သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 နဲ႔ ကိုယ့္ကိုယ္ကိုအဆုံးစီရင္ျခင္း (အပိုင္း-၂)


SUCIDE ATTEMPTS HERAT
တိုက္႐ိုက္ လင့္ခ္

COVID-19 ကမာၻ႔ကပ္ေရာဂါ ျဖစ္ေနတဲ့ကာလအတြင္း မၾကာေသးခင္က အဆုံးစီရင္ခဲ့ၾကတဲ့ ျမန္မာႏိုင္ငံသားေတြမ်ဳိးကို နီးစပ္သူနဲ႔ေစာင့္ၾကည့္သူေတြက ပိုမို ေစာင့္ၾကည့္၊ ကူညီေပးဖို႔ စိတ္က်န္းမာေရးပညာရွင္ေတြက တိုက္တြန္းလိုက္ပါတယ္။

ပုသိမ္ၿမိဳ ႔မွာ မၾကာေသးခင္က အဆုံးစီရင္ခဲ့တဲ့သူဟာ Quarantine အသြားအလာ ကန႔္သတ္ခံထားရသူ တဦးျဖစ္တာမို႔၊ ဒီ စခန္းေတြမွာ တာဝန္ရွိသူေတြအေနနဲ႔ COVID-19 ေရာဂါ မကူးစက္ေရးကို က်ဥ္းထဲက်ပ္ထဲ လုပ္ေနရခ်ိန္မွာ၊ စိတ္က်န္းမာေရးျပႆနာေတြ ရွိႏိုင္တာကိုလည္း ထည့္တြက္ျပင္ဆင္ထားဖို႔ လိုလာပါတယ္။ Quarantine စခန္း တာဝန္ရွိသူေတြျဖစ္တဲ့ ေစတနာ့ဝန္ထမ္းေတြ၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ အျခားေစာင့္ၾကည့္ေပးသူေတြအေနနဲ႔ ဝင္လာတဲ့သူေတြထဲ အခုလို အဆုံးစီရင္ႏိုင္သူပါမပါ သိႏိုင္ဖို႔၊ စိတ္က်န္းမာေရးျပႆနာ၊ အရက္နဲ႔မူးယစ္ေဆး ျပႆနာ ရွိသူ/ရွိခဲ့သူ/ုကုသမူခံယူေနသူ ပါမပါကို ေမးျမန္းစစ္ေဆးသင့္ၿပီး၊ ပါလာခဲ့လွ်င္လည္း လိုအပ္တာေတြ ကူညီေျဖရွင္း လုပ္ေပးသင့္ပါတယ္။ ဒါ့အျပင္ အရင္တစ္ေခါက္က ေျပာခဲ့ၿပီး၊ ေအာက္မွတ္ခ်က္မွာလည္း ထပ္မံေဖာ္ျပထားတဲ့၊ စိတ္က်န္းမာေရးဆိုင္ရာ ႀကိဳတင္သတိေပးလကၡဏာေတြ (Warning Signs) ရွိမရွိ ေစာင့္ၾကည့္ၿပီး၊ ပြင့္ပြင့္လင္းလင္း ေမးျမန္းကာ၊ လိုအပ္လွ်င္ စိတ္က်န္းမာေရး ျပဳစုမူ အကူအညီရဖို႔ ခ်ိတ္ဆက္ေပးသင့္ပါတယ္။ ဖုန္းနဲ႔ခ်ိတ္ဆက္ၿပီး အကူအညီရယူႏိုင္တဲ့ တိုင္းေဒသႀကီးနဲ႔ျပည္နယ္အသီးသီးက စိတ္က်န္းမာေ ရးအထူးကုေတြရဲ႕ ဖုန္းနံပါတ္နဲ႔ အခ်ိန္ေတြ ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္ (ေအာက္တြင္ ထပ္ဆင့္ေဖာ္ျပထားသည္)။

