(Zawgyi/ Unicode)
(Unicode)
COVID 19 ချေးငွေကို လုပ်ငန်းတွေ ပြန်ဆပ်နိုင်ခြေ
မြန်မာနိုင်ငံမှာ COVID -19 ကူးစက်ပျံ့နှံ့မှု ကာလအတွင်း ထိခိုက်နစ်နာနေရတဲ့ မြန်မာနိုင်ငံသားပိုင် လုပ်ငန်းတွေ ပြိုလဲမသွားစေရေး အတွက် အစိုးရက ချေးငွေထောက်ပံ့ပေးနေပါတယ်။ ချေးငွေ လျှောက်ထားခွင့် ကန့်သတ်ချက် အဖြစ် အနည်းဆုံး သက်တမ်း ၂ နှစ်ရှိပြီးတဲ့ မြန်မာနိုင်ငံသားပိုင် လုပ်ငန်းဖြစ်ရမှာပါ။
ဒီကန့်သတ်ချက်က သက်တမ်း နု လုပ်ငန်းငယ်တွေ အတွက် နစ်နာမှုလား၊ နောက် အခု ချေးငွေ သက်တမ်းက ၁ နှစ် ဖြစ်တဲ့ အတွက် ချေးထားတဲ့ လုပ်ငန်းတွေ ငွေကြေး ပြန်လည် လည်ပတ်ပြီး အကြွေး ပြန်ဆပ်နိုင်ခြေရော ရှိပါသလား။
JUM JEL Company Limited ဒါရိုက်တာ ဒေါ်သက်စုဌေးနဲ့ ဆွေးနွေးပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။