သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံ ေတာထဲမွာ ဒုကၡေရာက္ေနတဲ့ ျမန္မာႏုိင္ငံသား ၁၆ ဦး ထိုင္းစစ္တပ္ ကယ္တင္


၂၀၁၉ ခုႏွစ္က ထုိင္းေတာင္ပုိင္းမွာ လူပဲြစားေတြ စြန္႔ပစ္ထားတဲ့ ျမန္မာႏိုင္ငံသားမ်ား ဖမ္းဆီးခံေနရသည့္ျမင္ကြင္း။

(Zawgyi / Unicode)

ထုိင္း-မေလးရွားနယ္စပ္မွာ လူပဲြစားေတြေခၚလာၿပီး ေတာထဲမွာ ပိတ္မိေနတဲ့ ျမန္မာႏုိင္ငံသား ၁၆ ဦးကို ထုိင္းစစ္တပ္က ကယ္ဆယ္ခ့ဲပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအုိေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံထဲကို COVID-19 အေရးေပၚကာလ မေၾကညာခင္ေလးမွာပဲ ေရာက္လာၾကတဲ့ ျမန္မာႏုိင္ငံသား ၁၆ ဦးဟာ မေလးရွားမွာ သြားေရာက္အလုပ္လုပ္ကုိင္ဖို႔ လာခဲ့ၾကေပမယ့္ COVID-19 နဲ႔ႀကံဳၿပီး ခရီးဆက္မရ ျဖစ္ခဲ့ၾကတာပါ။ သူတို႔ကို လူပြဲစားေတြက ေတာထဲမွာ ဖြက္ထားတာ ၂ လေက်ာ္ ၾကာလာၿပီးတဲ့ေနာက္ စားေသာက္ေရးနဲ႔ ေနထုိင္ေရးပါ အခက္အခဲ ရွိလာပါတယ္။

ဒီအတြက္ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ကုိ အကူအညီ ေတာင္းခံခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ထုိင္းစစ္တပ္ အကူအညီနဲ႔ ကယ္ဆယ္ခဲ့ရတယ္လုိ႔ ထုိင္း-မေလးနယ္စပ္ ဆုံခလာခ႐ုိင္ ဟတ္႐ုိင္ၿမိဳ႕က ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ တာ၀န္ခံ ဦးဘရီက ဗြီအုိေအကုိ အခုလို ေျပာျပပါတယ္။

“ေရႊ႕ေျပာင္းအလုပ္သမား မေလးရွားကို ခိုး၀င္မယ့္ ၁၆ ေယာက္က ေတာထဲမွာ ေနတဲ့အခါမွာ ၂ လေလာက္ ၾကာတဲ့အခါ အဆင္မေျပျဖစ္လာတယ္။ စား၀တ္ေနေရး အခက္အခဲေတြ ျဖစ္လာလို႔ က်ေနာ္တုိ႔ကို အကူအညီ ေတာင္းတဲ့အခါမွာေတာ့ က်ေနာ္တုိ႔ကေတာ့ နာရာသီ၀စစ္တပ္ကို အကူအညီ ေတာင္းခိုင္းလိုက္တယ္။ နာရာသီ၀မွာ စစ္တပ္ရဲ႕ ေစာင့္ေရွာက္မႈေအာက္မွာ ရွိေနတာေပါ့။ လူကုန္ကူးမႈ ေျမာက္မေျမာက္ေတာ့ စစ္ေဆးေတာ့ ၿပီးသြားၿပီ။ သူတုိ႔က သူတို႔ဘာသာ လာၾကေပမယ့္ မေလးရွားကို ၀င္လုိ႔မရလို႔ အိမ္ကိုျပန္ဖို႔ပဲ ဆံုးျဖတ္လိုက္ၾကတာေပါ့။”

မေလးရွားကို ခိုး၀င္ဖို႔ ႀကိဳးစားေနစဥ္မွာပဲ COVID-19 အေရးေပၚကာလမွာ နယ္ေျမတခုနဲ႔တခု ျဖတ္သန္းလို႔ မရတာရယ္၊ မေလးရွားနဲ႔ ထုိင္းအ၀င္အထြက္ေတြမွာ စစ္ေဆးေရးေတြ တင္းက်ပ္ေနတာေၾကာင့္ လူပဲြစားေတြက သူတုိ႔ကို ေတာထဲမွာပဲ ေနထုိင္ခိုင္းထားတယ္လို႔ ဆုိပါတယ္။ ေနာက္ပိုင္းမွာေတာ့ မိုးရြာလာၿပီး ေနထုိင္ေရး ခက္ခဲလာတာေၾကာင့္ ေနရပ္ျပန္ဖို႔ အကူအညီ ေတာင္းခဲ့တာျဖစ္ေၾကာင္းကိုလည္း ဦးဘရီက ေျပာျပပါတယ္။

