထားေႀကာင္း AAC က တာ၀န္ခံ ကိုရဲမင္းက အခုလိုေျပာျပပါတယ္။

"လူေပါင္းက ၁,၀၀၀ နီးပါး အခု ၂ လနီးပါး ရွိျပီ။ နားတာ တလခဲြေက်ာ္ျပီ။ အလုပ္ေတြျပန္ဆင္းလို႔ ရျပီဆိုေတာ့ ျပန္ေပးမဆင္းေတာ့ဘူး။ ကုိဗစ္ကာလမွာ အလုပ္ေပးနားထားတဲ့ သူေတြကုိ ေပးမ၀င္ေတာ့ေတြ အလုပ္ေတြျဖဳတ္လိုက္တဲ့သေဘာေပါ့။ အလုပ္ေတြေပးမ၀င္ေတာ့ဘူး။ MOU အလုပ္သမားေတြ အားလံုး ၁,၀၀၀ နီးပါးရွိတယ္။ စက္ရံု ၄ ရံုကေပါ့။ စက္ရံု နာမည္တခုတည္းကျဖစ္ျပီး စက္ရံုခဲြ ၄ ခုက အလုပ္သမားေတြျဖစ္ပါတယ္။ သူတုိ႔ကုိ အလုပ္ျဖဳတ္လိုက္ျပီဆုိတာ အခုသူတို႔ အလုပ္ျပန္၀င္မယ္ဆုိမွ သိတာ။"

အခုကိစၥနဲ႔ ပတ္သက္လုိ႔ ျမန္မာသံရံုးက အလုပ္သမား သံအရာရွိေတြနဲ႔လည္း တုိင္ပင္ထားျပီး ဒီကိစၥကိုေျဖရွင္းေပးဖုိ႔ စီစဥ္ေဆာင္ရြက္ေနတယ္လို႔ ကုိရဲမင္းက ေျပာပါတယ္။ ကုိဗစ္အေရးေပၚကာလမွာ ထိုင္းအစုိးရက ထုတ္ျပန္ထားတဲ့ အမိန္႔အရ အလုပ္ရွင္၊ အလုပ္သမားေတြနဲ႔ ပတ္သက္လို ့အလုပ္ပိတ္သိမ္းတာေတြ အလုပ္မဆင္းဘဲ ေနတာေတြ အလုပ္ျဖဳတ္တာေတြ မလုပ္ဖို႔အတြက္ ေမလ ၈ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။ ဒီအမိန္႔ေတြကို အလုပ္ရွင္ဘက္ကေရာ၊ အလုပ္သမားဘက္ကပါ လိုက္နာဖို႔ လိုအပ္တယ္လို႔ ကိုရဲမင္းကေတာ့ဆုိပါတယ္။

"ေျပာရမယ္ဆုိရင္ ကိုဗစ္ကာလမွာ အေရးေပၚ ဖဲြ ့စည္းထားတဲ့ ထုိင္းအစုိးရ အလုပ္သမားကိစၥ ေျဖရွင္းေပးေရးေကာ္မတီက ထို္င္းအစုိးရ ေကာ္မတီက ေျဖရွင္းေပးမွ ရမွာ ဒါအလုပ္ရွင္ဘက္က ဒီလိုျဖဳတ္တာ အခုဆိုမဲေဆာက္မွာလည္း အလုပ္သမားေတြ အေဆာင္ေတြေပးေနရာကေန အခုအေဆာင္ေတြမွာ ေပးမေနေတာ့ဘူး။ ေမာင္းထုတ္ေနတယ္။ အလုပ္သမားေတြလည္း အျပင္မွာ ဌားေနဖို႔က အခုကာလမွာ ဘယ္လိုမွ မျဖစ္ႏုိင္ဘူး။ လူေပါင္း ၄၊ ၅၀၀ ကုိ ေမာင္းထုတ္ေနတာ အခုဆိုရင္ထုိင္းအစိုးရ အလုပ္ရွင္ေတြကိုလည္း အလုပ္သမားေတြကုိ အလုပ္မျဖဴတ္ရဘူး။ အလုပ္သမားေတြလည္း ဆူပူအံုၾကြမႈေတြ မလုပ္ရဘူးဆိုုျပီး ႏွစ္ဘက္လံုးကုိ အမိန္႔ထုတ္ထားတာ အဲဒီအမိန္႔ကို အလုပ္ရွင္ေရာ၊ အလုပ္သမားေရာ နားေထာင္ရမွာ။"

မဲေဆာက္ျမိဳ႕နယ္ စီးပြားေရးဇုန္အတြင္းမွာ တရား၀င္ မွတ္ပံုတင္ထားတဲ့ စက္ရံုေပါင္း ၄၄၅ ရံုရွိျပီး ၄၀ ရာခုိင္ႏႈန္းက အထည္ခ်ဳပ္ စက္ရံုေတြျဖစ္ပါတယ္။ တရား၀င္ စာရင္းအရ ဆိုရင္ အထည္ခ်ဳပ္ အလုပ္သမားေပါင္း ၄၅,၀၀၀ ေလာက္ရွိေနပါတယ္။ ထိုင္းႏိုင္ငံမွာ ျပီးခဲ့တဲ့ႏွစ္ကစလို ့အခု COVID-19 ကပ္ေရာဂါ ျဖစ္ေနတဲ့အခ်ိန္ထိ စက္ရံုေပါင္း ၁,၀၀၀ ေက်ာ္ ပိတ္ပစ္ခဲ့ရတာ ျဖစ္ၿပီး လုပ္အားခ မေပးႏိုင္ဘဲ ေဒ၀ါလီခံလိုက္တဲ့ စက္ရံုေတြလည္း ရွိေနပါတယ္။

စက္ရံုေတြမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာအလုပ္သမားေတြမွာလည္း လုပ္အားခ နစ္နာတာေတြ၊ ေနရပ္ျပန္ရတာေတြလည္း ရွိေနပါတယ္။ ကိုဗစ္အေရးေပၚကာလမွာ အလုပ္သမားတခ်ဳိ႕ ေနရပ္ျပန္သြားၿပီးတဲ့ေနာက္ ျပန္မလာႏိုင္ၾကေတာ့တာေႀကာင့္ အလုပ္ရွင္ အလုပ္သမားဥပေဒအရ အလုပ္ျပဳတ္တဲ့အေျခအေန ေရာက္သြားတာမ်ိဳးေတြလည္း ရွိတယ္လို့ စက္႐ံုမွာရွိေနဆဲ အလုပ္သမားေတြက ေျပာပါတယ္။

အခုအခါမွာေတာ့ စက္ရံုအေတာ္မ်ားမ်ားမွာ စီးပြာေရးလုပ္ငန္း အဆင္မေျပမႈေတြေၾကာင့္ လုပ္သား ငွါးရမ္းမႈ ေလွ်ာ့ခ်တာေတြလည္း ရွိေနပါတယ္။

#ဗီြအိုေအျမန္မာ #ျမန္မာေရႊ႕ေျပာင္းအလုပ္သမား #မဲေဆာက္ #ျမဝတီ #voaburmese #myanmarmigrant #maesot #myawaddy

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မဲဆောက်က MOU မြန်မာအလုပ်သမား ၈၀၀ နီးပါး အလုပ်ပြန်ဆင်းခွင့်မရ

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တော့ဖွန်းလို့ ခေါ်တဲ့ အထည်ချုပ်စက်ရုံခွဲ လေး ခုမှာနှစ်နိုင်ငံ သဘောတူညီချက်နဲ့ အလုပ်လာလုပ်တဲ့ မြန်မာအလုပ်သမား ၈၀၀ ကျော် အလုပ်ဖြုတ်ခံရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်းမြန်မာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ ခေါ်ထားတဲ့ မြန်မာလုပ်သား ၁,၀၀၀ နီးပါးကို COVID-19 အရေးပေါ်ကာလမှာ အလုပ်တွေ ခေတ္တရပ်နားထားပြီး အခု အလုပ်တွေ ပြန်လည်လည်ပတ်တဲ့အခါမှာတော့ လူ ၈၀၀ လောက်ဟာ အလုပ်ပြုတ်တဲ့ အနေအထားဖြစ်သွားတာကြောင့် အေအေစီအလုပ်သမားကူညီရေးအဖွဲ့ကို အကူညီတောင်းခံထားကြောင်း AAC က တာဝန်ခံ ကိုရဲမင်းက အခုလိုပြောပြပါတယ်။

"လူပေါင်းက ၁,၀၀၀ နီးပါး အခု ၂ လနီးပါး ရှိပြီ။ နားတာ တလခွဲကျော်ပြီ။ အလုပ်တွေပြန်ဆင်းလို့ ရပြီဆိုတော့ ပြန်ပေးမဆင်းတော့ဘူး။ ကိုဗစ်ကာလမှာ အလုပ်ပေးနားထားတဲ့ သူတွေကို ပေးမဝင်တော့တွေ အလုပ်တွေဖြုတ်လိုက်တဲ့သဘောပေါ့။ အလုပ်တွေပေးမဝင်တော့ဘူး။ MOU အလုပ်သမားတွေ အားလုံး ၁,၀၀၀ နီးပါးရှိတယ်။ စက်ရုံ ၄ ရုံကပေါ့။ စက်ရုံ နာမည်တခုတည်းကဖြစ်ပြီး စက်ရုံခွဲ ၄ ခုက အလုပ်သမားတွေဖြစ်ပါတယ်။ သူတို့ကို အလုပ်ဖြုတ်လိုက်ပြီဆိုတာ အခုသူတို့ အလုပ်ပြန်ဝင်မယ်ဆိုမှ သိတာ။"