ဒါ့အျပင္ Quarantine ဝင္လာသူေတြရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရး အေျခအေနေတြ၊ ေရာဂါအခံေတြ၊ စိတ္ဖိစီးမူရႈိႏိုင္တာေတြကိုလည္း ေမးျမန္းၿပီး လိုအပ္တဲ့ေစာင့္ေရွာက္မူ (Care) ေပးသင့္ပါတယ္။ တခါတရံမွာလည္း အခုလို စိတ္ဖိစီးမူရွိတာေတြကို မေျပာခ်င္၊ ေျပာဖို႔ အဆင္သင့္မျဖစ္တာေတြ ရွိႏိုင္တာကိုလည္း၊ စခန္းတာဝန္ရွိသူေတြအေနနဲ႔ သိထားၿပီး နားလည္ေပးသင့္ပါတယ္။ Quarantine စခန္းေတြမွာ ျပန္ျပင္ဆင္ဖို႔ လိုတာေတြကိုလည္း ရွာေဖြျပင္ဆင္ေပးၿပီး၊ စိတ္ပိုင္းဆိုင္ရာ ပညာေပးေတြကိုလည္း ပိုမိုလုပ္ေဆာင္ေပးသင့္ပါတယ္။ Quarantine ဝင္ေနရသူေတြအေနနဲ႔လည္း၊ တစ္ဦးခ်င္း စိတ္ဖိစီးမူ ေလွ်ာ့ခ်ႏိုင္ဖို႔ လိုရာမွာ၊ ဘာသာေရးလုပ္တာ၊ သက္ေတာင့္သက္သာ ရွိေအာင္ေနတာနဲ႔ က်န္းမာေအာင္ ေနထိုင္စားေသာက္တာ (Healthy Lifestyle) ေတြ လုပ္ေပးသင့္ပါတယ္။ က်န္းမာေရးနဲ႔ လူမူေရးဆိုင္ရာ အကူအညီေတြ လိုလာလွ်င္လည္း၊ လက္ေတြ႔က်ၿပီး ျဖစ္ႏိုင္တဲ့ အေျခခံလိုအပ္ခ်က္ေတြကို၊ စခန္းတာဝန္ရွိသူေတြထံမွာ ေတာင္းခံဖို႔ အေရးႀကီးပါတယ္။ ဒါ့အျပင္ မိသားစု၊ အသိုင္းအဝန္းနဲ႔ ဆက္သြယ္ႏိုင္တဲ့ နည္းလမ္း (ဖုန္း၊ အင္တာနက္) ေတြ ရွိထားၿပီး၊ ပုံမွန္ဆက္သြယ္ထားကာ၊ အခက္အခဲ ရွိလွ်င္လည္း ပြင့္ပြင့္လင္းလင္း တိုင္ပင္သင့္ပါတယ္။

မေလးရွားႏိုင္ငံက တရားမဝင္ ျမန္မာလုပ္သားတခ်ဳိ ႔မွာ ျဖစ္ခဲ့တဲ့ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံ စီရင္ခဲ့မူမ်ိဳးအတြက္ေတာ့၊ စိတ္က်န္းမာေရးအပါအဝင္ ေရာဂါရာဇဝင္ေနာက္ေၾကာင္းသိရဖို႔ ပိုအခက္အခဲရွိႏိုင္ေပမယ့္ သူတို႔ရဲ႕ အေနအထား၊ သူတို႔အသိုင္းအဝန္း အေနအထားေတြနဲ႔ လုပ္ေဆာင္ေပးထားတဲ့ အေနအထားေတြကို တတ္ႏိုင္သမွ် စုံစမ္းၿပီး၊ လက္ေတြ႕ေျဖရွင္းေပးႏိုင္တာေတြကို အစိုးရဌာနေပါင္းစုံနဲ႔ ဘက္ေပါင္းစုံ ဝိုင္းကူေပးဖို႔က အေရးႀကီးဆုံး ျဖစ္ပါတယ္။ အေၾကာင္းက သူတို႔အေနနဲ႔ တစ္ဦးခ်င္း စိတ္ဖိစီးမူေလွ်ာ့ခ်ဖို႔ လိုအပ္တဲ့ အကူအညီေတာင္းခံေရးမွာ တရားမဝင္ေနရတာေၾကာင့္၊ ဆက္သြယ္ေရးလမ္းေၾကာင္း အခက္အခဲ ရွိႏိုင္ပါတယ္။ ဒါေၾကာင့္ အစိုးရအျပင္ လူမူအဖြဲ႕အစည္းေတြအေနနဲ႔လည္း သက္ဆိုင္ရာတိုင္းျပည္က စည္းမ်ဥ္းေတြနဲ႔အညီ ဆက္သြယ္အကူအညီေပးဖို႔က အေရးပါလာပါတယ္။ ဒါ့အျပင္ မိသားစုနဲ႔ မိတ္ေဆြအေပါင္းအသင္းေတြအေနနဲ႔လည္း လူမူမီဒီယာအပါအဝင္ ဆက္သြယ္ႏိုင္တဲ့ နည္းေပါင္းစုံနဲ႔ ဆက္သြယ္စကားေျပာၿပီး၊ ကိုယ္တစ္ဦးထဲ ႀကဳံရတာမဟုတ္ဘဲ၊ တကမာၻလုံးခံေနရၿပီး၊ တစ္ဦးခ်င္းလဲ အနည္းနဲ႔အမ်ား ထိခိုက္ေနတဲ့ ဒီကမာၻ႔ကပ္ေရာဂါႀကီးရဲ႕ ပကတိအေျခအေနမွန္ကို လက္ခံေစကာ၊ တတ္ႏိုင္သေလာက္ အကူအညီေတြ ေပးျခင္းအားျဖင့္၊ မတရားစိတ္ဖိစီးမူခံေနရတာကို အတိုင္းအတာတစ္ခုထိ ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ အေရးႀကီးတာက ျဖစ္လာတဲ့ ျပႆနာေတြအေပၚ အျပန္အလွန္ စြပ္စြဲျပစ္တင္ (Blame) လုပ္တာေတြ ေရွာင္က်ဥ္သင့္ၿပီး၊ အျပန္အလွန္ နားလည္မူ ပိုေပးသင့္ပါတယ္။

ကိုယ့္ကိုယ္ကို အဆုံးစီရင္မူေတြကို အထူးျပဳေလ့လာထားတဲ့၊ စိတ္က်န္းမာေရး အထူးကုနဲ႔ ျမန္မာႏိုင္ငံ စိတ္က်န္းမာပညာအဖြဲ႕ ေ႐ြးေကာက္ခံ ဥကၠဌ ေဒါက္တာစိုးမင္းအား ကိုဝင္းမင္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

Covid-19 Emergency Phone Numbers

===Unicode===

COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်နေတဲ့ကာလအတွင်း မကြာသေးခင်က အဆုံးစီရင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေမျိုးကို နီးစပ်သူနဲ့စောင့်ကြည့်သူတွေက ပိုမို စောင့်ကြည့်၊ ကူညီပေးဖို့ စိတ်ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။

