သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံေပါင္း ၁၄ ႏုိင္ငံက ခရီးသြားေတြလာေရာက္ခြင့္ ပိတ္ပင္ထားတာ အီးယူေျဖေလွ်ာ့


EU အလံ

Zawgyi/Unicode

ကိုုရိုုနာဗိုုင္းရပ္စ္ကူးစက္မႈကိုု ထိန္းခ်ဳပ္ႏုုိင္ဖုိ႔ အီးယူ ဥေရာပ သမဂၢကေန ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံက ခရီးသြားေတြ လာေရာက္ခြင့္ ကန္႔သတ္ထားတာကို ေျဖေလွ်ာ့ေပးလိုက္ပါၿပီ။ အခုလို ဖယ္ရွားလုိက္တဲ့ စာရင္းထဲမွာေတာ့ အေမရိကန္ျပည္ေထာင္စုက ခရီးသြားေတြအတြက္ေတာ့ မပါပါဘူး။

အယ္လ္ဂ်ီးရီးယား၊ ၾသစေတးလ် ၊ ကေနဒါ၊ ေဂ်ာ္ဂ်ီယာ၊ ဂ်ပန္၊ မြန္တီနီဂရုိး၊ ေမာ္ရိုကို၊ နယူးဇီလန္၊ ရဝမ္ဒါ၊ ဆားဗီးယား၊ ေတာင္ကိုရီးယားဝ ထိုင္း၊ တူနီးရွားနဲ႔ ဥရုေဂြး ႏိုင္ငံေတြကေန ဥေရာပ ၃၁ ႏိုင္ငံထဲကို လာေရာက္ႏုိင္ၿပီျဖစ္ေၾကာင္း အဂၤါေန႔က ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ အေမရိကန္၊ ဘရာဇီးလ္နဲ႔ အိႏၵိယအပါအဝင္ COVID- 19 ကူးစက္မႈ တိုးေနတဲ့ ႏိုင္ငံေတြက ႏိုင္ငံသားေတြ လာေရာက္မႈကိုေတာ့ အခုအခ်ိန္မွာ တားျမစ္ထားတာ ျဖစ္ပါတယ္။

ဥေရာပ ႏုိင္ငံေတြက ႏိုင္ငံသားေတြ သူတုိ႔ဆီကိုလာေရာက္ခြင့္ ကန္႔သတ္ထားတဲ့ တရုတ္ႏိုင္ငံအတြက္ေတာ့ ဥေရာပ တိုက္သားေတြ သူူတို႔ဆီလာေရာက္မႈကို မပိတ္ပင္သေေရြ႕ သူတုိ႔ ႏိုင္ငံသားတြလည္း ဥေရာပ ႏိုင္ငံေတြကို လာေရာက္ႏုိင္မွာ ျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံဟာ ကမာၻေပၚမွာ ဒီေရာဂါကူးစက္မႈ အမ်ားဆံုး ျဖစ္ေနၿပီး အဂၤါေန႔ အေမရိကန္ Johns Hopkins စစ္တမ္းမွာေတာ့ အကူးစက္ခံရသူ ကမာၻတလႊား ဆယ္သန္းေက်ာ္ (၁၀,၃၇၅,၈၉၇) ရွိေနခ်ိန္မွာ အေမရိကန္ႏိုင္ငံမွာ ၂ သန္းခြဲေက်ာ္ (၂,၆၂၀,၂၂၄) ရွိေနတာပါ။ ေသဆံုးရသူကေတာ့ ကမာၻတလႊား ၅ သိန္းေက်ာ္ (၅၀၇,၇၇၉ ) ရွိေနၿပီး အေမရိကန္မွာေတာ့ တသိန္း ၂ ေသာင္းေက်ာ္ (၁၂၆,၆၂၈) ရွိေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္


[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အီးယူ ဥရောပ သမဂ္ဂကနေ နိုင်ငံပေါင်း ၁၄ နိုင်ငံက ခရီးသွားတွေ လာရောက်ခွင့် ကန့်သတ်ထားတာကို ဖြေလျှော့ပေးလိုက်ပါပြီ။ အခုလို ဖယ်ရှားလိုက်တဲ့ စာရင်းထဲမှာတော့အမေရိကန်ပြည်ထောင်စုက ခရီးသွားတွေအတွက်တော့ မပါပါဘူး။

အယ်လ်ဂျီးရီးယား၊ သြစတေးလျ ၊ ကနေဒါ၊ ဂျော်ဂျီယာ၊ ဂျပန်၊ မွန်တီနီဂရိုး၊ မော်ရိုကို၊ နယူးဇီလန်၊ ရဝမ်ဒါ၊ ဆားဗီးယား၊ တောင်ကိုရီးယားဝ ထိုင်း၊ တူနီးရှားနဲ့ ဥရုဂွေး နိုင်ငံတွေကနေ ဥရောပ ၃၁ နိုင်ငံထဲကို လာရောက်နိုင်ပြီဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်အမေရိကန်၊ ဘရာဇီးလ်နဲ့ အိန္ဒိယအပါအဝင် Covid 19 ကူးစက်မှု တိုးနေတဲ့ နိုင်ငံတွေက နိုင်ငံသားတွေ လာရောက်မှုကိုတော့ အခုအချိန်မှာ တားမြစ်ထားတာ ဖြစ်ပါတယ်။

ဥရောပ နိုင်ငံတွေက နိုင်ငံသားတွေ သူတို့ဆီကိုလာရောက်ခွင့် ကန့်သတ်ထားတဲ့ တရုတ်နိုင်ငံအတွက်တော့ ဥရောပ တိုက်သားတွေ သူူတို့ဆီလာရောက်မှုကို မပိတ်ပင်သေရွေ့သူတို့ နိုင်ငံသားတွလည်း ဥရောပ နိုင်ငံတွေကို လာရောက်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒီရောဂါကူးစက်မှု အများဆုံး ဖြစ်နေပြီး အင်္ဂါနေ့ အမေရိကန် Johns Hopkins စစ်တမ်းမှာတော့ အကူးစက်ခံရသူ ကမ္ဘာတလွှား ဆယ်သန်းကျော် (၁၀,၃၇၅,၈၉၇) ရှိနေချိန်မှာ အမေရိကန်နိုင်ငံမှာ ၂ သန်းခွဲကျော် (၂,၆၂၀,၂၂၄) ရှိနေတာပါ။ သေဆုံးရသူကတော့ ကမ္ဘာတလွှား ၅ သိန်းကျော် (၅၀၇,၇၇၉ ) ရှိနေပြီး အမေရိကန်မှာတော့ တသိန်း ၂ သောင်းကျော် (၁၂၆,၆၂၈) ရှိနေပါပြီ။

XS
SM
MD
LG