သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် ၁၉ အတွက် ဆေး


medicine
medicine

ကမ္ဘာတလွှား ကူးစက်ပြန့်နှံ့နေတဲ့ COVID-19 ရောဂါ အတွက် ထိရောက်တဲ့ ကာကွယ်ဆေးတွေ ကုသဆေးတွေ ထုတ်နိုင်ဖို့ ကြိုးစားနေတာ တွေကို Utah ပြည်နယ် Brigham Young တက္ကသိုလ်က အဏုဇီဝဗေဒ ဘွဲ့လွန်ကျောင်းသူ မခင်ဇာဝင်းပြည့် က ပြောပြပေးမှာပါ

ကိုဗစ် ၁၉ အတွက် ဆေး
please wait

No media source currently available

0:00 0:07:20 0:00
တိုက်ရိုက် လင့်ခ်

(Zawgyi / Unicode)

(Zawgyi)

ကမ္ဘာတလွှား ကူးစက်ပြန့်နှံ့နေတဲ့ COVID-19 ရောဂါ အတွက် ထိရောက်တဲ့ ကာကွယ်ဆေးတွေ ကုသဆေးတွေ ထုတ်နိုင်ဖို့ ကြိုးစားနေတာ ဘယ်အခြေနေရောက်နေပါပြီလဲ။

Utah ပြည်နယ် Brigham Young တက္ကသိုလ်က အဏုဇီဝဗေဒ ဘွဲ့လွန်ကျောင်းသူ မခင်ဇာဝင်းပြည့် ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

မခင်ဇာဝင်းပြည့်။. ။“ကုသဆေးမှာ ဆိုရင်တော့ နောက်ဆုံး သိရတဲ့ ဟာက Dexamethasone ဆိုတဲ့ အရောင်ကျဆေးပေါ့နော်။ ဒီအရောင်ကျဆေးကို emergency use authorization အရေးပေါ် အခြေနေ အတွက် ကုသခွင့် ပေးထားတာပေါ့နော်။ အဲဒါက ပြင်းထန်ရောဂါ သမားတွေကို အဆုတ်ရောင်တာ သက်သာစေဖို့ အဲဒါကို ချပေးတာပါ။ အရောင်ချပေးတာပါ။ ကုသဆေး အဖြစ် သုံးပါတယ်။

ကာကွယ်ဆေးမှာတော့ Johnson and Johnson လို အမေရိကန် အခြေစိုက် ကုမ္ပဏီကြီး ၇ ခုမှာ. ကာကွယ်ဆေး အနေနဲ့ထုတ်လုပ်မယ် ဆိုတာ focus လုပ်ထားပါတယ်။

မေး။. ။“အမေရိကန်နိုင်ငံမှာ ဆေးရုံ အတော်များများမှာ remdesivir ဆေးကို တော်တော်များများ သုံးကြပါတယ်။ ဒါပေမယ့် အရေးပေါ်လူနာ အတွက်ပဲ ပေးသုံးပါသေးတယ်။ ဒီ ဆေး အကြောင်း နဲနဲ ပြောပြပေးပါ။”

မခင်ဇာဝင်းပြည့်။. ။“သူ့ကို စပြီးတော့ ထုတ်တာကတော့ အီဘိုလာ ဗိုင်းရပ်စ် အတွက် ထုတ်တာပေါ့နော်။ ဒါပေမယ့် အဲဒီအတွက်ကို အသုံး မပြုလိုက်ရဘူး။ သူက အကျိုး သိပ်မထူးခြားဘူးပေါ့။ အခု ဒီနောက်ပိုင်း covid 19 ဖြစ်လာတဲ့ အခါကျတော့ သူက အကျိုးထူးတယ် ဆိုတာတွေ့လာရတယ်။ အဲဒီအခါကျတော့ သူ့ကိုစပြီး သုံးကြတာ ပေါ့နော်။ သူ့ကိုကျတော့ ဒီဗိုင်းရပ်စ်ကို ခုခံပေးတယ်ပေါ့။ ဗိုင်းရပ်စ်ကို တိုက်ရိုက် တိုက်ထုတ် ပေးတယ်။ အဲဒီလို ဗိုင်းရပ်စ်ကို တိုက်ရိုက် တိုက်ထုတ်ပေးလို့ သူ့ကို antiviral လို့ ခေါ်တယ်။ ဆိုတော့ ခုနတုန်းက ဒက်ဆာမီသာဇုန်းနဲ့ ယှဉ်မယ် ဆိုရင် ဟိုကတော့ ဗိုင်းရပ်စ်ကို တိုက်တာ မဟုတ်ဖူး။ ဗိုင်းရပ်စ်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက် ရောင်လာတဲ့ ဟာတွေ ပေါ့နော်။ inflammation ရတဲ့ဟာမျိုးတွေ၊ ပြင်းထန် အဆုတ်ယောင် တဲ့ဟာမျိုးတွေ ထပ်ပြီး မဖြစ်အောင် သူက ထိန်းပေးတယ်။ ဒီ remdesivir က ကျတော့ ဗိုင်းရပ်စ်ကို ထပ်ပြီး ပွါးလို့ မရအောင် သူက ပိတ်ပေးတာ။ ဒီ၂ ခုက ပစ်မှတ်ထားတဲ့ ဟာ မတူဘူးပေါ့။”

မေး။. ။“ဆိုတော့ remdesivir ဆေးကို သုံးမယ် ဆိုရင် အချိန်တိုတို အတွင်းမှာ လူနာတွေ ပြန်ပြီး ထူထူထောင်ထောင် ဖြစ်တယ် လို့ ပြောတာ။ ဘာကြောင့်များ ဒီ လိုဖြစ်တာပါလဲ ရှင်းပြပေးပါ။”

မခင်ဇာဝင်းပြည့်။. ။”ဒီ remdesivir လူနာကို ပေးတာနဲ့ မပေးတာနဲ့ ၂ ခု ယှဉ်လိုက်မယ် ဆိုရင် မပေးတဲ့ လူက သူက အချိန် ၁၅ ရက်ကြာမယ်။ ပေးတဲ့လူက ကျတော့ ၁၁ ကြာမယ်။ အဲလို အချိန်တိုတိုနဲ့ ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်။ ဒီဆေးက လူရဲ့ ဆဲလ် တွေထဲမှာ ဝင်နေပြီးတော့ ဒီပွါးနေတဲ့ ဗိုင်းရပ်စ်ကို မပွါးအောင်လို့ သူက ဝင်ပြီးပိတ်ပေးတာပေါ့။ အဲဒီ ရှိနေတဲ့ ဗိုင်းရပ်စ် တွေက ပြောရရင် သူ့သက်တမ်းရောက်ပြီ ဆိုရင်သေသွားတယ်။ သေသွားပြီးတဲ့ အခါ ကျန်တဲ့ဟာ က ဆက်ပြီး မျိုးထပ်ပွါးလို့ မရတော့ဘူး။ အဲဒီမှာ လူက ပြန်ပြီး နလံထလာတာ။”

မေး။ ။“အဲဒီတော့ ဒီ remdesivir ကို ဒီရောဂါအတွက် ဆက်ပြီး သုံးနေတုန်းပေ့ါ။”

မခင်ဇာဝင်းပြည့်။. ။“သုံးနေတုန်းပဲ။ ဒီ remdesivir က first line အနေနဲ့သုံးတဲ့ ဟာမျိုး။ သူက ဒီ ကိုဗစ်နဲ့ ရောက်လာရင် ရောက်ရောက်ချင်းလူနာ တွေကို သူတို့ အကြောထဲ ထိုးပေးတာပေါ့။ standard care အနေနဲ့ တခြားဆေး မသုံးတော့ဘူး။ ဒီ remdesivir ကို သုံးတာ။ Dexamethasone ကတော့ ရောဂါပြင်းထန်သမားတွေကို တအားကြီးအဆုတ်တွေ အရမ်းယောင်နေတယ် ဆိုတာကျတော့ အဲဒီအခါ သူ့ကို ထည့်သုံးတာပါ။”

မေး။. ။“အခု COVID-19 နဲ့ ပတ်သက်တဲ့ ဆေးတွေထဲမှာ Dexamethasone ကို ဗြိတိန်က သိပ္ပံပညာရှင်တွေက ဒါသုံးတာ အကျိုးရှိတယ်လို့ သူတို့ စပြောပါတယ်။ ဒီ Dexamethasone က COVID-19 ရောဂါ ဗိုင်းရပ်စ်အတွက် ဘယ်လိုများ သူအလုပ်လုပ်လဲ နဲနဲ ရှင်းပြပေးပါ။”

မခင်ဇာဝင်းပြည့်။။“ ဟုတ်ကဲ့ပါ။ Dexamethasone က ပုံမှန်အတိုင်းပြောရမယ်ဆိုရင် အဆစ်အမြစ်ရောင်၊ လေးဘက်နာသမားတို့ ပြင်းထန်တဲ့ cancer ရောဂါသမားတွေ အရမ်းနာကျင်တယ်ဆိုတာမျိုးတွေမှာ အနာသက်သာအောင် ပေးတယ်ဆိုတဲ့သဘောပေးကြတယ်။ တချို့ ဓါတ်မတည့်တဲ့ Allergy အရမ်း ပြင်းတဲ့ဟာမှာလည်း ဒီ Dexamethasone ပေးတယ်ပေါ့နော်။ နောက် TB အဆုတ်ရောင်တာမျိုးဆိုရင်လည်း Antibiotic နဲ့ တွဲပေးတယ်ဆိုတာမျိုး ရှိတယ်။ ဒါပေမယ့် အဓိက လုပ်ဆောင်တာကတော့ အရောင်ကျတာ။ COVID ကို ကာကွယ်တာတို့ဘာတို့ လုပ်လို့မရဘူး။ ကြိုပြီးတော့ သောက်ထားတာတို့ ဘာတို့လည်း လုပ်လို့မရဘူး။

မြန်မာနိုင်ငံမှာဆိုရင် prednisolone ဆိုတာ ကြားဖူးမယ်ထင်တယ်။ သူက steroid သဘောမျိုးပေါ့နော် အဲဒီဆေးနဲ့ မတိုးတော့တဲ့လူတွေဆိုရင် Dexamethasone ပေးတာရှိတယ် ဆိုတော့ သူက ပြင်းတဲ့အရောင်ကျဆေး steroid ပါတဲ့ဆေးပေါ့နော်။ ဆိုတဲ့အခါကျတော့ ဒီအတိုင် အလကားနေရင်း အလကားတော့ မသုံးသင့်ဘူးပေါ့နော်။ ကြိုတင်ကာကွယ်တဲ့ပုံစံမျိုးနဲ့ သုံးမယ်ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး ဒီ COVID မှာ သုံးတယ်ဆိုတာကလည်း အဓိက ဗိုင်းရပ်စ် ကို ကာကွယ်ဖို့အတွက်မဟုတ်ဘူး၊ တိုက်ထုတ်ဖို့အတွက်လည်း မဟုတ်ဘူး။ ဗိုင်းရပ်စ် ကြောင့် ဖြစ်နေတဲ့ လူနာတွေ အနာသက်သာလို သက်သာ၊ အဆုတ်ရောင်တာတွေ အရောင်ကျအောင် အဲလို အထောက်အကူပေးတဲ့ သဘောမျိုး ဖြစ်ပါတယ်။”

မေး။. ။“ဒီ့မတိုင်ခင်တုန်းက ငှက်ဖျား ရောဂါအတွက် ပေးတဲ့ hydroxychloroquine ဆေးတွေနဲ့ စမ်းသပ်တယ်ပေါ့နော်။ အဲဒါနဲ့ ပတ်သက်တဲ့ အခြေနေလေးပြောပြပေးပါ။ ဒါကို အခုကော ဆက်ပြီးစမ်းတုန်းပဲလား”

မခင်ဇာဝင်းပြည့်။. ။“ဇွန်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ ဒီ hydroxychloroquine ကို သုံးတဲ့လူ group နဲ့ မသုံးတဲ့လူ group ၂ ခုယှဉ်တဲ့ အခါမှာ အကျိုး သိသိသာသာ ထူးခြားတာ မရှိဘူးဆိုပြီးတော့ သူ့ကို အသုံးပြုတဲ့ဟာကို ပြန်ပြီးတော့ ရုပ်သိမ်းတယ်လို့ သူတို့ပြောထားတာ ရှိတယ်။ အကျိုးထူးလိုထူးငြား ဆိုပြီးတော့ hydroxychloroquine နဲ့ စပြီးတော့ စမ်းသပ်ကြည့်တယ်။ အဖြေတွေအားလုံး အရ ဆိုရင်တော့ ထူးခြားမှု မရှိဘူးဆိုပြီး သုံးတဲ့ဟာကို ခဏ ပြန်ပြီးတော့ ရပ်ထားတယ်။”

မေး။. ။“ဒီက ဆရာဝန်ကြီးတွေ ပြောနေကြတာတော့ ဒီ Covid 19 အတွက် ဆေးဟာ ဆိုရင် ဒီနှစ် ၂၀၂၀ နှစ်ကုန်လောက်မှာ ရမယ်လို့ ပြောတယ်။ တချို့ကလည်း ဒီလောက် မြန်မြန်ကြီး မရနိုင်ဘူးပေါ့နော်။ အဲဒါ ဘာကြောင့် ကြာလဲ၊ ဘယ်လောက် ကြာနိုင်လဲ ပြောပြပေးပါ။”

မခင်ဇာဝင်းပြည့်။. ။“ဘာကြောင့်လည်း ဆိုတော့ ဒီ ပုံမှန် FDA ရဲ့ clinical trial process စမ်းသပ်ရတဲ့ လုပ်ငန်းက ကြာတယ်။ ဘာလို့လည်း ဆိုတော့ သူ့ရဲ့ အဆင့်ဆင့် ပေါ့နော်။ အဆင့် ၁- ၂- ၃ (Phase 1 Phase 2 Phase 3) ဆိုပြီးတော့ ၃ ဆင့် အဲဒီလို ခွဲပြီးတော့စစ်ရတယ်။ စစ်ပြီးတဲ့ အခါကျရင် လူတွေရဲ့ နလံပြန်ထပြီးသွားလို့ ရှိရင် သူက ဘယ်လောက်အထိ၊ အကျိုးထူးတယ် ဆိုတဲ့ဟာတွေ။ အဲဒါတွေကို တိုင်းပြီးတော့ သူက ပြန်ပြီးတော့ လူဦးရေ အရေအတွက်နဲ့ လုပ်တယ်။ အဆင့် ၁ ဆိုရင် ဆယ်ဂဏန်း၊ အဆင့် ၂ ဆိုရင် ရာဂဏန်း၊ အဆင့် ၃ ဆိုရင် ထောင်ဂဏန်း ဆိုတာ သူက ၃ ထောင် ၄ ထောင် ၅ ထောင် ၆ ထောင်။ အဲဒီလိုမျိုး လူအုပ်တွေကို လုပ်ရတဲ့ အတွက်ကြောင့် မို့လို့ လူူရဲ့ ဘာ complication ရှိလဲ၊ နောက်ခံ ရောဂါရာဇဝင် တွေ အကြောင်းကိုပါ ပြန်ပြီးတော့ စစ်တမ်းပြုစုရတယ်။ အဲဒီတော့ အဲဒါတွေကို လုပ်ရတဲ့ အတွက်ကြောင့် အချိန်ကတော့ ပုံမှန်အတိုင်းဆိုရင် ကြာတယ်။

ကြာတာက စပြီးတော့ ဆေးအသစ်တခု ပေါ်တာကနေ ဆိုရင် နောက်ဆုံး အဆင့် ၃ ပြီးတဲ့ အထိဆိုရင် အနည်းဆုံး ၇ နှစ်လောက်ကြာတယ်။ ဒါက ဆေးအသစ်ကို ပြောတာ။

ဒါပေမယ့် အခု ဒီမှာက ဖြစ်တာတွေကလည်း များတယ် ဆိုတော့ စမ်းရတဲ့ အခါမှာလည်း ဘောင်နဲနဲ ကျယ်လာတယ်။ တချိန်ထဲမှာ လူတွေ အများကြီးကို စမ်းနိုင်တယ် ဆိုတဲ့ဟာတွေ ဖြစ်လာတယ်။ ဆိုတော့ တကယ်တမ်းဆို ခုန ဆရာဝန်ကြီးတွေ ပြောသလို ဒီနှစ်ကုန်လောက် ဆိုရနိုင်တယ်ဆိုတာက မေ ျှာ်လင့်ရင် မေ ျှာ်လင့်လို့ ရတယ်။ ဒါပေမယ့် ဒါသူတို့က အချိန်အတိုင်းအတာ တခုကတော့ ရှိရမယ်။ ဒီရောဂါ ဖြစ်နေတဲ့လူတွေ သက်သာလာတဲ့ ဟာ ကိုလည်း ပြန်ပြီးတော့ ချိန်ရသေးတယ်။ ဆိုတဲ့အခါ ကျတော့ ကျမရဲ့ ကိုယ်ပိုင် အမြင်နဲ့ ပြောရရင်တော့ ရမလား မရဘူးလား ဆိုတာကတော့ မသေချာဘူးပေါ့။”

မခင်ဇာဝင်းပြည့်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နား လိုက်ပါရစေ။

(Unicode)

ကမ်ဘာတလှှား ကူးစကျပွန့ျနှံ့နတေဲ့ COVID-19 ရောဂါ အတှကျ ထိရောကျတဲ့ ကာကှယျဆေးတှေ ကုသဆေးတှေ ထုတျနိုငျဖို့ ကွိုးစားနတော ဘယျအခွနေရေောကျနပေါပွီလဲ။



ကာကှယျဆေးမှာတော့ Johnson and Johnson လို အမရေိကနျ အခွစေိုကျ ကုမ်ပဏီကွီး ၇ ခုမှာ. ကာကှယျဆေး အနနေဲ့ထုတျလုပျမယျ ဆိုတာ focus လုပျထားပါတယျ။

















XS
SM
MD
LG