COVID-19 ကမာၻ႔ကပ္ေရာဂါဆိုက္ခ်ိန္မွာ က်န္းမာေရးအျပင္၊ စီးပြားေရး၊ လူမူေရးစတဲ့ က႑ေပါင္းစုံ ထိခိုက္ခံရၿပီး၊ စိတ္က်န္းမာေရးျပႆနာေတြ ပိုျဖစ္ကာ၊ အခုလို အဆုံးစီရင္မူ ႀကဳံရႏိုင္တယ္လို႔ စိတ္က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။
မၾကာခင္ျဖစ္ခဲ့တဲ့ ျမန္မာႏိုင္ငံသားတခ်ိဳ ႔အဆုံးစီရင္မူေတြထဲ ထူးျခားတာက၊ ပုသိမ္ကျဖစ္စဥ္မွာ တကယ္အဆုံးစီရင္မူ မျဖစ္ခင္၊ စိတ္လိုက္မာန္ပါ ႐ုတ္တရက္ အဆုံးစီရင္ဖို႔ ႀကိဳးပမ္းခဲ့တာနဲ႔ ဆက္ဆံေရး အဆင္မေျပျဖစ္တာေတြ ရွိခဲ့ၿပီး၊ ေနာက္ပိုင္း အေျခအေနတစ္ခုရခ်ိန္မွာ အဆုံးစီရင္ခဲ့တာကို သတင္းေတြအရ ေတြ႕ရပါတယ္။ မေလးရွားေရာက္ ျမန္မာႏိုင္ငံက အလုပ္သမားတခ်ိဳ ႔အဆုံးစီရင္မူမွာေတာ့ ထူးျခားမူက၊ တရားမဝင္ေနရသူေတြျဖစ္ၿပီး၊ အခက္အခဲ၊ အက်ပ္အတည္းေပါင္းစုံနဲ႔ စိတ္ဖိစီးမူကို အျခားသူေတြထက္ အမ်ားႀကီးႀကဳံခဲ့ရအၿပီးမွာ၊ အခုလို အဆုံးစီရင္တာတခ်ိဳ ႔ စျဖစ္လာတာကို သတင္းေတြမွာ ေတြ႕ရပါတယ္။ တရားမဝင္ေနထိုင္ရသူေတြအေနနဲ႔ COVID-19 ကာလမွာ အလုပ္အကိုင္ အခက္အခဲေတြ႕ၿပီး၊ ေန႔တဓူဝ စားေရးေနေရး အၾကပ္အတည္းႀကဳံလာခ်ိန္မွာ၊ ၊ ျမန္မာႏိုင္ငံျပန္ႏိုင္ေရးအပါအဝင္ ဒီျပႆနာေပါင္းစုံကို
သူတို႔တတ္ႏိုင္တဲ့ အစြမ္းအစနဲ႔ ေျဖရွင္းႏိုင္တဲ့ နည္းလမ္းေတြမရွိဘူးလို႔ ခံစားလာရတတ္ၿပီး၊ အျခားသူေတြထက္ စိတ္ဖိစီးမူ ပိုမ်ားႏိုင္ေျခရွိပါတယ္။
အခုလို စိတ္ဖိစီးမူ ပိုမ်ားႏိုင္တဲ့ အေျခအေနကေန ကိုယ့္ကိုယ္ကို အဆုံးစီရင္တဲ့အဆင့္ထိ မျဖစ္ခင္မွာ၊ သတိထားသင့္တဲ့ စိတ္က်န္းမာေရးဆိုင္ရာ ႀကိဳတင္သတိေပးလကၡဏာေတြ (Warning Signs) ရွိပါတယ္။ စိတ္က်န္းမာေရး စထိခိုက္လာခ်ိန္မွာ စိတ္ဖိစီးမူေတြ၊ စိုးရိမ္စိတ္မ်ားတာေတြနဲ႔ စိတ္ဓာတ္က်တာေတြကို ခံစားရတတ္ပါတယ္။ ဒီ သတိေပးလကၡဏာေတြကေတာ့ အေျပာအဆို၊ အျပဳအမူေတြေျပာင္းလာတာျဖစ္ၿပီး၊ ေလာကႀကီးမွာ မေနခ်င္ေတာ့တာ (သို႔မဟုတ္) ကိုယ့္ကိုယ္ကို သတ္ေသခ်င္တဲ့ဆႏၵကို ထုတ္ေျပာလာတာ၊ ေမွ်ာ္လင့္ခ်က္မဲ့ေနၿပီး အကူအညီေပးမဲ့သူ မရွိေတာ့ဘူးလို႔ ဖြင့္ေျပာလာတာ၊ ကိုယ့္ကိုယ္ကို အပစ္တင္တာေတြ အမ်ားႀကီးေျပာလာတာ၊ အရွက္တကြဲ အက်ိဳးနည္းႀကဳံရတာကို ဖြင့္ေျပာလာတာ၊ လြတ္ေျမာက္ရာလမ္းေၾကာင္း မရွိေတာ့ဘဲ ေထာင္ေခ်ာက္ထဲ ေခ်ာင္ပိတ္မိတဲ့ အေနအထားမ်ိဳး ေျပာလာတာ၊ သူ႔ေၾကာင့္ မိသားစုအသိုက္အဝန္းအေပၚ ဝန္ထုတ္ဝန္ပိုးမ်ိဳး ျဖစ္လာတာကို ေျပာလာတာမ်ိဳးေတြပါ။
တခါတရံမွာလည္း ကိုယ့္ကိုယ္ကို အနာတရျဖစ္ေအာင္၊ အသက္အႏၲရာယ္ထိခိုက္ေအာင္ နည္းလမ္းရွာတာ၊ လုပ္ဖို႔ႀကိဳးစားတာေတြ ျဖစ္လာတတ္ပါတယ္။ တခ်ိဳ ႔မွာလည္း အရက္နဲ႔မူးယစ္ေဆး ပိုသုံးစြဲလာတာ၊ အရင္လိုမဟုတ္ဘဲ လူေတြနဲ႔ မေရာေတာ့ဘဲ တစ္ဦးထဲေနလာတာ၊ အလြန္ ဂဏာမၿငိမ္ျဖစ္လာတာ၊ စိတ္ဓာတ္အတက္အက် အလြန္ျမန္တာေတြလည္း ျဖစ္လာတတ္ပါတယ္။ အေရးႀကီးဆုံးကေတာ့ အရင္တုံးက ကိုယ့္ကိုယ္ကို အသက္အႏၲရာယ္ျဖစ္ေအာင္လုပ္ခဲ့တဲ့ ရာဇဝင္ရွိတာ၊ အမ်ိဳးထဲမွာလည္း အဆုံးစီရင္သူရွိခဲ့တာနဲ႔ ကိုယ္တိုင္ စိတ္က်န္းမာေရးျပႆနာ ခံစားေနရသူျဖစ္ေနလွ်င္ေတာ့ အမ်ားႀကီး ပိုမို သတိထားသင့္ပါတယ္။ ဒါေပမဲ့လည္း တခါတရံမွာ အက်ပ္အတည္းႀကဳံလာခ်ိန္၊ အခုလို ႀကိဳတင္သတိေပးလကၡဏာေတြ မျပဘဲ၊ ႐ုတ္တရက္ စိတ္ကူးေပၚလာတာကို စိတ္လိုက္မာန္ပါျဖစ္ၿပီး၊ ဆင္ျခင္တုံတရား အခက္ႀကံဳကာ၊ ခ်က္ခ်င္း အဆုံးစီရင္သြားတာမ်ိဳးလည္း ရွိတတ္တာကို အထူးႀကိဳတင္သတိထားသင့္ပါတယ္။
လက္ရွိႀကဳံလာရတဲ့ ကိုယ့္ကိုယ္ကို အဆုံးစီရင္မူကေန ကာကြယ္ေရးအတြက္ေတာ့၊ တစ္ဦးခ်င္းကာကြယ္ေရးနဲ႔ အမ်ားျပည္သူအတြက္ က႑ေပါင္းစုံ (Multisectoral) ကေန ကာကြယ္ေပးေရးဟူ၍ (၂) ပိုင္းရွိပါတယ္။ တစ္ဦးခ်င္းကာကြယ္ေရးအတြက္ စိတ္ဖိစီးမူကို ေလွ်ာ့ခ်ေပးတာ၊ အရက္နဲ႔မူးယစ္ေဆး မသုံးစြဲတာနဲ႔ စိတ္က်န္းမာေရး ျပႆနာေတြအတြက္ ေဆြးေႏြးတိုင္ပင္တာစတဲ့ ပုံမွန္ကာကြယ္ေရးေတြ လုပ္ေပးႏိုင္ပါတယ္။