ပုသိမ်မြို့မှာ မကြာသေးခင်က အဆုံးစီရင်ခဲ့တဲ့သူဟာ Quarantine အသွားအလာ ကန့်သတ်ခံထားရသူ တဦးဖြစ်တာမို့၊ ဒီ စခန်းတွေမှာ တာဝန်ရှိသူတွေအနေနဲ့ COVID-19 ရောဂါ မကူးစက်ရေးကို ကျဉ်းထဲကျပ်ထဲ လုပ်နေရချိန်မှာ၊ စိတ်ကျန်းမာရေးပြဿနာတွေ ရှိနိုင်တာကိုလည်း ထည့်တွက်ပြင်ဆင်ထားဖို့ လိုလာပါတယ်။ Quarantine စခန်း တာဝန်ရှိသူတွေဖြစ်တဲ့ စေတနာ့ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြားစောင့်ကြည့်ပေးသူတွေအနေနဲ့ ဝင်လာတဲ့သူတွေထဲ အခုလို အဆုံးစီရင်နိုင်သူပါမပါ သိနိုင်ဖို့၊ စိတ်ကျန်းမာရေးပြဿနာ၊ အရက်နဲ့မူးယစ်ဆေး ပြဿနာ ရှိသူ/ရှိခဲ့သူ/ုကုသမူခံယူနေသူ ပါမပါကို မေးမြန်းစစ်ဆေးသင့်ပြီး၊ ပါလာခဲ့လျှင်လည်း လိုအပ်တာတွေ ကူညီဖြေရှင်း လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် အရင်တစ်ခေါက်က ပြောခဲ့ပြီး၊ အောက်မှတ်ချက်မှာလည်း ထပ်မံဖော်ပြထားတဲ့၊ စိတ်ကျန်းမာရေးဆိုင်ရာ ကြိုတင်သတိပေးလက္ခဏာတွေ (Warning Signs) ရှိမရှိ စောင့်ကြည့်ပြီး၊ ပွင့်ပွင့်လင်းလင်း မေးမြန်းကာ၊ လိုအပ်လျှင် စိတ်ကျန်းမာရေး ပြုစုမူ အကူအညီရဖို့ ချိတ်ဆက်ပေးသင့်ပါတယ်။ ဖုန်းနဲ့ချိတ်ဆက်ပြီး အကူအညီရယူနိုင်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးက စိတ်ကျန်းမာေ ရးအထူးကုတွေရဲ့ ဖုန်းနံပါတ်နဲ့ အချိန်တွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ် (အောက်တွင် ထပ်ဆင့်ဖော်ပြထားသည်)။

ဒါ့အပြင် Quarantine ဝင်လာသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတွေ၊ ရောဂါအခံတွေ၊ စိတ်ဖိစီးမူရှိုနိုင်တာတွေကိုလည်း မေးမြန်းပြီး လိုအပ်တဲ့စောင့်ရှောက်မူ (Care) ပေးသင့်ပါတယ်။ တခါတရံမှာလည်း အခုလို စိတ်ဖိစီးမူရှိတာတွေကို မပြောချင်၊ ပြောဖို့ အဆင်သင့်မဖြစ်တာတွေ ရှိနိုင်တာကိုလည်း၊ စခန်းတာဝန်ရှိသူတွေအနေနဲ့ သိထားပြီး နားလည်ပေးသင့်ပါတယ်။ Quarantine စခန်းတွေမှာ ပြန်ပြင်ဆင်ဖို့ လိုတာတွေကိုလည်း ရှာဖွေပြင်ဆင်ပေးပြီး၊ စိတ်ပိုင်းဆိုင်ရာ ပညာပေးတွေကိုလည်း ပိုမိုလုပ်ဆောင်ပေးသင့်ပါတယ်။ Quarantine ဝင်နေရသူတွေအနေနဲ့လည်း၊ တစ်ဦးချင်း စိတ်ဖိစီးမူ လျှော့ချနိုင်ဖို့ လိုရာမှာ၊ ဘာသာရေးလုပ်တာ၊ သက်တောင့်သက်သာ ရှိအောင်နေတာနဲ့ ကျန်းမာအောင် နေထိုင်စားသောက်တာ (Healthy Lifestyle) တွေ လုပ်ပေးသင့်ပါတယ်။ ကျန်းမာရေးနဲ့ လူမူရေးဆိုင်ရာ အကူအညီတွေ လိုလာလျှင်လည်း၊ လက်တွေ့ကျပြီး ဖြစ်နိုင်တဲ့ အခြေခံလိုအပ်ချက်တွေကို၊ စခန်းတာဝန်ရှိသူတွေထံမှာ တောင်းခံဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် မိသားစု၊ အသိုင်းအဝန်းနဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်း (ဖုန်း၊ အင်တာနက်) တွေ ရှိထားပြီး၊ ပုံမှန်ဆက်သွယ်ထားကာ၊ အခက်အခဲ ရှိလျှင်လည်း ပွင့်ပွင့်လင်းလင်း တိုင်ပင်သင့်ပါတယ်။

မလေးရှားနိုင်ငံက တရားမဝင် မြန်မာလုပ်သားတချို့မှာ ဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံ စီရင်ခဲ့မူမျိုးအတွက်တော့၊ စိတ်ကျန်းမာရေးအပါအဝင် ရောဂါရာဇဝင်နောက်ကြောင်းသိရဖို့ ပိုအခက်အခဲရှိနိုင်ပေမယ့် သူတို့ရဲ့ အနေအထား၊ သူတို့အသိုင်းအဝန်း အနေအထားတွေနဲ့ လုပ်ဆောင်ပေးထားတဲ့ အနေအထားတွေကို တတ်နိုင်သမျှ စုံစမ်းပြီး၊ လက်တွေ့ဖြေရှင်းပေးနိုင်တာတွေကို အစိုးရဌာနပေါင်းစုံနဲ့ ဘက်ပေါင်းစုံ ဝိုင်းကူပေးဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အကြောင်းက သူတို့အနေနဲ့ တစ်ဦးချင်း စိတ်ဖိစီးမူလျှော့ချဖို့ လိုအပ်တဲ့ အကူအညီတောင်းခံရေးမှာ တရားမဝင်နေရတာကြောင့်၊ ဆက်သွယ်ရေးလမ်းကြောင်း အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် အစိုးရအပြင် လူမူအဖွဲ့အစည်းတွေအနေနဲ့လည်း သက်ဆိုင်ရာတိုင်းပြည်က စည်းမျဉ်းတွေနဲ့အညီ ဆက်သွယ်အကူအညီပေးဖို့က အရေးပါလာပါတယ်။ ဒါ့အပြင် မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေအနေနဲ့လည်း လူမူမီဒီယာအပါအဝင် ဆက်သွယ်နိုင်တဲ့ နည်းပေါင်းစုံနဲ့ ဆက်သွယ်စကားပြောပြီး၊ ကိုယ်တစ်ဦးထဲ ကြုံရတာမဟုတ်ဘဲ၊ တကမ္ဘာလုံးခံနေရပြီး၊ တစ်ဦးချင်းလဲ အနည်းနဲ့အများ ထိခိုက်နေတဲ့ ဒီကမ္ဘာ့ကပ်ရောဂါကြီးရဲ့ ပကတိအခြေအနေမှန်ကို လက်ခံစေကာ၊ တတ်နိုင်သလောက် အကူအညီတွေ ပေးခြင်းအားဖြင့်၊ မတရားစိတ်ဖိစီးမူခံနေရတာကို အတိုင်းအတာတစ်ခုထိ လျော့ချပေးနိုင်ပါတယ်။ အရေးကြီးတာက ဖြစ်လာတဲ့ ပြဿနာတွေအပေါ် အပြန်အလှန် စွပ်စွဲပြစ်တင် (Blame) လုပ်တာတွေ ရှောင်ကျဉ်သင့်ပြီး၊ အပြန်အလှန် နားလည်မူ ပိုပေးသင့်ပါတယ်။

ကိုယ့်ကိုယ်ကို အဆုံးစီရင်မူတွေကို အထူးပြုလေ့လာထားတဲ့၊ စိတ်ကျန်းမာရေး အထူးကုနဲ့ မြန်မာနိုင်ငံ စိတ်ကျန်းမာပညာအဖွဲ့ ရွေးကောက်ခံ ဥက္ကဌ ဒေါက်တာစိုးမင်းအား ကိုဝင်းမင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG