(Zawgyi/Unicode)
ကမာၻတဝန္းက COVID-19 ကပ္ေရာဂါခံစားရတဲ႔ ဖြံ႔ျဖိဳးဆဲႏို္င္ငံေတြရဲ႕ က်န္းမာေရးအပါအဝင္ စီးပြားေရး ျပန္လည္ထူေထာင္ေရးအတြက္ ကမာၻ႔ဘဏ္က လာမယ့္ ၁၅ လအတြင္း အေမရိကန္ေဒၚလာ ဘီလီယံ ၁၆၀ ေလာက္ ေထာက္ပံ႔သြားဖို႔ ရွိပါတယ္။ ဒီထဲမွာ ျမန္မာႏိုင္ငံလည္းပါ ပါတယ္။
ကမာၻ႔ဘဏ္ရဲ႕ ပထမအသုတ္ပံ့ပိုးမယ့္ ၂၅ ႏိုင္ငံမွာ ျမန္မာႏိုင္ငံ မပါေပမဲ႔ လာမယ့္ အသုတ္ေတြမွာ ပါလာဖို႔ ရွိေၾကာင္း ကမာၻ႔ဘဏ္ျမန္မာရဲ႕ ျပန္ၾကားေရး တာဝန္ရွိသူ ဦးေက်ာ္စိုးလင္းက ေျပာပါတယ္။
“ကမာၻ႔ဘဏ္ရဲ႕ ဒါရိုက္တာ ဘုတ္အဖြဲ႔ကေန ဒါကိုအတည္ျပဳသြားတာ မေန႔က ၂ ရက္ေန႔ေပါ႔ေနာ္ ... ၂၅ ႏိုင္ငံ ပထမဦးဆံုး ပါသြားတာေပါ႔။ အဲဒီ ၂၅ ႏုိင္ငံထဲမွာေတာ့ က်ေနာ္တို႔ အေရွ႕အာရွနဲ႔ ပစိဖိတ္မွာေတာ႔ ကေမၻာဒီယားနဲ႔ မြန္ဂိုးလီယား ပါတယ္။ ေလာေလာဆယ္ေတာ႔ က်ေနာ္တို႔ ျမန္မာအစိုးရနဲ႔ ကမာၻ႔ဘဏ္နဲ႔ ဒါကို ေဆြးေႏြးေနတယ္ေပါ့။ ခြင့္ျပဳမယ့္ ပံ႔ပိုးမႈေတြထဲမွာေတာ႔ ျမန္မာႏိုင္ငံ ပါလာဖို႔ ရွိပါတယ္။”
မတ္လ ၂၃ ရက္က ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ႏုိ္င္ငံျခားစီးပြားဌာနက ျပည္ေထာင္စုဝန္ၾကီး ဦးေသာင္းထြန္းနဲ႔ ကမာၻ႔ဘဏ္ျမန္မာဌာေန ဒါရိုက္တာ ေတြ႔ဆံုျပီး ကမာၻ႔ဘဏ္က ျမန္မာအတြက္ ေခ်းေငြအေမရိကန္ေဒၚလာ သန္း ၅၀ ေပးသြားမယ္လို႔ ေျပာခဲ့ပါတယ္။ ကမာၻ႔ဘဏ္ရဲ႕ အစီအစဥ္ဟာ COVID-19 ကပ္ေရာဂါအလြန္ ျပန္လည္ထူေထာင္ေရးကိုကာလကို ျမန္ျမန္ျဖတ္သန္းႏိုင္ဖို႔ ရည္ရြယ္ထားတာလို႔ဆိုပါတယ္။ စီးပြားေရးနာလံထူဖို႔၊ အေသးစား၊ အလတ္စားလုပ္ငန္းေတြဖြံ႔ျဖိဳးဖို႔၊ ဆင္းရဲႏြမ္းပါးသူေတြကို ေထာက္ပံ႔ဖို႔စတဲ့ အစီအစဥ္ေတြပါ ပါတယ္။
ျမန္မာအစိုးရအေနနဲ႔ ကပ္ေရာဂါအလြန္ ျပန္လည္ထူေထာင္ေရးမွာ ႏို္င္ငံသားေတြ ဆံုးရႈံးသြားတဲ႔ ဝင္ေငြကို ယာယီကုစားေပးတဲ႔ နည္းလမ္းေတြကို အရင္ေဆာင္ရြက္သင့္တယ္လို႔ စီးပြားေရးပညာရွင္ေတြက အၾကံေပးျပဳပါတယ္။
အစိုးရစီမံကိန္းေတြက အခ်ိန္တိုအတြင္း အျမန္အက်ိဳးရွိနိုင္တဲ့ လုပ္ငန္းေတြျဖစ္ဖို႔၊ လူထုစားဝတ္ေနေရး အေထာက္အကူျပဳဖို႔၊ အလုပ္အကိုင္ဖန္တီးေပးဖို႔၊ ျပည္တြင္းျပင္ပ ႏွစ္ခုလံုးမွာ ေစ်းကြက္ရွိတဲ့ ပစၥည္းေတြ ထုတ္လုပ္ဖို႔၊ အနာဂတ္မွာ ဆင့္ပြားအက်ိဳးရွိႏို္င္တဲ႔လုပ္ငန္းေတြျဖစ္ဖို႔ လိုတယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ စီးပြားေရးအၾကံေပး ဦးေဇာ္ေဖဝင္းက ဗြီအိုေအကို ေျပာပါတယ္။