ျပည္သူတရပ္လုံးအတြက္ က႑ေပါင္းစုံကေနကာကြယ္ေပးေရးမွာေတာ့၊ က်န္းမာေရးက႑အျပင္ အျခားက႑ေတြေပါင္းၿပီး စုေပါင္းအေျဖရွာႏိုင္ဖို႔၊ ပိုအထက္က်တဲ့အစိုးရအဆင့္ကေန ေပါင္းစပ္ေဆာင္႐ြက္ေပးဖို႔ အထူးအေရးႀကီးပါတယ္။ အထူးသျဖင့္ မေလးရွားမွာ တရားမဝင္ ျမန္မာလုပ္သားေတြႀကဳံခဲ့ရတဲ့ အဆုံးစီရင္မူမ်ိဳးအတြက္၊ က်န္းမာေရးက႑တစ္ခုထဲ မလုပ္ေဆာင္ႏိုင္ဘဲ၊ ၎တို႔ လက္ရွိႀကံဳေနရတဲ့ ေန႔စဥ္ရွင္သန္ႏိုင္ေရး ျပႆနာအက်ပ္အတည္းေတြအေပၚ စိတ္ဖိစီးမူမ်ားလြန္းေနတာအတြက္၊ တကယ္လက္ေတြ႕က်တဲ့နည္းေတြနဲ႔ ေျဖရွင္းေပးဖို႔၊ က႑ေပါင္းစုံက အေသအခ်ာ စဥ္းစားေျဖရွင္းေပးဖို႔က အဓိကပိုက်ေနပါတယ္။
ကိုယ့္ကိုယ္ကို အဆုံးစီရင္မူေတြကို အထူးျပဳေလ့လာထားတဲ့၊ စိတ္က်န္းမာေရး အထူးကုနဲ႔ ျမန္မာႏိုင္ငံ စိတ္က်န္းမာပညာအဖြဲ႕ ေ႐ြးေကာက္ခံ ဥကၠဌ ေဒါက္တာစိုးမင္း ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။
==Unicode==
COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုက်ချိန်မှာ ကျန်းမာရေးအပြင်၊ စီးပွားရေး၊ လူမူရေးစတဲ့ ကဏ္ဍပေါင်းစုံ ထိခိုက်ခံရပြီး၊ စိတ်ကျန်းမာရေးပြဿနာတွေ ပိုဖြစ်ကာ၊ အခုလို အဆုံးစီရင်မူ ကြုံရနိုင်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
မကြာခင်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံသားတချို့အဆုံးစီရင်မူတွေထဲ ထူးခြားတာက၊ ပုသိမ်ကဖြစ်စဉ်မှာ တကယ်အဆုံးစီရင်မူ မဖြစ်ခင်၊ စိတ်လိုက်မာန်ပါ ရုတ်တရက် အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့တာနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်တာတွေ ရှိခဲ့ပြီး၊ နောက်ပိုင်း အခြေအနေတစ်ခုရချိန်မှာ အဆုံးစီရင်ခဲ့တာကို သတင်းတွေအရ တွေ့ရပါတယ်။ မလေးရှားရောက် မြန်မာနိုင်ငံက အလုပ်သမားတချို့အဆုံးစီရင်မူမှာတော့ ထူးခြားမူက၊ တရားမဝင်နေရသူတွေဖြစ်ပြီး၊ အခက်အခဲ၊ အကျပ်အတည်းပေါင်းစုံနဲ့ စိတ်ဖိစီးမူကို အခြားသူတွေထက် အများကြီးကြုံခဲ့ရအပြီးမှာ၊ အခုလို အဆုံးစီရင်တာတချို့ စဖြစ်လာတာကို သတင်းတွေမှာ တွေ့ရပါတယ်။ တရားမဝင်နေထိုင်ရသူတွေအနေနဲ့ COVID-19 ကာလမှာ အလုပ်အကိုင် အခက်အခဲတွေ့ပြီး၊ နေ့တဓူဝ စားရေးနေရေး အကြပ်အတည်းကြုံလာချိန်မှာ၊ ၊ မြန်မာနိုင်ငံပြန်နိုင်ရေးအပါအဝင် ဒီပြဿနာပေါင်းစုံကို