အခုကိစ္စနဲ့ ပတ်သက်လို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိတွေနဲ့လည်း တိုင်ပင်ထားပြီး ဒီကိစ္စကိုဖြေရှင်းပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ကိုရဲမင်းက ပြောပါတယ်။ ကိုဗစ်အရေးပေါ်ကာလမှာ ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်အရ အလုပ်ရှင်၊ အလုပ်သမားတွေနဲ့ ပတ်သက်လို့အလုပ်ပိတ်သိမ်းတာတွေ အလုပ်မဆင်းဘဲ နေတာတွေ အလုပ်ဖြုတ်တာတွေ မလုပ်ဖို့အတွက် မေလ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒီအမိန့်တွေကို အလုပ်ရှင်ဘက်ကရော၊ အလုပ်သမားဘက်ကပါ လိုက်နာဖို့ လိုအပ်တယ်လို့ ကိုရဲမင်းကတော့ဆိုပါတယ်။

"ပြောရမယ်ဆိုရင် ကိုဗစ်ကာလမှာ အရေးပေါ် ဖွဲ့စည်းထားတဲ့ ထိုင်းအစိုးရ အလုပ်သမားကိစ္စ ဖြေရှင်းပေးရေးကော်မတီက ထိုင်းအစိုးရ ကော်မတီက ဖြေရှင်းပေးမှ ရမှာ ဒါအလုပ်ရှင်ဘက်က ဒီလိုဖြုတ်တာ အခုဆိုမဲဆောက်မှာလည်း အလုပ်သမားတွေ အဆောင်တွေပေးနေရာကနေ အခုအဆောင်တွေမှာ ပေးမနေတော့ဘူး။ မောင်းထုတ်နေတယ်။ အလုပ်သမားတွေလည်း အပြင်မှာ ဌားနေဖို့က အခုကာလမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လူပေါင်း ၄၊ ၅၀၀ ကို မောင်းထုတ်နေတာ အခုဆိုရင်ထိုင်းအစိုးရ အလုပ်ရှင်တွေကိုလည်း အလုပ်သမားတွေကို အလုပ်မဖြူတ်ရဘူး။ အလုပ်သမားတွေလည်း ဆူပူအုံကြွမှုတွေ မလုပ်ရဘူးဆိုပြီး နှစ်ဘက်လုံးကို အမိန့်ထုတ်ထားတာ အဲဒီအမိန့်ကို အလုပ်ရှင်ရော၊ အလုပ်သမားရော နားထောင်ရမှာ။"

မဲဆောက်မြို့နယ် စီးပွားရေးဇုန်အတွင်းမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ စက်ရုံပေါင်း ၄၄၅ ရုံရှိပြီး ၄၀ ရာခိုင်နှုန်းက အထည်ချုပ် စက်ရုံတွေဖြစ်ပါတယ်။ တရားဝင် စာရင်းအရ ဆိုရင် အထည်ချုပ် အလုပ်သမားပေါင်း ၄၅,၀၀၀ လောက်ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့အခု COVID-19 ကပ်ရောဂါ ဖြစ်နေတဲ့အချိန်ထိ စက်ရုံပေါင်း ၁,၀၀၀ ကျော် ပိတ်ပစ်ခဲ့ရတာ ဖြစ်ပြီး လုပ်အားခ မပေးနိုင်ဘဲ ဒေဝါလီခံလိုက်တဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။ စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေမှာလည်း လုပ်အားခ နစ်နာတာတွေ၊ နေရပ်ပြန်ရတာတွေလည်း ရှိနေပါတယ်။ အခုအခါမှာတော့ စက်ရုံအတော်များများမှာ စီးပွာရေးလုပ်ငန်း အဆင်မပြေမှုတွေကြောင့် လုပ်သား ငှါးရမ်းမှု လျှော့ချတာတွေ လုပ်လာတာတွေလည်း ရှိနေပါတယ်။

#ဗွီအိုအေမြန်မာ #မြန်မာရွှေ့ပြောင်းအလုပ်သမား #မဲဆောက် #မြဝတီ #voaburmese #myanmarmigrant #maesot #myawaddy

XS
SM
MD
LG