သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္လူနာ စုစုေပါင္းရဲ႕ထက္၀က္ေက်ာ္ ဇြန္လအတြင္း ျဖစ္ပြားခဲ့


ယူကရိန္းႏိုင္ငံမွာ ကိုရုိနာဗိုင္းရပ္စ္ရန္ကာကြယ္ရန္ႏွာေခါင္းစည္းတပ္ထားေသာျပည္သူမ်ား

Zawgyi/Unicode

ကိုရိုနာဗိုင္းရပ္စ္ေရာဂါ စတင္ျဖစ္ပြါးခ်ိန္ကစၿပီး ကမာၻတလႊားဒီေရာဂါ ကူးစက္မႈအားလံုးရဲ့ ထက္ဝက္ေက်ာ္ဟာ ဇြန္လထဲမွာ ျဖစ္ပြါးခဲ့တာကို ၾကည့္ရင္ ဒီကပ္ေရာဂါ အရွိန္ ျမင့္ေနတာကို ျပေနတယ္လို႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးက ဗုဒၶဟူးေန႔မွာေျပာပါတယ္။

WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ဒီေရာဂါျဖစ္ပြါးမႈအားလံုးရဲ့ ၆၀% ဟာ ၿပီးခဲ့တဲ့လထဲမွာပဲ ျဖစ္ပြါးခဲ့ေၾကာင္း ဗုဒၶဟူးေန႔ ဂ်နီဗာ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာပါ။

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ ေန႔စဥ္လိုလိုပဲ တေန႔ကို ေနာက္ထပ္ အကူးစက္ခံရသူေပါင္း ၁၆၀ ၀၀၀ ေက်ာ္ ရွွိေနတာေၾကာင့္ ဒီကပ္ေရာဂါနဲ႔ ပတ္သက္တဲ့ ခ်ဥ္းကပ္လုပ္ေဆာင္မႈေတြကို အျပည့္အဝေဆာင္ရြက္မွသာ ထိေရာက္မႈ ရွိမယ္လို႔ လည္း သတိေပးပါတယ္။ ဒါ့အျပင္ ဒီေရာဂါထိန္းခ်ဳပ္ေရးအတြက္ ေသေသခ်ာခ်ာ မလုပ္တဲ့ ႏိုင္ငံေတြအေနနဲ႔ ဒီေရာဂါဒဏ္ကို ေရရွည္ခံရႏိုင္သလို ခက္ခက္ခဲခဲ ရင္ဆိုင္ရဖို႔ရွိတယ္လို႔လည္း ေျပာပါတယ္။

ဒီေရာဂါထိန္းခ်ဳပ္မႈအတြက္ ႏွာေခါင္းစည္းတပ္ဖို႔နဲ႔ သီးျခားခြဲေနတာ အပါအဝင္ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္တဲ့ ႏုိင္ငံေတြမွာေတာ့ ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ၿပီး အသက္ေတြကို ကယ္တင္ႏုိင္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တရုတ္ႏိုင္ငံမွာ စခဲ့တဲ့ ဒီကပ္ေရာဂါဟာ ဗုဒၶဟူးေန႔အထိဆို ကမာၻတလႊား လူေပါင္း ဆယ္သန္းခြဲေက်ာ္ကို ကူးစက္ခဲ့ၿပီး ေသဆံုးရသူက သန္းတဝက္ေက်ာ္ ေနပါၿပီ။

အကူးစက္ခံရသူနဲ႔ ေသဆံုးသူ စုစုေပါင္းမွာ ေလးပံုတပံုေလာက္ဟာ အေမရိကန္ႏုိင္ငံကျဖစ္ပါတယ္။ ဒါ့အျပင္ အေမရိကန္ႏုိင္ငံမွာ အဂၤါေန႔မွာပဲ တရက္အတြင္း ေနာက္ထပ္အကူးစက္ခံရသူ ၄၇ ၀၀၀ ရွိၿပီး စံခ်ိန္သစ္ တင္သြားခဲ့တာပါ။

ေနာက္ထပ္ ကူးစက္သူ အမ်ားစုကို အေမရိကန္ အေနာက္ေတာင္ပိုင္းျပည္နယ္ေတြျဖစ္တဲ့ အရီဇိုးနားနဲ႔ Texas ျပည္နယ္နဲ႔ အေနာက္ပိုင္းက ကယ္လီဖိုးနီးယား ျပည္နယ္ေတြမွာ ေတြ႔ေနရသလို အေရွ႕ ေတာင္ပိုင္းက ဖေလာ္ရီဒါ၊ ေဂ်ာ္ဂ်ီယာ နဲ႔ေတာင္ကရိုလိုင္းနား ျပည္နယ္ေတြမွာလည္း ကူးစက္သူ အေရအတြက္ သိပ္မ်ားေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွါးချိန်ကစပြီး ကမ္ဘာတလွှားဒီရောဂါ ကူးစက်မှုအားလုံးရဲ့ ထက်ဝက်ကျော်ဟာ ဇွန်လထဲမှာ ဖြစ်ပွါးခဲ့တာကို ကြည့်ရင် ဒီကပ်ရောဂါ အရှိန် မြင့်နေတာကို ပြနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဒီရောဂါဖြစ်ပွါးမှုအားလုံးရဲ့ ၆၀% ဟာ ပြီးခဲ့တဲ့လထဲမှာပဲ ဖြစ်ပွါးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ နေ့စဉ်လိုလိုပဲ တနေ့ကို နောက်ထပ် အကူးစက်ခံရသူပေါင်း ၁၆၀ ၀၀၀ ကျော် ရှိနေတာကြောင့် ဒီကပ်ရောဂါနဲ့ ပတ်သက်တဲ့ ချဉ်းကပ်လုပ်ဆောင်မှုတွေကို အပြည့်အဝဆောင်ရွက်မှသာ ထိရောက်မှု ရှိမယ်လို့ လည်း သတိပေးပါတယ်။ ဒါ့အပြင် ဒီရောဂါထိန်းချုပ်ရေးအတွက် သေသေချာချာ မလုပ်တဲ့ နိုင်ငံတွေအနေနဲ့ ဒီရောဂါဒဏ်ကို ရေရှည်ခံရနိုင်သလို ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့ရှိတယ်လို့လည်း ပြောပါတယ်။

ဒီရောဂါထိန်းချုပ်မှုအတွက် နှာခေါင်းစည်းတပ်ဖို့နဲ့ သီးခြားခွဲနေတာ အပါအဝင်ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်တဲ့ နိုင်ငံတွေမှာတော့ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီး အသက်တွေကို ကယ်တင်နိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တရုတ်နိုင်ငံမှာ စခဲ့တဲ့ ဒီကပ်ရောဂါဟာ ဗုဒ္ဓဟူးနေ့အထိဆို ကမ္ဘာတလွှား လူပေါင်း ဆယ်သန်းခွဲကျော်ကို ကူးစက်ခဲ့ပြီး သေဆုံးရသူက သန်းတဝက်ကျော် နေပါပြီ။
အကူးစက်ခံရသူနဲ့ သေဆုံးသူ စုစုပေါင်းမှာ လေးပုံတပုံလောက်ဟာ အမေရိကန်နိုင်ငံကဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာ အင်္ဂါနေ့မှာပဲ တရက်အတွင်း နောက်ထပ်အကူးစက်ခံရသူ ၄၇ ၀၀၀ ရှိပြီး စံချိန်သစ် တင်သွားခဲ့တာပါ။

နောက်ထပ် ကူးစက်သူ အများစုကို အမေရိကန် အနောက်တောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့ အရီဇိုးနားနဲ့ Texas ပြည်နယ်နဲ့ အနောက်ပိုင်းက ကယ်လီဖိုးနီးယား ပြည်နယ်တွေမှာ တွေ့နေရသလို အရှေ့ တောင်ပိုင်းက ဖလော်ရီဒါ၊ ဂျော်ဂျီယာ နဲ့တောင်ကရိုလိုင်းနား ပြည်နယ်တွေမှာလည်း ကူးစက်သူ အရေအတွက် သိပ်များနေတာဖြစ်ပါတယ်။

XS
SM
MD
LG