“ဥပမာ COVID-19 ေၾကာင့္ က်ေနာ္တို႔ တရုတ္ေစ်းကြက္ပ်က္သြားတယ္ေပါ႔ေနာ္။ အခုေတာ႔ ျပန္ေတာ႔လုပ္ေနပါျပီ။ အိႏၵိယဘက္ကလည္းပဲေပါ႔ေနာ္ ... မဝယ္ႏိုင္ဘူးျဖစ္ေနတယ္။ အဲဒီေတာ႔ စိုက္ပ်ိဳးေရးမွာ ေစ်းကြက္ရွိတဲ႔ ကုန္ပစၥည္းေတြကို ဦးစားေပးျပီးေတာ႔ ျပန္လည္ထူေထာင္ရမယ္။ သား၊ ငါး မွာဆိုရင္ ေမြးျမဴေရးေရာ ဖမ္းဆီးတာေရာ ျမန္ျမန္တိုးတက္လာေအာင္ အေကာင္အထည္ေဖာ္ေပးရမယ္။ ျမန္ျမန္ျပန္လုပ္လို႔ရမယ့္ဟာကေတာ့ CMP ေပါ႔ အထည္ခ်ဳပ္လုပ္ငန္း။ CMP ေတြ ျပန္ေပၚလာရင္ က်ေနာ္တို႔ အလုပ္သမားေတြလည္း အလုပ္ရၾကမယ္။ အလားအလာ အင္မတန္ေကာင္းတဲ႔ ႏိုင္ငံျခား ေစ်းကြက္တခုပဲ။”
ျပန္လည္ထူေထာင္ေရးအပိုင္းကို စီးပြားေရးပညာရွင္ ဦးေဇာ္ေဖဝင္းက အက်ဥ္းခ်ံဳး ေျပာျပသြားတာပါ။
စီးပြားေရးပညာရွင္ ဦးမင္းခင္ကေတာ႔ အစိုုးရအေနနဲ႔ ပံုမွန္နည္းလမ္း မဟုတ္ဘဲ ထိေရာက္တဲ႔ နည္းလမ္းကိုသံုးျပီး အားနည္းသြားတဲ႔ က႑ေတြကို ျပန္ကုစားႏိုင္လိမ့္မယ္လို႔ ဆိုပါတယ္။
“နဂိုကတည္းက အားနည္းေနတဲ႔ က႑ေတြမွာ အထိခိုက္ဆံုးျဖစ္ႏုိင္ပါတယ္။ အဲဒီမွာ ကုန္သြယ္ေရးပါတယ္၊ ဟိုတယ္ခရီးပါတယ္၊ စက္ရံုအလုပ္ရံုေတြ ပါတယ္။ ဒါေပမဲ့ သြယ္ဝိုက္ျပီး ထိခိုက္ႏုိင္တာေတြလည္းရွိေသးတယ္။ ဒီအခ်ိန္မွာ သိသိသာသာမွန္းဆလို႔ ခက္ပါတယ္။ သို႔ေသာ္ အဓိက လုပ္ရမွာကေတာ႔ လက္ရွိအေျခအေနေပၚမွာ မူတည္ျပီးေတာ႔ ဘာေတြဘယ္ေလာက္ထိခိုက္ သြားႏုိင္တယ္ဆိုတာ တခ်က္ ေလ႔လာျပင္ဆင္ဖို႔ ေကာင္းပါျပီ။ နံပတ္ ၂ ကေတာ႔ ဒီအေျခအေနေတြေပၚမွာ မူတည္ျပီးေတာ႔ ဘယ္လိုက်ေနာ္တို႔ အဆိုးထဲက အေကာင္းျဖစ္ေအာင္ ၾကိဳးစားႏုိင္မလဲ အဲဒီဟာကိုလည္း က်ေနာ္တို႔ စဥ္းစားဖို႔ေကာင္းတယ္။”
ျပည္ေထာင္စုအစိုးရ ခြင့္ျပဳခ်က္နဲ႔ ႏို္င္ငံေတာ္ရန္ပံုေငြထဲက က်ပ္ေငြ ဘီလီယံ ၅၀ ကို COVID-19 ေၾကာင့္ထိခိုက္သြားတဲ႔ ကုန္ထုတ္လုပ္ငန္းရွင္ေတြအတြက္ သံုးစြဲသြားဖို႔ရွိပါတယ္။ ဒါေပမဲ့ ျပန္လည္ထူေထာင္ေရးမွာ ဒီပမာဏထက္ ပိုျပီး လိုအပ္ႏုိင္တယ္လို႔လည္း သံုးသပ္ၾကတာရွိပါတယ္။
[Unicode Version]
မြန်မာအပါအဝင် ဖွံဖြိုးဆဲနိုင်ငံတွေ ပြန်လည်ထူထောင်ရေး ကမ္ဘာ့ဘဏ်ကူညီ
ကမ္ဘာတဝန်းက COVID-19 ကပ်ရောဂါခံစားရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကျန်းမာရေးအပါအဝင် စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့ဘဏ်က လာမယ့် ၁၅ လအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၆၀ လောက် ထောက်ပံ့သွားဖို့ ရှိပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံလည်းပါ ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ပထမအသုတ်ပံ့ပိုးမယ့် ၂၅ နိုင်ငံမှာ မြန်မာနိုင်ငံ မပါပေမဲ့ လာမယ့် အသုတ်တွေမှာ ပါလာဖို့ ရှိကြောင်း ကမ္ဘာ့ဘဏ်မြန်မာရဲ့ ပြန်ကြားရေး တာဝန်ရှိသူ ဦးကျော်စိုးလင်းက ပြောပါတယ်။
“ကမ္ဘာ့ဘဏ်ရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ကနေ ဒါကိုအတည်ပြုသွားတာ မနေ့က ၂ ရက်နေ့ပေါ့နော် ... ၂၅ နိုင်ငံ ပထမဦးဆုံး ပါသွားတာပေါ့။ အဲဒီ ၂၅ နိုင်ငံထဲမှာတော့ ကျနော်တို့ အရှေ့အာရှနဲ့ ပစိဖိတ်မှာတော့ ကမ္ဘောဒီယားနဲ့ မွန်ဂိုးလီယား ပါတယ်။ လောလောဆယ်တော့ ကျနော်တို့ မြန်မာအစိုးရနဲ့ ကမ္ဘာ့ဘဏ်နဲ့ ဒါကို ဆွေးနွေးနေတယ်ပေါ့။ ခွင့်ပြုမယ့် ပံ့ပိုးမှုတွေထဲမှာတော့ မြန်မာနိုင်ငံ ပါလာဖို့ ရှိပါတယ်။”
မတ်လ ၂၃ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဌာနက ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနဲ့ ကမ္ဘာ့ဘဏ်မြန်မာဌာနေ ဒါရိုက်တာ တွေ့ဆုံပြီး ကမ္ဘာ့ဘဏ်က မြန်မာအတွက် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၅၀ ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အစီအစဉ်ဟာ COVID-19 ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးကိုကာလကို မြန်မြန်ဖြတ်သန်းနိုင်ဖို့ ရည်ရွယ်ထားတာလို့ဆိုပါတယ်။ စီးပွားရေးနာလံထူဖို့၊ အသေးစား၊ အလတ်စားလုပ်ငန်းတွေဖွံ့ဖြိုးဖို့၊ ဆင်းရဲနွမ်းပါးသူတွေကို ထောက်ပံ့ဖို့စတဲ့ အစီအစဉ်တွေပါ ပါတယ်။
မြန်မာအစိုးရအနေနဲ့ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးမှာ နိုင်ငံသားတွေ ဆုံးရှုံးသွားတဲ့ ဝင်ငွေကို ယာယီကုစားပေးတဲ့ နည်းလမ်းတွေကို အရင်ဆောင်ရွက်သင့်တယ်လို့ စီးပွားရေးပညာရှင်တွေက အကြံပေးပြုပါတယ်။
အစိုးရစီမံကိန်းတွေက အချိန်တိုအတွင်း အမြန်အကျိုးရှိနိုင်တဲ့ လုပ်ငန်းတွေဖြစ်ဖို့၊ လူထုစားဝတ်နေရေး အထောက်အကူပြုဖို့၊ အလုပ်အကိုင်ဖန်တီးပေးဖို့၊ ပြည်တွင်းပြင်ပ နှစ်ခုလုံးမှာ ဈေးကွက်ရှိတဲ့ ပစ္စည်းတွေ ထုတ်လုပ်ဖို့၊ အနာဂတ်မှာ ဆင့်ပွားအကျိုးရှိနိုင်တဲ့လုပ်ငန်းတွေဖြစ်ဖို့ လိုတယ်လို့ ပြည်ထောင်စုလွှတ်တော် စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက ဗွီအိုအေကို ပြောပါတယ်။
“ဥပမာ COVID-19 ကြောင့် ကျနော်တို့ တရုတ်ဈေးကွက်ပျက်သွားတယ်ပေါ့နော်။ အခုတော့ ပြန်တော့လုပ်နေပါပြီ။ အိန္ဒိယဘက်ကလည်းပဲပေါ့နော် ... မဝယ်နိုင်ဘူးဖြစ်နေတယ်။ အဲဒီတော့ စိုက်ပျိုးရေးမှာ ဈေးကွက်ရှိတဲ့ ကုန်ပစ္စည်းတွေကို ဦးစားပေးပြီးတော့ ပြန်လည်ထူထောင်ရမယ်။ သား၊ ငါး မှာဆိုရင် မွေးမြူရေးရော ဖမ်းဆီးတာရော မြန်မြန်တိုးတက်လာအောင် အကောင်အထည်ဖော်ပေးရမယ်။ မြန်မြန်ပြန်လုပ်လို့ရမယ့်ဟာကတော့ CMP ပေါ့ အထည်ချုပ်လုပ်ငန်း။ CMP တွေ ပြန်ပေါ်လာရင် ကျနော်တို့ အလုပ်သမားတွေလည်း အလုပ်ရကြမယ်။ အလားအလာ အင်မတန်ကောင်းတဲ့ နိုင်ငံခြား ဈေးကွက်တခုပဲ။”
ပြန်လည်ထူထောင်ရေးအပိုင်းကို စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက အကျဉ်းချုံး ပြောပြသွားတာပါ။
စီးပွားရေးပညာရှင် ဦးမင်းခင်ကတော့ အစိုးရအနေနဲ့ ပုံမှန်နည်းလမ်း မဟုတ်ဘဲ ထိရောက်တဲ့ နည်းလမ်းကိုသုံးပြီး အားနည်းသွားတဲ့ ကဏ္ဍတွေကို ပြန်ကုစားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
“နဂိုကတည်းက အားနည်းနေတဲ့ ကဏ္ဍတွေမှာ အထိခိုက်ဆုံးဖြစ်နိုင်ပါတယ်။ အဲဒီမှာ ကုန်သွယ်ရေးပါတယ်၊ ဟိုတယ်ခရီးပါတယ်၊ စက်ရုံအလုပ်ရုံတွေ ပါတယ်။ ဒါပေမဲ့ သွယ်ဝိုက်ပြီး ထိခိုက်နိုင်တာတွေလည်းရှိသေးတယ်။ ဒီအချိန်မှာ သိသိသာသာမှန်းဆလို့ ခက်ပါတယ်။ သို့သော် အဓိက လုပ်ရမှာကတော့ လက်ရှိအခြေအနေပေါ်မှာ မူတည်ပြီးတော့ ဘာတွေဘယ်လောက်ထိခိုက် သွားနိုင်တယ်ဆိုတာ တချက် လေ့လာပြင်ဆင်ဖို့ ကောင်းပါပြီ။ နံပတ် ၂ ကတော့ ဒီအခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ ဘယ်လိုကျနော်တို့ အဆိုးထဲက အကောင်းဖြစ်အောင် ကြိုးစားနိုင်မလဲ အဲဒီဟာကိုလည်း ကျနော်တို့ စဉ်းစားဖို့ကောင်းတယ်။”
ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်နဲ့ နိုင်ငံတော်ရန်ပုံငွေထဲက ကျပ်ငွေ ဘီလီယံ ၅၀ ကို COVID-19 ကြောင့်ထိခိုက်သွားတဲ့ ကုန်ထုတ်လုပ်ငန်းရှင်တွေအတွက် သုံးစွဲသွားဖို့ရှိပါတယ်။ ဒါပေမဲ့ ပြန်လည်ထူထောင်ရေးမှာ ဒီပမာဏထက် ပိုပြီး လိုအပ်နိုင်တယ်လို့လည်း သုံးသပ်ကြတာရှိပါတယ်။