သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ေၾကာင့္ပိတ္ထားတဲ့နယ္စပ္ေတြ EU ႏိုင္ငံတခ်ဳိ႕ျပန္ဖြင့္


ျပင္သစ္ - ဂ်ာမနီနယ္စပ္ ျပန္ဖြင့္တဲ့ေန႔မွာ Kehl ၿမိဳ႕ရွိ ဘူတာရံုတခုမွာ ေတြ႔ရတဲ့ ျပင္သစ္ႏိုင္ငံသား ခရီးသြားတခ်ိဳ႕။ (ဇြန္ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻတလႊား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ဆက္လက္ျဖစ္ပြားေနဆဲမွာပဲ ဒီကေန႔မွာေတာ့ ျပင္သစ္၊ ၿဗိတိန္၊ ဂရိနဲ႔ တခ်ိဳ႕ႏိုင္ငံေတြမွာ အသြားအလာေတြ ေျဖေလ်ာ့ေပးလိုက္ပါတယ္။ တျခား EU ဥေရာပသမဂၢအဖဲြ႔ဝင္ႏိုင္ငံေတြက ခရီးသည္ေတြကို ျပင္သစ္ႏိုင္ငံက ျပည္ဝင္ခြင့္ ျပန္ေပးလိုက္ပါတယ္။

ျပင္သစ္သမၼတ Emmanuel Macron
ျပင္သစ္သမၼတ Emmanuel Macron

ပါရီၿမိဳ႕ေတာ္မွာလည္း စားေသာက္ဆိုင္ေတြ၊ ေကာ္ဖီဆိုင္ေတြ ျပန္ဖြင့္ႏိုင္ၾကပါၿပီ။ ႏိုင္ငံ စီးပြါးေရးကို ျပန္ျမႇင့္တင္ဖို႔ လိုအပ္ေၾကာင္းလည္း ျပင္သစ္ သမၼတ Emmanuel Macron က ေျပာပါတယ္။

ၿဗိတိန္ႏိုင္ငံမွာေတာ့ ၃ လၾကာပိတ္ထားခဲ့ရတဲ့ ေစ်းဆိုင္ေတြ၊ စီးပြားေရးလုပ္ငန္းေတြ ဒီကေန႔ ျပန္ဖြင့္ခြင့္ရပါတယ္။ ဝတ္ျပဳဆုေတာင္းတဲ့ေနရာေတြ၊ ႐ုပ္ရွင္႐ုံနဲ႔ တိရိစာၦန္႐ုံေတြကို ဖြင့္ခြင့္ျပဳလိုက္ၿပီး လူခ်င္းခ်ဲေနဖို႔ စည္းကမ္းေတြကို လိုက္နာဖို႔နဲ႔ လူေတြနဲ႔ ထိေတြ႕ရမယ့္ေနရာေတြမွာ ႏွာေခါင္းစည္းေတြ တပ္ဆင္ၾကဖို႔ အစိုးရက အႀကံျပဳထားပါတယ္။

ဂရိႏိုင္ငံရဲ႕ ဒုတိယအႀကီးဆံုးၿမိဳ႕ျဖစ္တဲ့ Thessaloniki ႏိုင္ငံတကာေလဆိပ္ကို EU ခရီးသြားေတြအတြက္ ျပန္ဖြင့္ေပးလိုက္သလို ၃ လၾကာပိတ္ထားတဲ့ ျပတိုက္ေတြကိုလည္း ျပန္ဖြင့္လိုက္ပါတယ္။

ေရာဂါကူးစက္မႈဒဏ္ကို ဆိုးဆိုး႐ြား႐ြားႀကဳံခဲ့ရတဲ့ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ မွာ ေဒသတြင္း စီးပြားေရးလုပ္ငန္းေတြကို ျပန္ဖြင့္ခြင့္ျပဳထားေပမဲ့ သတ္မွတ္ခ်က္ေတြကို မလိုက္နာၾကတာနဲ႔ ႏွာေခါင္းစည္း မဝတ္ဆင္ၾကတဲ့အေပၚ စိုးရိမ္ပူပန္မိေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက တနဂၤေႏြေန႔က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံမွာလည္း အသစ္ကူးစက္မႈေတြ တေက်ာ့ျပန္ျဖစ္လာတာေၾကာင့္ ကန္႔သတ္တားျမစ္ခ်က္တခ်ိဳ႕ကို ျပန္ၿပီး ခ်မွတ္ထားပါတယ္။ အခု အခ်ိန္ထိ တကမာၻလုံးအတိုင္းအတာနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ၇.၉ သန္းရွိၿပီး ေသဆုံးသူ ၄၃၀,၀၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID ကြောင့်ပိတ်ထားတဲ့နယ်စပ်တွေ EU နိုင်ငံတချို့ပြန်ဖွင့်

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွါးနေဆဲမှာပဲ ဒီကနေ့မှာတော့ ပြင်သစ်၊ ဗြိတိန်၊ ဂရိနဲ့ တချို့နိုင်ငံတွေမှာ အသွားအလာတွေ ဖြေလျော့ပေးလိုက်ပါတယ်။ တခြား EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ခရီးသည်တွေကို ပြင်သစ်နိုင်ငံက ပြည်ဝင်ခွင့် ပြန်ပေးလိုက်ပါတယ်။

ပါရီမြို့တော်မှာလည်း စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ ပြန်ဖွင့်နိုင်ကြပါပြီ။ နိုင်ငံ စီးပွါးရေးကို ပြန်မြှင့်တင်ဖို့ လိုအပ်ကြောင်းလည်း ပြင်သစ် သမ္မတ Emmanuel Macron က ပြောပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ ၃ လကြာပိတ်ထားခဲ့ရတဲ့ ဈေးဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ဒီကနေ့ ပြန်ဖွင့်ခွင့်ရပါတယ်။ ဝတ်ပြုဆုတောင်းတဲ့နေရာတွေ၊ ရုပ်ရှင်ရုံနဲ့ တိရိစ္ဆာန်ရုံတွေကို ဖွင့်ခွင့်ပြုလိုက်ပြီး လူချင်းချဲနေဖို့ စည်းကမ်းတွေကို လိုက်နာဖို့နဲ့ လူတွေနဲ့ ထိတွေ့ရမယ့်နေရာတွေမှာ နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ အစိုးရက အကြံပြုထားပါတယ်။

ဂရိနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Thessaloniki နိုင်ငံတကာလေဆိပ်ကို EU ခရီးသွားတွေအတွက် ပြန်ဖွင့်ပေးလိုက်သလို ၃ လကြာပိတ်ထားတဲ့ ပြတိုက်တွေကိုလည်း ပြန်ဖွင့်လိုက်ပါတယ်။

ရောဂါကူးစက်မှုဒဏ်ကို ဆိုးဆိုးရွားရွားကြုံခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မှာ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ခွင့်ပြုထားပေမဲ့ သတ်မှတ်ချက်တွေကို မလိုက်နာကြတာနဲ့ နှာခေါင်းစည်း မဝတ်ဆင်ကြတဲ့အပေါ် စိုးရိမ်ပူပန်မိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက တနင်္ဂနွေနေ့က ပြောပါတယ်။

တရုတ်နိုင်ငံမှာလည်း အသစ်ကူးစက်မှုတွေ တကျော့ပြန်ဖြစ်လာတာကြောင့် ကန့်သတ်တားမြစ်ချက်တချို့ကို ပြန်ပြီး ချမှတ်ထားပါတယ်။ အခု အချိန်ထိ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၇.၉ သန်းရှိပြီး သေဆုံးသူ ၄၃၀,၀၀၀ ကျော်ရှိပါတယ်။

XS
SM
MD
LG