သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ဒဏ်သင့် စီးပွားရေးလုပ်ငန်းတွေအတွက် အစိုးရအကူအညီ အလုပ်ဖြစ်သလား


စံပြငါးဈေးက အလုပ်သမားများ ဝယ်သူကို စောင့်နေကြတဲ့ မြင်ကွင်း (မတ် ၁၁၊ ၂၀၂၀)
စံပြငါးဈေးက အလုပ်သမားများ ဝယ်သူကို စောင့်နေကြတဲ့ မြင်ကွင်း (မတ် ၁၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်မှုကြီးကြီးမားမား ရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ပတ်နိုင်ဖို့ အစိုးရက ကူညီထောက်ပံ့ရေးအစီအစဉ်တွေ လုပ်ပေးနေရာမှာ အခု တတိယအသုတ်အဖြစ်နဲ့ လုပ်ငန်း ၁၀၀ ကျော်ကို ချေးငွေ ချထားပေးတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးပါမယ်။

ကပ်ဘေးအလွန်စီးပွားရေးကုစားမှု အစီအစဉ်အဖြစ်နဲ့ COVID-19 တုံ့ပြန်ရေး ရန်ပုံငွေလျာထားပြီး အစိုးရက ထိခိုက်သွားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ လတ်တလောမှာ ကျပ်ငွေ ဘီလီယံ ၁၀၀ ကျော်လျာထား သတ်မှတ်သုံးစွဲနေတာပါ။ ချေးငွေကို တနှစ်ကို အတိုးနှှုန်း ၁ ရာခိုင်နှုန်းနဲ့ တနှစ်သတ်မှတ် ထုတ်ချေးတာပါ။ ဒီတခေါက်ဆိုရင် ၃ ကြိမ်မြောက် ချေးငွေထုတ်ပေးနိုင်ခဲ့တာပါ။

မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး UMFCCI ဘက်ကနေ ထိခိုက်ခံစားရတဲ့ လုပ်ငန်းရှင်တွေ ချေးငွေရရှိနိုင်ဖို့ ကူညီလုပ်ဆောက်ပေးနေတာတွေလည်းရှိပါတယ်။ တင်ပြလာတဲ့ လုပ်ငန်းတွေကို စုစည်းဆောင်ရွက်ပေးတဲ့ အပိုင်းကို ကူညီဆောင်ရွက်ပေးနေတာဖြစ်ပေမဲ့ ရွေးချယ်ရေးပိုင်းကတော့ အစိုးရဘက်က ဖွဲ့စည်းထားတဲ့ ဘုတ်အဖွဲ့ဘက်က ဆုံးဖြတ်အတည်ပြုတာဖြစ်တယ်လို့ UMFCCI အထွေထွေ တွဲဖက် အတွင်းရေးမှူး ဦးအေးဝင်းက VOA ကို ပြောပါတယ်။

"မြေပြင်မှာ ကွင်းဆင်းဖို့ကတော်တော် ခက်တယ်။ သူတို့တင်ပြလာတဲ့ အချက်အလက်၊ တင်ပြလာတဲ့ ဓါတ်ပုံတင်ကြတဲ့ လုပ်ငန်းအမျိုးအစား လိုင်စင်၊ ဒီအချက်တွေပေါ် စိစစ်ရလို့သူတို့တင်ပြလာတဲ့ အပေါ်မှာပဲ ရမှာပါ။ တခုရှိတာကတော့ ပမာဏကြီးတာဆို အဖွဲ့ထဲ ဟိုတယ် ဝန်ကြီးပါတော့ ဟိုတယ်က အပြင်မှာ တကယ်ရောရှိမရှိ၊ လုပ်ငန်း run နေတာဟုတ်မဟုတ်ဆိုတာ တချက် check လုပ်တာတွေကို ပြန်လုပ်ပါတယ်။"

ညောင်ရွှေမှာ ဟိုတယ်နဲ့ ခရီးသွား ပြည်ထောင်စုဝန်ကြီး မိသားစုပိုင်လုပ်ငန်းကို ပမာဏကြီးကြီးမားမား ချေးငွေရတယ်ဆိုပေမဲ့ ညောင်ရွှေမှာပဲရှိတဲ့ အခြားဟိုတယ်လုပ်ငန်းတွေကတော့ ချေးငွေတင်ထားတာ ခုအချိန်ထိ မရသေးဘူးလို့ သိရပါတယ်။

ညောင်ရွှေက ဟိုတယ်လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးအောင်ကျော်မိုးကတော့ လက်ရှိအချိန်မှာ နယ်မြို့တွေက လုပ်ငန်းရှင်တွေမှာ ချေးငွေရယူနိုင်ဖို့ အခက်အခဲတွေ ရှိနေပြီး အချက်အလက်တွေ တင်ပြတာမှာ ကိုဗစ်ကြောင့် သွားလာရခက်ခဲချိန်မှာ ကိုယ်တိုင်တင်ပြဖို့ အခက်ခဲ၊ လိုအပ်ချက် တစုံတရာ ရှိလာရင်လည်း အချိန်မှီ မပေးနိုင်တာ ပေးနိုင်ခဲ့ပေမဲ့လည်း တင်ပြပေးတဲ့ အခါ တင်ပြဖို့ ကျန်ရစ်တာတွေကြောင့် ပထမတကြိမ်ထဲက တင်ထားပေမယ့် မရသေးဘူးလို့ ပြောပါတယ်။

"ဇန်နဝါရီလလယ်မှာ လူက လုံးဝ မရှိတော့ဘူး။ အဲလိုမရှိတော့ပေမဲ့ ဝန်ထမ်းလစာတွေ ပေးဖို့ ကိုယ့်ဘာသာရပ်တည်ရတယ်။ ဟိုတယ်တွေပိတ်ပါဆိုတော့ ရုတ်တရက်ပိတ်တယ်။ လူတွေလည်းမလာတော့ဘူး။ ကျနော်တို့လည်း ပြည်သူပဲလေ လုပ်ငန်းရှင်အသေးစားတွေကပိုဆိုးတယ်။ အခွန်ဆောင်တော့လည်း ကျနော်တို့ပါတယ်။ မီတာကြေးတွေ ကင်းလွတ်တယ် ပြည်သူရတယ် ကျနော်တို့ မပါဘူး။ ဆန်ဝေ၊ ဆီဝေ ကျနော်တို့ မပါဘူး။ ချေးငွေချပေးပြန်တော့လည်း ချမ်းသာတဲ့သူတွေရယ်၊ အထက်ပိုင်းကလူတွေရယ်ပဲ ရတယ်။ ကျနော်တို့ အသေးစားလုပ်ငန်းရှင်တွေရဲ့ခံစားချက်တွေပဲ။"

ချောင်းသာဘက်က ဟိုတယ်လုပ်ငန်း အချို့ဘက်မှာတော့ ဟိုတယ် ၅ လုံးလောက် ချေးငွေရတယ်လို့ ဟိုတယ်လုပ်ငန်းရှင် ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးမင်းကျော်ဦးက ပြောပါတယ်။ ချေးငွေ ရရှိတဲ့ ငွေကြေးကလုပ်ငန်း လုပ်ဆောင်ဖို့ထက် ဝန်ထမ်းတွေ လစာအတွက်ပဲ ရည်ရွယ်တောင်းဆိုဖြစ်တယ်လို့ ဦးမင်းကျော်ဦးက ပြောပါတယ်။

"ကျနော်တို့က တောင်းတာက ဝန်ထမ်းတွေအတွက်ပဲ တောင်းတာဆိုတော့ ရလာတာကလည်း အဲ့အပိုင်းပဲ လုပ်လို့ အဆင်ပြေပါတယ်။"

အချို့လုပ်ငန်းတွေကတော့ သူတို့တင်ပြတဲ့ ပမာဏအတိုင်း မရရှိတာကြောင့် ရရှိတဲ့ချေးငွေက လုပ်ငန်းလည်ပတ်လောက်အောင် မလောက်မငှဖြစ်တယ်ဆိုပြီး ဝေဖန်တာတွေ ရှိနေပါတယ်။

COVID-19 တုံ့ပြန်ရေး ရန်ပုံငွေထဲက ချေးငွေပေးဖို့အတွက် လုပ်နင်းတွေရဲ့ အခွန်ပေးဆောင်မှု၊ အလုပ်သမားတွေအတွက် လူမှုဖူလုံကြေးထည့်သွင်းမှု၊ လုပ်ငန်းလည်ပတ်မှု၊ ဝန်ထမ်းခန့်ထားမှုတွေအပေါ်တွေကို ကြည့်ပြီး လုပ်ငန်းရွေးချယ်မှုနဲ့ ချေးငွေပမာဏကို သတ်မှတ်ဆုံးဖြတ်တယ်လို့ သိရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG