(Zawgyi / Unicode)
အပတ္စဥ္ စီးပြားေရး အစီအစဥ္ကို တင္ျပပါမယ္။ ျပည္ေထာင္စု ၀န္ႀကီး ဦးအုန္းေမာင္ ဒါရိုက္တာ အဖြဲ႔၀င္ အျဖစ္ ပါ၀င္တယ္လို႔ အစိုးရရဲ႕ ကုမၸဏီ မွတ္ပံုတင္ စာရင္းမွာ ေဖာ္ျပထားတဲ႔ Inle Princess - အင္းေလး မင္းသမီး လီမိတက္ က က်ပ္သိန္း ၁၀၀၀ အထက္ ေငြေခ်းခြင့္ ရမယ္လို႔လည္း အစိုးရက ထုတ္ျပန္ခဲ႔ၿပီးေနာက္မွာ ေခ်းေငြ ေလွ်ာက္ထားသူေတြၾကား လႈပ္လႈပ္ရွားရွား ျဖစ္ခဲ႔ပါတယ္။ စည္းမ်ဥ္း သတ္မွတ္ခ်က္ အမ်ားအျပားပါတဲ႔ အစိုးရရဲ႕ COVID ေခ်းေငြကို လက္လွမ္းမမီၾကသူေတြကေတာ့ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ လုပ္ငန္းဆက္လက္ လည္ပတ္ႏုိင္ေရး စီစဥ္ေနၾကပါတယ္။ နားဆင္ၾကရေအာင္ပါ။ က်မ သိဂၤ ီထိုက္ပါ။
ကြမ္းသီးပင္ေတြက ထြက္တဲ႔ ဖက္ေတြကို မီးရိႈႈ႕ ရွင္းလင္းေနရတာကို ျမင္ၿပီး ဒီကေန ပလတ္စတစ္ အစားထိုး လူသံုးကုန္ ပစၥည္းေတြ ထုတ္ရင္ ရမွာဘဲဆိုတဲ႔ စိတ္ကူးကေန ကြမ္းဖက္ တခါသံုး ပန္ကန္ေတြ ခြက္ေတြ ဇြန္းေတြ ထုတ္တဲ႔ Nature Myanmar ရဲ႕ တည္ေထာင္သူ ဦးမင္းေက်ာ္ဇင္ က နုိင္ငံတကာရဲ႕ အမွာေတြကိုပါ ထုတ္ႏုိင္ဖို႔ စက္ရံုသစ္ စၿပီး ေဆာက္ေနခ်ိန္မွာဘဲ COVID -19 ကပ္ေဘးႀကီးက ေပၚလာတာပါ။
" ရာႏႈန္းျပည့္နီးပါး ထိခိုက္တယ္လို႔ဘဲ ေျပာရမွာေပါ့ေနာ္။ ဘာလို႔လဲ ဆိုေတာ့ လံုး၀ လုပ္ငန္းလည္ပတ္မႈ လံုး၀ မရွိေတာ့ဘူးေပါ့ေနာ္။ လည္ပတ္မႈလည္း လံုး၀ ရပ္သြားတယ္။ အ၀ယ္လံုး၀ မရွိေတာ့ဘူး။ ထုတ္လုပ္မႈ လံုး၀ ရပ္လုိက္ရတယ္ေပါ့ေနာ္။ "
သူ႔လုပ္ငန္းကို တြင္တြင္က်ယ္က်ယ္ စတာ ၂ ႏွစ္ မေက်ာ္ေသးေတာ့ အစိုးရရဲ႕ COVID 19 ေခ်းေငြေလွ်ာက္လို႔ မရပါဘူးတဲ႔။
" တကယ္ေတာ့ ေခ်းေငြ ရရင္ေတာ့ အမ်ားႀကီး ျဖစ္တာေပါ့။ လက္ရွိ က်ေနာ္တို႔မွာ ရွိေနတဲ႔ လက္ရွိ အေနအထားနဲ႔ က်ေနာ္တို႔ ရုန္းကန္ဖို႔ အရမ္းခက္ခဲသြားၿပီ။ အစိုးရ ေခ်းေငြ မရရင္ေတာင္ က်ေနာ္တို႔ ျပင္ပက ေခ်းေငြေတြနဲ႔ က်ေနာ္တို႔ နည္းနည္းေလး ဆက္ၿပီးေတာ့ စခန္းသြားရမယ့္ သေဘာ ရွိတာေပါ့ေနာ္။ "
ကိုမင္းေက်ာ္ဇင္တို႔ Nature Myanmar ထုတ္ကုန္ေတြကေတာ့ မရွိမျဖစ္ ထုတ္ကုန္ေတြ မဟုတ္တာေၾကာင့္ ကပ္ေဘးကာလႀကီးမွာ လုပ္ငန္း ျပန္လည္ လည္ပတ္ရင္လည္း ၀ယ္လက္ ရွိပါ့မလားဆိုတာကို ထည့္သြင္း စဥ္းစားေနရတဲ႔ အခ်က္လည္း ပါပါတယ္။ ဒါေပမယ့္ စားေသာက္ကုန္ထုတ္ လုပ္ငန္းေတြလည္း လုပ္ငန္းမစႏုိင္ေသးပါဘူး။ ႏုိင္ငံတ၀န္း အသြားအလာ ပိတ္ပင္ ကန္႔သတ္ခ်က္ေတြက ေဒသႏၱရ စည္းမ်ဥ္းေတြနဲ႔ အသီးသီး ေဆာင္ရြက္ေနၾကတာေၾကာင့္ သယ္ယူပို႔ေဆာင္ေရး တုံ႔ေႏွးသြားတာေၾကာင့္ပါ။
အစိုးရရဲ႕ ေခ်းေငြ အစီအစဥ္မွာ လူမႈဖူလံုေရး စည္းမ်ဥ္းသတ္မွတ္ခ်က္လည္း ပါတာေၾကာင့္ နယ္ေဒသေတြက လုပ္ငန္းေတြ အတြက္ကေတာ့ အားနည္းခ်က္ တခုလို ျဖစ္ေနပါတယ္။ ဲJumjel ေဖ်ာ္ရည္ထုတ္တဲ႔ ေဒၚသက္စုေဌးကေတာ့ အစိုးရရဲ႕ ေခ်းေငြ ေလွ်ာက္ထားေပမယ့္ သိပ္ေတာ့ မေမွ်ာ္လင့္ပါဘူးတဲ႔။ ဘာေၾကာင့္ပါလဲရွင္။
" ပထမ တသုတ္မွာလည္းဘဲ ၈၈ ေယာက္ ၆ ဘီလီယံ ေပးလိုက္တယ္ေပါ့ေနာ္။ အဲဒါဘဲ သိရတယ္ ဘယ္သူေတြ ဆိုတာလည္း တိတိက်က် မသိရဘူးေလ။ အခု ဒုတိယ အသုတ္ ၁၉၈ ေယာက္ ခ်ေပးတယ္။ အခု ေခ်းေငြ အေနအထားကလည္း ေတာ္ေတာ္ကို မွန္းရ ခက္ေနတဲ႔ အေနအထားမွာ ရွိေနပါတယ္။ တျခားၿမိဳ႕ႀကီးေတြမွာ တကယ့္ လူမႈဖူလံုးေရး စည္းမ်ဥ္း စည္းကမ္းနဲ႔ ကိုက္ညီတဲ႔ လုပ္ငန္းရွင္ေတြေတာင္ အခုဟာ ေမွ်ာ္မွန္းလို႔ မရတဲ႔ အေနအထားျဖစ္ေနတယ္လို႔ ၾကားပါတယ္။ တခ်ိဳကေတြဆို အခုလည္း အမတို႔လည္း ၾကားမယ္ ထင္ပါတယ္ သိန္း ၃ ေထာင္ ေလွ်ာက္တာေတာင္ ၆၅ သိန္းေလာက္ဘဲ ရလို႔ ျပန္အပ္တယ္ ဆိုတာမ်ိဳးေတြေပါ့ေနာ္။ တကယ္လို႔မွသာ အဲလို နည္းနည္းေလး ဆိုရင္ေတာ့လည္း ဘာမွ မျဖစ္မယ့္ အတူတူ ရခဲ႔ရင္လည္း စုတို႔လည္း ထုတ္ျဖစ္မယ္ မထင္ဘူး။ ဘာမွ လုပ္လို႔ မရတဲ႔ ပမာဏနဲ႔ ဆိုရင္ေပါ့ေနာ္။ ရ မရ ကလည္း မွန္းလို႔ မရတဲ႔ အေနအထား ျဖစ္ေနတာ ဆိုေတာ့ေလ။ "
COVID 19 ေၾကာင့္ အမ်ားဆံုး ထိခုိက္ရတဲ႔ စီးပြားေရး လုပ္ငန္းေတြကို အစိုးရဘက္က အတိုးႏႈန္း သက္သက္သာသာနဲ႔ ေငြထုတ္ ေခ်းရတာမွာ အဓိကကေတာ့ ကပ္ေဘး ကာလႀကီး အတြင္း ဒီလုပ္ငန္းေတြမွာ ၀န္ထမ္းေတြကို ဆက္ၿပီး လစာေပးထားႏုိင္ေရး အတြက္လည္း ရည္ရြယ္တာ ျဖစ္ပါတယ္။ ျပည္ေထာင္စု ၀န္ႀကီး ဦးအုန္းေမာင္ ဒါရိုက္တာ အဖြဲ႔၀င္ အျဖစ္ ပါ၀င္တယ္လို႔ အစိုးရရဲ႕ ကုမၸဏီ မွတ္ပံုတင္ စာရင္းမွာ ေဖာ္ျပထားတဲ႔ Inle Princess - အင္းေလး မင္းသမီး လီမိတက္က ၀န္ထမ္းေတြ အတြက္ေတာ့ လစာရဖို႔ မပူရေပမယ့္ ေခ်းေငြလည္း မရ လုပ္ငန္းလည္း မလည္ပတ္ႏုိင္ေတာ့တဲ႔ လုပ္ငန္းေတြမွာေတာ့ ၀န္ထမ္းေတြကို ဆက္ၿပီး လစာေပးႏုိင္ေရး မေသခ်ာေတာ့ပါဘူး။ ဦးမင္းေက်ာ္ဇင္ကေတာ့ လစာ ဆက္ေပးဖို႔ အခက္ေတြ႔ေနပါၿပီ။
" မတ္လ မကုန္ခင္ ကတည္းက က်ေနာ္တို႔ ပိတ္လုိက္တာေပါ့ေနာ္။ ၂၅ ေလာက္ ကတည္းက ပိတ္ေတာ့ မတ္လ လစာ ေပးလိုက္တယ္။ ေနာက္ ဧၿပီ လစာကို က်ေနာ္ Wave နဲ႔ဘဲ လႊဲေပးတယ္။ ဒီလစာေပါ့ေနာ္ ဒီရက္ပိုင္း အတြင္းမွာဘဲ က်ေနာ္ Wave နဲ႔ လႊဲေပးတယ္။ ဆိုေတာ့ ေနာက္လကို လက္ရွိ ပံုစံ အတိုင္းဆိုရင္ေတာ့ လစာေပးဖို႔ အတြက္ ေတာ္ေတာ္ေလး အခက္အခဲ ျဖစ္ေနၿပီ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေနာ္႔ လုပ္ငန္းက လံုး၀ ရပ္ေနၿပီ။ "
ေဒၚသက္စုေဌးကေတာ့ ၀န္ထမ္းေတြကို လစာဆက္ေပးထားၿပီး ၀န္ထမ္းေတြ ေရွ႕ေရး အတြက္ အလုပ္ေတြ မျဖစ္မေန ျပန္စဖို႔ နည္းလမ္းေပါင္းစံု စဥ္းစားေနပါတယ္။
" လစာေတာ့ ေပးထားဆဲဘဲ ရွိပါေသးတယ္။ လစာ အျပင္ တျခား ဆန္၊ ဆီ၊ ဆား၊ ေဆး၊ တျခား ပဲေၾကာ္ ၾကက္သြန္ေပါ့ေနာ္ အဲဒါေတြက အစ လက္ရွိေတာ့ ေထာက္ပံ႔ ေပးထားတုန္းဘဲ ရွိပါေသးတယ္ရွင့္။ ေမလ ၁၅ ရက္ေန႔ ထိေပါ့ေနာ္။ အဲဒီ အထိေတာ့ အရင္အတိုင္းဘဲ ဆက္ၿပီး ေထာက္ပံ႔ထားမွာပါ။ ၁၅ ရက္ေန႔မွာေတာ့ မျဖစ္ ျဖစ္တဲ႔ နည္းနဲ႔ စက္ရံု ျပန္ဖြင့္ေပးဖို႔ စီစဥ္ေနပါၿပီရွင္႔။ "
COVID 19 ေၾကာင့္ ထိခုိက္ရတဲ႔ စီးပြားေရး လုပ္ငန္းေတြ အေပၚ အစိုးရဘက္က ပံ႔ပိုး ေထာက္ပံ႔တာမွာ စီးပြားေရး လုပ္ငန္းတိုင္းေတာ့ အႀကံဳး၀င္ေအာင္ ေဆာင္ရြက္ႏုိင္မွာ မဟုတ္ဘူးဆိုတာကို စီးပြားေရး လုပ္ငန္း အသိုင္းအ၀ိုင္း နားလည္ထားေပမယ့္ ေခ်းေငြ လုပ္ငန္းစဥ္မွာ ပြင့္လင္းျမင္သာမႈ ပိုၿပီး ရွိဖို႔ေတာ့ ေမွ်ာ္လင့္ၾကပါတယ္။ အခု အစိုးရရဲ႕ ေခ်းေငြ ရလိုၾကတဲ႔ အဓိက အေၾကာင္းရင္းကလည္း အတိုးႏႈန္း အဆမတန္ နည္းပါး သက္သာတာေၾကာင့္ ျဖစ္ပါတယ္။ COVID 19 ကာလမွာ လက္ရွိ ဘဏ္တိုးႏႈန္းေတြကို ေလွ်ာ့ခ်ေပးႏုိင္ဖို႔ေရာ အလားအလာ ရွိပါလားလို႔ ျပည္သူ႔လႊတ္ေတာ္ ဘဏ္မ်ားနဲ႔ ေငြေၾကးဆိုင္ရာ ဖြံ႔ၿဖိဳးတိုးတက္ေရး ေကာ္မတီ အတြင္းေရးမွဴး လႊတ္ေတာ္ အမတ္ ဦးတင္ထြန္းႏုိင္ကို ဗီြအိုေအက ေမးျမန္းခဲ႔တာမွာေတာ့
" COVID -19 ကာလ တခုေပါ့ေလ မေက်ာ္လႊားႏုိင္ခင္ ကာလ တခုမွာ အတိုးအရင္ ေပးဆပ္မႈနဲ႔ ပတ္သက္ၿပီးေတာ့ အတိုင္းအတာ တခုအထိ ေျဖေလွ်ာ့ေပးႏုိင္တယ္ ဆိုခဲ႔ရင္ေတာ့လည္း တဖက္က လုပ္ငန္း မေကာင္းေပမယ္လို႔ ဒီဘက္က ဘဏ္နဲ႔ ပတ္သက္တဲ႔ အပိုင္းမွာေတာ့ သက္သာရာ ရတာေပါ့ေနာ္။ ဒါမ်ိဳးကေတာ့ ဗဟိုဘဏ္ အေနနဲ႔ ေဆာင္ရြက္ေကာင္း ေဆာင္ရြက္ ႏုိင္တယ္လို႔ေတာ့ က်ေနာ္ ထင္ပါတယ္။ "
" ဒါေပမယ့္ အဲလိုမ်ိဳး လုပ္ဖို႔ ဆိုရင္ေတာ့လည္း ေခ်းေငြ ယူထားတဲ႔ လုပ္ငန္း အားလံုးကို ေပးမွာလား။ ဘယ္လုပ္ငန္းကို ေပးမလဲ ဆိုတာေတြက က်ေနာ္တို႔ ေမးခြန္းေတြ ေပၚလာလိမ့္မယ္။ အဲေတာ့ ဒီလုပ္ငန္း ေပးေတာ့လည္း က်န္တဲ႔ လုပ္ငန္းေတြလည္း သူ႔နည္းသူ႔ဟန္နဲ႔ အဆင္မေျပ ျဖစ္ေနၾကတဲ႔ အခါက်ေတာ့ တကယ္ လုပ္ျဖစ္မယ္ ဆိုရင္ေတာင္မွ ဗဟိုဘဏ္ အေနနဲ႔ ေတာ္ေတာ္ေလး ခ်င့္ခ်ိန္ၿပီးမွ လုပ္ဖို႔ မ်ားတယ္လို႔ ဘဲ က်ေနာ္ ထင္ပါတယ္ဗ်။ "
လက္ရွိ အေနအထားမွာေတာ့ အစိုးရရဲ႕ အတိုးႏႈန္း သက္သာတဲ႔ ေခ်းေငြ မရႏုိင္တဲ႔ အေသးစား အလတ္စား စီးပြားေရး လုပ္ငန္းေတြ အေနနဲ႔ကေတာ့ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေခ်းေငြရွာၿပီး ေရွ႕ဆက္ၾကရမယ့္ အေနအထားပါ။
(Unicode)
အစိုးရရဲ့ COVID 19 ချေးငွေ မရတဲ့ လုပ်ငန်းတွေရဲ့ ရှေ့ရေး
သောတရှင်များရှင် အပတ်စဉ် စီးပွားရေး အစီအစဉ်ကို တင်ပြပါမယ်။
ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် ဒါရိုက်တာ အဖွဲ့ဝင် အဖြစ် ပါဝင်တယ်လို့ အစိုးရရဲ့ ကုမ္ပဏီ မှတ်ပုံတင် စာရင်းမှာ ဖော်ပြထားတဲ့ Inle Princess - အင်းလေး မင်းသမီး လီမိတက် က ကျပ်သိန်း ၁၀၀၀ အထက် ငွေချေးခွင့် ရမယ်လို့လည်း အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက်မှာ ချေးငွေ လျှောက်ထားသူတွေကြား လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ပါတယ်။ စည်းမျဉ်း သတ်မှတ်ချက် အများအပြားပါတဲ့ အစိုးရရဲ့ COVID ချေးငွေကို လက်လှမ်းမမီကြသူတွေကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ငန်းဆက်လက် လည်ပတ်နိုင်ရေး စီစဉ်နေကြပါတယ်။ နားဆင်ကြရအောင်ပါ။ ကျမ သိင်္ဂ ီထိုက်ပါ။
ကွမ်းသီးပင်တွေက ထွက်တဲ့ ဖက်တွေကို မီးရှိုှု့ ရှင်းလင်းနေရတာကို မြင်ပြီး ဒီကနေ ပလတ်စတစ် အစားထိုး လူသုံးကုန် ပစ္စည်းတွေ ထုတ်ရင် ရမှာဘဲဆိုတဲ့ စိတ်ကူးကနေ ကွမ်းဖက် တခါသုံး ပန်ကန်တွေ ခွက်တွေ ဇွန်းတွေ ထုတ်တဲ့ Nature Myanmar ရဲ့ တည်ထောင်သူ ဦးမင်းကျော်ဇင် က နိုင်ငံတကာရဲ့ အမှာတွေကိုပါ ထုတ်နိုင်ဖို့ စက်ရုံသစ် စပြီး ဆောက်နေချိန်မှာဘဲ COVID -19 ကပ်ဘေးကြီးက ပေါ်လာတာပါ။
" ရာနှုန်းပြည့်နီးပါး ထိခိုက်တယ်လို့ဘဲ ပြောရမှာပေါ့နော်။ ဘာလို့လဲ ဆိုတော့ လုံး၀ လုပ်ငန်းလည်ပတ်မှု လုံး၀ မရှိတော့ဘူးပေါ့နော်။ လည်ပတ်မှုလည်း လုံး၀ ရပ်သွားတယ်။ အဝယ်လုံး၀ မရှိတော့ဘူး။ ထုတ်လုပ်မှု လုံး၀ ရပ်လိုက်ရတယ်ပေါ့နော်။ "
သူ့လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် စတာ ၂ နှစ် မကျော်သေးတော့ အစိုးရရဲ့ COVID 19 ချေးငွေလျှောက်လို့ မရပါဘူးတဲ့။
" တကယ်တော့ ချေးငွေ ရရင်တော့ အများကြီး ဖြစ်တာပေါ့။ လက်ရှိ ကျနော်တို့မှာ ရှိနေတဲ့ လက်ရှိ အနေအထားနဲ့ ကျနော်တို့ ရုန်းကန်ဖို့ အရမ်းခက်ခဲသွားပြီ။ အစိုးရ ချေးငွေ မရရင်တောင် ကျနော်တို့ ပြင်ပက ချေးငွေတွေနဲ့ ကျနော်တို့ နည်းနည်းလေး ဆက်ပြီးတော့ စခန်းသွားရမယ့် သဘော ရှိတာပေါ့နော်။ "
ကိုမင်းကျော်ဇင်တို့ Nature Myanmar ထုတ်ကုန်တွေကတော့ မရှိမဖြစ် ထုတ်ကုန်တွေ မဟုတ်တာကြောင့် ကပ်ဘေးကာလကြီးမှာ လုပ်ငန်း ပြန်လည် လည်ပတ်ရင်လည်း ဝယ်လက် ရှိပါ့မလားဆိုတာကို ထည့်သွင်း စဉ်းစားနေရတဲ့ အချက်လည်း ပါပါတယ်။ ဒါပေမယ့် စားသောက်ကုန်ထုတ် လုပ်ငန်းတွေလည်း လုပ်ငန်းမစနိုင်သေးပါဘူး။ နိုင်ငံတဝန်း အသွားအလာ ပိတ်ပင် ကန့်သတ်ချက်တွေက ဒေသန္တရ စည်းမျဉ်းတွေနဲ့ အသီးသီး ဆောင်ရွက်နေကြတာကြောင့် သယ်ယူပို့ဆောင်ရေး တုံ့နှေးသွားတာကြောင့်ပါ။
အစိုးရရဲ့ ချေးငွေ အစီအစဉ်မှာ လူမှုဖူလုံရေး စည်းမျဉ်းသတ်မှတ်ချက်လည်း ပါတာကြောင့် နယ်ဒေသတွေက လုပ်ငန်းတွေ အတွက်ကတော့ အားနည်းချက် တခုလို ဖြစ်နေပါတယ်။ ဲJumjel ဖျော်ရည်ထုတ်တဲ့ ဒေါ်သက်စုဌေးကတော့ အစိုးရရဲ့ ချေးငွေ လျှောက်ထားပေမယ့် သိပ်တော့ မမျှော်လင့်ပါဘူးတဲ့။ ဘာကြောင့်ပါလဲရှင်။
" ပထမ တသုတ်မှာလည်းဘဲ ၈၈ ယောက် ၆ ဘီလီယံ ပေးလိုက်တယ်ပေါ့နော်။ အဲဒါဘဲ သိရတယ် ဘယ်သူတွေ ဆိုတာလည်း တိတိကျကျ မသိရဘူးလေ။ အခု ဒုတိယ အသုတ် ၁၉၈ ယောက် ချပေးတယ်။ အခု ချေးငွေ အနေအထားကလည်း တော်တော်ကို မှန်းရ ခက်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ တခြားမြို့ကြီးတွေမှာ တကယ့် လူမှုဖူလုံးရေး စည်းမျဉ်း စည်းကမ်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းရှင်တွေတောင် အခုဟာ မျှော်မှန်းလို့ မရတဲ့ အနေအထားဖြစ်နေတယ်လို့ ကြားပါတယ်။ တချိုကတွေဆို အခုလည်း အမတို့လည်း ကြားမယ် ထင်ပါတယ် သိန်း ၃ ထောင် လျှောက်တာတောင် ၆၅ သိန်းလောက်ဘဲ ရလို့ ပြန်အပ်တယ် ဆိုတာမျိုးတွေပေါ့နော်။ တကယ်လို့မှသာ အဲလို နည်းနည်းလေး ဆိုရင်တော့လည်း ဘာမှ မဖြစ်မယ့် အတူတူ ရခဲ့ရင်လည်း စုတို့လည်း ထုတ်ဖြစ်မယ် မထင်ဘူး။ ဘာမှ လုပ်လို့ မရတဲ့ ပမာဏနဲ့ ဆိုရင်ပေါ့နော်။ ရ မရ ကလည်း မှန်းလို့ မရတဲ့ အနေအထား ဖြစ်နေတာ ဆိုတော့လေ။ "
COVID 19 ကြောင့် အများဆုံး ထိခိုက်ရတဲ့ စီးပွားရေး လုပ်ငန်းတွေကို အစိုးရဘက်က အတိုးနှုန်း သက်သက်သာသာနဲ့ ငွေထုတ် ချေးရတာမှာ အဓိကကတော့ ကပ်ဘေး ကာလကြီး အတွင်း ဒီလုပ်ငန်းတွေမှာ ဝန်ထမ်းတွေကို ဆက်ပြီး လစာပေးထားနိုင်ရေး အတွက်လည်း ရည်ရွယ်တာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် ဒါရိုက်တာ အဖွဲ့ဝင် အဖြစ် ပါဝင်တယ်လို့ အစိုးရရဲ့ ကုမ္ပဏီ မှတ်ပုံတင် စာရင်းမှာ ဖော်ပြထားတဲ့ Inle Princess - အင်းလေး မင်းသမီး လီမိတက်က ဝန်ထမ်းတွေ အတွက်တော့ လစာရဖို့ မပူရပေမယ့် ချေးငွေလည်း မရ လုပ်ငန်းလည်း မလည်ပတ်နိုင်တော့တဲ့ လုပ်ငန်းတွေမှာတော့ ဝန်ထမ်းတွေကို ဆက်ပြီး လစာပေးနိုင်ရေး မသေချာတော့ပါဘူး။ ဦးမင်းကျော်ဇင်ကတော့ လစာ ဆက်ပေးဖို့ အခက်တွေ့နေပါပြီ။
" မတ်လ မကုန်ခင် ကတည်းက ကျနော်တို့ ပိတ်လိုက်တာပေါ့နော်။ ၂၅ လောက် ကတည်းက ပိတ်တော့ မတ်လ လစာ ပေးလိုက်တယ်။ နောက် ဧပြီ လစာကို ကျနော် Wave နဲ့ဘဲ လွှဲပေးတယ်။ ဒီလစာပေါ့နော် ဒီရက်ပိုင်း အတွင်းမှာဘဲ ကျနော် Wave နဲ့ လွှဲပေးတယ်။ ဆိုတော့ နောက်လကို လက်ရှိ ပုံစံ အတိုင်းဆိုရင်တော့ လစာပေးဖို့ အတွက် တော်တော်လေး အခက်အခဲ ဖြစ်နေပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့် လုပ်ငန်းက လုံး၀ ရပ်နေပြီ။ "
ဒေါ်သက်စုဌေးကတော့ ဝန်ထမ်းတွေကို လစာဆက်ပေးထားပြီး ဝန်ထမ်းတွေ ရှေ့ရေး အတွက် အလုပ်တွေ မဖြစ်မနေ ပြန်စဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားနေပါတယ်။
" လစာတော့ ပေးထားဆဲဘဲ ရှိပါသေးတယ်။ လစာ အပြင် တခြား ဆန်၊ ဆီ၊ ဆား၊ ဆေး၊ တခြား ပဲကြော် ကြက်သွန်ပေါ့နော် အဲဒါတွေက အစ လက်ရှိတော့ ထောက်ပံ့ ပေးထားတုန်းဘဲ ရှိပါသေးတယ်ရှင့်။ မေလ ၁၅ ရက်နေ့ ထိပေါ့နော်။ အဲဒီ အထိတော့ အရင်အတိုင်းဘဲ ဆက်ပြီး ထောက်ပံ့ထားမှာပါ။ ၁၅ ရက်နေ့မှာတော့ မဖြစ် ဖြစ်တဲ့ နည်းနဲ့ စက်ရုံ ပြန်ဖွင့်ပေးဖို့ စီစဉ်နေပါပြီရှင့်။ "
COVID 19 ကြောင့် ထိခိုက်ရတဲ့ စီးပွားရေး လုပ်ငန်းတွေ အပေါ် အစိုးရဘက်က ပံ့ပိုး ထောက်ပံ့တာမှာ စီးပွားရေး လုပ်ငန်းတိုင်းတော့ အကြုံးဝင်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဆိုတာကို စီးပွားရေး လုပ်ငန်း အသိုင်းအဝိုင်း နားလည်ထားပေမယ့် ချေးငွေ လုပ်ငန်းစဉ်မှာ ပွင့်လင်းမြင်သာမှု ပိုပြီး ရှိဖို့တော့ မျှော်လင့်ကြပါတယ်။ အခု အစိုးရရဲ့ ချေးငွေ ရလိုကြတဲ့ အဓိက အကြောင်းရင်းကလည်း အတိုးနှုန်း အဆမတန် နည်းပါး သက်သာတာကြောင့် ဖြစ်ပါတယ်။ COVID 19 ကာလမှာ လက်ရှိ ဘဏ်တိုးနှုန်းတွေကို လျှော့ချပေးနိုင်ဖို့ရော အလားအလာ ရှိပါလားလို့ ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး လွှတ်တော် အမတ် ဦးတင်ထွန်းနိုင်ကို ဗွီအိုအေက မေးမြန်းခဲ့တာမှာတော့
" COVID -19 ကာလ တခုပေါ့လေ မကျော်လွှားနိုင်ခင် ကာလ တခုမှာ အတိုးအရင် ပေးဆပ်မှုနဲ့ ပတ်သက်ပြီးတော့ အတိုင်းအတာ တခုအထိ ဖြေလျှော့ပေးနိုင်တယ် ဆိုခဲ့ရင်တော့လည်း တဖက်က လုပ်ငန်း မကောင်းပေမယ်လို့ ဒီဘက်က ဘဏ်နဲ့ ပတ်သက်တဲ့ အပိုင်းမှာတော့ သက်သာရာ ရတာပေါ့နော်။ ဒါမျိုးကတော့ ဗဟိုဘဏ် အနေနဲ့ ဆောင်ရွက်ကောင်း ဆောင်ရွက် နိုင်တယ်လို့တော့ ကျနော် ထင်ပါတယ်။ "
" ဒါပေမယ့် အဲလိုမျိုး လုပ်ဖို့ ဆိုရင်တော့လည်း ချေးငွေ ယူထားတဲ့ လုပ်ငန်း အားလုံးကို ပေးမှာလား။ ဘယ်လုပ်ငန်းကို ပေးမလဲ ဆိုတာတွေက ကျနော်တို့ မေးခွန်းတွေ ပေါ်လာလိမ့်မယ်။ အဲတော့ ဒီလုပ်ငန်း ပေးတော့လည်း ကျန်တဲ့ လုပ်ငန်းတွေလည်း သူ့နည်းသူ့ဟန်နဲ့ အဆင်မပြေ ဖြစ်နေကြတဲ့ အခါကျတော့ တကယ် လုပ်ဖြစ်မယ် ဆိုရင်တောင်မှ ဗဟိုဘဏ် အနေနဲ့ တော်တော်လေး ချင့်ချိန်ပြီးမှ လုပ်ဖို့ များတယ်လို့ ဘဲ ကျနော် ထင်ပါတယ်ဗျ။ "
လက်ရှိ အနေအထားမှာတော့ အစိုးရရဲ့ အတိုးနှုန်း သက်သာတဲ့ ချေးငွေ မရနိုင်တဲ့ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ချေးငွေရှာပြီး ရှေ့ဆက်ကြရမယ့် အနေအထားပါ။