“သူတို႔က မေလးရွားကို မ၀င္ရဘဲနဲ႔ ေတာထဲမွာ ၂ လၾကာခဲ့တယ္။ စားစရာ လာေပးေပမယ့္ မ၀ေရစာ စားရတာေပါ့။ ေတာထဲမွာဆုိေတာ့ မိုးေတြရြာတဲ့အခါမွာ က်န္းမာေရး ခ်ိဳ႕တဲ့တာေတြ ျဖစ္လာတယ္။ မိန္းကေလးက ၂ ဦး၊ ေယာက္်ားေလးက ၁၄ ဦးျဖစ္ေတာ့ မေလးရွားက ပဲြစားေတြ ျမန္မာက ပဲြစားေတြက မိန္းမကိုတေနရာ ေယာက္်ားေတြကို တေနရာထားမယ္ဆုိေတာ့ အမ်ိဳးသမီးေတြပါေတာ့ မသကၤာရဘူး။ မိန္းကေလးေတြကို ႏိုင္ထက္စီးနင္း မုဒိမ္းက်င့္ခဲ့ရင္ အင္မတန္မွ ခက္ခဲမႈ ျဖစ္ႏိုင္တယ္။ တခုခုလုပ္မွာကို စိုးရိမ္ေတာ့ စစ္တပ္ကို ဆက္သြယ္လိုက္ေတာ့ ည ၁ နာရီေလာက္မွာပဲ စစ္သားေတြက သြားၿပီး ကူညီေပးတယ္၊ သူတို႔ကို ေခၚထုတ္ေပးခဲ့တာေပါ့ေနာ္။”

အလားတူပဲ ၿပီးခဲ့တဲ့ တပတ္ခန္႔ကလည္း လူပဲြစားေတြက စြန္႔ပစ္ထားခဲ့တဲ့ ျမန္မာႏုိင္ငံသား လူကုန္ကူးခံရသူ ၁၈ ဦးကုိ ထုိင္းစစ္တပ္က ကယ္ဆယ္ခဲ့ၿပီး လက္ရွိမွာ ထုိင္းစစ္တပ္ထဲကေန လ၀ကကုိ လႊဲေျပာင္းေပးဖို႔ စီစဥ္ေပးခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ သူတုိ႔ကို ေနရပ္ျပန္ႏုိင္ေရးကို ဆက္လက္လုပ္ေဆာင္သြားမွာပါ။

အေမရိကန္ ႏိုင္ငံျခားေရးဌာနရဲ႕ လူကုန္ကူးမႈနဲ႔ ပတ္သက္တဲ့ အစီရင္ခံစာမွာေတာ့ ထိုင္းမွာ လူကုန္ကူးမႈေတြ ျဖစ္ေနတာေၾကာင့္ အေမရိကန္က Tier 3 အဆိုးဆံုးအဆင့္အထိ သတ္မွတ္ခဲ့ပါတယ္။ ေနာက္ပုိင္းမွာေတာ့ ထုိင္းက လူကုန္ကူးမႈ တုိက္ဖ်က္ေရးကို ျပင္းျပင္းထန္ထန္ လုပ္လာလို႔ Tier 2 ေစာင့္ၾကည့္အဆင့္အထိ ျပန္ၿပီး တိုးျမႇင့္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ထိုင္းမွာ လူကုန္ကူးမႈေတြ ရွိေနေသးသလို ေရလုပ္ငန္းေတြမွာလည္း ေရႊ႕ေျပာင္းလုပ္သားေတြကို ေက်းကြ်န္သဖြယ္ထား ေစခိုင္းတာတာေတြ ရိွေနတုန္းပဲဆိုၿပီး လူ႔အခြင့္အေရးအဖဲြ႔ေတြက ေ၀ဖန္ထားပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ပဲ ထိုင္းႏုိင္ငံဟာ အေမရိကန္ႏုိင္ငံက ေပးအပ္ထားတဲ့ ကုန္သြယ္မႈ အထူးအခြင့္အေရး GSP ကုိ ဧၿပီလကစၿပီး ဆုံး႐ႈံးခဲ့တာ ျဖစ္ပါတယ္။