သူတို့တတ်နိုင်တဲ့ အစွမ်းအစနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေမရှိဘူးလို့ ခံစားလာရတတ်ပြီး၊ အခြားသူတွေထက် စိတ်ဖိစီးမူ ပိုများနိုင်ခြေရှိပါတယ်။
အခုလို စိတ်ဖိစီးမူ ပိုများနိုင်တဲ့ အခြေအနေကနေ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အဆင့်ထိ မဖြစ်ခင်မှာ၊ သတိထားသင့်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ကြိုတင်သတိပေးလက္ခဏာတွေ (Warning Signs) ရှိပါတယ်။ စိတ်ကျန်းမာရေး စထိခိုက်လာချိန်မှာ စိတ်ဖိစီးမူတွေ၊ စိုးရိမ်စိတ်များတာတွေနဲ့ စိတ်ဓာတ်ကျတာတွေကို ခံစားရတတ်ပါတယ်။ ဒီ သတိပေးလက္ခဏာတွေကတော့ အပြောအဆို၊ အပြုအမူတွေပြောင်းလာတာဖြစ်ပြီး၊ လောကကြီးမှာ မနေချင်တော့တာ (သို့မဟုတ်) ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ဆန္ဒကို ထုတ်ပြောလာတာ၊ မျှော်လင့်ချက်မဲ့နေပြီး အကူအညီပေးမဲ့သူ မရှိတော့ဘူးလို့ ဖွင့်ပြောလာတာ၊ ကိုယ့်ကိုယ်ကို အပစ်တင်တာတွေ အများကြီးပြောလာတာ၊ အရှက်တကွဲ အကျိုးနည်းကြုံရတာကို ဖွင့်ပြောလာတာ၊ လွတ်မြောက်ရာလမ်းကြောင်း မရှိတော့ဘဲ ထောင်ချောက်ထဲ ချောင်ပိတ်မိတဲ့ အနေအထားမျိုး ပြောလာတာ၊ သူ့ကြောင့် မိသားစုအသိုက်အဝန်းအပေါ် ဝန်ထုတ်ဝန်ပိုးမျိုး ဖြစ်လာတာကို ပြောလာတာမျိုးတွေပါ။
တခါတရံမှာလည်း ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်၊ အသက်အန္တရာယ်ထိခိုက်အောင် နည်းလမ်းရှာတာ၊ လုပ်ဖို့ကြိုးစားတာတွေ ဖြစ်လာတတ်ပါတယ်။ တချို့မှာလည်း အရက်နဲ့မူးယစ်ဆေး ပိုသုံးစွဲလာတာ၊ အရင်လိုမဟုတ်ဘဲ လူတွေနဲ့ မရောတော့ဘဲ တစ်ဦးထဲနေလာတာ၊ အလွန် ဂဏာမငြိမ်ဖြစ်လာတာ၊ စိတ်ဓာတ်အတက်အကျ အလွန်မြန်တာတွေလည်း ဖြစ်လာတတ်ပါတယ်။ အရေးကြီးဆုံးကတော့ အရင်တုံးက ကိုယ့်ကိုယ်ကို အသက်အန္တရာယ်ဖြစ်အောင်လုပ်ခဲ့တဲ့ ရာဇဝင်ရှိတာ၊ အမျိုးထဲမှာလည်း အဆုံးစီရင်သူရှိခဲ့တာနဲ့ ကိုယ်တိုင် စိတ်ကျန်းမာရေးပြဿနာ ခံစားနေရသူဖြစ်နေလျှင်တော့ အများကြီး ပိုမို သတိထားသင့်ပါတယ်။ ဒါပေမဲ့လည်း တခါတရံမှာ အကျပ်အတည်းကြုံလာချိန်၊ အခုလို ကြိုတင်သတိပေးလက္ခဏာတွေ မပြဘဲ၊ ရုတ်တရက် စိတ်ကူးပေါ်လာတာကို စိတ်လိုက်မာန်ပါဖြစ်ပြီး၊ ဆင်ခြင်တုံတရား အခက်ကြုံကာ၊ ချက်ချင်း အဆုံးစီရင်သွားတာမျိုးလည်း ရှိတတ်တာကို အထူးကြိုတင်သတိထားသင့်ပါတယ်။
လက်ရှိကြုံလာရတဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မူကနေ ကာကွယ်ရေးအတွက်တော့၊ တစ်ဦးချင်းကာကွယ်ရေးနဲ့ အများပြည်သူအတွက် ကဏ္ဍပေါင်းစုံ (Multisectoral) ကနေ ကာကွယ်ပေးရေးဟူ၍ (၂) ပိုင်းရှိပါတယ်။ တစ်ဦးချင်းကာကွယ်ရေးအတွက် စိတ်ဖိစီးမူကို လျှော့ချပေးတာ၊ အရက်နဲ့မူးယစ်ဆေး မသုံးစွဲတာနဲ့ စိတ်ကျန်းမာရေး ပြဿနာတွေအတွက် ဆွေးနွေးတိုင်ပင်တာစတဲ့ ပုံမှန်ကာကွယ်ရေးတွေ လုပ်ပေးနိုင်ပါတယ်။
ပြည်သူတရပ်လုံးအတွက် ကဏ္ဍပေါင်းစုံကနေကာကွယ်ပေးရေးမှာတော့၊ ကျန်းမာရေးကဏ္ဍအပြင် အခြားကဏ္ဍတွေပေါင်းပြီး စုပေါင်းအဖြေရှာနိုင်ဖို့၊ ပိုအထက်ကျတဲ့အစိုးရအဆင့်ကနေ ပေါင်းစပ်ဆောင်ရွက်ပေးဖို့ အထူးအရေးကြီးပါတယ်။ အထူးသဖြင့် မလေးရှားမှာ တရားမဝင် မြန်မာလုပ်သားတွေကြုံခဲ့ရတဲ့ အဆုံးစီရင်မူမျိုးအတွက်၊ ကျန်းမာရေးကဏ္ဍတစ်ခုထဲ မလုပ်ဆောင်နိုင်ဘဲ၊ ၎င်းတို့ လက်ရှိကြုံနေရတဲ့ နေ့စဉ်ရှင်သန်နိုင်ရေး ပြဿနာအကျပ်အတည်းတွေအပေါ် စိတ်ဖိစီးမူများလွန်းနေတာအတွက်၊ တကယ်လက်တွေ့ကျတဲ့နည်းတွေနဲ့ ဖြေရှင်းပေးဖို့၊ ကဏ္ဍပေါင်းစုံက အသေအချာ စဉ်းစားဖြေရှင်းပေးဖို့က အဓိကပိုကျနေပါတယ်။
ကိုယ့်ကိုယ်ကို အဆုံးစီရင်မူတွေကို အထူးပြုလေ့လာထားတဲ့၊ စိတ်ကျန်းမာရေး အထူးကုနဲ့ မြန်မာနိုင်ငံ စိတ်ကျန်းမာပညာအဖွဲ့ ရွေးကောက်ခံ ဥက္ကဌ ဒေါက်တာစိုးမင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။