(Zawgyi / Unicode)
အိႏၵိယနဲ႔ တျခားေနရာေတြမွာ အေျခအေန ဆိုးလာတာကို ျမင္ေနရတဲ့ ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါ အႏၱရာယ္နဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ အေမရိကန္သမၼတ Donald Trump က ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) အတြက္ ရန္ပံုေငြမေပးဖို႔ ဆံုးျဖတ္ခဲ့တာကို ျပန္လည္စဥ္းစားဖို႔ အီးယူ ဥေရာပသမဂၢက ပန္ၾကားလိုက္ပါတယ္။
လက္ရွိနဲ႔ အနာဂတ္ကာလ ကမာၻ႔ကပ္ေရာဂါႀကီးေတြကို ႏုိင္ငံတကာက တုံ႔ျပန္ရာမွာ WHO ဟာ ဆက္ၿပီး ဦးေဆာင္ႏိုင္စြမ္းရွိဖို႔ လိုအပ္ေၾကာင္း ဥေရာပေကာ္မရွင္ အႀကီးအကဲ Ursula von der Leyen နဲ႔ အီးယူ ႏုိင္ငံျခားေရးဝန္ႀကီး Josep Borrell တို႔က စေနေန႔မွာ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။
ဒါ့အျပင္ WHO ရဲ႕လုပ္ရပ္ အားနည္းေစတာကို ေရွာင္ၾကဖို႔နဲ႔ အေမရိကန္က ရန္ပံုေငြမေပးဖို႔ ဆံုးျဖတ္္ခ်က္အတြက္ ျပန္လည္စဥ္းစားဖို႔လည္း တုိက္တြန္းခဲ့ပါတယ္။
ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးမွာ WHO ကို လာမယ့္ ၂ ႏွစ္အတြက္ ေဒၚလာ ၂ ဘီလီယံ အကူအညီေပးမယ္လို႔ တ႐ုတ္က ကတိေပးခဲ့ၿပီးတဲ့ေနာက္ အေမရိကန္သမၼတ Trump က အခုလို ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။
--------------------------------
(Unicode)
WHO ကို ရန်ပုံငွေဖြတ်မယ့်ကိစ္စ ပြန်သုံးသပ်ဖို့ ကန်သမ္မတ Trump ကို ဥရောပသမဂ္ဂ ပန်ကြား
အိန္ဒိယနဲ့ တခြားနေရာတွေမှာ အခြေအနေ ဆိုးလာတာကို မြင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်သမ္မတ Donald Trump က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အတွက် ရန်ပုံငွေမပေးဖို့ ဆုံးဖြတ်ခဲ့တာကို ပြန်လည်စဉ်းစားဖို့ အီးယူ ဥရောပသမဂ္ဂက ပန်ကြားလိုက်ပါတယ်။
လက်ရှိနဲ့ အနာဂတ်ကာလ ကမ္ဘာ့ကပ်ရောဂါကြီးတွေကို နိုင်ငံတကာက တုံ့ပြန်ရာမှာ WHO ဟာ ဆက်ပြီး ဦးဆောင်နိုင်စွမ်းရှိဖို့ လိုအပ်ကြောင်း ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen နဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီး Josep Borrell တို့က စနေနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ဒါ့အပြင် WHO ရဲ့လုပ်ရပ် အားနည်းစေတာကို ရှောင်ကြဖို့နဲ့ အမေရိကန်က ရန်ပုံငွေမပေးဖို့ ဆုံးဖြတ်ချက်အတွက် ပြန်လည်စဉ်းစားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ထိန်းချုပ်ရေးမှာ WHO ကို လာမယ့် ၂ နှစ်အတွက် ဒေါ်လာ ၂ ဘီလီယံ အကူအညီပေးမယ်လို့ တရုတ်က ကတိပေးခဲ့ပြီးတဲ့နောက် အမေရိကန်သမ္မတ Trump က အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။