ထိုင္းနဲ႔ ထိစပ္ေနတဲ့ အိမ္နိီးခ်င္း ျမန္မာႏုိင္ငံကုိေတာ့ ေစာင့္ၾကည့္အဆင့္ Tier 2 က ေလွ်ာ့ခ်လိုက္ၿပီး အဆိုး၀ါးဆံုး Tier 3 အဆင့္ကို သတ္မွတ္ထားတာပါ။ အခုလို Tier 3 ကို အဆင့္ေလွ်ာ့ခ် သတ္မွတ္လိုက္ရတာဟာ လူကုန္ကူးမႈ ပေပ်ာက္ေရးဆိုင္ရာ အနိမ့္ဆံုး သတ္မွတ္ခ်က္ေတြကို အျပည့္အဝ ျပည့္မီေအာင္ ျမန္မာအစိုးရက လုပ္ေဆာင္ႏုိင္ျခင္း မရွိသလို အဲဒီလို ျပည့္မီဖို႔အတြက္ သိသာတဲ့ လုပ္ေဆာင္မႈေတြ မရွိတာေၾကာင့္ျဖစ္တယ္လို႔ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ထိုင်းနိုင်ငံ တောထဲမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး ထိုင်းစစ်တပ် ကယ်တင်

ထိုင်း-မလေးရှားနယ်စပ်မှာ လူပွဲစားတွေခေါ်လာပြီး တောထဲမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းစစ်တပ်က ကယ်ဆယ်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံထဲကို COVID-19 အရေးပေါ်ကာလ မကြေညာခင်လေးမှာပဲ ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးဟာ မလေးရှားမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ လာခဲ့ကြပေမယ့် COVID-19 နဲ့ကြုံပြီး ခရီးဆက်မရ ဖြစ်ခဲ့ကြတာပါ။ သူတို့ကို လူပွဲစားတွေက တောထဲမှာ ဖွက်ထားတာ ၂ လကျော် ကြာလာပြီးတဲ့နောက် စားသောက်ရေးနဲ့ နေထိုင်ရေးပါ အခက်အခဲ ရှိလာပါတယ်။

ဒီအတွက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ကို အကူအညီ တောင်းခံခဲ့တာကြောင့် ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထိုင်းစစ်တပ် အကူအညီနဲ့ ကယ်ဆယ်ခဲ့ရတယ်လို့ ထိုင်း-မလေးနယ်စပ် ဆုံခလာခရိုင် ဟတ်ရိုင်မြို့က ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် တာဝန်ခံ ဦးဘရီက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ရွှေ့ပြောင်းအလုပ်သမား မလေးရှားကို ခိုးဝင်မယ့် ၁၆ ယောက်က တောထဲမှာ နေတဲ့အခါမှာ ၂ လလောက် ကြာတဲ့အခါ အဆင်မပြေဖြစ်လာတယ်။ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်လာလို့ ကျနော်တို့ကို အကူအညီ တောင်းတဲ့အခါမှာတော့ ကျနော်တို့ကတော့ နာရာသီဝစစ်တပ်ကို အကူအညီ တောင်းခိုင်းလိုက်တယ်။ နာရာသီဝမှာ စစ်တပ်ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတာပေါ့။ လူကုန်ကူးမှု မြောက်မမြောက်တော့ စစ်ဆေးတော့ ပြီးသွားပြီ။ သူတို့က သူတို့ဘာသာ လာကြပေမယ့် မလေးရှားကို ဝင်လို့မရလို့ အိမ်ကိုပြန်ဖို့ပဲ ဆုံးဖြတ်လိုက်ကြတာပေါ့။”

မလေးရှားကို ခိုးဝင်ဖို့ ကြိုးစားနေစဉ်မှာပဲ COVID-19 အရေးပေါ်ကာလမှာ နယ်မြေတခုနဲ့တခု ဖြတ်သန်းလို့ မရတာရယ်၊ မလေးရှားနဲ့ ထိုင်းအဝင်အထွက်တွေမှာ စစ်ဆေးရေးတွေ တင်းကျပ်နေတာကြောင့် လူပွဲစားတွေက သူတို့ကို တောထဲမှာပဲ နေထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ မိုးရွာလာပြီး နေထိုင်ရေး ခက်ခဲလာတာကြောင့် နေရပ်ပြန်ဖို့ အကူအညီ တောင်းခဲ့တာဖြစ်ကြောင်းကိုလည်း ဦးဘရီက ပြောပြပါတယ်။

“သူတို့က မလေးရှားကို မဝင်ရဘဲနဲ့ တောထဲမှာ ၂ လကြာခဲ့တယ်။ စားစရာ လာပေးပေမယ့် မဝရေစာ စားရတာပေါ့။ တောထဲမှာဆိုတော့ မိုးတွေရွာတဲ့အခါမှာ ကျန်းမာရေး ချို့တဲ့တာတွေ ဖြစ်လာတယ်။ မိန်းကလေးက ၂ ဦး၊ ယောက်ျားလေးက ၁၄ ဦးဖြစ်တော့ မလေးရှားက ပွဲစားတွေ မြန်မာက ပွဲစားတွေက မိန်းမကိုတနေရာ ယောက်ျားတွေကို တနေရာထားမယ်ဆိုတော့ အမျိုးသမီးတွေပါတော့ မသင်္ကာရဘူး။ မိန်းကလေးတွေကို နိုင်ထက်စီးနင်း မုဒိမ်းကျင့်ခဲ့ရင် အင်မတန်မှ ခက်ခဲမှု ဖြစ်နိုင်တယ်။ တခုခုလုပ်မှာကို စိုးရိမ်တော့ စစ်တပ်ကို ဆက်သွယ်လိုက်တော့ ည ၁ နာရီလောက်မှာပဲ စစ်သားတွေက သွားပြီး ကူညီပေးတယ်၊ သူတို့ကို ခေါ်ထုတ်ပေးခဲ့တာပေါ့နော်။”

အလားတူပဲ ပြီးခဲ့တဲ့ တပတ်ခန့်ကလည်း လူပွဲစားတွေက စွန့်ပစ်ထားခဲ့တဲ့ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူ ၁၈ ဦးကို ထိုင်းစစ်တပ်က ကယ်ဆယ်ခဲ့ပြီး လက်ရှိမှာ ထိုင်းစစ်တပ်ထဲကနေ လဝကကို လွှဲပြောင်းပေးဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ သူတို့ကို နေရပ်ပြန်နိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာပါ။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာတော့ ထိုင်းမှာ လူကုန်ကူးမှုတွေ ဖြစ်နေတာကြောင့် အမေရိကန်က Tier 3 အဆိုးဆုံးအဆင့်အထိ သတ်မှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းက လူကုန်ကူးမှု တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် လုပ်လာလို့ Tier 2 စောင့်ကြည့်အဆင့်အထိ ပြန်ပြီး တိုးမြှင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းမှာ လူကုန်ကူးမှုတွေ ရှိနေသေးသလို ရေလုပ်ငန်းတွေမှာလည်း ရွှေ့ပြောင်းလုပ်သားတွေကို ကျေးကျွန်သဖွယ်ထား စေခိုင်းတာတာတွေ ရှိနေတုန်းပဲဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့်ပဲ ထိုင်းနိုင်ငံဟာ အမေရိကန်နိုင်ငံက ပေးအပ်ထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး GSP ကို ဧပြီလကစပြီး ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံကိုတော့ စောင့်ကြည့်အဆင့် Tier 2 က လျှော့ချလိုက်ပြီး အဆိုးဝါးဆုံး Tier 3 အဆင့်ကို သတ်မှတ်ထားတာပါ။ အခုလို Tier 3 ကို အဆင့်လျှော့ချ သတ်မှတ်လိုက်ရတာဟာ လူကုန်ကူးမှု ပပျောက်ရေးဆိုင်ရာ အနိမ့်ဆုံး သတ်မှတ်ချက်တွေကို အပြည့်အဝ ပြည့်မီအောင် မြန်မာအစိုးရက လုပ်ဆောင်နိုင်ခြင်း မရှိသလို အဲဒီလို ပြည့်မီဖို့အတွက် သိသာတဲ့ လုပ်ဆောင်မှုတွေ မရှိတာကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG