သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

EU ေငြေၾကးခဝါခ်ႏုိင္ငံစာရင္းထဲ ျမန္မာပါတာေၾကာင့္ ထိခိုက္မယ့္အေရး ပညာရွင္ေတြ စိုးရိမ္


ဘဏ္လုပ္ငန္းတခုတြင္ ပိုက္ဆံမ်ား ေရတြက္ေနၾကတဲ့ ဘဏ္၀န္ထမ္းမ်ား (ဂ်ဴလိုင္ ၂၁၊ ၂၀၁၁)

(Zawgyi/Unicode)

EU ဥေရာပသမဂၢက ေငြေၾကးခဝါခ် ႏိုင္ငံေတြစာရင္းထဲ ျမန္မာကိုထည့္သြင္းလိုက္တာ ကုန္သြယ္ေရးကိစၥေတြမွာ ထိခိုက္ႏိုင္ၿပီး COVID အလြန္ ျမန္မာ့စီးပြားေရးအတြက္ အခက္ႀကဳံႏိုင္တယ္ဆိုတဲ့ စီးပြားေရးပညာရွင္တခ်ိဳ႕ရဲ႕ သုံးသပ္ခ်က္ေတြကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက တင္ျပေပးပါမယ္။

EU ဥေရာပသမဂၢရဲ႕ ဘ႑ာေရးစနစ္အတြက္ အႏၲရာယ္ရွိတဲ့ ႏိုင္ငံေတြစာရင္းမွာ ျမန္မာႏိုင္ငံကို ထည့္သြင္းလိုက္တာပါ။ ေငြေၾကးခဝါခ်မႈနဲ႔ အၾကမ္းဖက္အဖြဲ႕ေတြအေပၚ ေငြေၾကးေထာက္ပံ့မႈေတြကို မဟာဗ်ဴဟာေျမာက္ တားဆီးတာေတြ မလုပ္ႏိုင္ခဲ့ဘူးဆိုၿပီး ဒီစာရင္းထဲမွာ ျမန္မာႏိုင္ငံကို ဥေရာပေကာ္မရွင္က ထည့္သြင္းလိုက္ပါတယ္။

ျမန္မာမွာ တရားမဝင္ကုန္သြယ္ေရးေတြကို ထိထိေရာက္ေရာက္ မကိုင္တြယ္ႏိုင္တဲ့ အျပင္ ဒီလို တရားမဝင္ရရွိလာတဲ့ ေငြေၾကးေတြကို အသုံးျပဳခြင့္ေပးထားတာေၾကာင့္ ဒီလို ေငြေၾကးခဝါခ် ႏိုင္ငံေတြ စာရင္းထဲမွာ ပါဝင္လာတာျဖစ္တယ္လို႔ စီးပြားေရးပညာရွင္ ဦးမင္းခင္က သုံးသပ္ပါတယ္။

“က်ေနာ္တို႔ဆီမွာ ဒီ တရားမဝင္ကုန္သြယ္ေရးေတြ ေငြေၾကး စီးဆင္းမႈေတြက အမ်ားႀကီးရွိေနေသးတယ္ေလ။ ဒါကိုလည္း ေတာက္ေလွ်ာက္ေပါ့။ အစိုးရ သက္တမ္းႏွစ္ခုလုံးမွာ ထိထိေရာက္ေရာက္ ကိုင္တြယ္ႏိုင္တာ မရွိတဲ့အျပင္ အဲ့ဒီလို မူးယစ္ေဆးဝါးအပါအဝင္ နည္းမ်ိဳးစုံနဲ႔ ရလာတဲ့ ေငြေတြကို သုံးစြဲဖို႔ ႀကိဳးစားတာကလည္း ဆက္တိုက္၊ ဆက္တိုက္ရွိလာတယ္။ ရွိလာတဲ့ အခါ ဒါေတြက ေထာက္ျပမယ္၊ အေရးယူမယ္ဆိုရင္ ဒီဟာေတြဟာ အေရးယူႏိုင္စရာ အေၾကာင္းေတြျဖစ္တယ္။ က်ေနာ္တို႔မွာ ပူးေပါင္းေဆာင္႐ြက္မႈ အားနည္းတာေရာ အခြန္အေကာက္မွာ ကင္းလြတ္ခြင့္ေတြ ရလာတာေရာက ဒီလို အေရးယူခံရဖို႔ ျဖစ္လာတယ္လို႔ က်ေနာ္က ျမင္ပါတယ္။”

ၿပီးခဲ့တဲ့ ဘ႑ာေရးႏွစ္အတြင္း အခြန္အေကာက္ဥပေဒမွာ ဝင္ေငြျမင့္တဲ့ လုပ္ငန္းရွင္ႀကီးေတြကို ပထမ ေျခာက္လပတ္မွာ ဝင္ေငြခြန္ရဲ႕ ၃ ရာခိုင္ႏႈန္း၊ ဒုတိယ ေျခာက္လပတ္မွာ ဝင္ေငြခြန္ရဲ႕ ၅ ရာခိုင္ႏႈန္းအျဖစ္ အသီးသီးေလွ်ာ့ေပါ့ ေကာက္ခံခဲ့တဲ့ကိစၥဟာ အေတာ္ေလး ေဝဖန္စရာျဖစ္ခဲ့ပါတယ္။

ဝင္ေငြလမ္းေၾကာင္း ခိုင္ခိုင္မာမာ မျပႏိုင္တဲ့ လုပ္ငန္းရွင္ေတြအတြက္ ေငြေၾကးခဝါခ်ဖို႔ အခြင့္သာသြားေစတယ္လို႔ ဦးမင္းခင္က ယူဆပါတယ္။ ဒီလို ေငြေၾကးခဝါခ် ႏိုင္ငံေတြစာရင္းမွာ ထည့္သြင္းခံရတာေၾကာင့္ COVID အလြန္ ျမန္မာ့စီးပြားေရး ျပန္လည္ဦးေမာ့ေအာင္လုပ္ဖို႔ကိစၥမွာ ထိခိုက္ႏိုင္တယ္လို႔ ဦးမင္းခင္က သုံးသပ္ပါတယ္။

“ျဖစ္ႏိုင္တာကေတာ့ EU နဲ႔ က်ေနာ္တို႔ ျမႇင့္တင္လာခဲ့တဲ့ ကုန္သြယ္ေရးကိစၥေတြ ရွိတယ္။ အဲ့လို ကုန္သြယ္ေရးလုပ္ငန္းကို ျမႇင့္လာခဲ့တာက အထည္ခ်ဳပ္လုပ္ငန္းေတြ၊ ေနာက္ပဲ အထူးသျဖင့္ ပဲတီစိမ္းလိုဟာမ်ိဳးေတြ စသည္ျဖင့္ သိသိသာသာ အက်ိဳးရွိခဲ့တဲ့ ဟာေတြ က်ေနာ္ စိတ္ပူတာက အဲ့ဒါေတြ ထိခိုက္သြားႏိုင္တယ္။ ေနာက္အထည္ခ်ဳပ္အပါအဝင္ အပ္ထည္ပစၥည္ေတြေပါ့ေႏွာ္။ အဲ့ဒါေတြမွာ အခြန္သက္သာခြင့္ေတြ ရေနတာရွိတာကိုး၊ အဲ့ဒါမ်ိဳးေတြကို ထိခိုက္သြားမယ္။ ေနာက္တခါ လူမႈေရး၊ ႏိုင္ငံေရး၊ စီးပြားေရး တိုးတက္ေအာင္ အပါအဝင္ေပါ့ေႏွာ္ သက္ဆိုင္ရာ EU ႏိုင္ငံေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ကူညီေဆာင္႐ြက္ေနတဲ့ လုပ္ငန္းေတြကို အရွိန္ေလ်ာ့ သြားမလား အဲ့ဒါလည္း စိတ္ပူစရာ ရွိတယ္။”

လက္ရွိမွာ ကိုဗစ္ေၾကာင့္ ထိခိုက္ေနတဲ့ စီးပြားေရးကို ဘယ္လို ကုစားမလဲ ကိုဗစ္အလြန္မွာ ဘယ္လိုျပန္ၿပီး ထူေထာင္မလဲ ဆိုတာကို ၃ ႏွစ္ေလာက္ ႀကိဳးစားရမွာ ျဖစ္သလို ဒီလို ေငြေၾကးခဝါခ် ႏိုင္ငံေတြ စာရင္းထဲ ထည့္သြင္းခံရတာကို ဘာေၾကာင့္ ဒီလိုျဖစ္သလဲဆိုတာကို အားနည္းခ်က္အားသာခ်က္ေတြကို စဥ္းစားအေျဖထုတ္ဖို႔ လိုအပ္ၿပီး ဒီလိုသာ မလုပ္ႏိုင္ရင္ ထိခိုက္နစ္နာမႈက ပိုႀကီးလာႏိုင္တယ္လို႔ ဆိုပါတယ္။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ကူးသန္းေရာင္းဝယ္ေရး ကိစၥေတြအေနနဲ႔လည္း ပိုမိုခက္ခဲလာႏိုင္တယ္ဆိုတဲ့အေၾကာင္းကို စီးပြားေရးပညာရွင္ေနာက္တဦးျဖစ္တဲ့ ဦးမင္းဇာနည္လင္းက VOA ကို ေထာက္ျပပါတယ္။

“ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြက ဝင္လာဖို႔ဆိုရင္ သူတို႔မွာ စဥ္စားရမယ့္ အခ်က္ေတြျဖစ္လာတာ ေပါ့ေႏွာ္။ ၿပီးေတာ့ ဒီကူးသန္းေရာင္းဝယ္ေရး ကိစၥေတြမွာလည္းပဲ က်ေနာ္တို႔ အရင္တုန္းကလိုမ်ိဳး အခက္အခဲေတြ၊ ေငြေပးေငြယူစနစ္မွာလည္းပဲ အရင္ကလို မျဖစ္ပဲနဲ႔ ျပန္ၿပီးေတာ့ စိန္ေခၚခ်က္ေတြ ရွိလာႏိုင္တာေပါ့ေႏွာ္။ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔ၾကားခံ ဒီ ေငြလြဲေျပာင္းတဲ့စနစ္ေတြကို သုံးလာတဲ့အခါက်ရင္ မလိုလားအပ္တဲ့ ကုန္က်စရိတ္ေတြကလည္း ပိုၿပီးေတာ့ ကုန္က်လာမွာျဖစ္တယ္။ ၿပီးေတာ့ လုပ္ငန္းစဥ္ေတြကလည္း ပိုၿပီးေတာ့ ၾကာသြားတဲ့အခါက်ေတာ့ ကူးသန္းေရာင္းဝယ္ေရးမွာပဲ ဆိုရင္ျဖစ္ျဖစ္ ဥပမာ Payment တစ္ခုကို တစ္ပတ္အတြင္း ေပးရမယ့္ ေနရာမွာ ႏွစ္ပတ္ ၃ ပတ္ တစ္လ ျဖစ္လာႏိုင္သလိုမ်ိဳး ဒီေငြလြဲခေတြကလည္း ပိုၿပီးေတာ့ မ်ားလာႏိုင္တဲ့ အေျခအေန ရွိတာေပါ့ေႏွာ္။ ဒါေတြကေတာ့ ျဖစ္လာႏိုင္တဲ့ ေနာက္ဆက္တြဲေတြပါ။”

EU ဥေရာပသမဂၢရဲ႕ ေငြေၾကးခဝါခ် ႏိုင္ငံစာရင္းေတြထဲမွာ ျမန္မာ အပါအဝင္ ႏိုင္ငံ ၁၂ ႏိုင္ငံကို ထည့္သြင္းလိုက္တာျဖစ္ေၾကာင္း ေမလ ၇ ရက္ ၾကာသပေတးေန႔က ေၾကညာပါတယ္။

အျပည္ျပည္ဆိုင္ရာ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးအဖြဲ႕ရဲ႕ ေငြေၾကးခဝါခ် ႏိုင္ငံစာရင္းထဲကေန ျမန္မာႏိုင္ငံဟာ ၂၀၁၆ ခုႏွစ္မွာ လြတ္ေျမာက္ခဲ့ၿပီးတဲ့ေနာက္ ယခုႏွစ္မွာ ျပန္လည္စာရင္းသြင္းခံခဲ့ရတာ ျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

EU ငွေကြေးခဝါချနိုင်ငံစာရင်းထဲ မြန်မာပါတာကြောင့် ထိခိုက်မယ့်အရေး ပညာရှင်တွေစိုးရိမ်

EU ဥရောပသမဂ္ဂက ငွေကြေးခဝါချ နိုင်ငံတွေစာရင်းထဲ မြန်မာကိုထည့်သွင်းလိုက်တာ ကုန်သွယ်ရေးကိစ္စတွေမှာ ထိခိုက်နိုင်ပြီး COVID အလွန် မြန်မာ့စီးပွားရေးအတွက် အခက်ကြုံနိုင်တယ်ဆိုတဲ့ စီးပွားရေးပညာရှင်တချို့ရဲ့ သုံးသပ်ချက်တွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးပါမယ်။

EU ဥရောပသမဂ္ဂရဲ့ ဘဏ္ဍာရေးစနစ်အတွက် အန္တရာယ်ရှိတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းလိုက်တာပါ။ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်အဖွဲ့တွေအပေါ် ငွေကြေးထောက်ပံ့မှုတွေကို မဟာဗျူဟာမြောက် တားဆီးတာတွေ မလုပ်နိုင်ခဲ့ဘူးဆိုပြီး ဒီစာရင်းထဲမှာ မြန်မာနိုင်ငံကို ဥရောပကော်မရှင်က ထည့်သွင်းလိုက်ပါတယ်။

မြန်မာမှာ တရားမဝင်ကုန်သွယ်ရေးတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်တဲ့ အပြင် ဒီလို တရားမဝင်ရရှိလာတဲ့ ငွေကြေးတွေကို အသုံးပြုခွင့်ပေးထားတာကြောင့် ဒီလို ငွေကြေးခဝါချ နိုင်ငံတွေ စာရင်းထဲမှာ ပါဝင်လာတာဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဦးမင်းခင်က သုံးသပ်ပါတယ်။

“ကျနော်တို့ဆီမှာ ဒီ တရားမဝင်ကုန်သွယ်ရေးတွေ ငွေကြေး စီးဆင်းမှုတွေက အများကြီးရှိနေသေးတယ်လေ။ ဒါကိုလည်း တောက်လျှောက်ပေါ့။ အစိုးရ သက်တမ်းနှစ်ခုလုံးမှာ ထိထိရောက်ရောက် ကိုင်တွယ်နိုင်တာ မရှိတဲ့အပြင် အဲ့ဒီလို မူးယစ်ဆေးဝါးအပါအဝင် နည်းမျိုးစုံနဲ့ ရလာတဲ့ ငွေတွေကို သုံးစွဲဖို့ ကြိုးစားတာကလည်း ဆက်တိုက်၊ ဆက်တိုက်ရှိလာတယ်။ ရှိလာတဲ့ အခါ ဒါတွေက ထောက်ပြမယ်၊ အရေးယူမယ်ဆိုရင် ဒီဟာတွေဟာ အရေးယူနိုင်စရာ အကြောင်းတွေဖြစ်တယ်။ ကျနော်တို့မှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာရော အခွန်အကောက်မှာ ကင်းလွတ်ခွင့်တွေ ရလာတာရောက ဒီလို အရေးယူခံရဖို့ ဖြစ်လာတယ်လို့ ကျနော်က မြင်ပါတယ်။”

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း အခွန်အကောက်ဥပဒေမှာ ဝင်ငွေမြင့်တဲ့ လုပ်ငန်းရှင်ကြီးတွေကို ပထမ ခြောက်လပတ်မှာ ဝင်ငွေခွန်ရဲ့ ၃ ရာခိုင်နှုန်း၊ ဒုတိယ ခြောက်လပတ်မှာ ဝင်ငွေခွန်ရဲ့ ၅ ရာခိုင်နှုန်းအဖြစ် အသီးသီးလျှော့ပေါ့ ကောက်ခံခဲ့တဲ့ကိစ္စဟာ အတော်လေး ဝေဖန်စရာဖြစ်ခဲ့ပါတယ်။

ဝင်ငွေလမ်းကြောင်း ခိုင်ခိုင်မာမာ မပြနိုင်တဲ့ လုပ်ငန်းရှင်တွေအတွက် ငွေကြေးခဝါချဖို့ အခွင့်သာသွားစေတယ်လို့ ဦးမင်းခင်က ယူဆပါတယ်။ ဒီလို ငွေကြေးခဝါချ နိုင်ငံတွေစာရင်းမှာ ထည့်သွင်းခံရတာကြောင့် COVID အလွန် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့အောင်လုပ်ဖို့ကိစ္စမှာ ထိခိုက်နိုင်တယ်လို့ ဦးမင်းခင်က သုံးသပ်ပါတယ်။

“ဖြစ်နိုင်တာကတော့ EU နဲ့ ကျနော်တို့ မြှင့်တင်လာခဲ့တဲ့ ကုန်သွယ်ရေးကိစ္စတွေ ရှိတယ်။ အဲ့လို ကုန်သွယ်ရေးလုပ်ငန်းကို မြှင့်လာခဲ့တာက အထည်ချုပ်လုပ်ငန်းတွေ၊ နောက်ပဲ အထူးသဖြင့် ပဲတီစိမ်းလိုဟာမျိုးတွေ စသည်ဖြင့် သိသိသာသာ အကျိုးရှိခဲ့တဲ့ ဟာတွေ ကျနော် စိတ်ပူတာက အဲ့ဒါတွေ ထိခိုက်သွားနိုင်တယ်။ နောက်အထည်ချုပ်အပါအဝင် အပ်ထည်ပစ္စည်တွေပေါ့နှော်။ အဲ့ဒါတွေမှာ အခွန်သက်သာခွင့်တွေ ရနေတာရှိတာကိုး၊ အဲ့ဒါမျိုးတွေကို ထိခိုက်သွားမယ်။ နောက်တခါ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး တိုးတက်အောင် အပါအဝင်ပေါ့နှော် သက်ဆိုင်ရာ EU နိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့ ကူညီဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို အရှိန်လျော့ သွားမလား အဲ့ဒါလည်း စိတ်ပူစရာ ရှိတယ်။”

လက်ရှိမှာ ကိုဗစ်ကြောင့် ထိခိုက်နေတဲ့ စီးပွားရေးကို ဘယ်လို ကုစားမလဲ ကိုဗစ်အလွန်မှာ ဘယ်လိုပြန်ပြီး ထူထောင်မလဲ ဆိုတာကို ၃ နှစ်လောက် ကြိုးစားရမှာ ဖြစ်သလို ဒီလို ငွေကြေးခဝါချ နိုင်ငံတွေ စာရင်းထဲ ထည့်သွင်းခံရတာကို ဘာကြောင့် ဒီလိုဖြစ်သလဲဆိုတာကို အားနည်းချက်အားသာချက်တွေကို စဉ်းစားအဖြေထုတ်ဖို့ လိုအပ်ပြီး ဒီလိုသာ မလုပ်နိုင်ရင် ထိခိုက်နစ်နာမှုက ပိုကြီးလာနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ကိစ္စတွေအနေနဲ့လည်း ပိုမိုခက်ခဲလာနိုင်တယ်ဆိုတဲ့အကြောင်းကို စီးပွားရေးပညာရှင်နောက်တဦးဖြစ်တဲ့ ဦးမင်းဇာနည်လင်းက VOA ကို ထောက်ပြပါတယ်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ဝင်လာဖို့ဆိုရင် သူတို့မှာ စဉ်စားရမယ့် အချက်တွေဖြစ်လာတာ ပေါ့နှော်။ ပြီးတော့ ဒီကူးသန်းရောင်းဝယ်ရေး ကိစ္စတွေမှာလည်းပဲ ကျနော်တို့ အရင်တုန်းကလိုမျိုး အခက်အခဲတွေ၊ ငွေပေးငွေယူစနစ်မှာလည်းပဲ အရင်ကလို မဖြစ်ပဲနဲ့ ပြန်ပြီးတော့ စိန်ခေါ်ချက်တွေ ရှိလာနိုင်တာပေါ့နှော်။ ဘာလို့လဲဆိုတော့ ကျနော်တို့ကြားခံ ဒီ ငွေလွဲပြောင်းတဲ့စနစ်တွေကို သုံးလာတဲ့အခါကျရင် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေကလည်း ပိုပြီးတော့ ကုန်ကျလာမှာဖြစ်တယ်။ ပြီးတော့ လုပ်ငန်းစဉ်တွေကလည်း ပိုပြီးတော့ ကြာသွားတဲ့အခါကျတော့ ကူးသန်းရောင်းဝယ်ရေးမှာပဲ ဆိုရင်ဖြစ်ဖြစ် ဥပမာ Payment တစ်ခုကို တစ်ပတ်အတွင်း ပေးရမယ့် နေရာမှာ နှစ်ပတ် ၃ ပတ် တစ်လ ဖြစ်လာနိုင်သလိုမျိုး ဒီငွေလွဲခတွေကလည်း ပိုပြီးတော့ များလာနိုင်တဲ့ အခြေအနေ ရှိတာပေါ့နှော်။ ဒါတွေကတော့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေပါ။”

EU ဥရောပသမဂ္ဂရဲ့ ငွေကြေးခဝါချ နိုင်ငံစာရင်းတွေထဲမှာ မြန်မာ အပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို ထည့်သွင်းလိုက်တာဖြစ်ကြောင်း မေလ ၇ ရက် ကြာသပတေးနေ့က ကြေညာပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ ငွေကြေးခဝါချ နိုင်ငံစာရင်းထဲကနေ မြန်မာနိုင်ငံဟာ ၂၀၁၆ ခုနှစ်မှာ လွတ်မြောက်ခဲ့ပြီးတဲ့နောက် ယခုနှစ်မှာ ပြန်လည်စာရင်းသွင်းခံခဲ့ရတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG